


မီတာပြလျှက်ရှိရမယ်
တက်လျှင်မကောင်း



ဘယ်နစ်ငုတ်အပေါ်နီ
မီတာခွက်
ဘယ်လိုတိုင်းတိုင်း

 


(Unicode)
ဒိုင်အုပ်တိုင်းတာနည်းလေးပါ

ဆိုင်ကယ်အမျိုးမျိုးရှိသလိုဒိုင်အုပ်အမျိုးမျိုးရှိပါသည် များသောအားဖြင့်ပျက်စီးလွယ်သောတရုတ်နိုင်ငံထုတ်ဆိုင်ကယ်များတွင်ပါသောဒိုင်အုပ်များအကြောင်းအရင်ရှင်းပြပေးပါမည် တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များတွင်ဒိုင်အုပ်အကြီးဒိုင်အုပ်အသေးနှင့်ကြိုးပါသောဒိုင်အုပ်အကြီးဟူ၍ဆိုင်ကယ်ပေါ်မူတည်ပြီးတပ်ဆင်အသုံးပြုထားကြသည်။ဥပမာ ဒိုင်အုပ်အကြီးကိုကောင်းမကောင်းတိုင်းမည်ဆိုပါစို့ 
ပထမဦးစွာမီတာခလုတ်ကို x10တွင်ထားပါ
ပြီးလျှင်ဒိုင်အုပ်အကြီး၏ဆော့ကစ်ပေါက်နေရာကို သတ္ထု လိုင်းများအပေါ်မှရှိနေသည့်အနေအထားဖြင့်မျက်နှာချင်းဆိုင်အနေအထားဖြင့်တိုင်းမည်
အဲ့လိုသတ္ထုလိုင်းလေးတွေအပေါ်ဖက်မှာထားပြီးဆော့ကစ်ပေါက်ကိုကြည့်ပါ ဘယ်မှာအပေါ်အောက်နှစ်ငုတ်ညာမှာအပေါ်အောက်နှစ်ငုတ်တွေ့ရပါလိမ့်မယ်
ပြီးလျှင် ဘယ်ဖက်နစ်ငုတ်အပေါ်ကိုအနီလက်တံနဲ့ထောက်ပါ အနက်လက်တံကတော့ဘယ်ဖက်နစ်ငုတ်အောက်ကိုထောက်ရပါမယ် ဒါဆိုမီတာဒိုင်ခွက်မှာမီတာလက်တံတက်သွားတာပြပါလိမ့်မယ် အဲ့လိုဘမျိုးပဲဘယ်ဖက်ငုန်နစ်ငုတ်ကိုပြောင်းပြန်ပြန်ထောက်ရင်မီတာလက်တံမပြရပါဘူးနည်းနည်းမှမပြရပါဘူးပြနေရင်မကောင်းဘူး ညာဖက်နစ်ငုတ်ကိုလည်းဘယ်ဖက်စမ်းသလိုစမ်းပါမယ် ညာဖက်အပေါ်ကိုမီတာလက်တံအနီထောက်ပါ
ညာဖက်အောက်ငုတ်ကိုမီတာလက်တံအနက်ထောက်ပါမီတာဒိုင်ခွက်လက်တံပြပါလိမ့်မည် ညာဖက်နစ်ငုတ်ကိုပြောင်းပြန်ပြန်တိုင်းလျှင်မီတာဒိုင်ခွက်လက်တံမပြရပါဘူး ပြနေလျှင်မကောင်းပါ

အတိုမှတ်မယ်ဗျာ ဘယ်နစ်ငုတ်အပေါ်နီဘယ်အောက်နက်
ညာနစ်ငုတ်အပေါ်နီညာအောက်နက်
မီတာပြလျှက်ရှိရမယ်
ပြောင်းပြန်တိုင်းကမတက်ရ
တက်လျှင်မကောင်း
အသစ်ပြောင်းလို့မှတ်ပါ။ဒိုင်အုတ်အကြီးအတွက်ပါ

ဒိုင်အုတ်အသေးတိုင်းမယ်

မီတာခလုတ်ကိုx10တွင်ထားပါ
ဒိုင်အုတ်သေး၏သတ္ထုလိုင်းများကိုအပေါ်ဖက်ထားလျှက်ဆော့ကစ်ပေါက်ကိုကြည့်ပါ
ပြီးလျှင်ဘယ်ဖက်နစ်ငုတ်ညာဖက်နစ်ငုတ်ရှိပါမယ်
ဘယ်ဖက်နစ်ငုတ်အပေါ်ကိုမီတာကြိုးအနီထောက်ဘယ်ဖက်အောက်ငုတ်ကိုကြိုးအနက်ထောက်
လျှင်မီတာဒိုင်ခွက်လက်တံပြရမည် ပြောင်းပြန်ပြန်တိုင်းလျှင်မပြရပါပြနေလျှင်မကောင်းပါ ညာဖက်နစ်ငုတ်ကျတော့ဘယ်လိုတိုင်းတိုင်းမပြရပါဘူးပြနေလျှင်မကောင်းပါ

အတိုကောက်မှတ်မယ်နော်
ဘယ်နစ်ငုတ်အပေါ်နီ
ဘယ်အောက်နက်တိုင်းလျှင်ပြေးတက်
မီတာခွက်
ညာနစ်ငုတ်ဆိုကြိုက်သလို
ဘယ်လိုတိုင်းတိုင်း
ငြိမ်သက်လှိုင်း(ဒိုင်အုတ်သေးအတွက်ပါ)

ကြိုးပါသောဒိုင်အုတ်သည်ဒိုင်အုတ်ကြီးတိုင်းတာနည်းအတိုင်းအတူတူဖြစ်ပါသည်။ကြိုးအနီနေရာကိုမီတာကြိုးအနီနဲ့ထောက်ပါ ကြိုးအဝါနေရာကိုအနက်ကြိုးထောက်ပါ မီတာပြလျှင်ကောင်းသည် ပြောင်းပြန်တိုင်းကမတက်ရ ပါ
တက်လျှင်မကောင်းပါ အစိမ်းကြိုးကိုမီတာလက်တံအနက်ထောက်အဝါကြိုးကိုမီတာတံအနီထောက်မီတာဒိုင်ခွက်လက်တံပြရပါမယ်ဒါဆိုကောင်းတယ်
ပြောင်းပြန်ပြန်ထောက်လို့ပြနေရင်မကောင်းဘူး
ကြိုးပါဒိုင်အုတ်သည်များသောအားဖြင့်လေးပင်နှင့်ငါးပင်လာတတ်ပါသည်ငါးပင်သည်အနက်တချောင်းပိုလာတာပါ အဲ့တချောင်းကcharging cut outပါ မတတ်လဲရပါသည်။
 
ကဲနောက်မှနောက်ဒိုင်အုတ်တွေအကြောင်းရှင်းမယ် #cad ပေးပါတယ်

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...