ဆိုင္ကယ္စီးသူတုိင္း သိထားသင့္တဲ့ အေျခခံအခ်က္မ်ား ( ၁ )

ဆိုင္ကယ္စီးသူတုိင္း သိထားသင့္တဲ့ အေျခခံအခ်က္မ်ား  ( ၁ )
====================================
ဘရိတ္အေၾကာင္း သိေကာင္းစရာ
--------------------------------------

ေမာ္ေတာ္ဆုိင္ကယ္ေတြကုိ ဘရိတ္အမ်ိဳးအစား ၂ မ်ိဳးနဲ ့ ထုတ္လုပ္ၾကပါတယ္။ ပထမတစ္မ်ိဳးက ရႈးဘရိတ္အမ်ိဳးအစားျဖစ္ပါတယ္။ သူ ့ကုိေတာ့ ေမာ္ဒယ္နိမ့္ ဆိုင္ကယ္ေတြမွာ အမ်ားဆုံးတပ္ဆင္ၾကပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ ဖိအားနဲ ့ရပ္တန္ ့ေစမယ့္ Drum ဘရိတ္အမ်ိဳးအစားျဖစ္ပါတယ္။ သူ ့ကုိ တခ်ိဳ ့က ေလဘရိတ္လုိ႔ေခၚၾကသလုိ ဆီဘရိတ္လို႔လည္း ေခၚၾကပါတယ္။ ေနာက္ပုိင္းထုတ္ဆုိင္ကယ္ေတြနဲ ့ ေမာ္ဒယ္ျမင့္ေတြမွာ သုံးၾကပါတယ္။ 

ဘရိတ္အမ်ိဳးအစား ၂ ခုစလုံးက အရွိန္ကုိ ရပ္တန္ ့ေပးတာခ်င္တူၾကေပမယ့္ ဘရိတ္ဖမ္းပုံဖမ္းနည္းခ်င္းေတာ့ မတူၾကပါဘူး။ ရႈးဘရိတ္က ဘီးရဲ႕ အတြင္းဆံုး၀င္ရိုးသားကို ရႈးနဲ႔ ထိန္းၿပီး ဖမ္းပါတယ္။ Drum ကေတာ့ ဘရိတ္ဆီကို ပိုက္အတြင္းစီးဆင္းေစၿပီး ရရွိလာတဲ့ အားကေန ဘီးရဲ႕ ၀င္ရိုးကို Drum နဲ႔ ထိန္းၿပီး ဘရိတ္ဖမ္းပါတယ္။ ဘရိတ္ ၂ မ်ိဳးလုံးက ဘီးရဲ ့၀င္ရုိးကုိဦးတည္ျပီး လုပ္ေဆာင္ၾကေပမယ့္ ရႈးဘရိတ္က ၀င္ရိုးရဲ႕ အတြင္းသားကိုဖမ္းၿပီး Drum ဘရိတ္ကေတာ့ ၀င္ရိုးရဲ႕ အျပင္သားကို ဖမ္းပါတယ္။ ပုံသ႑န္မတူ၊ လုပ္ေဆာင္နည္းမတူေပမယ့္ သူတုိ ့မွာ တူတဲ့အခ်က္ ၁ ခုေတာ့ ရွိပါတယ္။ အဲ့ဒါကေတာ့ ခၽြတ္ယြင္းခ်က္ရွိေနျပီဆုိ အသံထြက္ၾကတာပါ။

ရႈးဘရိတ္ကုိ အသံျမည္ေစတဲ့ အေၾကာင္းအရင္းမ်ား
----------------------------------------------------------

ရႈးဘရိတ္မွာ အတြင္းရႈးသားျငိေနမယ္ဆုိ အသံထြက္တက္ပါတယ္။ အတြင္းဘရိတ္သားထဲကို ေရ၀င္ေနရင္လည္း အသံထြက္တက္ပါတယ္။ ေနာက္တစ္ခုကေတာ့ အတြင္းရႈးသားက ပါးလာတာေၾကာင့္ အသံထြက္လာတက္ပါတယ္။
#cred Dragon...


(Unicode)
ဆိုင်ကယ်စီးသူတိုင်း သိထားသင့်တဲ့ အခြေခံအချက်များ  ( ၁ )
====================================
ဘရိတ်အကြောင်း သိကောင်းစရာ
--------------------------------------

မော်တော်ဆိုင်ကယ်တွေကို ဘရိတ်အမျိုးအစား ၂ မျိုးနဲ့ ထုတ်လုပ်ကြပါတယ်။ ပထမတစ်မျိုးက ရှုးဘရိတ်အမျိုးအစားဖြစ်ပါတယ်။ သူ့ကိုတော့ မော်ဒယ်နိမ့် ဆိုင်ကယ်တွေမှာ အများဆုံးတပ်ဆင်ကြပါတယ်။ နောက်တစ်မျိုးကတော့ ဖိအားနဲ့ရပ်တန့်စေမယ့် Drum ဘရိတ်အမျိုးအစားဖြစ်ပါတယ်။ သူ့ကို တချို့က လေဘရိတ်လို့ခေါ်ကြသလို ဆီဘရိတ်လို့လည်း ခေါ်ကြပါတယ်။ နောက်ပိုင်းထုတ်ဆိုင်ကယ်တွေနဲ့ မော်ဒယ်မြင့်တွေမှာ သုံးကြပါတယ်။ 

ဘရိတ်အမျိုးအစား ၂ ခုစလုံးက အရှိန်ကို ရပ်တန့်ပေးတာချင်တူကြပေမယ့် ဘရိတ်ဖမ်းပုံဖမ်းနည်းချင်းတော့ မတူကြပါဘူး။ ရှုးဘရိတ်က ဘီးရဲ့ အတွင်းဆုံးဝင်ရိုးသားကို ရှုးနဲ့ ထိန်းပြီး ဖမ်းပါတယ်။ Drum ကတော့ ဘရိတ်ဆီကို ပိုက်အတွင်းစီးဆင်းစေပြီး ရရှိလာတဲ့ အားကနေ ဘီးရဲ့ ဝင်ရိုးကို Drum နဲ့ ထိန်းပြီး ဘရိတ်ဖမ်းပါတယ်။ ဘရိတ် ၂ မျိုးလုံးက ဘီးရဲ့ဝင်ရိုးကိုဦးတည်ပြီး လုပ်ဆောင်ကြပေမယ့် ရှုးဘရိတ်က ဝင်ရိုးရဲ့ အတွင်းသားကိုဖမ်းပြီး Drum ဘရိတ်ကတော့ ဝင်ရိုးရဲ့ အပြင်သားကို ဖမ်းပါတယ်။ ပုံသဏ္ဍန်မတူ၊ လုပ်ဆောင်နည်းမတူပေမယ့် သူတို့မှာ တူတဲ့အချက် ၁ ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ချွတ်ယွင်းချက်ရှိနေပြီဆို အသံထွက်ကြတာပါ။

ရှုးဘရိတ်ကို အသံမြည်စေတဲ့ အကြောင်းအရင်းများ
----------------------------------------------------------

ရှုးဘရိတ်မှာ အတွင်းရှုးသားငြိနေမယ်ဆို အသံထွက်တက်ပါတယ်။ အတွင်းဘရိတ်သားထဲကို ရေဝင်နေရင်လည်း အသံထွက်တက်ပါတယ်။ နောက်တစ်ခုကတော့ အတွင်းရှုးသားက ပါးလာတာကြောင့် အသံထွက်လာတက်ပါတယ်။
#cred Dragon...

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...