ရိုးစင်းစွာထိုးထွင်းသိမြင်ခြင်း
ကာဘရိုက်တာများနှင့် CV ကာဘရိုက်တာအပိုင်း(2)
စာရေးတဲ့အခါ ပုံတိုပါတ်စလေးတွေ အလုပ်လုပ်ပုံလေးတွေ နဲ့ပြသနာလေးတွေ ဖြေရှင်းနည်းလေးတွေ 
အတွေ့အကြုံလေးတွေ ပေါင်းစပ်ရေးလေ့ရေးထရှိတယ်ဗျ။ ဘာလို့ဆိုတော့ သိပီးသားဆရာတွေလဲ နည်းနည်း
လေးဖြစ်ဖြစ် ပိုပိုသိလာရအောင် တကယ်လို့
ကျွန်တော်ချဉ်းကပ်မူဟာ မှားယွင်းနေတယ်ဆိုရင် 
ပြင်ဆင်ပေးနိုင်အောင်ပါ။ ငြီးငွေ့စရာမဖြစ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားပေးထားပါတယ်။
မနေ့ကအဆက်  ခုဆက်ပြောမယ့် ဒုတိယအပိုင်း ပေါ့
လေ။ ကာဘရိုက်တာတွေရဲ့ extra service လို့ခေါ်တဲ့  အပိုထပ်လောင်းလုပ်ငန်းတွေထဲမှာ ဒုတိယတစ်ခုဖြစ်တဲ့  RPM fuel ဆိုတဲ့အပိုင်းပေါ့။
- RPM fuel supply (RFS) ဆိုတာ က အင်ဂျင်ရဲ့ RPM အမြင့် အပါတ်ရည်အမြင့် ကိုရောက်လာတာနဲ့  
ပါဖောမင့် မြင့်လာအောင် ဆီ ပို ကျွေးဖို့လိုလာပါတယ်။အပူတက်နေတဲ့အင်ဂျင် အတွင်းကို ဆီဝင်လာတဲ့အခါ fuel drain ဖြစ်တတ်တယ် အခမ်းခြောက် 
မြန်လာတယ်။ အဲ့အခါ အင်ဂျင်ကို ဆီနည်းနည်းပို
ကျွေးဖို့လိုလာတယ်။ အဲ့အချက်ကို EFI တွေမှာကျတော့ သီးသန့်ပရိုဂရမ်နဲ့ မောင်းနှင်ပေမယ့် ကာဘရိုင်တာမှာကျတော့ သမရိုးကျ ပုံစံထက် နည်းနည်း အပိုဆာဒါး
လေးဖြစ်လာစေတယ်။ အရင် honda ရဲ့ Gl 125/ 145/ စီးရီးတွေမှာ တွေ့လာရတဲ့ ဖိဘား စနစ် ကစလို့ 
နောက်ပိုင်း ဘီးအတော်များများမှာ ပါလာပါတယ်
်ယိုးဒယားဘီးလေးဘီးကြီးအများစုပေါ့လေ။
အရင် GL စီးရီးတွေမှာကျတော့ လီဘာကြိုးနှစ်ကြိုးပါလာပီးတော့ RPM အမြင့် နား ရောက်တာနဲ့ ကာဘိုက်တာဘေးက ဒိုင်ယာဖယမ်လေးက်ုဖိ ဖိပီး Pilot jet လို့ခေါ်တဲ့ ဆီဂျက် ကလေးကနေ ဆီက်ု ပန်းထည့်ပေးတယ်။ manual ချိန်ညှိနိုင်ပါတယ်။ နောက်ထွက် သုံးဘီး ဆိုင်ကယ်တွေမှာလဲ ပါလာပါတယ်။
အနည်းအများဆိုတာ factory setting မချိန်တတ်ရင် 
တတ်သိနားလည်သူတွေကိုသာ ချိန်ခိုင်းပါ။ over fuel comsume ဖြစ်နိုင်တယ် ဆီပိုစားလာနိုင်ပါတယ်။ 
ပလပ်တွေ ညစ်ထေးလာတတ်ပါတယ်။
နောက်ပိုင်းဘီးတွေမှာကျတော့ စနစ်ပြောင်းလာပါတယ် ။ ကာဘိုက်တာရဲ့ pilot jet လို့ခေါ်တဲ့ ဆီဂျက်ထဲကို အပြင်က bypass လေဝင်နေမယ် ဗျာ အဲ့လေပေါက်ကို အကျဉ်းအကျယ်လုပ်မယ့် idle fuel screw ကိုဖြတ်မယ် ပီးမှ ဆီဂျက်ရဲ့ အရင်းကိုဝင်မယ်။ ဆိုလိုတာက ဆီဂျက်ကလေးဟာ ဆီထဲမှာ နှစ်ထားတာကြောင့် လေအဝင်များနေရင် ဆီအဝင်နည်းနေပီးတော့ လေနည်းလွန်းရင် ဆီအဝင်များနေတတ်တယ်။ ဒါကြောင့် အဲ့ ဆီဂျက် စကူ လေးကိုအဆုံးကျပ်ထားမိရင် ဆီမီးခိုးမဲမဲတွေပါလာတာ ။ 
လေလူံးဝ မဝင်တော့တဲ့အခါ အင်ဂျင် ရှိုက်လိုက်တဲ့အခါ ဆီတွေချည်းပုသီးသန့်ဝင်ကုန်တာပါ။ 
အောက်မှာပုံကိုကြည့်ပါ။ 
အဲ့တော့ နောက်စနစ်တစ်ခုက မန်နျူဖို့ရဲ့စုပ်အားပြင်းလာမှ ဆီကို ပန်းပေးတဲ့စနစ်နောက်တစ်ခုပါ smash နဲ့ honda ဘီးလေးအများစုမှာပါလာတဲ့ စနစ်ပေါ့။ သူက idle အနေအထားမှာ ဆီဂျက်ထဲကိုဝင်တဲ့လေပေါက်က 
နှစ်ပေါက်ရှိနေပီးတော့ RPM မြင့်လာမှာ ဒိုင်ယာဖယမ်
လေးက တဖက်က အပေါက်တစ်ပေါက်ကို ပိတ်ပလိုက်တာပါ။ အဲ့အချိန်မှာ လေဝင် ရုတ်တရက် နည်းသွားတဲ့အတွက် အင်ဂျင်စုပ်အားကလဲမြင့်နေတဲ့အချိန်မို့ Pilot 
ဂျက်ထဲက ဆီဟာ ပြစ်ခနဲ ပန်းထွက်လာပါတယ်။ တကယ်လို့ပြင်ဆင်တဲ့အခါ အဲ့ စပရင်လေးတွေကို မဆန့်မိဖို့နဲ့ အပေါက်လေးတွေမပိတ်ဖို့ မန်နျူဖို့ ကလာတဲ့ စုပ်ပိုက်လေးတွေ ကောင်းဖို့လိုပါတယ်။ RPM အမြင့်မှာ ဆီလုံလောက်တဲ့အတွက် အထကောင်းတာအပြင် ဟိမတက်
တော့ပါဘူး။ အတွင်းလိုင်းကနေပဲ စုပ်တဲ့ RFS 
စနစ်ရှိသလို ပက်ထွန် 200 နဲ့ FZ 150လ်ုအပြင်ကနေ
 စုပ်တဲ့ စနစ်လဲရှိပါတယ် အတူတူပါပဲ။
ဒါဆ်ုပြောစရာရှိလာပီ သူကများ နှစ်ပေါက်ကို တစ်ပေါက်ပဲ ပွင့်နေခဲ့တယ်ဆိုရင် စလိုးမရနိုင်တဲ့ပြသနာလေးတွေရှိပါတယ်။ Idle မှာကိုဆီများတဲ့အရော ဖြစ်နေတာပေါ့လေ။နောက်တစ်ခုကိုသွားရအောင်
- butterfly choke and fuel inject choke
ချုပ်ဆွဲတယ် ဆိုတဲ့ဝေါဟာရတစ်ခုပေါ့ဗျာ။ဘယ်လိုအနေအထားမှာချုပ်ဆွဲရသလဲ။ သာမန်အားဖြင့် အင်ဂျင်
အေးနေ တဲ့အချိန် ရာသီဥတုအေးနေတဲ့အချိန်မှာ
 အင်ဂျင်ရဲ့ opration heat လို့ခေါ်တဲ့ အလုပ်လုပ်နိုင်
စွမ်းတဲ့အပူကိုရအောင် အင်ဂျင်မြန်မြန် လည်ဖို့လိုပါ
တယ် အဲ့သည့်အခါ ချုပ်ဆွဲရပါတယ်။EFIမှာကျပြန်တော့ IAT လို့ခေါ်တဲ့ အဝင်လေအပူချိန်အာရုံခံနဲ့ EOT လို့
ခေါ်တဲ့ အင်ဂျင်အပူချိန် အာရုံခံကနေ ECU ကွန်ထရိုး
ဘောက်ကို အချက်လက်တွေပို့ပေးပီး အင်ဂျက်တာကနေ ဆီပိုဖြန်းပေးပါတယ်။ချုပ်ဆွဲသလိုပေါ့လေ။ ဒါကြောင့် EFI ဘီးတွေမှာ သီးသန့် manual choke မပါလာတာပါ။အဲ့တော့ ချုပ်သုံးမျိုးရှ်ပါတယ်။ တစ်မျိုးက မြင်နေကြ butterfly ချုပ်ပါ။ သူက ကာရိုက်တာရဲ့ လေဝင်ပေါက်က်ု တချို့တဝက်ပိတ်လ်ုက်မယ် အင်ဂျင်က ကာဘိုက်တာအတွင်းက ဆီကိုစုပ်ဆွဲသွားပီးတော့ ဆီများစေတာပေါ့လေ။ သူ့မှာပြောစရာမရှိပါဘူး။ ကာဘရိုက်တာကို အဝ လက်နဲ့ပိတ်ကြည့်လိုက်ပါ။ ဆီတွေရွှဲလာတာတွေ့ရမှာပါ။
နောက်တမျိုးက bypass လိုင်းကလေဟာ သီးသန့် ချုပ် ဆီဂျက်ကို ဝင်ပီး ချုပ်ဆွဲချိန်မှာ အင်ဂျင်ထဲကိုသီးသန့်လေဝင်စေတာပေါ့။ သူကလဲ အင်ဂျင်ထဲကိုဆီသီးသန့်ဝင်
ပေးတာပါ။ ဘွတ်ကလေးနဲ့ ဆီပေါက်ကိုပိတ် ထားမယ် 
ချုပ်ဆွဲချိန်မှာဘွတ်ကလေးက ကြွလာပီး လေဝင် ဆီလဲ 
ရောထွက်လာတယ်။ ပြောစရာက butterfly ချုပ်က ချုပ်ဆွဲထားချိန်မှာ ဆီအရောတွေအစမတန်ဝင်သွားစေပီး
တော့  fuel inject ချုပ်ကတော့ ချုပ်ဆွဲထားချိန်မှာ စလိုးတက်လာစေပါတယ်။ cbr400 cb400 fz ပက်ထွန် တီနာ အတော်များများက အဲ့စနစ်ပါ။ နောက်ဆုံးချုပ်တစ်မျိုးကတော့ အဲ့လို စနစ်ကိုပဲမန်နျူရယ် မဟုတ်ပဲ 
ကတ်တောက် သံလိုက်နဲ့ဆွဲဖွင့်တာပါ။ အော်တိုချုပ်လို့
အလွယ်ခေါ်ပေမယ့် ချုပ်တော့မဟုတ်ပါဘူး။ RFS စနစ်တစ်ခုပါ။
အလုပ်တဖက်နဲ့ မို့ နောက်နေ့မှာ CV တွေရဲ့ အပိုင်းကိုဆက်လက် ရေးပေးပါ့မယ်။ ဒီနေ့အတွက်ဒီလောက်ပေါ့ဗျာ။
ko zaw
#crd ရဲရင့်သာဝေပိုင်