4stroke အင်ဂျင်အလုပ် လုပ်ပုံ
(Zaw Gyi)
    4stroke အင်ဂျင်တစ်လုံးလည်ပတ်နိုင်ဖို့ ပင်စ္စတင်(Piston)ဟာ မီးလောင်ပေါက်ကွဲခန်းဖြစ်တဲ့ ဘလောက်တုံးစလစ်ထဲမှာ  အတက်အဆင်း
၎ ချက်ပြုလုပ်ခြင်းကြောင့် ၎င်းကို 4stroke အင်ဂျင်ဟုခေါ်တွင်စေပါသည်။
ပင်စ္စတင်ဟာ(ln valve)ခေါ်ရိုက်ဘား စအဖွင့်မှာ
(Zaw Gyi)
 ခေတ်နဲ့အညီမော်တော်ဆိုင်ကယ်အင်ဂျင်တွေမှာ
4stroke နဲ့ 2stroke အင်ဂျင်အမျိုးအစားနစ်မျိုးကို တွေ့ရမှာပါ။4strokeနင့် 2stroke အင်ဂျင်အမျိုးအစားနစ်မျိုးထဲမှ 4stroke အင်ဂျင်အမျိုးအစားကို လူအများအသုံးပြုတာကိုတွေ့ရပါတယ်။4stroke အင်ဂျင်တွေမှာ ဘာတွေအလုပ် လုပ်လဲ ဘယ်လိုမီးပေါက်ကွဲသလဲဆိုတာကို လေ့လာရအောင်.......
    4stroke အင်ဂျင်တစ်လုံးလည်ပတ်နိူင်ဖို့ ပင်စ္စတင်(Piston)ဟာ မီးလောင်ပေါက်ကွဲခန်းဖြစ်တဲ့ ဘလောက်တုံးစလစ်ထဲမှာ  အတက်အဆင်း
၄ ချက်ပြုလုပ်ခြင်းကြောင့် ၎င်းကို 4stroke အင်ဂျင်ဟုခေါ်တွင်စေပါသည်။
    ပထမဆုံးအချက်အနေနဲ့ စလစ်ထဲမှာရှိနေတဲ့
ပင်စ္စတင်ဟာ(ln valve)ခေါ်ရိူက်ဘား စအဖွင့်မှာ
စလစ်ထိပ်ဖျားကနေ အောက်ခြေကိုဆင်းပါတယ်။အဲဒီလိုဆင်းတဲ့အ 
ချိန်မှာ ကာဗရိုက်တာ(carburetor)ကနေ ဆီနဲ့လေရောစပ်ထားတာကို စလစ်ထဲကို စုပ်ယူပါတယ်။
Efi(Electronic Fuel lijection System)
အင်ဂျင်တွေမှာတော့ အင်ဂျင်အပတ်ရေကိုလိုက်ပြီး ဆီတိုင်ပင်ကိုက် အချိန်နဲ့ဖွင့်ပေးတဲ့ lnjector ကနေဆီဖွင့်ပေးတာကို စုပ်ယူပြီး စလစ်ထဲမှာ ဆီနဲ့လေ ရောစပ်မူကို ပထမဆုံးအချက်ကို
(lntake stroke)အင်းတက် strokeလို့ခေါ်ပါတယ်။
ဒုတိယအချက်အနေနဲ့ စလစ်အောက်ဆုံးရောက်သွားတဲ့ ပင်စ္စတင်ဟာ
အင်ဂျင်မှာရှိတဲ့ ဝိတ်တုံး သံလိုက်တုံး အလေးချိန်တို့အပြင် စတက်မော်တာလည်အား
တို့ကြောင့် ကရိုင်းရှပ်မှာ တပ်ဆင်ထားတဲ့ ကွန်နတင်းမှ ပင်စ္စတင်ကိုတွန်ပို့ထားသောကြောင့် ပထမအချက်မှာ စုပ်ယူရောစပ်ထားသောဆီနဲ့လေကိုအပေါ်သို့
တွန်းပို့ပေးပါတယ်။အဲဒီ့အပေါ်ပြန်မတက်ခင်
ပင်စ္စတင်အောက်ဆုံးရောက်ချိန်မှာ (valve)ဘား
နစ်ချောင်းလုံးပိတ်ထားပါတယ်။ပင်စတင်အပေါ်ကိုပြန်ရောက်ချိန်မှာ ဒုတိယအချက် အလုပ်ပြီးဆုံးပါတယ်။ထိုဒုတိယအချက်ကို (compresson stroke)လို့ခေါ်ပါတယ်။
    တတိယအချက်အလုပ် လုပ်ပုံကတော့ ပင်စတင်အပေါ်သို့ရောက်ချိန်တိုင်းမှာ မီးတိုင်ပင်
(fire timing)အချိန်ကိုက်တာနဲ့ စတက်ကွိုင်မှတဆင့် cdi  ၎င်းမှတဆင့် ပလပ်ကွိုင်(lgnition coil)ကိုမီးပေးပါတယ်။
ပလပ်ကွိုင်မှတဆင့် (plus)ပလပ်ကို အလွန်အားပြင်းတဲ့ မီးကိုပေးပို့ချိန်မှာ ဆီနဲ့လေ ရောစပ်ထားပြီး ဖိအားကြောင့်ပူလာတဲ့ပင်စ္စတင်ထိပ်ရှိ ဆီနဲ့လေတို့ဟာ ပလပ်မှ မီးနဲ့ထိတွေ့ပီး မီးလောင်
ပေါက်ကွဲပါတယ်။အဲ့ဒီ အချိန်မှာအင်ဂျင် နိူးပါတယ်။မီးလောင်ပေါက်ကွဲပြီး ပင်စ္စတင်ဟာ
စလစ်အောက်ဆုံးကိုရောက်သွားတာနဲ့ တတိယအချက်ပြီးဆုံးပါတယ်။ထိုအချက်ကိုတော့(power stroke)လို့ခေါ်ပါတယ်။
နောက်ဆုံးစတုတ္ထအချက်ကတော့ ပင်စ္စတင်ဟာ
စလစ်အောက်ဆုံးရောက်သွားတာနဲ့တစ်ပြိုင်နက် အိတ်ဇောဘား စဖွင့်ပါတယ်။အထက်မှာရှင်းပြခဲ့သလိုဘဲ သံလိုက်တုံးလည်အားအပြင် အင်ဂျင်ခန်းမီးလောင်ပေါက်ကွဲတဲ့ အရှိန်တို့ကြောင့် ကရိုင်းမှာ တပ်ဆင်ထားသောကွန်နတင်းမှပင်စ္စတင်ကို တွန်းပို့သောကြောင့် မီးလောင်လို့ကြွင်းကျန်နေသော မီးအပူအခိုးအငွေ့များကို အိတ်ဇောဘားမှတဆင့် အိတ်ဇောပိုက်မှ အပြင်သို့တွန်းပို့ပေးပါသည်။
ပင်စ္စတင်သည် စလစ်အပေါ်ဆုံးသို့ပြန်လည်ရောက်ရှိချိန်သည်
နောက်ဆုံးအချက်ဖြစ်ပါသည်။ ထိုသို့နောက်ဆုံးအချက်ပြီးလျှင် ပထမအချက်တိုင်ပြန်လည် အလုပ်လုပ်ပါသည်။
ထိုနောက်ဆုံးစတုတ္ထအချက်ကို(exhaust stroke)ဟုခေါ်ပါသည်။
No comments:
Post a Comment
ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...