တူးစတုတ္ ဖိုးစတုတ္ ဓာတ္ဆီ ဒီဇယ္ အဂ်ၤင္ တို႔၏ အေျခခံ သေဘာတရား မ်ား အပိုင္း ( ၃ )
ညီအကိုတို႔ေရ ဖိုးစတုတ္ဆို တာ ဘာအဓိပၸယ္လဲ သိပီေပါ့ေနာ္။ လူပိန္း မွတ္ မွတ္ယ္ဆို ပစ္စတင္ အတက္အဆင္း ၄ ခါ သို႔မဟုတ္ ကရိုင္း ၂ ပတ္မွ တစ္ခါသာ ေပါက္ကြဲ တယ္လို႔ မွတ္ရင္ တူးစတုတ္ ဆိုရင္ေတာ့ ပစ္စတင္ တစ္ခါဆင္းတစ္ခါတက္တိုင္း သို႔မဟုတ္ ကရိုင္းတစ္ပတ္ကို တစ္ခါ သို႔မဟုတ္ ပစ္စတင္ ထိတ္ေရာက္တိုင္း အခ်က္တိုင္း ပါဝါ ရတယ္ ေပါက္ကြယ္တယ္ ဆိုတာ သိရမွာေပါ့။ ဒါဆို တူးစတုတ္ က ေလ ကို ဘယ္လို ရိႈက္ပီး ဘယ္လို က်စ္လဲ ဆိုတာ ေလ့လာရေအာင္ေနာ္။
ပံု ၁ ကိုၾကည့္ပါ
တူးစတုတ္ အဂ်ၤင္ အတြက္ ေလ လံု ေသာ ကရိုင္းေက့ လိုပါတယ္။ ေလမလံု ရင္ မနိုးျခင္း စက္သံမမွန္ျခင္း စလိုးမရျခင္းျဖစ္ပါလိမ့္မယ္။ပီးေတာ့ ကရိုင္းေက့ဟာ ဖိုးစတုတ္လို အဂ်ၤင္ဝိုင္ေတြနဲ႔ ျပည့္မေန တဲ့ အျပင္ အဂ်ၤင္ဝိုင္ လံုးဝမသံုးပါဘူး။ ဒါ့ေၾကာင့္ ကရိုင္းတို႔ ေကာ္နတ္တငး္ တို႔မွာ ဖိုးစတုတ္လို ဘြတ္တို႔ ဘယ္ရာယင္ တို႔ သံုးမရပဲ ေဘာေလေတြ သံုးပီး 2t ဆီ ကို ဓာတ္ဆီနဲ႔ ေရာေနွာျခင္း အလုပ္တစ္ခု ပိုပါတယ္။
ေလ အဝင္ သာ လက္ခံပီး ထြက္ရင္ ျပန္ပိတ္တဲ့ အလုပ္ လုပ္တဲ့ ဘားလိုပါတယ္။ Gto ဆိုင္ကယ္ေတြမွာဆို ရွပ္တာ ျပား ကို ကရိုင္းကေန တိုင္ပင္နဲ႔ အဖြင့္အပိတ္လုပ္သလို တီနာတို႔ ရာမာ dt ဒို တို႔ yp တို႔မွာဆို ဘဲရွာ နဲ႔ လာပါတယ္ ။ ဘယ္လိုပဲ လာလာ ေလကို အဝင္ပဲလက္ခံပါတယ္ ။ အတြင္းက ျပန္မႈတ္ရင္ ပိတ္ေနပါတယ္။
မပိတ္ရင္ အဲ့ အဂ်ၤင္ မနိုးပါဘူး။
တူးစတုတ္ အဂ်ၤင္ဟက္မွာ ပလပ္တစ္လံုးသာ ေတြရတာ မ်ားပါတယ္။ တစ္ခ်ိဳ႕ အဂ်ၤင္ေတြမွာေတာ့ အိတ္ေဇာ ဘားတစ္လံုးေတာ့ ပါတာေတြ႕ရေပမယ့္ ရွားပါတယ္။ ဒါေၾကာင့္ ေလ အဝင္ အပိ္တ္ အဖြင့္မီးခိုးအထြက္ အဖြင့္ အပိတ္ကို ပစ္စတင္အိုးကပဲ ျပန္လုပ္ပါတယ္။ ဒါ့ေၾကာင့္ ေလ အဝင္ေပါက္နဲ႔ မီးခိုးေငြ႕ ထြက္ေပါက္ေတြကို စလစ္ မွာ ေတြ႕ရတာပါ။ ဖိုးစတုတ္မွာ အလုပ္လုပ္ပံု ကို TDC ကစၾကည့္ရေပမယ့္ တူးစတုတ္မာ BDC ကစၾကည့္တာ ပိုရွင္းပါလိမ့္မယ္။
ပံု ၁ ကို ၾကည့္ပါ ပတမ စတုတ္
ပစ္စတင္အိုးဟာ BDC မွ TDC ကို ေျပးတက္ေသာအခါ အလုပ္၂ မိ်ိဳး ကို တစ္ၿပိဳင္တည္းလုပ္ပါတယ္။ ပထမ တစ္လုပ္က ကရိုင္းေက့ ထဲသို႔ ဆီေငြ႕ ေလ ကို ဆြဲ ယူ ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ကရိုင္းေက့က ေလ လံုေနေသာေၾကာင့္ ပစ္စတင္ အိုးအေပၚတက္သြား ေသာေနရာကို အစားထိုးဖို႔ေလထုကို ရုပ္တာ သို႔မဟုတ္ ဘဲရွာက ခြင့္ျပဳေပးရတာပါ။ ဒုတိယ အလုပ္က ပစ္စတင္ထိတ္ကေလကို က်စ္ရတာပါ။
ပံု ၂ ကို ၾကည့္ပါ
က်စ္ပီးသားေလေတြ ဟာ ပစ္စတင္ TDC အေရာက္မွာ ပလပ္က မီးနဲ႔ ေတြ႕ပီး ေပါက္ကြဲ ကာ ျပန္ဆင္းရေသာအေျခအေနပါ။
ပံု ၃ ကိုၾကည့္ပါ
ပစ္စတင္ ဟာ ေပါက္ကြဲ မႈ ေၾကာင့္ ေအာက္ကို ေျပးဆင္းလာ ေသာအခါ စလစ္မွ အေပါက္တစ္ခု ကို ပစ္စတင္ ထိတ္မွ လြတ္တဲ့ အေနအထားေတြ႕ရမွာပါ။ ေပါက္ကြဲ မႈ ေၾကာင့္ ပြ ေနေသာ မီးခိုးေငြ႕ေတြ ဟာ စေတြ႕ေတြ႕ ေသာအေပါက္က ရုန္းကန္ထြက္ဖို႔ လုပ္ေနရပါတယ္။ တစ္ခ်ိန္ထဲမွာပဲ ကရိုင္းေက့ ထဲက ဆီေငြ႕ ေလေတြ ဟာ ပစ္စတင္ေျပးဆငး္လာ ေသာအခါ ဖယ္ေပးစရာ ေနရာမရွိ ျပန္ထြက္ရေအာင္လဲ အဝင္ေပါက္က ျပန္ထြက္ခြင့္ မေပး အနည္းငယ္ ဖိနိပ္ျခင္းခံေနတဲ့ အေျခအေနပါ။
ပံု ၄ ကို ၾကည့္ပါ
ပစ္စတင္အိုးဟာ ဆက္ဆင္းလာရင္း BDC သို႔ ေရာက္ေသာအခါ စလစ္မွ အေပါက္ ၂ ခုလံုး ဖြင့္ေပးသလို ျဖစ္သြားတဲ့ အတြက္ေၾကာင့္ ကရိုင္းေက့ ထဲက ေနစရာ မရွိ ဖိနိပ္ခံ ဆီေငြ႕ ေလ ဟာ ပစ္စတင္ထိတ္လြတ္သြား ေသာ အေပါက္သို႔ အတင္းတိုးဝင္ေရာက္လာေသာ အေျခအေနပါ။၄င္းဆီေငြ႕ ေလ ၏ တိုးဝင္းေသာ အရွိန္ေၾကာင့္ မီးခိုးေငြ ႕ ဟာ ေနစရာ မရွိေသာေၾကာင့္ ရေသာ အိတ္ေဇာေပါက္မွ တိုးထြက္သြားရပါေတာ့တယ္။
ပံု 5 ကိုၾကည့္ပါ
BDC မွ TDC ျပန္တက္ေသာအခါ ပစ္စတင္နဲ႔ ဝရိန္းဟာ အိတ္ေဇာ ေပါက္ေကာ ဆီေငြ႕ ေလ ဝင္ေပါက္ကို ပိတ္ပီးသားျဖစ္၍ ေလ က်စ္ရန္အေနအထားျဖစ္ေနပါပီ။ ဆက္လက္၍ ေရးသားပါအံုးမည္။
(Unicode)
တူးစတုတ် ဖိုးစတုတ် ဓာတ်ဆီ ဒီဇယ် အဂျၤင် တို့၏ အခြေခံ သဘောတရား များ အပိုင်း ( ၃ )
ညီအကိုတို့ရေ ဖိုးစတုတ်ဆို တာ ဘာအဓိပ္ပယ်လဲ သိပီပေါ့နော်။ လူပိန်း မှတ် မှတ်ယ်ဆို ပစ်စတင် အတက်အဆင်း ၄ ခါ သို့မဟုတ် ကရိုင်း ၂ ပတ်မှ တစ်ခါသာ ပေါက်ကွဲ တယ်လို့ မှတ်ရင် တူးစတုတ် ဆိုရင်တော့ ပစ်စတင် တစ်ခါဆင်းတစ်ခါတက်တိုင်း သို့မဟုတ် ကရိုင်းတစ်ပတ်ကို တစ်ခါ သို့မဟုတ် ပစ်စတင် ထိတ်ရောက်တိုင်း အချက်တိုင်း ပါဝါ ရတယ် ပေါက်ကွယ်တယ် ဆိုတာ သိရမှာပေါ့။ ဒါဆို တူးစတုတ် က လေ ကို ဘယ်လို ရှိုက်ပီး ဘယ်လို ကျစ်လဲ ဆိုတာ လေ့လာရအောင်နော်။
ပုံ ၁ ကိုကြည့်ပါ
တူးစတုတ် အဂျၤင် အတွက် လေ လုံ သော ကရိုင်းကေ့ လိုပါတယ်။ လေမလုံ ရင် မနိုးခြင်း စက်သံမမှန်ခြင်း စလိုးမရခြင်းဖြစ်ပါလိမ့်မယ်။ပီးတော့ ကရိုင်းကေ့ဟာ ဖိုးစတုတ်လို အဂျၤင်ဝိုင်တွေနဲ့ ပြည့်မနေ တဲ့ အပြင် အဂျၤင်ဝိုင် လုံးဝမသုံးပါဘူး။ ဒါ့ကြောင့် ကရိုင်းတို့ ကော်နတ်တင်း တို့မှာ ဖိုးစတုတ်လို ဘွတ်တို့ ဘယ်ရာယင် တို့ သုံးမရပဲ ဘောလေတွေ သုံးပီး 2t ဆီ ကို ဓာတ်ဆီနဲ့ ရောနှောခြင်း အလုပ်တစ်ခု ပိုပါတယ်။
လေ အဝင် သာ လက်ခံပီး ထွက်ရင် ပြန်ပိတ်တဲ့ အလုပ် လုပ်တဲ့ ဘားလိုပါတယ်။ Gto ဆိုင်ကယ်တွေမှာဆို ရှပ်တာ ပြား ကို ကရိုင်းကနေ တိုင်ပင်နဲ့ အဖွင့်အပိတ်လုပ်သလို တီနာတို့ ရာမာ dt ဒို တို့ yp တို့မှာဆို ဘဲရှာ နဲ့ လာပါတယ် ။ ဘယ်လိုပဲ လာလာ လေကို အဝင်ပဲလက်ခံပါတယ် ။ အတွင်းက ပြန်မှုတ်ရင် ပိတ်နေပါတယ်။
မပိတ်ရင် အဲ့ အဂျၤင် မနိုးပါဘူး။
တူးစတုတ် အဂျၤင်ဟက်မှာ ပလပ်တစ်လုံးသာ တွေရတာ များပါတယ်။ တစ်ချို့ အဂျၤင်တွေမှာတော့ အိတ်ဇော ဘားတစ်လုံးတော့ ပါတာတွေ့ရပေမယ့် ရှားပါတယ်။ ဒါကြောင့် လေ အဝင် အပိတ် အဖွင့်မီးခိုးအထွက် အဖွင့် အပိတ်ကို ပစ်စတင်အိုးကပဲ ပြန်လုပ်ပါတယ်။ ဒါ့ကြောင့် လေ အဝင်ပေါက်နဲ့ မီးခိုးငွေ့ ထွက်ပေါက်တွေကို စလစ် မှာ တွေ့ရတာပါ။ ဖိုးစတုတ်မှာ အလုပ်လုပ်ပုံ ကို TDC ကစကြည့်ရပေမယ့် တူးစတုတ်မာ BDC ကစကြည့်တာ ပိုရှင်းပါလိမ့်မယ်။
ပုံ ၁ ကို ကြည့်ပါ ပတမ စတုတ်
ပစ်စတင်အိုးဟာ BDC မှ TDC ကို ပြေးတက်သောအခါ အလုပ်၂ မျိုး ကို တစ်ပြိုင်တည်းလုပ်ပါတယ်။ ပထမ တစ်လုပ်က ကရိုင်းကေ့ ထဲသို့ ဆီငွေ့ လေ ကို ဆွဲ ယူ ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကရိုင်းကေ့က လေ လုံနေသောကြောင့် ပစ်စတင် အိုးအပေါ်တက်သွား သောနေရာကို အစားထိုးဖို့လေထုကို ရုပ်တာ သို့မဟုတ် ဘဲရှာက ခွင့်ပြုပေးရတာပါ။ ဒုတိယ အလုပ်က ပစ်စတင်ထိတ်ကလေကို ကျစ်ရတာပါ။
ပုံ ၂ ကို ကြည့်ပါ
ကျစ်ပီးသားလေတွေ ဟာ ပစ်စတင် TDC အရောက်မှာ ပလပ်က မီးနဲ့ တွေ့ပီး ပေါက်ကွဲ ကာ ပြန်ဆင်းရသောအခြေအနေပါ။
ပုံ ၃ ကိုကြည့်ပါ
ပစ်စတင် ဟာ ပေါက်ကွဲ မှု ကြောင့် အောက်ကို ပြေးဆင်းလာ သောအခါ စလစ်မှ အပေါက်တစ်ခု ကို ပစ်စတင် ထိတ်မှ လွတ်တဲ့ အနေအထားတွေ့ရမှာပါ။ ပေါက်ကွဲ မှု ကြောင့် ပွ နေသော မီးခိုးငွေ့တွေ ဟာ စတွေ့တွေ့ သောအပေါက်က ရုန်းကန်ထွက်ဖို့ လုပ်နေရပါတယ်။ တစ်ချိန်ထဲမှာပဲ ကရိုင်းကေ့ ထဲက ဆီငွေ့ လေတွေ ဟာ ပစ်စတင်ပြေးဆင်းလာ သောအခါ ဖယ်ပေးစရာ နေရာမရှိ ပြန်ထွက်ရအောင်လဲ အဝင်ပေါက်က ပြန်ထွက်ခွင့် မပေး အနည်းငယ် ဖိနိပ်ခြင်းခံနေတဲ့ အခြေအနေပါ။
ပုံ ၄ ကို ကြည့်ပါ
ပစ်စတင်အိုးဟာ ဆက်ဆင်းလာရင်း BDC သို့ ရောက်သောအခါ စလစ်မှ အပေါက် ၂ ခုလုံး ဖွင့်ပေးသလို ဖြစ်သွားတဲ့ အတွက်ကြောင့် ကရိုင်းကေ့ ထဲက နေစရာ မရှိ ဖိနိပ်ခံ ဆီငွေ့ လေ ဟာ ပစ်စတင်ထိတ်လွတ်သွား သော အပေါက်သို့ အတင်းတိုးဝင်ရောက်လာသော အခြေအနေပါ။၎င်းဆီငွေ့ လေ ၏ တိုးဝင်းသော အရှိန်ကြောင့် မီးခိုးငွေ့ ဟာ နေစရာ မရှိသောကြောင့် ရသော အိတ်ဇောပေါက်မှ တိုးထွက်သွားရပါတော့တယ်။
ပုံ 5 ကိုကြည့်ပါ
BDC မှ TDC ပြန်တက်သောအခါ ပစ်စတင်နဲ့ ဝရိန်းဟာ အိတ်ဇော ပေါက်ကော ဆီငွေ့ လေ ဝင်ပေါက်ကို ပိတ်ပီးသားဖြစ်၍ လေ ကျစ်ရန်အနေအထားဖြစ်နေပါပီ။ ဆက်လက်၍ ရေးသားပါအုံးမည်။
No comments:
Post a Comment