အသံမ်ား သို့မဟုတ္ ဆိုင္ကယ္အင္ဂ်င္ႏွင့္စကားေျပာျခင္း အပိုင္း (2)

အသံမ်ား သို့မဟုတ္ ဆိုင္ကယ္အင္ဂ်င္ႏွင့္စကားေျပာျခင္း အပိုင္း (2)

ပင္စင္နဲ႔ ဟက္အသံအေၾကာင္း ေျပာၿပီးၿပီဆိုေတာ့ ထပ္ၿပီးေျပာျပစရာက်န္တာက တိုင္ပင္ပိုင္းသံပါ။တိုင္ပင္ပိုင္းလို့ေျပာတဲ့ေနရာမွာ ကင္းမရွပ္ တိုင္ပင္ပီနီယံ ခ်ိန္းဘိ ပြတ္ရ္ွေရာ့ အပါအဝင္ အင္ဂ်င္ရဲ့တိုင္ပင္ပိုင္းနဲ႔ပါတ္သက္တာေတြအကုနိပါပါလိမ့္မယ္။ 

ခ်ိန္းရိုက္သံ (တိုငိပင္ခ်ိန္းသံ)
ေခတ္ေပၚဆိုင္ကယ္အမ်ားစုမွာ အင္ဂ်င္တိုင္ပင္ ကို ခ်ိန္းဆြဲ စနစ္နဲ႔လာပါတယ္။(cam driven system )ဆိုတဲ့ေဆာငိးပါးေလးထဲမွာ အေသးစိတ္ကိုရွာေဖြဖတ္ရွုပါ။ တိုင္ပင္ခ်ိနိးစနစ္ကိုသုံးရျခင္းဟာ အမ်ိဳးမ်ိဳးေသာအေၾကာင္းျပခ်က္ေတြရွိပါတယ္။ အသံၿငိမ္ဆိမ္ဖို့ အင္ဂ်င္ဝိုင္မညစ္ေထးဖို့စသည္ျဖင့္ေပါ့ေလ။ စတီးခ်ိန္း ကို တိုင္ပင္ပီနီယံနဲ႔ကရိုင္းၾကား မာကာအတိအက် နဲ႔ဆက္သြယ္ထားေပးပါတယ္။ခ်ိန္းမွာအမ်ိဳးမ်ိဳးရွိေပမယ့္ စတီးခ်ိန္းျဖစ္သလိုပဲ အင္ဂ်င္ရဲ့ တခ်က္ျခင္း႐ုန္းအားနဲ႔ လည္ပါတ္ရတာမို့ ခ်ိန္းဟာေဆာင့္ေဆာင့္အ႐ုန္းခံရတဲ့အခါ အဆစ္ေတြရွညိထြက္ လာပါတယ္။လိုတာထက္ပိုရွညိလာတဲ့အခါ ခ်ိန္းဟာ အသံတမ်ိဴးထြက္တတ္ပါတယ္။ အသံရွည္ အသံဆက္ ျဖစ္မယ္ ႀကိဴးကိုရိုက္ေနသလို အဖ်ားခတ္သံပါမယ္ဆိုရင္ တိုင္ပင္ခ်ိန္းသံပါပဲ။ တိုင္ပင္ခ်ိန္းကေန ေဘးဘက္ သို့မဟုတ္ ေအာက္ဘက္နဲ႔ရိုက္တဲ့အတြက္သာအသံထြက္တာပါ။ ေဆာ့ေဆာင့္အဆြဲမခံရဖို့အတြက္ ေလၽွာက္လမ္း ေက်ာဘက္မွာ ေလၽွာတာနဲ႔ခ်က္ခ်င္း မခတ္ေအာင္လိုက္ဖိေပးမယ့္ ခ်ိန္းတင္းစနစ္ ရွိပါတယ္။ခ်ိန္းတင္းစနစ္က အကုန္ ကုန္သြားေအာင္ဖိလိုက္ၿပီးသည့္တိုင္ ခ်ိန္းကဆက္ေလ်ာ့ေနဦးမယ္ဆိုရင္ တိုင္ပင္ခ်ိန္းလဲရမွာပါ။ 
ပြတ္ရွေရာ့ စနစ္မွာေတာ့ ေအာက္မွာေနတဲ့့ ကင္းမရွပ္ကတဆင့္ အေပၚတဟက္တုံးအထိ Push rod အတံေလးေတြနဲ႔ ထိုးတက္ပါတယ္။ အမာသုံးအင္ဂ်င္ေတြအပါတ္ရည္နည္းတဲ့အင္ဂ်င္ေတြအတြက္အဆင္ေျပေပမယ့္ ဘြတ္တိုက္ ကမ္ပီနီယံေတြက အင္ဂ်င္ဝိုင္ညစ္ညမ္းေစၿပီးေတာ့ အင္ဂ်င္ကိုလဲအေလးခ်ိန္ပိုလာေစပါတယ္။ခ်ိန္းတင္းစနစ္မွာ အမ်ိဳးမ်ိဳးရွိနိုင္ေပမယ့္ သူရဲ့အလုပ္လုပ္ပုံစနစ္မက်ရင္လဲ တိုင္ပင္ခ်ိန္းကခဏေလးနဲ႔အသံျပန္ထြက္လာေစပါတယ္။

ကင္းမရွပ္
ကင္းမရွပ္မွာအထိုင္ေဘာေတြလူးေနခါေနရင္ ခ်ိန္းဆြဲတဲ့ဘက္မွာ အေဆာင့္ခံရလို့ အသံထြက္ေစပါတယ္။ခ်ိန္းသံနဲ႔မတူပဲ တိုကိပစ္သံနဲ႔ဆင္တူပါတယ္။ ေဘာအထိုင္က်ယ္တဲ့ဲျပသနာဟာ တ႐ုပ္ဘီးအမ်ားစုမွာ အျဖစ္မ်ားၿပီးေတာ့ ကင္းမရွပ္ေဘာကိုအပ္စေပါ့ရိုက္ၿပီး ျပန္လည္အသုံးျပဳနိုငိပါတယ္။ အင္ဂ်င္ဝိုင္ခမ္းေစပါတယ္။

ကြန္နတင္း
 ကြန္နတင္းသံဟာ တစ္စီးလုံးမွာစိတိမသက္သာျဖစ္ရဆူံးအသံပါ။ သံကိုသံခ်င္းရိုက္တဲ့အသံမ်ိဳးတခ်က္စီ စည္းခ်က္က်က် ထြက္ေနမယ္ လီဘာဆြဲတိုင္း အသံပါေျပးတက္လာမယ္ဆိုက်ိန္းေသ ကြန္နတင္းအသံပါ။သူ႔ကိုအမ်ားအားျဖင့္အိတ္ေဇာေပါက္ဝကၾကားရတတ္ပါတယ္။ဘာေၾကာင့္အသံထြက္သလဲ ကြန္နတင္းဟာ ေခ်ာဆီအတြက္ အင္ဂ်င္ဝိုင္ပန္႔စနစ္  သို့မဟုတ္ ဆင္ထြီျဖဴဂယ္လို့ေခၚတဲ့ ဆီလွည့္အားပန္႔စနစ္  တစ္ခုခုကိုအသုံးမ်ားပါတယ္။ႏွစ္ခုလုံးသုံးတဲ့ cbr 150ေတြလို့အင္ဂ်င္မ်ိဳးေတြလဲေတြ႕ရတတ္ပါတယ္။ အင္ဂ်င္ဝိုင္ပန္႔ကေန ကလပ္အုံဖုံးကတဆင့္ ကြန္နတင္းရဲ့ မိန္းပင္ထဲကို ဆီပို့လႊတ္ေပးပါတယ္။ အလွုပ္ရွားရဆုံးအပိုင္းမို့ ဆီကအလ်င္မျပတ္ဝင္ေနဖို့လဲလိုအပ္ပါတယ္။
ဆီမဝင္တာနဲ႔ ကြန္နတင္းမိနိးပင္ဖမ္းတာေတြ ခ်က္ခ်င္းေဘာေတြေခ်ာင္လာၿပီးအသံထြက္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ကြန္နတင္းမွာအသံထြက္စရာက မိန္းပင္လို့ေခၚတဲ့ ပင္ေခ်ာင္ခ်င္း / ဂါခ်ီပင္ေခ်ာင္ျခင္း နဲ႔ အလယ္ခတ္ျခင္းဆိုတဲ့သုံးသံသာ ထြက္ပါတယ္။အထက္မွာေျပာသြားတာက မိနိးပင္ ေခ်ာင္ျခင္းလို့ ေျပာနိုင္ပါတယ္။ေရွ႕ေနာက္ခါေနတဲ့ ကြန္နတင္းမ်ိဳးကိုေခၚတာပါ။

ဂါခ်ီပင္ေခ်ာင္ျခင္း
သူကလဲ ကြန္နတင္းသံပဲ ထြက္တာပါ။ ဒါေပမယ့္ စလိူးအစကေန လီဘာဆြဲတိုင္းတက္ေနမယ့္အသံမ်ိဳးျဖစ္ၿပီး မသိရင္ ကြန္နတင္းမိန္းပင္ေခ်ာင္တယ္ပဲထင္မိမွာပါ။ ပင္ဆင္ရဲ့ဂါခ်ီပင္အေပါက္ေခ်ာင္တဲ့အခါထြက္တဲ့အသံဆိုၿပီးေျပာၿပီးေပမယ့္ ကြန္နတင္းရဲ့ဂါခ်ီပင္ေပါက္ေခ်ာင္တာနဲ႔ေတာ့အသံထြက္မတူပါဘူး။ကြန္နတင္းပါလဲလွယ္ရတတ္ပါတယ္။

အလယ္ခတ္ျခင္း 
ကြန္နတင္းမွာၾကားေတာင့္ၾကားခဲအသံပါပဲ။ကြန္နတင္းအသစ္လဲတဲ့အခါ ကြန္နတင္းရဲ့ အလယ္ဗ်က္ ကားေနတဲ့အခါ စလစ္ရဲ့ အေပၚေအာင္ႏူတ္ခမ္းနဲ႔တိုက္တာပါ။အထိနည္းရင္စလိုးမ်ားမၾကားရတတ္ပဲ လီဘာတက္လာမွာၾကားရတတ္ပါတယ္။ စလစ္အိုးရဲ့ ႏူတ္ခမ္းေလးေတြမွာ လျခမ္းပုံအခ်ိဳင့္ေလးလုပ္ေပးလိုက္ရင္ အဆင္ေျပတတ္ပါတယ္။စလစ္လည္ရစ္ လိုတာထက္ရွည္ေနရင္လဲျဖစ္တတ္ပါေသးတယ္။ အေပၚကလို လျခမ္းေလးလုပ္ေပးလိုက္ယုံပါပဲ။
ေနာက္ေန႔မွဆက္တာေပါ့ ။သင္တန္းကာလ ၾကားထဲမို့ အခ်ိန္လုေရးေနရတာမ်ိဳးမို့ပါ။ အားလုံးပဲ ဗဟုသုတျပည့္ဝၾကပါေစ။

Copy crd.



(Unicode)

အသံများ သို့မဟုတ် ဆိုင်ကယ်အင်ဂျင်နှင့်စကားပြောခြင်း အပိုင်း (2)

ပင်စင်နဲ့ ဟက်အသံအကြောင်း ပြောပြီးပြီဆိုတော့ ထပ်ပြီးပြောပြစရာကျန်တာက တိုင်ပင်ပိုင်းသံပါ။တိုင်ပင်ပိုင်းလို့ပြောတဲ့နေရာမှာ ကင်းမရှပ် တိုင်ပင်ပီနီယံ ချိန်းဘိ ပွတ်ရ်ှရော့ အပါအဝင် အင်ဂျင်ရဲ့တိုင်ပင်ပိုင်းနဲ့ပါတ်သက်တာတွေအကုနိပါပါလိမ့်မယ်။ 

ချိန်းရိုက်သံ (တိုငိပင်ချိန်းသံ)
ခေတ်ပေါ်ဆိုင်ကယ်အများစုမှာ အင်ဂျင်တိုင်ပင် ကို ချိန်းဆွဲ စနစ်နဲ့လာပါတယ်။(cam driven system )ဆိုတဲ့ဆောငိးပါးလေးထဲမှာ အသေးစိတ်ကိုရှာဖွေဖတ်ရှုပါ။ တိုင်ပင်ချိနိးစနစ်ကိုသုံးရခြင်းဟာ အမျိုးမျိုးသောအကြောင်းပြချက်တွေရှိပါတယ်။ အသံငြိမ်ဆိမ်ဖို့ အင်ဂျင်ဝိုင်မညစ်ထေးဖို့စသည်ဖြင့်ပေါ့လေ။ စတီးချိန်း ကို တိုင်ပင်ပီနီယံနဲ့ကရိုင်းကြား မာကာအတိအကျ နဲ့ဆက်သွယ်ထားပေးပါတယ်။ချိန်းမှာအမျိုးမျိုးရှိပေမယ့် စတီးချိန်းဖြစ်သလိုပဲ အင်ဂျင်ရဲ့ တချက်ခြင်းရုန်းအားနဲ့ လည်ပါတ်ရတာမို့ ချိန်းဟာဆောင့်ဆောင့်အရုန်းခံရတဲ့အခါ အဆစ်တွေရှညိထွက် လာပါတယ်။လိုတာထက်ပိုရှညိလာတဲ့အခါ ချိန်းဟာ အသံတမျိူးထွက်တတ်ပါတယ်။ အသံရှည် အသံဆက် ဖြစ်မယ် ကြိူးကိုရိုက်နေသလို အဖျားခတ်သံပါမယ်ဆိုရင် တိုင်ပင်ချိန်းသံပါပဲ။ တိုင်ပင်ချိန်းကနေ ဘေးဘက် သို့မဟုတ် အောက်ဘက်နဲ့ရိုက်တဲ့အတွက်သာအသံထွက်တာပါ။ ဆော့ဆောင့်အဆွဲမခံရဖို့အတွက် လျှောက်လမ်း ကျောဘက်မှာ လျှောတာနဲ့ချက်ချင်း မခတ်အောင်လိုက်ဖိပေးမယ့် ချိန်းတင်းစနစ် ရှိပါတယ်။ချိန်းတင်းစနစ်က အကုန် ကုန်သွားအောင်ဖိလိုက်ပြီးသည့်တိုင် ချိန်းကဆက်လျော့နေဦးမယ်ဆိုရင် တိုင်ပင်ချိန်းလဲရမှာပါ။ 
ပွတ်ရှရော့ စနစ်မှာတော့ အောက်မှာနေတဲ့ ကင်းမရှပ်ကတဆင့် အပေါ်တဟက်တုံးအထိ Push rod အတံလေးတွေနဲ့ ထိုးတက်ပါတယ်။ အမာသုံးအင်ဂျင်တွေအပါတ်ရည်နည်းတဲ့အင်ဂျင်တွေအတွက်အဆင်ပြေပေမယ့် ဘွတ်တိုက် ကမ်ပီနီယံတွေက အင်ဂျင်ဝိုင်ညစ်ညမ်းစေပြီးတော့ အင်ဂျင်ကိုလဲအလေးချိန်ပိုလာစေပါတယ်။ချိန်းတင်းစနစ်မှာ အမျိုးမျိုးရှိနိုင်ပေမယ့် သူရဲ့အလုပ်လုပ်ပုံစနစ်မကျရင်လဲ တိုင်ပင်ချိန်းကခဏလေးနဲ့အသံပြန်ထွက်လာစေပါတယ်။

ကင်းမရှပ်
ကင်းမရှပ်မှာအထိုင်ဘောတွေလူးနေခါနေရင် ချိန်းဆွဲတဲ့ဘက်မှာ အဆောင့်ခံရလို့ အသံထွက်စေပါတယ်။ချိန်းသံနဲ့မတူပဲ တိုကိပစ်သံနဲ့ဆင်တူပါတယ်။ ဘောအထိုင်ကျယ်တဲ့ဲပြသနာဟာ တရုပ်ဘီးအများစုမှာ အဖြစ်များပြီးတော့ ကင်းမရှပ်ဘောကိုအပ်စပေါ့ရိုက်ပြီး ပြန်လည်အသုံးပြုနိုငိပါတယ်။ အင်ဂျင်ဝိုင်ခမ်းစေပါတယ်။

ကွန်နတင်း
 ကွန်နတင်းသံဟာ တစ်စီးလုံးမှာစိတိမသက်သာဖြစ်ရဆူံးအသံပါ။ သံကိုသံချင်းရိုက်တဲ့အသံမျိုးတချက်စီ စည်းချက်ကျကျ ထွက်နေမယ် လီဘာဆွဲတိုင်း အသံပါပြေးတက်လာမယ်ဆိုကျိန်းသေ ကွန်နတင်းအသံပါ။သူ့ကိုအများအားဖြင့်အိတ်ဇောပေါက်ဝကကြားရတတ်ပါတယ်။ဘာကြောင့်အသံထွက်သလဲ ကွန်နတင်းဟာ ချောဆီအတွက် အင်ဂျင်ဝိုင်ပန့်စနစ်  သို့မဟုတ် ဆင်ထွီဖြူဂယ်လို့ခေါ်တဲ့ ဆီလှည့်အားပန့်စနစ်  တစ်ခုခုကိုအသုံးများပါတယ်။နှစ်ခုလုံးသုံးတဲ့ cbr 150တွေလို့အင်ဂျင်မျိုးတွေလဲတွေ့ရတတ်ပါတယ်။ အင်ဂျင်ဝိုင်ပန့်ကနေ ကလပ်အုံဖုံးကတဆင့် ကွန်နတင်းရဲ့ မိန်းပင်ထဲကို ဆီပို့လွှတ်ပေးပါတယ်။ အလှုပ်ရှားရဆုံးအပိုင်းမို့ ဆီကအလျင်မပြတ်ဝင်နေဖို့လဲလိုအပ်ပါတယ်။
ဆီမဝင်တာနဲ့ ကွန်နတင်းမိနိးပင်ဖမ်းတာတွေ ချက်ချင်းဘောတွေချောင်လာပြီးအသံထွက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ကွန်နတင်းမှာအသံထွက်စရာက မိန်းပင်လို့ခေါ်တဲ့ ပင်ချောင်ချင်း / ဂါချီပင်ချောင်ခြင်း နဲ့ အလယ်ခတ်ခြင်းဆိုတဲ့သုံးသံသာ ထွက်ပါတယ်။အထက်မှာပြောသွားတာက မိနိးပင် ချောင်ခြင်းလို့ ပြောနိုင်ပါတယ်။ရှေ့နောက်ခါနေတဲ့ ကွန်နတင်းမျိုးကိုခေါ်တာပါ။

ဂါချီပင်ချောင်ခြင်း
သူကလဲ ကွန်နတင်းသံပဲ ထွက်တာပါ။ ဒါပေမယ့် စလိူးအစကနေ လီဘာဆွဲတိုင်းတက်နေမယ့်အသံမျိုးဖြစ်ပြီး မသိရင် ကွန်နတင်းမိန်းပင်ချောင်တယ်ပဲထင်မိမှာပါ။ ပင်ဆင်ရဲ့ဂါချီပင်အပေါက်ချောင်တဲ့အခါထွက်တဲ့အသံဆိုပြီးပြောပြီးပေမယ့် ကွန်နတင်းရဲ့ဂါချီပင်ပေါက်ချောင်တာနဲ့တော့အသံထွက်မတူပါဘူး။ကွန်နတင်းပါလဲလှယ်ရတတ်ပါတယ်။

အလယ်ခတ်ခြင်း 
ကွန်နတင်းမှာကြားတောင့်ကြားခဲအသံပါပဲ။ကွန်နတင်းအသစ်လဲတဲ့အခါ ကွန်နတင်းရဲ့ အလယ်ဗျက် ကားနေတဲ့အခါ စလစ်ရဲ့ အပေါ်အောင်နူတ်ခမ်းနဲ့တိုက်တာပါ။အထိနည်းရင်စလိုးများမကြားရတတ်ပဲ လီဘာတက်လာမှာကြားရတတ်ပါတယ်။ စလစ်အိုးရဲ့ နူတ်ခမ်းလေးတွေမှာ လခြမ်းပုံအချိုင့်လေးလုပ်ပေးလိုက်ရင် အဆင်ပြေတတ်ပါတယ်။စလစ်လည်ရစ် လိုတာထက်ရှည်နေရင်လဲဖြစ်တတ်ပါသေးတယ်။ အပေါ်ကလို လခြမ်းလေးလုပ်ပေးလိုက်ယုံပါပဲ။
နောက်နေ့မှဆက်တာပေါ့ ။သင်တန်းကာလ ကြားထဲမို့ အချိန်လုရေးနေရတာမျိုးမို့ပါ။ အားလုံးပဲ ဗဟုသုတပြည့်ဝကြပါစေ။

Copy crd.

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...