EFI ဆိုတာ အပိုင္း( ၂)

EFI ဆိုတာ  အပိုင္း( ၂)

ဆိုေတာ့ကား ဒီေန႕ဆက္လက္ေျပာေပးမွာက input 
ပိုင္းက ဆင္ဆာေတြအေႀကာင္းပါ။ ပထမဆံုး ေျပာခ်င္တဲ႕ဆင္ဆာက 

EOT /ECT
engine oil temperature/Engime coolent temperature  လို႕အလြယ္ေခၚတဲ႕ EOT ဆင္ဆာဟာ ဆင္ဆာေပါင္းစုရဲ႕ မရွိမျဖစ္ဆင္ဆာတစ္ခု အေရးပါတဲ႕ဆင္ဆာတစ္ခုလို႕ေျပာရင္လဲ မမွားပါဘူး။ အင္ဂ်င္ရဲ႕ အပူခ်ိန္ကိုသိရွိေအာင္ လုပ္ေဆာင္ေပးတဲ႕
ဆင္ဆာပါ။ EOT လို႕ေျပာရင္ စလစ္အိုး ရဲ႕အေျခမွာ
တည္ရွိေနနိုင္ပီးေတာ့ ECT လို႕ေျပာရင္ ေရတိုင္ကီ
သို႕မဟုတ္ ေရလိုင္းအတြင္းတေနရာရာမွာတည္ရွိေနနိုင္ပါတယ္။ သူရဲ႕ အေျခမွာနွစ္ပင္ပဲဝင္ဖို႕လိုလိမ့္မယ္။
 တစ္ပင္က Gnd လို႕ေခၚတဲ႕ -အဝင္ ျဖစ္ပီးေတာ့ 
တစ္ပင္က ecu အထြက္ 5-5.5v ရွိတဲ႕ စစ္ကနယ္ႀကိဳးပါ။ EOT ဟာV လံုးဝျပန္မထြက္ပါဘူး။ (V ထြက္တယ္လို႕ေျပာႀကတဲ႕ဆာ့ဆာေတ အကုန္ တာ့တာပါ။ )သူက ေျပာင္းလဲလာတဲ႕အပူေပၚမွာ ခုခံမူလို႕ေခၚတဲ႕resistence ေတြေျပာင္းလဲလာပီးေတာ့ ECUရဲ႕
အညႊန္းV အားကို စားပစ္တာပါ။ သူစားလိုက္တဲ႕ V အားရဲ႕ အတိုးအေလ်ာ့ကိုECUက ေထာက္လွမ္းပီးမွ 
အပူခ်ိန္ဘယ္ေလာက္ဆိုတာကိုတြက္ယူပါတယ္။ 
ဆိုလိုတာက အပူခ်ိန္ သံုးဆယ့္ငါး°C မွာ ECUရဲ႕
 အညႊန္းV ကို 2V ေက်ာ္စားပလိုက္ပီးေတာ့ ဆင္ဆာကို ႀကိဳးတပ္ထားမယ္ဆိူရင္ ႀကိဳးကိုေဖါက္တိုင္းရင္ 2V ေက်ာ္ယံုေလးပဲျပေနမွာပါ။ အကယ္၍ ဆင္ဆာရဲ႕ 
ေဆာ့ကက္ကိုျဖဳတ္ခ်ိန္မွာေတာ့ ECUက ေႀကြးထားတဲ႕ 5V ကိုေတြ႕ရမွာပါ။ဒါကသူ႔ရဲ႕အလုပ္လုပ္ပံုပါ။ သူဟာ အပူခ်ိန္ျမင့္လာရင္ ခုခံမူျမင့္လာပါတယ္။အဲ့သည့္အခါ အထြက္V ေလ်ာ့သြားမွာပါ။ အကယ္၍ ျဖဳတ္တိုင္းမယ္ဆိုလဲ room temperature ရွိေနလ္ု႕ 5v
နီးပါး မထြက္ပါဘူး။ ေရခဲေရထဲထည့္စမ္းမယ္ဆိုရင္
ေတာ့ ohm လို႕ေခၚတဲ႕ resistance ေလ်ာ့က်သြားမွာမို႕ v အထြက္ပိုလာနိုင္ပါတယ္။ EOT/ECT ပ်က္စီးေန
မယ္ဆိုရင္ေတာ့ ECUက အင္ဂ်င္ရဲ႕ပကတိအပူခ်ိန္ကိုမသိရလို႕ ဆီေပးတိုင္ပင္ကို မခ်ိန္ညိွနိုင္ပါဘူး။  EOT က ပူေနတယ္လို႕အခ်က္ျပခဲ့ရင္ အင္ဂ်င္က ဆီေလ်ာ့ေကြ်းဖို႕လိုေနပီလို႕သိတဲ႕အခါ ECUက ဆီေလ်ာ့ပါတယ္။ 
အင္ဂ်င္ေအးေနရင္ ECUက ဆီပိုေပးပါတယ္။ အပူခ်ိန္ကိုျပရာမွာ ပ်က္စီးေနတဲ႕ ဆင္ဆာျဖစ္ခဲ့ရင္ အပူခ်ိန္ကိုမေျပာင္းလဲပဲ တသတ္မွတ္ထဲျပေနမွာပါ။ ဆိုပါစ္ို႕ - 45°C ကိုအျမဲျပေနရင္ ECUက အျမဲဆီပိုေပးေနလို႕ အင္ဂ်င္အင့္တာပလပ္လဲရတာေတြ ဆီမီးခိုးထြက္တာေတြ ျဖစ္လာနိုင္ပါတယ္။ EOT/ECTက error code လို႕
ေခၚတဲ႕ ခ်က္မီးအေရအတြက္နွင့္ျပရင္ေတာ့ 7ခ်က
္အျမဲျပေနမွာပါ။ မျပဳျပင္ခဲ့ရင္ေတာ့ error ကုတ္ဟာ
ျပန္ေပ်ာက္သြားပီးေတာ့ ECU ကအေသမွတ္ယူသြားနိုင္ပါတယ္။ ေနာက္တႀကိမ္ eot အသစ္လဲသည့္တိုင္ -45°c ဟာမေျပာင္းဘဲ အေသျဖစ္ေနတာ အင့္ျမဲ
ျမဲအင့္ေနတာ စတဲ႕ ျပသနာေတြႀကံဳလာရပါတယ္။
ေဆာင္းပါးရဲ႕အဆံုးပိုင္းမွာ wrong progrem ျဖစ္ေနတဲ႕ ecuေတြကိုဘယ္လို reflash လုပ္မလဲဆိုတဲ႕နည္းကိူပါေရးေပးပါ့မယ္။ အနိူးခက္မယ္ လီဘာရုတ္တရက္မလိုက္လာတာ။ ဆီမီးခိုးထြက္တာ ပလပ္စားတာ 
ဒါေတြဟာသူ႕ရဲ႕လကၡဏာေတြပါ။
စစ္ေဆးနည္းအေနနဲ႕ ECU အထြက္ကအညႊန္းV အား 5V လာရဲ႕လား မလာရင္ဝါယာလိုင္းစစ္ 
ဝါယာမွန္ေနရင္ ECU လဲရမွာပါ။ အညႊန္းV လာေနခဲ့ရင္က်န္တဲ႕ gnd - ႀကိဳးဆက္သြယ္မူျပတ္မျပတ္ စစ္ရမွာပါ။ အဲ့ဒါေတြအကုန္မွန္ေနရင္ေတာ့ eot ေဆာ့ကက္
တပ္ပါ။ ecu ကလာတဲ႕ႀကိဳးကိုေဖါက္ပီး V တိုင္းရပါမယ္။ 5vထက္ ေလ်ာ့က္ုေလ်ာ့သြားရမွာပါ။ လီဘာဆြဲႀကည့္ပူလာေလv ေလ်ာ့ေလ ျဖစ္တာမွန္ရင္ eot ဆင္ဆာေကာင္းပါတယ္ ။ အေျပာင္းလဲမရွိ v ေတြျငိမ္ေနမယ္ဆိုရင္ေတာ့ ဆင္ဆာလဲလွယ္ရပါမယ္။ဒါက EOT /ECT အေႀကာင္းပါပဲ။ 

ေနာက္တစ္ခုကေတာ့ 
IAT ပါ။ 
Intake air temperature လို႕ေခၚတဲ႕ အဝင္ေလအပူခ်ိန္အာရံုခံျဖစ္ပါတယ္။ ေအးေနတဲ႕ေလဟာ သိပ္သည္းဆ ပိုမိုမ်ားတာေႀကာင့္ oxygen ပါဝင္မူနံႈး မ်ားပါတယ္။ မနက္ေစာေစာေလကိုတဝရႈႀကည့္ပါ။ ေန႕လည္တစ္ႀကိမ္ရႈပါ။ မတူတာေတြ႕ရပါမယ္။ IAT ဆင္ဆာဟာ Throttle body လို႕ေခၚတဲ႕ လီဘာဆငိဆာအံု အတြင္း ေလလမ္းေႀကာင္းေပၚမွာတည္ရွိပါတယ္။ ( မပါတဲဘီးေတြလဲရွိပါတယ္)
သူ႕ရဲ႕အလုပ္က EOT နဲ႕ဆန္႕က်င္ဘက္ပါ။ သူလဲ EOT လိုပဲ ECUရဲ႕ အညႊန္းV 5Vကိုယူထားပီး က်န္တေခ်ာင္းက Gnd- ပါ။ မတူတာတစ္ခုက eot က ပူေလ v က်ေလျဖစ္ပီးေတာ့သူကေတာ့ ပူေလ v တက္ေလပါ။ အလုပ္လုပ္ပံုျခင္းကေတာ့အတူတူပါပဲ။ သူ႕ကိုလဲစစ္ေဆးမယ္ဆို ecuက အညႊန္းv ကိုတိုင္းတာရပါမယ္။ gnd- ႀကိဳးလြတ္မလြတ္တိုင္းရပါမယ္။ ဆင္ဆာကို hair dryer လိုေကာင္မ်ိဳးနဲ႕ အပူေပးရင္ပူေလ ohm က်လာေလျဖစ္ရပါမယ္။
မက်လာရင္ဆင္ဆာလဲရမွာပါ။ အညႊန္းV မဝင္လာရင္ ECU လဲရမွာပါ။ ေကာ္အေခ်ာင္း ေလးျဖစ္တာေႀကာင့္ ေရေႏြးစိမ္ျခင္း နွဲ႕ ျခင္းမွာမလုပ္ဖို႕လိုပါတယ္။ ဒါက IAT အေႀကာင္းပါ။ 
electronic ပိုင္းေတြျဖစ္တာေႀကာင့္ v အနည္းအမ်ားနဲ႕ပဲ ecuက ေထာက္လွမ္းရပါတယ္။ 
လိုအပ္တာမ်ားရွိခဲ႕ရင္လဲ ေထာက္ျပေပးႀကပါ။ 
အားလံုးပဲ ဆိုင္ကယ္ဗဟုသုတ ျပည့္ဝႀကပါေစ။
ကြ်န္ေတာ္ ရဲရင့္သာေဝပိုင္ပါ။




(Unicode)


EFI ဆိုတာ  အပိုင်း( ၂)

ဆိုတော့ကား ဒီနေ့ဆက်လက်ပြောပေးမှာက input 
ပိုင်းက ဆင်ဆာတွေအကြောင်းပါ။ ပထမဆုံး ပြောချင်တဲ့ဆင်ဆာက 

EOT /ECT
engine oil temperature/Engime coolent temperature  လို့အလွယ်ခေါ်တဲ့ EOT ဆင်ဆာဟာ ဆင်ဆာပေါင်းစုရဲ့ မရှိမဖြစ်ဆင်ဆာတစ်ခု အရေးပါတဲ့ဆင်ဆာတစ်ခုလို့ပြောရင်လဲ မမှားပါဘူး။ အင်ဂျင်ရဲ့ အပူချိန်ကိုသိရှိအောင် လုပ်ဆောင်ပေးတဲ့
ဆင်ဆာပါ။ EOT လို့ပြောရင် စလစ်အိုး ရဲ့အခြေမှာ
တည်ရှိနေနိုင်ပီးတော့ ECT လို့ပြောရင် ရေတိုင်ကီ
သို့မဟုတ် ရေလိုင်းအတွင်းတနေရာရာမှာတည်ရှိနေနိုင်ပါတယ်။ သူရဲ့ အခြေမှာနှစ်ပင်ပဲဝင်ဖို့လိုလိမ့်မယ်။
 တစ်ပင်က Gnd လို့ခေါ်တဲ့ -အဝင် ဖြစ်ပီးတော့ 
တစ်ပင်က ecu အထွက် 5-5.5v ရှိတဲ့ စစ်ကနယ်ကြိုးပါ။ EOT ဟာV လုံးဝပြန်မထွက်ပါဘူး။ (V ထွက်တယ်လို့ပြောကြတဲ့ဆာ့ဆာတေ အကုန် တာ့တာပါ။ )သူက ပြောင်းလဲလာတဲ့အပူပေါ်မှာ ခုခံမူလို့ခေါ်တဲ့resistence တွေပြောင်းလဲလာပီးတော့ ECUရဲ့
အညွှန်းV အားကို စားပစ်တာပါ။ သူစားလိုက်တဲ့ V အားရဲ့ အတိုးအလျော့ကိုECUက ထောက်လှမ်းပီးမှ 
အပူချိန်ဘယ်လောက်ဆိုတာကိုတွက်ယူပါတယ်။ 
ဆိုလိုတာက အပူချိန် သုံးဆယ့်ငါး°C မှာ ECUရဲ့
 အညွှန်းV ကို 2V ကျော်စားပလိုက်ပီးတော့ ဆင်ဆာကို ကြိုးတပ်ထားမယ်ဆိူရင် ကြိုးကိုဖေါက်တိုင်းရင် 2V ကျော်ယုံလေးပဲပြနေမှာပါ။ အကယ်၍ ဆင်ဆာရဲ့ 
ဆော့ကက်ကိုဖြုတ်ချိန်မှာတော့ ECUက ကြွေးထားတဲ့ 5V ကိုတွေ့ရမှာပါ။ဒါကသူ့ရဲ့အလုပ်လုပ်ပုံပါ။ သူဟာ အပူချိန်မြင့်လာရင် ခုခံမူမြင့်လာပါတယ်။အဲ့သည့်အခါ အထွက်V လျော့သွားမှာပါ။ အကယ်၍ ဖြုတ်တိုင်းမယ်ဆိုလဲ room temperature ရှိနေလ်ု့ 5v
နီးပါး မထွက်ပါဘူး။ ရေခဲရေထဲထည့်စမ်းမယ်ဆိုရင်
တော့ ohm လို့ခေါ်တဲ့ resistance လျော့ကျသွားမှာမို့ v အထွက်ပိုလာနိုင်ပါတယ်။ EOT/ECT ပျက်စီးနေ
မယ်ဆိုရင်တော့ ECUက အင်ဂျင်ရဲ့ပကတိအပူချိန်ကိုမသိရလို့ ဆီပေးတိုင်ပင်ကို မချိန်ညှိနိုင်ပါဘူး။  EOT က ပူနေတယ်လို့အချက်ပြခဲ့ရင် အင်ဂျင်က ဆီလျော့ကျွေးဖို့လိုနေပီလို့သိတဲ့အခါ ECUက ဆီလျော့ပါတယ်။ 
အင်ဂျင်အေးနေရင် ECUက ဆီပိုပေးပါတယ်။ အပူချိန်ကိုပြရာမှာ ပျက်စီးနေတဲ့ ဆင်ဆာဖြစ်ခဲ့ရင် အပူချိန်ကိုမပြောင်းလဲပဲ တသတ်မှတ်ထဲပြနေမှာပါ။ ဆိုပါစို့ - 45°C ကိုအမြဲပြနေရင် ECUက အမြဲဆီပိုပေးနေလို့ အင်ဂျင်အင့်တာပလပ်လဲရတာတွေ ဆီမီးခိုးထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။ EOT/ECTက error code လို့
ခေါ်တဲ့ ချက်မီးအရေအတွက်နှင့်ပြရင်တော့ 7ချက
်အမြဲပြနေမှာပါ။ မပြုပြင်ခဲ့ရင်တော့ error ကုတ်ဟာ
ပြန်ပျောက်သွားပီးတော့ ECU ကအသေမှတ်ယူသွားနိုင်ပါတယ်။ နောက်တကြိမ် eot အသစ်လဲသည့်တိုင် -45°c ဟာမပြောင်းဘဲ အသေဖြစ်နေတာ အင့်မြဲ
မြဲအင့်နေတာ စတဲ့ ပြသနာတွေကြုံလာရပါတယ်။
ဆောင်းပါးရဲ့အဆုံးပိုင်းမှာ wrong progrem ဖြစ်နေတဲ့ ecuတွေကိုဘယ်လို reflash လုပ်မလဲဆိုတဲ့နည်းကိူပါရေးပေးပါ့မယ်။ အနိူးခက်မယ် လီဘာရုတ်တရက်မလိုက်လာတာ။ ဆီမီးခိုးထွက်တာ ပလပ်စားတာ 
ဒါတွေဟာသူ့ရဲ့လက္ခဏာတွေပါ။
စစ်ဆေးနည်းအနေနဲ့ ECU အထွက်ကအညွှန်းV အား 5V လာရဲ့လား မလာရင်ဝါယာလိုင်းစစ် 
ဝါယာမှန်နေရင် ECU လဲရမှာပါ။ အညွှန်းV လာနေခဲ့ရင်ကျန်တဲ့ gnd - ကြိုးဆက်သွယ်မူပြတ်မပြတ် စစ်ရမှာပါ။ အဲ့ဒါတွေအကုန်မှန်နေရင်တော့ eot ဆော့ကက်
တပ်ပါ။ ecu ကလာတဲ့ကြိုးကိုဖေါက်ပီး V တိုင်းရပါမယ်။ 5vထက် လျော့က်ုလျော့သွားရမှာပါ။ လီဘာဆွဲကြည့်ပူလာလေv လျော့လေ ဖြစ်တာမှန်ရင် eot ဆင်ဆာကောင်းပါတယ် ။ အပြောင်းလဲမရှိ v တွေငြိမ်နေမယ်ဆိုရင်တော့ ဆင်ဆာလဲလှယ်ရပါမယ်။ဒါက EOT /ECT အကြောင်းပါပဲ။ 

နောက်တစ်ခုကတော့ 
IAT ပါ။ 
Intake air temperature လို့ခေါ်တဲ့ အဝင်လေအပူချိန်အာရုံခံဖြစ်ပါတယ်။ အေးနေတဲ့လေဟာ သိပ်သည်းဆ ပိုမိုများတာကြောင့် oxygen ပါဝင်မူနှုံး များပါတယ်။ မနက်စောစောလေကိုတဝရှုကြည့်ပါ။ နေ့လည်တစ်ကြိမ်ရှုပါ။ မတူတာတွေ့ရပါမယ်။ IAT ဆင်ဆာဟာ Throttle body လို့ခေါ်တဲ့ လီဘာဆငိဆာအုံ အတွင်း လေလမ်းကြောင်းပေါ်မှာတည်ရှိပါတယ်။ ( မပါတဲဘီးတွေလဲရှိပါတယ်)
သူ့ရဲ့အလုပ်က EOT နဲ့ဆန့်ကျင်ဘက်ပါ။ သူလဲ EOT လိုပဲ ECUရဲ့ အညွှန်းV 5Vကိုယူထားပီး ကျန်တချောင်းက Gnd- ပါ။ မတူတာတစ်ခုက eot က ပူလေ v ကျလေဖြစ်ပီးတော့သူကတော့ ပူလေ v တက်လေပါ။ အလုပ်လုပ်ပုံခြင်းကတော့အတူတူပါပဲ။ သူ့ကိုလဲစစ်ဆေးမယ်ဆို ecuက အညွှန်းv ကိုတိုင်းတာရပါမယ်။ gnd- ကြိုးလွတ်မလွတ်တိုင်းရပါမယ်။ ဆင်ဆာကို hair dryer လိုကောင်မျိုးနဲ့ အပူပေးရင်ပူလေ ohm ကျလာလေဖြစ်ရပါမယ်။
မကျလာရင်ဆင်ဆာလဲရမှာပါ။ အညွှန်းV မဝင်လာရင် ECU လဲရမှာပါ။ ကော်အချောင်း လေးဖြစ်တာကြောင့် ရေနွေးစိမ်ခြင်း နှဲ့ ခြင်းမှာမလုပ်ဖို့လိုပါတယ်။ ဒါက IAT အကြောင်းပါ။ 
electronic ပိုင်းတွေဖြစ်တာကြောင့် v အနည်းအများနဲ့ပဲ ecuက ထောက်လှမ်းရပါတယ်။ 
လိုအပ်တာများရှိခဲ့ရင်လဲ ထောက်ပြပေးကြပါ။ 
အားလုံးပဲ ဆိုင်ကယ်ဗဟုသုတ ပြည့်ဝကြပါစေ။
ကျွန်တော် ရဲရင့်သာဝေပိုင်ပါ။

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...