ဆိုင္ကယ္မွာ မီးခိုးလုိက္ေနျပီလား ? မီးခုိးအေရာင္ကုိၾကည့္ျပီး ျပင္ဆင္ရမည့္ အဓိကအခ်က္မ်ား

ဆိုင္ကယ္မွာ မီးခိုးလုိက္ေနျပီလား ? မီးခုိးအေရာင္ကုိၾကည့္ျပီး ျပင္ဆင္ရမည့္ အဓိကအခ်က္မ်ား
=====================================================

ေမာ္ေတာ္ဆုိင္ကယ္ေတြက ေမာ္ေတာ္ကားေတြနဲ ့ယွဥ္ရင္ မီးခုိးထုတ္လႊတ္မႈနည္းပါတယ္။ ဆုိင္ကယ္မွာလည္း အတြင္းခန္းေပါက္ကြဲစနစ္နဲ ့အင္ဂ်င္ကို ထည့္သြင္းတပ္ဆင္ထားေပမယ့္ အင္ဂ်င္အရြယ္ေသးတာေၾကာင့္ ကားေတြေလာက္ ေပါက္ကြဲအားမျပင္းသလို အင္ဂ်င္သံလည္း က်ယ္က်ယ္မထြက္ပါဘူး။

ၿပီးေတာ့ ဆိုင္ကယ္ေတြမွာက စက္ႏိႈးရတာပုိျပီး လြယ္ကူေစတဲ့ ဓါတ္ဆီအင္ဂ်င္အေနနဲ႔ပဲ ထုတ္ၿပီး ဒီဇယ္အင္ဂ်င္ေတြသုံးတာ သိပ္​ၿပီးမေတြ႔ရပါဘူး။ အစကတည္းက ဓာတ္ေငြ ့ထုတ္တာနည္းတဲ့ ဓါတ္ဆီကို ထည့္ေမာင္းရတာျဖစ္လုိ႔ မီးခိုးထြက္ရွိမႈလည္း နည္းပါတယ္။ ခ်ိဳ႕ယြင္းခ်က္မရွိပဲေကာင္းေနတဲ့ ဆိုင္ကယ္အင္ဂ်င္ဆုိရင္ မီးခုိးထြက္လား မထြက္လားဆုိတာ မ်က္စိနဲ႔ ၾကည့္ရင္ေတာင္ မျမင္ရေလာက္ေအာင္ နည္းပါတယ္။

2 Stroke ေမာ္ဒယ္ေတြမွာေတာ့ 2T ထည့္ေမာင္းရလုိ႔ အျပာႏုေရာင္မီးခိုးေတြ ထြက္တက္ပါတယ္။ ဒါက ပံုမွန္ မီးခိုးအေရာင္ျဖစ္ေပမယ့္ တျခားအေရာင္ေတြျဖစ္တဲ့ အမည္းေရာင္နဲ႔ အျဖဴေရာင္ေတြအျဖစ္လည္း မီးခိုးေတြ ထြက္ႏုိင္ပါတယ္။

မီးခုိးအျဖဴေရာင္ထြက္ေနရင္ အင္ဂ်င္ပိုင္း Ring နဲ႔ Piston ေတြ အားနည္းေနတာေၾကာင့္ျဖစ္နုိင္ပါတယ္။ စစ္ေဆးျပင္ဆင္ရမယ့္ အေနအထားမွာရွိပါတယ္။

မီးခိုးအမည္းေရာင္ကေတာ့ အင္ဂ်င္နဲ ့ခၽြတ္ယြင္းခ်က္မ်ိဳးမဟုတ္လုိ ့သိပ္ၿပီးမစုိးရိမ္ရပါဘူး။ ဒါေပမယ့္ တခ်ိဳ႕ကေတာ့ ဘယ္လိ္ုေၾကာင့္ပဲျဖစ္ျဖစ္ ဆိုင္ကယ္မီးခိုးလုိက္လာၿပီဆိုရင္ စိုးရိမ္တတ္ၾကပါတယ္။ တကယ္ေတာ့ မီးခိုးအမည္းေရာင္ထြက္ရတဲ့ အေၾကာင္းရင္း အဓိက ၂ ခ်က္ပဲရွိပါတယ္။

ပထမတစ္ခ်က္ကေတာ့ အင္ဂ်င္၀ိုင္နဲ႔ စက္သံုးဆီမသန္႔မႈေၾကာင့္ မီးခိုးအမည္းထြက္တာျဖစ္ပါတယ္။ တခါတေလမွာ Plug မေကာင္းေတာ့ရင္လည္း မီးခိုးအမည္း ထြက္ႏုိင္ပါတယ္။ အမ်ားစုကေတာ့ ဆီေၾကာင့္ ျဖစ္ၿပီး အရည္အေသြးမမီတာေတြ၊ မသန္႔တာေတြ၊ အင္ဂ်င္၀ိုင္သက္တမ္းကုန္ေနတာေတြေၾကာင့္ ျဖစ္ႏုိ္င္ပါတယ္။

ဒုတိယတစ္ခ်က္ကေတာ့ ဆိုင္ကယ္ကိုမသံုးတာၾကာလို႔ ျဖစ္ပါတယ္။ ဆိုင္ကယ္ပဲျဖစ္ျဖစ္၊ ကားတစ္စီးကိုပဲ ျဖစ္ျဖစ္ အျပင္ထြက္မစီးဘူးဆိုရင္ေတာင္မွ အနည္းဆံုးသတင္းတစ္ပတ္မွာ ပ်မ္းမွ် နာရီ၀က္ေလာက္ေတာ့ အနည္းဆံုးစက္ႏိႈးထားေပးသင့္ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕က အဲဒီလုိစက္ႏိႈးေပးဖို႔ မရွိၾကသလို စက္မႏိႈးတာၾကာတဲ့အခါမွာ အင္ဂ်င္အတြင္းခန္းဆီနဲ႔ အင္ဂ်င္၀ိုင္အထုိင္ေတြ၊ မီးေပါက္စနစ္ေတြလည္း အထိုင္ေလးလာၿပီး ျပန္လည္စက္ႏိႈးတဲ့ အခ်ိန္မွာ နည္းနည္းခက္ခဲတတ္သလို မီးခိုးလည္းလုိက္လာတတ္ၿပီး မီးခိုးအမည္းေတြထက္လာပါတယ္။ ဒီ့အတြက္ကေတာ့ စိတ္ပူစရာမရွိပါဘူး။ ျဖစ္ႏုိင္ရင္ အင္ဂ်င္၀ိုင္ လဲေပးပါ။ ကာဘရိုက္တာ ေဆးေပးပါ။ Plug အသစ္ လဲႏုိင္ရင္ လဲေပးလိုက္ပါ။ တစ္ပတ္ေလာက္ ပံုမွန္ ျပန္စီးလိုက္ရင္ မီးခုိးလုိက္တာရပ္သြားပါလိမ့္မယ္။ တကယ္လုိ႔ မိမိအေနနဲ႔ ဆို္င္ကယ္ကို မသံုးျဖစ္ေသးဘူးဆိုရင္လည္း တစ္ပတ္ကုိ တစ္ရက္၊ တစ္ရက္ကုိ နာရီ၀က္ေလာက္ေတာ့ စက္ႏိႈးေပးထားပါ။
ko zaw
#cred Dragon big bike



(Unicode)

ဆိုင်ကယ်မှာ မီးခိုးလိုက်နေပြီလား ? မီးခိုးအရောင်ကိုကြည့်ပြီး ပြင်ဆင်ရမည့် အဓိကအချက်များ
=====================================================

မော်တော်ဆိုင်ကယ်တွေက မော်တော်ကားတွေနဲ့ယှဉ်ရင် မီးခိုးထုတ်လွှတ်မှုနည်းပါတယ်။ ဆိုင်ကယ်မှာလည်း အတွင်းခန်းပေါက်ကွဲစနစ်နဲ့အင်ဂျင်ကို ထည့်သွင်းတပ်ဆင်ထားပေမယ့် အင်ဂျင်အရွယ်သေးတာကြောင့် ကားတွေလောက် ပေါက်ကွဲအားမပြင်းသလို အင်ဂျင်သံလည်း ကျယ်ကျယ်မထွက်ပါဘူး။

ပြီးတော့ ဆိုင်ကယ်တွေမှာက စက်နှိုးရတာပိုပြီး လွယ်ကူစေတဲ့ ဓါတ်ဆီအင်ဂျင်အနေနဲ့ပဲ ထုတ်ပြီး ဒီဇယ်အင်ဂျင်တွေသုံးတာ သိပ်ပြီးမတွေ့ရပါဘူး။ အစကတည်းက ဓာတ်ငွေ့ထုတ်တာနည်းတဲ့ ဓါတ်ဆီကို ထည့်မောင်းရတာဖြစ်လို့ မီးခိုးထွက်ရှိမှုလည်း နည်းပါတယ်။ ချို့ယွင်းချက်မရှိပဲကောင်းနေတဲ့ ဆိုင်ကယ်အင်ဂျင်ဆိုရင် မီးခိုးထွက်လား မထွက်လားဆိုတာ မျက်စိနဲ့ ကြည့်ရင်တောင် မမြင်ရလောက်အောင် နည်းပါတယ်။ 

2 Stroke မော်ဒယ်တွေမှာတော့ 2T ထည့်မောင်းရလို့ အပြာနုရောင်မီးခိုးတွေ ထွက်တက်ပါတယ်။ ဒါက ပုံမှန် မီးခိုးအရောင်ဖြစ်ပေမယ့် တခြားအရောင်တွေဖြစ်တဲ့ အမည်းရောင်နဲ့ အဖြူရောင်တွေအဖြစ်လည်း မီးခိုးတွေ ထွက်နိုင်ပါတယ်။

မီးခိုးအဖြူရောင်ထွက်နေရင် အင်ဂျင်ပိုင်း Ring နဲ့ Piston တွေ အားနည်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။ စစ်ဆေးပြင်ဆင်ရမယ့် အနေအထားမှာရှိပါတယ်။

မီးခိုးအမည်းရောင်ကတော့ အင်ဂျင်နဲ့ချွတ်ယွင်းချက်မျိုးမဟုတ်လို့သိပ်ပြီးမစိုးရိမ်ရပါဘူး။ ဒါပေမယ့် တချို့ကတော့ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဆိုင်ကယ်မီးခိုးလိုက်လာပြီဆိုရင် စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ မီးခိုးအမည်းရောင်ထွက်ရတဲ့ အကြောင်းရင်း အဓိက ၂ ချက်ပဲရှိပါတယ်။ 

ပထမတစ်ချက်ကတော့ အင်ဂျင်ဝိုင်နဲ့ စက်သုံးဆီမသန့်မှုကြောင့် မီးခိုးအမည်းထွက်တာဖြစ်ပါတယ်။  တခါတလေမှာ Plug မကောင်းတော့ရင်လည်း မီးခိုးအမည်း ထွက်နိုင်ပါတယ်။ အများစုကတော့ ဆီကြောင့် ဖြစ်ပြီး အရည်အသွေးမမီတာတွေ၊ မသန့်တာတွေ၊ အင်ဂျင်ဝိုင်သက်တမ်းကုန်နေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒုတိယတစ်ချက်ကတော့ ဆိုင်ကယ်ကိုမသုံးတာကြာလို့ ဖြစ်ပါတယ်။ ဆိုင်ကယ်ပဲဖြစ်ဖြစ်၊ ကားတစ်စီးကိုပဲ ဖြစ်ဖြစ် အပြင်ထွက်မစီးဘူးဆိုရင်တောင်မှ အနည်းဆုံးသတင်းတစ်ပတ်မှာ ပျမ်းမျှ နာရီဝက်လောက်တော့ အနည်းဆုံးစက်နှိုးထားပေးသင့်ပါတယ်။ ဒါပေမယ့် တချို့က အဲဒီလိုစက်နှိုးပေးဖို့ မရှိကြသလို စက်မနှိုးတာကြာတဲ့အခါမှာ အင်ဂျင်အတွင်းခန်းဆီနဲ့ အင်ဂျင်ဝိုင်အထိုင်တွေ၊ မီးပေါက်စနစ်တွေလည်း အထိုင်လေးလာပြီး ပြန်လည်စက်နှိုးတဲ့ အချိန်မှာ နည်းနည်းခက်ခဲတတ်သလို မီးခိုးလည်းလိုက်လာတတ်ပြီး မီးခိုးအမည်းတွေထက်လာပါတယ်။ ဒီ့အတွက်ကတော့ စိတ်ပူစရာမရှိပါဘူး။ ဖြစ်နိုင်ရင် အင်ဂျင်ဝိုင် လဲပေးပါ။ ကာဘရိုက်တာ ဆေးပေးပါ။ Plug အသစ် လဲနိုင်ရင် လဲပေးလိုက်ပါ။ တစ်ပတ်လောက် ပုံမှန် ပြန်စီးလိုက်ရင် မီးခိုးလိုက်တာရပ်သွားပါလိမ့်မယ်။ တကယ်လို့ မိမိအနေနဲ့ ဆိုင်ကယ်ကို မသုံးဖြစ်သေးဘူးဆိုရင်လည်း တစ်ပတ်ကို တစ်ရက်၊ တစ်ရက်ကို နာရီဝက်လောက်တော့ စက်နှိုးပေးထားပါ။
ko zaw
#cred Dragon big bike

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...