ဓါတ္ဆီ၊ Octane Rating ႏွင့္ အရည္အေသြးညံ့ဓါတ္ဆီမ်ား၏ အျပစ္မ်ား​

ဓါတ္ဆီ၊ Octane Rating ႏွင့္ အရည္အေသြးညံ့ဓါတ္ဆီမ်ား၏ အျပစ္မ်ား

(ZawGyi)

⛽ ဓာတ္ဆီသည္ ေမာ္ေတာ္ယာဥ္ မ်ား၏ အဓိက ေလာင္စာဆီ ျဖစ္ သည္။ ဓာတ္ဆီအရည္အေသြး အမ်ဳိးမ်ဳိးရွိသည္။ ဓာတ္ဆီ၏ အဆင့္ကုိ ေအာက္တိန္း (Octane) နံပါတ္ျဖင့္ ခြဲျခားသည္။
ေအာက္တိန္း ဆိုသည္မွာ အဘယ္နည္း။ ႏုိင္ငံ တကာတြင္သံုးစြဲေနေသာ ဓာတ္ဆီ အတန္းအစားမ်ား၊ ဓာတ္ဆီ၏ ဂုဏ္သတိၱ၊ အရည္အေသြးညံ့ေသာ ဓာတ္ဆီ သံုးစြဲျခင္းေၾကာင့္ ျဖစ္လာ ႏုိင္ေသာ ျပႆနာမ်ားစသည္ျဖင့္ ဓာတ္ဆီအေၾကာင္း အရာစံုကုိ ရွာေဖြ တင္ျပပါမည္။

🚨 ဓာတ္ဆီ၏ အရည္အေသြးကုိ ေအာက္တိန္းနံပါတ္ျဖင့္ ခြဲျခားသည္။ ေအာက္တိန္းနံပါတ္ ျမင့္ေသာ ဓာတ္ဆီမ်ားသည္ ေလာင္ကြၽမ္းမႈ အားေကာင္းၿပီး မီးေခါက္သံ (Knocking) လံုး၀မျဖစ္ေပၚပါ။ ထုိ႔ ေၾကာင့္ Octane Number ၏ အဓိပၸာယ္မွာ ေလာင္စာတစ္ခု၏ မီးေခါက္သံျဖစ္ေပၚမႈကုိ ခုခံတားဆီး ေပးႏုိင္ေသာ အၫႊန္းကိန္းကုိ ေဖာ္ျပ ရာတြင္ သံုးစြဲေသာ တန္ဖိုးတစ္ခုျဖစ္ သည္။ တစ္နည္းျဖင့္ ေလာင္စာဆီ တစ္ခု၏ ေအာက္တိန္း နံပါတ္ဆိုသည္ မွာ အဆုိပါ ေလာင္စာဆီ၏မီးေခါက္သံ မျဖစ္ေပၚမႈ အရည္အေသြး ပင္ျဖစ္သည္။

ဓာတ္ဆီသည္ ေရနံစိမ္းမွ အဆင့္ဆင့္ ျပဳျပင္ထုတ္လုပ္ထားေသာ ဟိုက္ၿဒိဳကာဗြန္ ဓာတ္ေပါင္းတစ္ခုျဖစ္ သည္။ ဓာတ္ဆီသည္ အေငြ႔ပ်ံလြယ္ၿပီး ၎အေငြ႔သည္ အလြန္မီးေလာင္ လြယ္ေသာ သတိၱရွိသည္။ ဓာတ္ဆီကုိ Ignition စနစ္ပါေသာ Spark Plug သံုးေသာ I.C.E အင္ဂ်င္မ်ားတြင္ အသံုးျပဳသည္။

ဓာတ္ဆီ၏ ဂုဏ္သတိၱမ်ားမွာ

☆ အေငြ႔ပ်ံလြယ္သည္။ သာမန္ အပူခ်ိန္၌ပင္ အေငြ႔ပ်ံခန္းေျခာက္လြယ္ သည္။

☆ ျပင္းထန္စူးရွေသာ အနံ႔တစ္ မ်ဳိးရွိသည္။ ထုိအနံ႔ေၾကာင့္ ဓာတ္ဆီ ယုိစိမ့္လွ်င္ ခ်က္ခ်င္းသိႏိုင္သည္။

☆ ေရကဲ့သုိ႔ အေရာင္မရွိသျဖင့္ ထြင္းေဖာက္ႏုိင္သည္။

☆ သိပ္သည္းဆမွာ (0.60 to 0.78) တြင္ရွိ၍ ေရတြင္ေပၚႏုိင္သည္။

☆ အျခားဆီမ်ားႏွင့္ ရာဘာတို႔ တြင္ ေပ်ာ္၀င္ႏုိင္သည္။

☆ အလြယ္တကူ မီးထေလာင္ ႏုိင္ေသာ စြမ္းရည္ရွိ၍ ကိုင္တြယ္ရာ တြင္ အထူး သတိႀကီးစြာ ထားရသည္။ တည္ၿငိမ္လွ်ပ္စစ္ေၾကာင့္ အလြယ္ တကူ မီးထေလာင္ႏုိင္သျဖင့္ ပူျပင္း ေသာေႏြရာသီတြင္ ဓာတ္ဆီမ်ားကုိ ကုိင္တြယ္ေရႊ႔ေျပာင္းရာ၌ အလြန္ အႏၲရာယ္မ်ားသည္။ (ပုဂၢလိက စက္သံုးဆီ အေရာင္းဆုိင္မ်ား မၾကာခဏ မီးေလာင္ ေနျခင္းမွာ ထုိအခ်က္ ေၾကာင့္ျဖစ္သည္။)

☆ အင္ဂ်င္အတြင္း မီးေလာင္ ေပါက္ကြဲရာတြင္ မီးေခါက္သံ (Knocking)မျဖစ္ေပၚဘဲ ျပည့္၀စြာ ေလာင္ကြၽမ္းႏိုင္ရမည္။

🔘ဓာတ္ဆီမ်ား၏ အဆင့္အတန္း ကုိ ေအာက္တိန္းနံပါတ္ျဖင့္ ခြဲျခား သတ္မွတ္သည္။ ေလာင္စာဆီ တစ္မ်ဳိး၏ Octane နံပါတ္ဆိုသည္မွာ အင္ဂ်င္တစ္လံုး၏ Performance ကုိ စံျပဳတုိင္းတာႏုိင္ေသာ အရည္ အေသြး ၫႊန္းကိန္းျဖစ္သည္။ ဓာတ္ဆီ အင္ဂ်င္တစ္လံုး၏ မီး ေခါက္သံ (Knocking) ျဖစ္ေပၚမႈကုိ ခုခံကာကြယ္ေပးေသာ အရည္အေသြး သည္ ထုိေလာင္စာဆီ၏ ေအာက္တိန္း တန္ဖုိးျဖစ္သည္။

🌍 Octane Rating ကုိ တစ္ကမၻာ လံုး ဘံုသတ္မွတ္ထားေသာ ယူနစ္မွာ RON (Research Octane Number) ျဖစ္သည္။ အျခားႏုိင္ငံမ်ားတြင္ သံုးစြဲေသာ ယူနစ္မ်ားလည္း ရွိသည္။
Motor Octane Number (MON) ႏွင့္
Anti-Knock Index (AKI) ယူနစ္မ်ား ကုိ အေမရိကန္၊ ကေနဒါႏွင့္ ဥေရာပ ႏုိင္ငံမ်ားတြင္သံုးစြဲသည္။

🌍တစ္ကမၻာလံုး အသံုးမ်ားေသာ Octane ယူနစ္မွာ RON ျဖစ္သည္။ ပံုမွန္ဓာတ္ဆီတြင္ ပါ၀င္ေသာ RON ပမာဏမွာ (၈၇) မွ (၉၀) အတြင္းရွိ သည္။ အလယ္အလတ္ Mid-Grade ေအာက္တိန္းဆီမွာ(92 RON) ျဖစ္ ၿပီး Premium Grade မွာ (95 RON) ရွိသည္။ Super Plug Grade မွာ (98 RON) မွ (100 RON)အထိရွိသည္။ ျမန္မာႏိုင္ငံတြင္ အသံုးမ်ားေသာ ေအာက္တိန္းဆီမွာ (92 RON)ႏွင့္ (95 RON) (Premium)အဆင့္ရွိ သည္။ ႏုိင္ငံတကာတြင္ သံုးစြဲေနေသာ Gasoline ေလာင္စာဆီမ်ား၏ Octane Rating နံပါတ္မ်ားစြာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

Australia, New Zealand - 92 RON

Indonesia - 92 RON

Germany (Aral Super) - 95 RON

Europe (Euro Super) - 95 RON

Malaysia (Shell V-Power) - 97 RON

Japan (Premium) - 100 RON

Italy (Shell V-Power) - 100 RON

France (Super 95) - 95 RON

Hong Kong - 98 RON

India - 91 RON

Singapore (3 grade) (Caltex, SPC and Shell) - 92 RON, 95 RON, 98 RON

South Africa - 95 RON

Sweden - 98 RON

Taiwan - 95 RON

United Kingdom - 95 RON

USA - 97 RON

☩ေအာက္တိန္းနံပါတ္ ျမင့္ေသာ ဓာတ္ဆီမ်ားသည္ သာမန္ဓာတ္ဆီမ်ား ထက္ ေစ်းပိုေပးရေသာ္လည္း Compression ျမင့္မားေသာ ေခတ္ေပၚ ဓာတ္ဆီ အင္ဂ်င္မ်ားတြင္ အင္ဂ်င္ Performance အေကာင္းဆံုး ရရွိေစရန္ ေအာက္တိန္း ဆီမ်ားကုိသာ သံုးရသည္။ ေအာက္တိန္း နံပါတ္ နိမ့္ေသာ ေစ်းေပါေသာ ဓာတ္ဆီ မ်ားသည္ အင္ဂ်င္ေခါက္သံ (Knocking) ထြက္သည္။ အင္ဂ်င္ Knocking ျဖစ္ျခင္းသည္ အင္ဂ်င္ ကုိမ်ားစြာထိခိုက္ေစသည္။ Knocking မ်ားလြန္းပါက ပစၥတင္မ်ား ပ်က္စီးၿပီး အင္ဂ်င္ပါ လံုး၀ပ်က္စီး သြားေစႏုိင္သည္။ အင္ဂ်င္ Knocking ျဖစ္ျခင္းသည္ ေလာင္စာဆီ အရည္ အေသြးညံ့ျခင္းေၾကာင့္ျဖစ္သည္။

🔆မိမိကားအတြက္ သင့္ေလ်ာ္ ေသာ ဓာတ္ဆီအမ်ဳိးအစားကုိေရြး ခ်ယ္ရမည္။ ေခတ္ေဟာင္းကားမ်ား၊ (၁၉၉၀) ခုႏွစ္ မတိုင္မီက ကားမ်ား တြင္ သာမန္ဓာတ္ဆီကုိ သံုးႏုိင္သည္။ Compression ျမင့္ေသာ အင္ဂ်င္မ်ား တြင္ ေအာက္တိန္းဆီကုိ သံုးရမည္။ ယေန႔ေခတ္ေပၚကားမ်ားတြင္ Fuel System တစ္ခုလံုးသည္ ကြန္ပ်ဴတာ ထိန္းခ်ဳပ္စနစ္ျဖင့္ လည္ပတ္ေနသျဖင့္ ေလာင္စာဆီ အရည္အေသြး ေကာင္းဖို႔ လိုသည္။ ယာဥ္ပုိင္ရွင္လက္စြဲစာအုပ္ တြင္ အသံုးျပဳရမည့္ ဓာတ္ဆီအဆင့္ ကုိ ေဖာ္ျပထားသည္။
Octane 92 RON ဆီလား၊
Super Plug 95 RON ဆီကုိသံုးရမလား။

👤သင့္ကားတြင္ ပံုမွန္သံုးေနေသာ ဓာတ္ဆီ ေလာင္စာသည္ အင္ဂ်င္ ေခါက္သံထြက္လာပါက ေအာက္တိန္း တစ္ဆင့္ျမင့္ေသာ ဓာတ္ဆီကို ေျပာင္း၍သံုးသင့္သည္။ ေအာက္တိန္း ဆီသံုးေသာ္လည္း အင္ဂ်င္ေခါက္သံ ထြက္ေနေသးလွ်င္ သင့္ကားအင္ဂ်င္ တြင္ ခြၽတ္ယြင္းခ်က္တစ္ခုခုရွိေန၍ ျဖစ္မည္။ အင္ဂ်င္က်ဴးနင္းလုပ္ၾကည့္ ပါ။ တစ္ခုခုေတာ့ထူးျခားမည္။

🔘အင္ဂ်င္ Compression ျမင့္ မားေသာ ၿပိဳင္ကား Sport Cars မ်ား ႏွင့္ အဆင့္ျမင့္ဇိမ္ခံကားမ်ားတြင္ အင္ဂ်င္ေခါက္သံ ျဖစ္ျခင္း (Knocking) မွကာကြယ္ရန္ Octane ဓာတ္ဆီကုိသံုးစြဲသင့္သည္။ ေစ်းခ်ဳိ ေသာ ဓာတ္ဆီအည့ံမ်ားတြင္ ေခ်း ခြၽတ္ေပးႏုိင္ေသာ ထပ္ေပါင္းပစၥည္း မ်ား (Dispersant-detergent Additives)မပါ၀င္ပါ။ ေစ်းေပါေသာ ဓာတ္ဆီမ်ားသည္ Profit Margin နား တြင္ကပ္၍ထုတ္လုပ္ထားသျဖင့္ ဆီ အရည္အေသြး ညံ့ပါသည္။ ထုိဆီမ်ား ကုိသံုးစြဲလွ်င္ အင္ဂ်င္ေပါက္ေလာင္ ခန္းတြင္း၌ Deposit မ်ားအနယ္က် လာၿပီး အင္ဂ်င္၏ စြမ္းေဆာင္မႈ (Performance)ကုိက်ဆင္းေစပါ သည္။

☙ဓာတ္ဆီအည့ံမ်ားတြင္ ပါေသာ Deposit အနယ္အႏွစ္မ်ားသည္ ေလာင္စာဆီ ျဖန္းေပးေသာ Fuel Injector မ်ား၏ ဆီပန္းပံုစံ (Spray Pattern) မ်ားကိုမူမမွန္ ျဖစ္ေစသည္။ အက်ဳိးဆက္အေနျဖင့္ ေလ-ေလာင္စာဆီအေရာအေႏွာ အခ်ဳိး အစားကုိ ထိခုိက္ေစသည္။ ဆီျဖန္း ေပးႏုိင္ေသာ ပမာဏနည္းသြားသျဖင့္ ဆီနည္းေသာ ေလာင္စာ-ေလအခ်ဳိး အစားကုိျဖစ္ေစသည္။ အင္ဂ်င္ Misfire ျဖစ္ျခင္း၊ အင္ဂ်င္စလိုး Speed (Idle Speed) တြင္ တုန္ခါေန ျခင္း၊ စက္ေသသြားျခင္းမ်ားျဖစ္ႏုိင္ သည္။ ႐ုတ္တရက္ စက္ရွိန္တင္လိုက္ ပါက ခ်က္ခ်င္းတက္မလာဘဲ တုံ႕ ဆုိင္းေနတတ္သည္။

🚩အရည္အေသြး ေကာင္းေသာ ဓာတ္ဆီေလာင္စာျဖစ္ရန္ Deposits မ်ားကို ထိန္းခ်ဳပ္ႏုိင္ေသာ Additional Additives ထပ္ေပါင္းဓာတုပစၥည္း မ်ားကုိ ထပ္မံ ေရာစပ္ေပးရသည္။ ထပ္ေပါင္း Additives ပစၥည္းမ်ားတြင္ ပိုလီသာရာမုိင္း (Polyetheramine) ပစၥည္းသည္ အေကာင္းဆံုးျဖစ္သည္။ Injectors မ်ား၊ ဗားမ်ား (Valves) ႏွင့္ ေပါက္ကြဲ ေလာင္ကြၽမ္းခန္း (Conbustion Chambers)မ်ားကုိ အၿမဲသန္႔ရွင္းေနေစရန္ ကူညီေပးႏုိင္ စြမ္းရွိသည္။ အင္ဂ်င္အတြင္း Deposits မ်ားကုိ ကာကြယ္တားဆီး ေပးႏုိင္ေသာ Additives ပမာဏသည္ 1000 ppm (Parts Per Million) အနည္းဆံုးရွိရမည္။ အရည္အေသြး ျမင့္ေသာ ဓာတ္ဆီမ်ားတြင္ Additive ပါ၀င္ႏႈန္းသည္ 100 ppmအထိရွိ သည္။




🕛ေခတ္ေပၚ ဓာတ္ဆီအင္ဂ်င္မ်ား ၏ ေလာင္စာစနစ္သည္ ကြန္ပ်ဴတာ ထိန္းခ်ဳပ္စနစ္ျဖစ္၍ အင္ဂ်င္ဆင္ဆာ မ်ားကို အေျခခံ သည္။ အင္ဂ်င္ေခါက္သံျဖစ္မႈ အေျခ အေနကုိ Knocking Sensor မွ အာ႐ံုခံသတင္းပုိ႔ေပး၍ ေလႏွင့္ဆီ အခ်ဳိးအစားကို လိုအပ္သလို ေျပာင္း လဲေပးသည္။ ထုိတာ၀န္ကုိ PCM ေခၚ (Powertrain Control Module) က ေဆာင္ရြက္သည္။

🛇အရည္အေသြး ည့ံေသာ ဓာတ္ဆီမ်ားသည္ အင္ဂ်င္အတြင္း၌ Deposits အနည္က်ျခင္း၊ Misfire ျဖစ္ျခင္း၊ စက္သံမမွန္ျခင္း၊ အင္ဂ်င္ ေခါက္သံျဖစ္ျခင္း၊ အင္ဂ်င္အပူခ်ိန္ ျမင့္တက္ေစျခင္း၊ Valve မ်ား၊ Pistons မ်ားကို ပ်က္စီးေစျခင္း စေသာ ဆိုးက်ဳိးမ်ား ကုိသာျဖစ္ေစ သည္။ EFI စနစ္အင္ဂ်င္မ်ားတြင္ Fuel Pump ႏွင့္ Injector မ်ားကို ထိခိုက္ေစသည္။ Spark Plug မ်ားကို သက္တမ္းတိုးေစသည္။

⚖မိမိကားအင္ဂ်င္ႏွင့္ သင့္ေတာ္ ေသာ အရည္အေသြးျမင့္ Octane ဆီ မ်ားကို ေရြးခ်ယ္သံုးစြဲျခင္းျဖင့္ အင္ဂ်င္ သက္တမ္းကုိ ရွည္ေစၿပီး Emission ထုတ္လႊတ္မႈကုိလည္း ေလ်ာ့က်ေစမည္ျဖစ္သည္။

(Unicode)
ဓါတ်ဆီ၊ Octane Rating နှင့် အရည်အသွေးညံ့ဓါတ်ဆီများ၏ အပြစ်များ(ZawGyi)
⚖⚖⚖⚖⚖

⛽ ဓာတ်ဆီသည် မော်တော်ယာဉ် များ၏ အဓိက လောင်စာဆီ ဖြစ် သည်။ ဓာတ်ဆီအရည်အသွေး အမျိုးမျိုးရှိသည်။ ဓာတ်ဆီ၏ အဆင့်ကို အောက်တိန်း (Octane) နံပါတ်ဖြင့် ခွဲခြားသည်။ 
အောက်တိန်း ဆိုသည်မှာ အဘယ်နည်း။ နိုင်ငံ တကာတွင်သုံးစွဲနေသော ဓာတ်ဆီ အတန်းအစားများ၊ ဓာတ်ဆီ၏ ဂုဏ်သတ္တိ၊ အရည်အသွေးညံ့သော ဓာတ်ဆီ သုံးစွဲခြင်းကြောင့် ဖြစ်လာ နိုင်သော ပြဿနာများစသည်ဖြင့် ဓာတ်ဆီအကြောင်း အရာစုံကို ရှာဖွေ တင်ပြပါမည်။

🚨 ဓာတ်ဆီ၏ အရည်အသွေးကို အောက်တိန်းနံပါတ်ဖြင့် ခွဲခြားသည်။ အောက်တိန်းနံပါတ် မြင့်သော ဓာတ်ဆီများသည် လောင်ကျွမ်းမှု အားကောင်းပြီး မီးခေါက်သံ (Knocking) လုံးဝမဖြစ်ပေါ်ပါ။ ထို့ ကြောင့် Octane Number ၏ အဓိပ္ပာယ်မှာ လောင်စာတစ်ခု၏ မီးခေါက်သံဖြစ်ပေါ်မှုကို ခုခံတားဆီး ပေးနိုင်သော အညွှန်းကိန်းကို ဖော်ပြ ရာတွင် သုံးစွဲသော တန်ဖိုးတစ်ခုဖြစ် သည်။ တစ်နည်းဖြင့် လောင်စာဆီ တစ်ခု၏ အောက်တိန်း နံပါတ်ဆိုသည် မှာ အဆိုပါ လောင်စာဆီ၏မီးခေါက်သံ မဖြစ်ပေါ်မှု အရည်အသွေး ပင်ဖြစ်သည်။

ဓာတ်ဆီသည် ရေနံစိမ်းမှ အဆင့်ဆင့် ပြုပြင်ထုတ်လုပ်ထားသော ဟိုက်ဒြိုကာဗွန် ဓာတ်ပေါင်းတစ်ခုဖြစ် သည်။ ဓာတ်ဆီသည် အငွေ့ပျံလွယ်ပြီး ၎င်းအငွေ့သည် အလွန်မီးလောင် လွယ်သော သတ္တိရှိသည်။ ဓာတ်ဆီကို Ignition စနစ်ပါသော Spark Plug သုံးသော I.C.E အင်ဂျင်များတွင် အသုံးပြုသည်။

ဓာတ်ဆီ၏ ဂုဏ်သတ္တိများမှာ

☆ အငွေ့ပျံလွယ်သည်။ သာမန် အပူချိန်၌ပင် အငွေ့ပျံခန်းခြောက်လွယ် သည်။

☆ ပြင်းထန်စူးရှသော အနံ့တစ် မျိုးရှိသည်။ ထိုအနံ့ကြောင့် ဓာတ်ဆီ ယိုစိမ့်လျှင် ချက်ချင်းသိနိုင်သည်။

☆ ရေကဲ့သို့ အရောင်မရှိသဖြင့် ထွင်းဖောက်နိုင်သည်။

☆ သိပ်သည်းဆမှာ (0.60 to 0.78) တွင်ရှိ၍ ရေတွင်ပေါ်နိုင်သည်။

☆ အခြားဆီများနှင့် ရာဘာတို့ တွင် ပျော်ဝင်နိုင်သည်။

☆ အလွယ်တကူ မီးထလောင် နိုင်သော စွမ်းရည်ရှိ၍ ကိုင်တွယ်ရာ တွင် အထူး သတိကြီးစွာ ထားရသည်။ တည်ငြိမ်လျှပ်စစ်ကြောင့် အလွယ် တကူ မီးထလောင်နိုင်သဖြင့် ပူပြင်း သောနွေရာသီတွင် ဓာတ်ဆီများကို ကိုင်တွယ်ရွှေ့ပြောင်းရာ၌ အလွန် အန္တရာယ်များသည်။ (ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ မကြာခဏ မီးလောင် နေခြင်းမှာ ထိုအချက် ကြောင့်ဖြစ်သည်။)

☆ အင်ဂျင်အတွင်း မီးလောင် ပေါက်ကွဲရာတွင် မီးခေါက်သံ (Knocking)မဖြစ်ပေါ်ဘဲ ပြည့်ဝစွာ လောင်ကျွမ်းနိုင်ရမည်။

🔘ဓာတ်ဆီများ၏ အဆင့်အတန်း ကို အောက်တိန်းနံပါတ်ဖြင့် ခွဲခြား သတ်မှတ်သည်။ လောင်စာဆီ တစ်မျိုး၏ Octane နံပါတ်ဆိုသည်မှာ အင်ဂျင်တစ်လုံး၏ Performance ကို စံပြုတိုင်းတာနိုင်သော အရည် အသွေး ညွှန်းကိန်းဖြစ်သည်။ ဓာတ်ဆီ အင်ဂျင်တစ်လုံး၏ မီး ခေါက်သံ (Knocking) ဖြစ်ပေါ်မှုကို ခုခံကာကွယ်ပေးသော အရည်အသွေး သည် ထိုလောင်စာဆီ၏ အောက်တိန်း တန်ဖိုးဖြစ်သည်။

🌍 Octane Rating ကို တစ်ကမ္ဘာ လုံး ဘုံသတ်မှတ်ထားသော ယူနစ်မှာ RON (Research Octane Number) ဖြစ်သည်။ အခြားနိုင်ငံများတွင် သုံးစွဲသော ယူနစ်များလည်း ရှိသည်။ 
Motor Octane Number (MON) နှင့် 
Anti-Knock Index (AKI) ယူနစ်များ ကို အမေရိကန်၊ ကနေဒါနှင့် ဥရောပ နိုင်ငံများတွင်သုံးစွဲသည်။

🌍တစ်ကမ္ဘာလုံး အသုံးများသော Octane ယူနစ်မှာ RON ဖြစ်သည်။ ပုံမှန်ဓာတ်ဆီတွင် ပါဝင်သော RON ပမာဏမှာ (၈၇) မှ (၉၀) အတွင်းရှိ သည်။ အလယ်အလတ် Mid-Grade အောက်တိန်းဆီမှာ(92 RON) ဖြစ် ပြီး Premium Grade မှာ (95 RON) ရှိသည်။ Super Plug Grade မှာ (98 RON) မှ (100 RON)အထိရှိသည်။ မြန်မာနိုင်ငံတွင် အသုံးများသော အောက်တိန်းဆီမှာ (92 RON)နှင့် (95 RON) (Premium)အဆင့်ရှိ သည်။ နိုင်ငံတကာတွင် သုံးစွဲနေသော Gasoline လောင်စာဆီများ၏ Octane Rating နံပါတ်များစွာ အောက်ပါအတိုင်းဖြစ်ပါသည်။

Australia, New Zealand - 92 RON

Indonesia - 92 RON

Germany (Aral Super) - 95 RON

Europe (Euro Super) - 95 RON

Malaysia (Shell V-Power) - 97 RON

Japan (Premium) - 100 RON

Italy (Shell V-Power) - 100 RON

France (Super 95) - 95 RON

Hong Kong - 98 RON

India - 91 RON

Singapore (3 grade) (Caltex, SPC and Shell) - 92 RON, 95 RON, 98 RON

South Africa - 95 RON

Sweden - 98 RON

Taiwan - 95 RON

United Kingdom - 95 RON

USA - 97 RON

☩အောက်တိန်းနံပါတ် မြင့်သော ဓာတ်ဆီများသည် သာမန်ဓာတ်ဆီများ ထက် ဈေးပိုပေးရသော်လည်း Compression မြင့်မားသော ခေတ်ပေါ် ဓာတ်ဆီ အင်ဂျင်များတွင် အင်ဂျင် Performance အကောင်းဆုံး ရရှိစေရန် အောက်တိန်း ဆီများကိုသာ သုံးရသည်။ အောက်တိန်း နံပါတ် နိမ့်သော ဈေးပေါသော ဓာတ်ဆီ များသည် အင်ဂျင်ခေါက်သံ (Knocking) ထွက်သည်။ အင်ဂျင် Knocking ဖြစ်ခြင်းသည် အင်ဂျင် ကိုများစွာထိခိုက်စေသည်။ Knocking များလွန်းပါက ပစ္စတင်များ ပျက်စီးပြီး အင်ဂျင်ပါ လုံးဝပျက်စီး သွားစေနိုင်သည်။ အင်ဂျင် Knocking ဖြစ်ခြင်းသည် လောင်စာဆီ အရည် အသွေးညံ့ခြင်းကြောင့်ဖြစ်သည်။


🔆မိမိကားအတွက် သင့်လျော် သော ဓာတ်ဆီအမျိုးအစားကိုရွေး ချယ်ရမည်။ ခေတ်ဟောင်းကားများ၊ (၁၉၉၀) ခုနှစ် မတိုင်မီက ကားများ တွင် သာမန်ဓာတ်ဆီကို သုံးနိုင်သည်။ Compression မြင့်သော အင်ဂျင်များ တွင် အောက်တိန်းဆီကို သုံးရမည်။ ယနေ့ခေတ်ပေါ်ကားများတွင် Fuel System တစ်ခုလုံးသည် ကွန်ပျူတာ ထိန်းချုပ်စနစ်ဖြင့် လည်ပတ်နေသဖြင့် လောင်စာဆီ အရည်အသွေး ကောင်းဖို့ လိုသည်။ ယာဉ်ပိုင်ရှင်လက်စွဲစာအုပ် တွင် အသုံးပြုရမည့် ဓာတ်ဆီအဆင့် ကို ဖော်ပြထားသည်။ 
Octane 92 RON ဆီလား၊ 
Super Plug 95 RON ဆီကိုသုံးရမလား။

👤သင့်ကားတွင် ပုံမှန်သုံးနေသော ဓာတ်ဆီ လောင်စာသည် အင်ဂျင် ခေါက်သံထွက်လာပါက အောက်တိန်း တစ်ဆင့်မြင့်သော ဓာတ်ဆီကို ပြောင်း၍သုံးသင့်သည်။ အောက်တိန်း ဆီသုံးသော်လည်း အင်ဂျင်ခေါက်သံ ထွက်နေသေးလျှင် သင့်ကားအင်ဂျင် တွင် ချွတ်ယွင်းချက်တစ်ခုခုရှိနေ၍ ဖြစ်မည်။ အင်ဂျင်ကျူးနင်းလုပ်ကြည့် ပါ။ တစ်ခုခုတော့ထူးခြားမည်။

🔘အင်ဂျင် Compression မြင့် မားသော ပြိုင်ကား Sport Cars များ နှင့် အဆင့်မြင့်ဇိမ်ခံကားများတွင် အင်ဂျင်ခေါက်သံ ဖြစ်ခြင်း (Knocking) မှကာကွယ်ရန် Octane ဓာတ်ဆီကိုသုံးစွဲသင့်သည်။ ဈေးချို သော ဓာတ်ဆီအညံ့များတွင် ချေး ချွတ်ပေးနိုင်သော ထပ်ပေါင်းပစ္စည်း များ (Dispersant-detergent Additives)မပါဝင်ပါ။ ဈေးပေါသော ဓာတ်ဆီများသည် Profit Margin နား တွင်ကပ်၍ထုတ်လုပ်ထားသဖြင့် ဆီ အရည်အသွေး ညံ့ပါသည်။ ထိုဆီများ ကိုသုံးစွဲလျှင် အင်ဂျင်ပေါက်လောင် ခန်းတွင်း၌ Deposit များအနယ်ကျ လာပြီး အင်ဂျင်၏ စွမ်းဆောင်မှု (Performance)ကိုကျဆင်းစေပါ သည်။

☙ဓာတ်ဆီအညံ့များတွင် ပါသော Deposit အနယ်အနှစ်များသည် လောင်စာဆီ ဖြန်းပေးသော Fuel Injector များ၏ ဆီပန်းပုံစံ (Spray Pattern) များကိုမူမမှန် ဖြစ်စေသည်။ အကျိုးဆက်အနေဖြင့် လေ-လောင်စာဆီအရောအနှော အချိုး အစားကို ထိခိုက်စေသည်။ ဆီဖြန်း ပေးနိုင်သော ပမာဏနည်းသွားသဖြင့် ဆီနည်းသော လောင်စာ-လေအချိုး အစားကိုဖြစ်စေသည်။ အင်ဂျင် Misfire ဖြစ်ခြင်း၊ အင်ဂျင်စလိုး Speed (Idle Speed) တွင် တုန်ခါနေ ခြင်း၊ စက်သေသွားခြင်းများဖြစ်နိုင် သည်။ ရုတ်တရက် စက်ရှိန်တင်လိုက် ပါက ချက်ချင်းတက်မလာဘဲ တုံ့ ဆိုင်းနေတတ်သည်။

🚩အရည်အသွေး ကောင်းသော ဓာတ်ဆီလောင်စာဖြစ်ရန် Deposits များကို ထိန်းချုပ်နိုင်သော Additional Additives ထပ်ပေါင်းဓာတုပစ္စည်း များကို ထပ်မံ ရောစပ်ပေးရသည်။ ထပ်ပေါင်း Additives ပစ္စည်းများတွင် ပိုလီသာရာမိုင်း (Polyetheramine) ပစ္စည်းသည် အကောင်းဆုံးဖြစ်သည်။ Injectors များ၊ ဗားများ (Valves) နှင့် ပေါက်ကွဲ လောင်ကျွမ်းခန်း (Conbustion Chambers)များကို အမြဲသန့်ရှင်းနေစေရန် ကူညီပေးနိုင် စွမ်းရှိသည်။ အင်ဂျင်အတွင်း Deposits များကို ကာကွယ်တားဆီး ပေးနိုင်သော Additives ပမာဏသည် 1000 ppm (Parts Per Million) အနည်းဆုံးရှိရမည်။ အရည်အသွေး မြင့်သော ဓာတ်ဆီများတွင် Additive ပါဝင်နှုန်းသည် 100 ppmအထိရှိ သည်။





🕛ခေတ်ပေါ် ဓာတ်ဆီအင်ဂျင်များ ၏ လောင်စာစနစ်သည် ကွန်ပျူတာ ထိန်းချုပ်စနစ်ဖြစ်၍ အင်ဂျင်ဆင်ဆာ များကို အခြေခံ သည်။ အင်ဂျင်ခေါက်သံဖြစ်မှု အခြေ အနေကို Knocking Sensor မှ အာရုံခံသတင်းပို့ပေး၍ လေနှင့်ဆီ အချိုးအစားကို လိုအပ်သလို ပြောင်း လဲပေးသည်။ ထိုတာဝန်ကို PCM ခေါ် (Powertrain Control Module) က ဆောင်ရွက်သည်။

🛇အရည်အသွေး ညံ့သော ဓာတ်ဆီများသည် အင်ဂျင်အတွင်း၌ Deposits အနည်ကျခြင်း၊ Misfire ဖြစ်ခြင်း၊ စက်သံမမှန်ခြင်း၊ အင်ဂျင် ခေါက်သံဖြစ်ခြင်း၊ အင်ဂျင်အပူချိန် မြင့်တက်စေခြင်း၊ Valve များ၊ Pistons များကို ပျက်စီးစေခြင်း စသော ဆိုးကျိုးများ ကိုသာဖြစ်စေ သည်။ EFI စနစ်အင်ဂျင်များတွင် Fuel Pump နှင့် Injector များကို ထိခိုက်စေသည်။ Spark Plug များကို သက်တမ်းတိုးစေသည်။

⚖မိမိကားအင်ဂျင်နှင့် သင့်တော် သော အရည်အသွေးမြင့် Octane ဆီ များကို ရွေးချယ်သုံးစွဲခြင်းဖြင့် အင်ဂျင် သက်တမ်းကို ရှည်စေပြီး Emission ထုတ်လွှတ်မှုကိုလည်း လျော့ကျစေမည်ဖြစ်သည်။



No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...