EFI ဆိုတာ အပိုင္း(3)

EFI ဆိုတာ အပိုင္း(3)

Input sensors ေတြထဲကမွ ဒီေန႕ ဆက္ေျပာျပဖို႕ျဖစ္လာတာက TP ဆင္ဆာေႀကာင္းပါ။ 

TPS( Throttle position sensor)
လီဘာတံခါး အာရံုခံ  code 8

သူက ပင္မ ဆင္ဆာတစ္ခုဆိုလဲ မမွားပါဘူး။ ေမာင္း
နွင္သူရဲ႕ လီဘာဘယ္ေလာက္ဆြဲေနသလဲဆိုတဲ႕အခ်က္ကို ECUကို အေႀကာင္းႀကားေပးဖို႕တာဝန္ယူထားရတာပါပဲ။ တည္ေနရာအေနနဲ႕ လီဘာဆင္ဆာ အံုေလး
ေပၚမွာရွိေနမယ္။ အေျခ  အေနနဲ႕ကေတာ့ သံုးပင္လို
အပ္ပါမယ္။တစ္ပင္က Gnd အပ္စ ျဖစ္ပီး တစ္ပင္က ECU က အထြက္ 5V အဝင္ျဖစ္ပီးေတာ့ ေနာက္ဆံုး
တစ္ပင္ကေတာ့ ECU ဆီကိုအခ်က္လက္ ျပန္ပို႕ေပးတဲ႕ တစ္ပင္ပါ။Tpဆင္ဆာမွာ vcc5Vနဲ႔ေဒတာျကိုး ေနာက္Gက ပရိုဂရမ္းဂေရာင္းမဟုတ္ပဲ SGဂေရာင္းပါ။TP00:0မွာ 0.45Vရွိပီး လိီဘာဆြဲတာနဲ႔အထစ္ေငါ့မရွိတတ္လာပီး4.9Vအထက္လည္းမပိုဘူးဆိူရင္အိူစေကေပါ့။
လီဘာဆြဲတဲ႕အေနအထားေပၚမူတည္ပီးေတာ့
 အဝင္ေလအနည္းအမ်ားကို အာရံုခံေပးပါတယ္။ ဆင္ဆာရဲ႕ အလုပ္လုပ္ပံုကိုေျပာပါဆိုရင္ေတာ့ အဝင္ 5V ကို ယူထားပီးလီဘာဆြဲသေလာက္ အနည္းကေန
အမ်ား V ေတြတိုးတိုးလာေစတာပါပဲ။ 4.9ထက္မပိုရပါဘူး။ ဆင္ဆာရဲ႕ အလုပ္လုပ္ပံုကို တိုင္းတာနိုင္မယ္။ တိုင္းမယ္ဆိုရင္ လီဘာမဆြဲခင္မွာ ohm ျမင့္ေနပီးေတာ့ လီဘာဆြဲေလေလ ohm က်သြားေလေလပါပဲ။ ခုခံမူက်သြားတဲ႕အခါ v တန္ဖိုးျမင့္ျမင့္လာေစပါတယ္။ TP က အထြက္V အနည္းအမ်ားေပၚမူတည္ပီးေတာ့ ECU က လီဘာဘယ္ေလာက္ဆြဲထားလဲသိရွိေစပါတယ္။ ဆင္ဆာေတြကို နွစ္မ်ိဳးတိုင္းတာနိုင္ပါတယ္။ တမ်ိဳးက ေဆာ့ကက္ ျဖဳတ္ပီး ခုခံမူလို႕ေခၚတဲ႕ ohm တိုင္းတာပါ။ မာတီမီတာနဲ႕ပဲ တိုင္းနိုင္ပါတယ္။ ေနာက္တမ်ိဳးကေတာ့ ေဆာ့ကက္ေတြတပ္ ေသာ့ဖြင့္ပၤီးေတာ့ v တိုင္းတာပါ။ 
ohm တိုင္းမယ္ဆိုလဲ စဆြဲတည္းကတေနရာမွာမွ 
ျပတ္ေတာက္သြားျခင္း မီတာမွာ0.00ျပသြားတာမ်ိဳးမ
ျဖစ္ရပါဘူး။ V တိုင္းမယ္ဆိုလဲ ေသာ့ဖြင့္ ေဆာ့ကက္
တပ္ စစ္ကနယ္ႀကိဳးကိုေဖါက္ လီဘာကိုေျဖးေျဖးဆြဲ
ႀကည့္ တေနရာမွာမွ V ဟာ 00 ျဖစ္မသြားပဲ ပံုမွန္ 
တက္သြားတယ္ဆို TP အလုပ္လုပ္ပံုမွန္ပါတယ္။ TPဟာ အပ်က္အမ်ားဆံုးဆင္ဆာလို႕ေျပာလို႕ရပါ
တယ္။ အေပၚကတိုင္းတာနည္းေတြ နဲ႕တိုင္းလို႕ လီဘာရဲ႕တေနရာရာမွာ လြတ္သြားတယ္ တန္ဖိုးမျပနိုင္ရင္ 
ဆိုင္ကယ္ဟာ အဆိုပါေနရာေရာက္ရင္ အင့္သြားတာ ထစ္သြားတာေတြျဖစ္တတ္ပါတယ္။ TPပ်ကိရင္ ပ်က္
ေနတဲ႕ေနရာမွာ ထစ္ေနတာဆြဲလို႕မပါေတာ့တာျဖစ္ပါတယ္။ TP ဆင္ဆာအသစ္လဲရပါမယ္။

ECU reset / ECU reflash
TPအသစ္လဲလိုက္ရင္လဲ ECU ရဲ႕ မွတ္ဥာဏ္တပိုင္းကို Reflash လုပ္ေပးရပါတယ္။ Hard reset /eot fomet/Ecu reflash အမ်ိဳးမ်ိဳးေခၚတြင္ေနႀကေပမယ့္ အလုပ္ကေတာ့တစ္ခုထဲျဖစ္ပါတယ္။ နည္းကလဲ 
ကြ်န္ေတာ့္အေခၚအတိုင္းဆို ecu reflash ခ်ပလိုက္တာပါ။ memory ထဲမွာမွတ္ထားတဲ႕ ေန႕တဒူဝ
 အခ်က္အလက္ေတြကို ဖ်က္ေပးလိုက္ပီးေတာ့ ECU ကိုအသစ္တဖန္ျပန္ရွင္ေစတာပါ။ဟြန္ဒါ ECU မွာ မွတ္သားနိုင္ ဖ်က္ပစ္နိုင္တဲ႕ မွတ္ဥာဏ္တစ္ပိုင္းပါဝင္ပီး
ေတာ့ က်န္တပိုင္းက ECU ရဲ႕နိစၥဒူဝ အလုပ္ေတြကိုလုပ္တဲ႕ အဓိကထိန္းခ်ဳပ္ခန္းပါ။ Doctor API လို Tool 
ေတြဟာ ecu ရဲ႕ error တပိုင္းကိုပဲ ရွင္းေပးနိုင္ပါ
တယ္။ reset ခ်နည္းေလးအေႀကာင္းကိုေျပာရေအာင္ ecu ရဲ႕ ယာယီမွတ္ဥာဏ္ထဲမွာမွတ္သားထားတဲ႕
error ကုတ္ေတြကို ႀကိဳးထိုးတဲ႕နည္းနဲ႕ reset လုပ္နိုင္ပါတယ္။ သူက DLC ေဆာ့ကက္လို႕ေခၚတဲ႕ ေဆာ့ကက္ဘူးအနီေလးကိုရွာပါ။ ဟြန္ဒါေတြမွာေတာ့ စကူဖီ 
အနိမ့္ေတြက ေရွ႕ ဇက္ ေဆာ့ကက္အုပ္တဲ႕ သေရဖတ္ကေလးထဲမွာျဖစ္နိုင္ပါတယ္။ အျမင့္ေတြမွာေတာ့ 
ခါးကာဘာေအာက္က သေရအစြပ္ထဲမွာရွာနိုင္ပီးေတာ့ ကလစ္ေတြမွာက်ေတာ့ အနိမ့္ေတြမွာရင္အုပ္ ဘထရီနားမွာျဖစ္ပီးေတာ့ အျမင့္ေတြမွာ ေျခနင္းျပားထဲက 
ဘထရီနားမွာပါ။ 
CBR 150 ေတြအတြက္က ေနာက္မွီး မီးသီးေအာက္ ရႊံ႕ကာေလးရဲ႕ အေပၚသေရစြပ္ထဲမွာေတြ႕ရပီးေတာ့ CB400 superfour Revo ေတြမွာက်ေတာ့ ခြထိုင္ရင္ ဘယ္ဘက္အဲကလင္တာအဖံုးေလးရဲ႕ေအာက္မွာတိပ္ပါတ္ေပးထားပါတယ္။ wave 110/125ေတြအတြက္ ခါးေက်ာရိုးအဖံုးေလးထဲနဲ႕ ေရွ႕ဇက္ သေရစြပ္ေအာက္မွာရွာနိုင္ပါတယ္။ DLC ေဆာ့ကက္ရဲ႕ အဝင္ကေလး
ႀကိဳးျမင္ရမွာျဖစ္ပါတယ္။ အဖို+12V တပစ္ရယ္ GND အပ္ တစ္ပင္ရယ္ SCS ( Service check system ) အညို သို႕ အျပာ တစ္ပင္ရယ္  Kline လို႕ေခၚတဲ႕ ecu data ေတြပို႕တဲ႕တစ္ပင္ရယ္ ေလးပင္ပါပါမယ္။ ecu ကို ႀကိဳးထိုးreset ခ်တဲ႕နည္းက gnd ႀကိဳးရယ္ scs 
အျပာသို႕ အညိဳ ႀကိဳးကို ဝါယာတစ္ပင္နဲ႕ မိမိရရ ထိုးထားပါ။ ေသာ့ဖြင့္ပါ။ error ကုတ္ေတြ ျပေနပါလိမ့္
မယ္။ ျပေနတဲ႕error ေတြအေပၚမွာ ဆငိဆာေတြ 
စစ္ေဆးဖို႕
ျပဳျပင္ဖို႕ လုပ္ေဆာင္ရပါမယ္။ ခ်က္မီးခုန္ေနတဲ႕
အခ်က္ေရအေပၚမွာကိုယ္စားျပဳ ဆင္ဆာေတြရွိပါ
တယ္။ reset ခ်ဖို႕ ခုနလိုႀကိဳးထိုးထားပီး ေသာ့ဖြင့္ပါ။ dlc ေဆာ့ကက္ရဲ႕ႀကိဳးခြထားတဲ႕ နွစ္ပင္ထဲကတစ္ပင္ကို ဆတ္ခနဲ ျဖဳတ္ပီး ငါးစကၠန္႕အတြင္းျပန္တပ္ပါ။ ပီးရင္ေသာ့ပိတ္ပါ။ အဲ့ႀကိဳးထိုးရက္အတိုင္းေသာ့ျပန္ဖြင့္လိုက္တာနဲ႕ အနိမ့္ေတြမွာဆို ခ်က္ခ္မွးအေသလင္းေနပါ
တယ္ အျမင့္ေတြမွာဆို မီးလံုးဝမွိတ္သြားရင္ reset 
ေအာင္ျမင္ပါပီ။ 
ECU Reset ခ်ဖို႕အတြက္ စက္ရွိရင္ စက္နဲ႕ခ်လို႕ရနိုင္ပီးေတာ့ စက္မရွိရင္ ႀကိဳးထိုးခ်နိုင္ပါတယ္။ 
ေနာက္ဂ်မ္ပါအတြက္အေသမွတ္လို႔ရတဲ့နည္းတစ္ခုက ေဆာ့ကဒ္ေခါင္းကိူအတည့္ကိုယ့္ဘက္ကိုလွည့္ဘယ္ဘက္ကနွစ္ျကိုးကိုhondaဘီးအားလံုးမွာဂ်မ္ပါထိုးဖို႔အေသမွတ္ထားလို႔ရေျကာင္းပါ။
သာမန္error ကိုသာရွင္းနိုင္ပီးေတာ့ အဲ့တစ္ခုသာသိ
ရင္ျပင္လို႕မရနိုင္ပါဘူး။ ဆင္ဆာတစ္ခု ဟာerror 
ျပေနမယ္  error အတိုင္း မစစ္ေဆးမျပဳျပင္ပဲဆက္စီးေနမယ္ဆို ecu ရဲ႕ ေဒတာအမွားဖတ္တာႀကာလာတဲ႕အခါ ecu ရဲ႕ ပရိုဂရမ္ဟာ အမွားေတြဖတ္ပီး ႀကာလာေလေလ ecu ရဲ႕ မွတ္ဥာဏ္မွာ နံပါတ္အေသေတ
ြျဖစ္သြားတတ္ပါတယ္။ 
အဲ့အေျခေနမွာ သာမန္ reset ခ်တဲ႕နည္းဟာ အဆင္
ေျပနိုင္ေတာ့ပါဘူး။ခ်လဲ ecu ရဲ႕ တန္ဖိုးကေျပာင္းလဲ
မသြားတဲ႕အတြက္ ဆင္ဆာအသစ္လဲသည့္တိုင္ 
ဆိုင္က္ကျပန္မေကာင္းလာနိုင္တာပါ။ ( မသိခင္တံုးက ecu အသစ္လဲႀကတဲ႕ အထိျဖစ္ခဲ့ႀကတာပါ။) ဆိုပါဆို႕ eot ေႀကာင့္ဘီးက ထစ္ေနမယ္ အနိူးခက္မယ္ လီဘာဆြဲမရဘူး။ အဲ့ဘီးကို EOT အသစ္လဲသည့္တိုင္ ECU ကိုစက္ထိုးႀကည့္မယ္ဆိုရင္ EOT ရဲ႕ အမွန္တန္ဖိူးမျပပဲ - 40/-57 စသည့္ျဖင့္ နံပါတ္က အေသျပေနတာပါ။ ဆင္ဆာလဲ Reset ခ်လဲ အဲ့တန္ဖိုးဟာမေျပာင္းလဲတဲ႕အတြက္ ဘီးက ထစ္ျမဲအင့္ျမဲ ျဖစ္ေနမွာပါ။ eot ဟာ အင္ဂ်င္အပူခ်ိန္နဲ႕ ပါတ္ဝန္းက်င္အပူခ်ိန္ေပါင္းပီးမွျပတာမို႔ အပူခ်ိန္ဟာ လီဘာဆြဲသေလာက္ အေျပာင္းလဲျဖစ္ေနရပါမယ္။ နံပါတ္ကအေသျဖစ္ေနမယ္ဆို ECUဟာ wrong program ျဖစ္သြားတာပါ။ error ကိုႀကာႀကာစီေနတာေႀကာင့္နံပါတ္တစ္ခုကိုအေသ
မွတ္သြားတာပါ။ အဲ့အေနအထားမွာ ecu reflash
 လုပ္ေပးရပါတယ္။ အသစ္အတိုင္း ေဒတာေတြကိုအ
စကေနျပန္မွတ္ဖို႕ ေသေနတဲ႕တန္ဖိုးေတြေျပာင္းလဲဖို႕
အတြက္ reflash လုပ္ေပးဖို႕လိုပါတယ္။
ecuကို format ခ်တဲ့နည္းက နွစ္နည္းရွိပါတယ္။ 
ခုေျပာတဲ႕ reflash ခ်တဲ႕နည္းရယ္ ေနာက္တစ္နိည္းက ecuကိုျဖဳတ္ခ်ပီး 12v နဲ႕ေအာက္မွာ short ခ်တဲနည္းပါ။ ( ဒုတိယနည္းက စမ္းသပ္ဆဲမို႕ ေကာင္းတာ
 မေကာင္းတာ မွ်ေျချဖစ္ေနတာေႀကာင့္ မတင္ေသးပါ။ေကာင္းတဲ႕အလံုးေတြေကာင္းသြားပီး ပ်က္တဲ႕
ေကာင္ေတြပ်က္ကုန္ပါတယ္။)
ECU reflash လုပ္တဲ႕နည္းကိုေျပာပါ့မယ္။ ပထမဆံုး Error ကုတ္ေတြကို reset ခ်နည္းနဲ႕ရွင္းထားပါ။ ပီးမွ 
အင္ဂ်က္တာေဆာ့ကက္ျဖဳတ္ထားပါ။ DLCေဆာ့ကက္မွာ SCS န႕ဲ GND ကိုႀကိဳးထိုးထားပါ။ EOT သို႕ ECTရဲ႕ ႀကိဳးနွစ္ပင္ကိုလဲဝါယာတစ္ပင္နဲ႕ ထိုးထားပါ။ ေသာ့ဖြင့္ပါ။ ECT/EOT ရဲ႕ ႀကိဳးထဲကႀကိဳက္ရာတစ္ပင္ ကိုျဖဳတ္ျပီး ငါးစကၠန္႕အတြင္းျပန္တပ္ပါ။ ေသာ့ပိတ္ပါ။ ႀကိဳးေတြအကုန္ျဖဳတိပါ။ အင္ဂ်က္တာေဆာ့ကက္ျပန္တပ္ပါ။ ECO/ECT ေဆာ့ကက္ျပန္တပ္ပါ။ အေသျဖစ္ေနတဲ႕
တန္ဖိုးေတြ အလုပ္ျပန္လုပ္ပါပီ။ ဘီးလဲပိုစီးေကာင္းလာပါလိမ့္မယ္။ အင္ဂ်က္တာေဆာ့ကက္ကိုျဖဳတ္ထား
ရတာဟာ တခါတရံ အင္ဂ်က္တာေလာင္တတ္လို႕ပါ။ 
ECU Flash ခ်တဲ႕နည္းကိုသိမွ တခါခါက် လဲတိုင္းမေကာင္းဘူးဆိုတာေတြကိုကုစားနိုင္မွာပါ။ 

TP မေကာင္းရင္ 

TPမေကာင္းရင္ ပ်က္ေနတဲ႕တေနရာမွာ ဘီးကထစ္ေနအင့္ေနပါ့မယ္။ အဲ့ TP ေဆာ့ကက္ျဖဳတ္ထားမွပြင့္တယ္ မျဖဳတ္ရင္ မပြင့္ဘူး ဆိုတာျဖစ္လာရင္ေတာ့ ECU ဟာ Reflash လုပ္ဖို႕လိုေနပါပီ။ 
( ဟိုေန႕ကcbလာေျပာတဲ႕ ညီေလးေရ မပြင့္လို႕ tp ျဖဳတ္ေပးလိုက္တယ္ေတာ့မလုပ္ပါနဲ႕ကြာ ျပန္ေခၚပီး reflash လုပ္ေပးလိုက္ပါ။ )
အမ်ားႀကီးမသိပါဘူး သိတာေလးကိုေျပာျပတာမို႕ အမွားပါမယ္ဆိုရင္ေတာ့ ေထာက္ျပ ေဝဖန္ေပးႀကဖို႕နဲ႕အမွားပါရင္လဲ ကြ်န္ေတာ့္ရဲ႕ညံ့ဖ်င္းမူသက္သက္သာပါ။

အားလံုးပဲ ဆိုင္ကယ္ဗဟုသုတျပည့္ဝႀကပါေစ။ 
ကြ်န္ေတာ္ရဲရင့္သာေဝပိုင္ပါ။





(Unicode)

EFI ဆိုတာ အပိုင်း(3)

Input sensors တွေထဲကမှ ဒီနေ့ ဆက်ပြောပြဖို့ဖြစ်လာတာက TP ဆင်ဆာကြောင်းပါ။ 

TPS( Throttle position sensor)
လီဘာတံခါး အာရုံခံ  code 8

သူက ပင်မ ဆင်ဆာတစ်ခုဆိုလဲ မမှားပါဘူး။ မောင်း
နှင်သူရဲ့ လီဘာဘယ်လောက်ဆွဲနေသလဲဆိုတဲ့အချက်ကို ECUကို အကြောင်းကြားပေးဖို့တာဝန်ယူထားရတာပါပဲ။ တည်နေရာအနေနဲ့ လီဘာဆင်ဆာ အုံလေး
ပေါ်မှာရှိနေမယ်။ အခြေ  အနေနဲ့ကတော့ သုံးပင်လို
အပ်ပါမယ်။တစ်ပင်က Gnd အပ်စ ဖြစ်ပီး တစ်ပင်က ECU က အထွက် 5V အဝင်ဖြစ်ပီးတော့ နောက်ဆုံး
တစ်ပင်ကတော့ ECU ဆီကိုအချက်လက် ပြန်ပို့ပေးတဲ့ တစ်ပင်ပါ။Tpဆင်ဆာမှာ vcc5Vနဲ့ဒေတာကြိုး နောက်Gက ပရိုဂရမ်းဂရောင်းမဟုတ်ပဲ SGဂရောင်းပါ။TP00:0မှာ 0.45Vရှိပီး လီဘာဆွဲတာနဲ့အထစ်ငေါ့မရှိတတ်လာပီး4.9Vအထက်လည်းမပိုဘူးဆိူရင်အိူစကေပေါ့။
လီဘာဆွဲတဲ့အနေအထားပေါ်မူတည်ပီးတော့
 အဝင်လေအနည်းအများကို အာရုံခံပေးပါတယ်။ ဆင်ဆာရဲ့ အလုပ်လုပ်ပုံကိုပြောပါဆိုရင်တော့ အဝင် 5V ကို ယူထားပီးလီဘာဆွဲသလောက် အနည်းကနေ
အများ V တွေတိုးတိုးလာစေတာပါပဲ။ 4.9ထက်မပိုရပါဘူး။ ဆင်ဆာရဲ့ အလုပ်လုပ်ပုံကို တိုင်းတာနိုင်မယ်။ တိုင်းမယ်ဆိုရင် လီဘာမဆွဲခင်မှာ ohm မြင့်နေပီးတော့ လီဘာဆွဲလေလေ ohm ကျသွားလေလေပါပဲ။ ခုခံမူကျသွားတဲ့အခါ v တန်ဖိုးမြင့်မြင့်လာစေပါတယ်။ TP က အထွက်V အနည်းအများပေါ်မူတည်ပီးတော့ ECU က လီဘာဘယ်လောက်ဆွဲထားလဲသိရှိစေပါတယ်။ ဆင်ဆာတွေကို နှစ်မျိုးတိုင်းတာနိုင်ပါတယ်။ တမျိုးက ဆော့ကက် ဖြုတ်ပီး ခုခံမူလို့ခေါ်တဲ့ ohm တိုင်းတာပါ။ မာတီမီတာနဲ့ပဲ တိုင်းနိုင်ပါတယ်။ နောက်တမျိုးကတော့ ဆော့ကက်တွေတပ် သော့ဖွင့်င်္ပီးတော့ v တိုင်းတာပါ။ 
ohm တိုင်းမယ်ဆိုလဲ စဆွဲတည်းကတနေရာမှာမှ 
ပြတ်တောက်သွားခြင်း မီတာမှာ0.00ပြသွားတာမျိုးမ
ဖြစ်ရပါဘူး။ V တိုင်းမယ်ဆိုလဲ သော့ဖွင့် ဆော့ကက်
တပ် စစ်ကနယ်ကြိုးကိုဖေါက် လီဘာကိုဖြေးဖြေးဆွဲ
ကြည့် တနေရာမှာမှ V ဟာ 00 ဖြစ်မသွားပဲ ပုံမှန် 
တက်သွားတယ်ဆို TP အလုပ်လုပ်ပုံမှန်ပါတယ်။ TPဟာ အပျက်အများဆုံးဆင်ဆာလို့ပြောလို့ရပါ
တယ်။ အပေါ်ကတိုင်းတာနည်းတွေ နဲ့တိုင်းလို့ လီဘာရဲ့တနေရာရာမှာ လွတ်သွားတယ် တန်ဖိုးမပြနိုင်ရင် 
ဆိုင်ကယ်ဟာ အဆိုပါနေရာရောက်ရင် အင့်သွားတာ ထစ်သွားတာတွေဖြစ်တတ်ပါတယ်။ TPပျကိရင် ပျက်
နေတဲ့နေရာမှာ ထစ်နေတာဆွဲလို့မပါတော့တာဖြစ်ပါတယ်။ TP ဆင်ဆာအသစ်လဲရပါမယ်။

ECU reset / ECU reflash
TPအသစ်လဲလိုက်ရင်လဲ ECU ရဲ့ မှတ်ဉာဏ်တပိုင်းကို Reflash လုပ်ပေးရပါတယ်။ Hard reset /eot fomet/Ecu reflash အမျိုးမျိုးခေါ်တွင်နေကြပေမယ့် အလုပ်ကတော့တစ်ခုထဲဖြစ်ပါတယ်။ နည်းကလဲ 
ကျွန်တော့်အခေါ်အတိုင်းဆို ecu reflash ချပလိုက်တာပါ။ memory ထဲမှာမှတ်ထားတဲ့ နေ့တဒူဝ
 အချက်အလက်တွေကို ဖျက်ပေးလိုက်ပီးတော့ ECU ကိုအသစ်တဖန်ပြန်ရှင်စေတာပါ။ဟွန်ဒါ ECU မှာ မှတ်သားနိုင် ဖျက်ပစ်နိုင်တဲ့ မှတ်ဉာဏ်တစ်ပိုင်းပါဝင်ပီး
တော့ ကျန်တပိုင်းက ECU ရဲ့နိစ္စဒူဝ အလုပ်တွေကိုလုပ်တဲ့ အဓိကထိန်းချုပ်ခန်းပါ။ Doctor API လို Tool 
တွေဟာ ecu ရဲ့ error တပိုင်းကိုပဲ ရှင်းပေးနိုင်ပါ
တယ်။ reset ချနည်းလေးအကြောင်းကိုပြောရအောင် ecu ရဲ့ ယာယီမှတ်ဉာဏ်ထဲမှာမှတ်သားထားတဲ့
error ကုတ်တွေကို ကြိုးထိုးတဲ့နည်းနဲ့ reset လုပ်နိုင်ပါတယ်။ သူက DLC ဆော့ကက်လို့ခေါ်တဲ့ ဆော့ကက်ဘူးအနီလေးကိုရှာပါ။ ဟွန်ဒါတွေမှာတော့ စကူဖီ 
အနိမ့်တွေက ရှေ့ ဇက် ဆော့ကက်အုပ်တဲ့ သရေဖတ်ကလေးထဲမှာဖြစ်နိုင်ပါတယ်။ အမြင့်တွေမှာတော့ 
ခါးကာဘာအောက်က သရေအစွပ်ထဲမှာရှာနိုင်ပီးတော့ ကလစ်တွေမှာကျတော့ အနိမ့်တွေမှာရင်အုပ် ဘထရီနားမှာဖြစ်ပီးတော့ အမြင့်တွေမှာ ခြေနင်းပြားထဲက 
ဘထရီနားမှာပါ။ 
CBR 150 တွေအတွက်က နောက်မှီး မီးသီးအောက် ရွှံ့ကာလေးရဲ့ အပေါ်သရေစွပ်ထဲမှာတွေ့ရပီးတော့ CB400 superfour Revo တွေမှာကျတော့ ခွထိုင်ရင် ဘယ်ဘက်အဲကလင်တာအဖုံးလေးရဲ့အောက်မှာတိပ်ပါတ်ပေးထားပါတယ်။ wave 110/125တွေအတွက် ခါးကျောရိုးအဖုံးလေးထဲနဲ့ ရှေ့ဇက် သရေစွပ်အောက်မှာရှာနိုင်ပါတယ်။ DLC ဆော့ကက်ရဲ့ အဝင်ကလေး
ကြိုးမြင်ရမှာဖြစ်ပါတယ်။ အဖို+12V တပစ်ရယ် GND အပ် တစ်ပင်ရယ် SCS ( Service check system ) အညို သို့ အပြာ တစ်ပင်ရယ်  Kline လို့ခေါ်တဲ့ ecu data တွေပို့တဲ့တစ်ပင်ရယ် လေးပင်ပါပါမယ်။ ecu ကို ကြိုးထိုးreset ချတဲ့နည်းက gnd ကြိုးရယ် scs 
အပြာသို့ အညို ကြိုးကို ဝါယာတစ်ပင်နဲ့ မိမိရရ ထိုးထားပါ။ သော့ဖွင့်ပါ။ error ကုတ်တွေ ပြနေပါလိမ့်
မယ်။ ပြနေတဲ့error တွေအပေါ်မှာ ဆငိဆာတွေ 
စစ်ဆေးဖို့
ပြုပြင်ဖို့ လုပ်ဆောင်ရပါမယ်။ ချက်မီးခုန်နေတဲ့
အချက်ရေအပေါ်မှာကိုယ်စားပြု ဆင်ဆာတွေရှိပါ
တယ်။ reset ချဖို့ ခုနလိုကြိုးထိုးထားပီး သော့ဖွင့်ပါ။ dlc ဆော့ကက်ရဲ့ကြိုးခွထားတဲ့ နှစ်ပင်ထဲကတစ်ပင်ကို ဆတ်ခနဲ ဖြုတ်ပီး ငါးစက္ကန့်အတွင်းပြန်တပ်ပါ။ ပီးရင်သော့ပိတ်ပါ။ အဲ့ကြိုးထိုးရက်အတိုင်းသော့ပြန်ဖွင့်လိုက်တာနဲ့ အနိမ့်တွေမှာဆို ချက်ခ်မှးအသေလင်းနေပါ
တယ် အမြင့်တွေမှာဆို မီးလုံးဝမှိတ်သွားရင် reset 
အောင်မြင်ပါပီ။ 
ECU Reset ချဖို့အတွက် စက်ရှိရင် စက်နဲ့ချလို့ရနိုင်ပီးတော့ စက်မရှိရင် ကြိုးထိုးချနိုင်ပါတယ်။ 
နောက်ဂျမ်ပါအတွက်အသေမှတ်လို့ရတဲ့နည်းတစ်ခုက ဆော့ကဒ်ခေါင်းကိူအတည့်ကိုယ့်ဘက်ကိုလှည့်ဘယ်ဘက်ကနှစ်ကြိုးကိုhondaဘီးအားလုံးမှာဂျမ်ပါထိုးဖို့အသေမှတ်ထားလို့ရကြောင်းပါ။
သာမန်error ကိုသာရှင်းနိုင်ပီးတော့ အဲ့တစ်ခုသာသိ
ရင်ပြင်လို့မရနိုင်ပါဘူး။ ဆင်ဆာတစ်ခု ဟာerror 
ပြနေမယ်  error အတိုင်း မစစ်ဆေးမပြုပြင်ပဲဆက်စီးနေမယ်ဆို ecu ရဲ့ ဒေတာအမှားဖတ်တာကြာလာတဲ့အခါ ecu ရဲ့ ပရိုဂရမ်ဟာ အမှားတွေဖတ်ပီး ကြာလာလေလေ ecu ရဲ့ မှတ်ဉာဏ်မှာ နံပါတ်အသေတေ
ွဖြစ်သွားတတ်ပါတယ်။ 
အဲ့အခြေနေမှာ သာမန် reset ချတဲ့နည်းဟာ အဆင်
ပြေနိုင်တော့ပါဘူး။ချလဲ ecu ရဲ့ တန်ဖိုးကပြောင်းလဲ
မသွားတဲ့အတွက် ဆင်ဆာအသစ်လဲသည့်တိုင် 
ဆိုင်က်ကပြန်မကောင်းလာနိုင်တာပါ။ ( မသိခင်တုံးက ecu အသစ်လဲကြတဲ့ အထိဖြစ်ခဲ့ကြတာပါ။) ဆိုပါဆို့ eot ကြောင့်ဘီးက ထစ်နေမယ် အနိူးခက်မယ် လီဘာဆွဲမရဘူး။ အဲ့ဘီးကို EOT အသစ်လဲသည့်တိုင် ECU ကိုစက်ထိုးကြည့်မယ်ဆိုရင် EOT ရဲ့ အမှန်တန်ဖိူးမပြပဲ - 40/-57 စသည့်ဖြင့် နံပါတ်က အသေပြနေတာပါ။ ဆင်ဆာလဲ Reset ချလဲ အဲ့တန်ဖိုးဟာမပြောင်းလဲတဲ့အတွက် ဘီးက ထစ်မြဲအင့်မြဲ ဖြစ်နေမှာပါ။ eot ဟာ အင်ဂျင်အပူချိန်နဲ့ ပါတ်ဝန်းကျင်အပူချိန်ပေါင်းပီးမှပြတာမို့ အပူချိန်ဟာ လီဘာဆွဲသလောက် အပြောင်းလဲဖြစ်နေရပါမယ်။ နံပါတ်ကအသေဖြစ်နေမယ်ဆို ECUဟာ wrong program ဖြစ်သွားတာပါ။ error ကိုကြာကြာစီနေတာကြောင့်နံပါတ်တစ်ခုကိုအသေ
မှတ်သွားတာပါ။ အဲ့အနေအထားမှာ ecu reflash
 လုပ်ပေးရပါတယ်။ အသစ်အတိုင်း ဒေတာတွေကိုအ
စကနေပြန်မှတ်ဖို့ သေနေတဲ့တန်ဖိုးတွေပြောင်းလဲဖို့
အတွက် reflash လုပ်ပေးဖို့လိုပါတယ်။
ecuကို format ချတဲ့နည်းက နှစ်နည်းရှိပါတယ်။ 
ခုပြောတဲ့ reflash ချတဲ့နည်းရယ် နောက်တစ်နိည်းက ecuကိုဖြုတ်ချပီး 12v နဲ့အောက်မှာ short ချတဲနည်းပါ။ ( ဒုတိယနည်းက စမ်းသပ်ဆဲမို့ ကောင်းတာ
 မကောင်းတာ မျှခြေဖြစ်နေတာကြောင့် မတင်သေးပါ။ကောင်းတဲ့အလုံးတွေကောင်းသွားပီး ပျက်တဲ့
ကောင်တွေပျက်ကုန်ပါတယ်။)
ECU reflash လုပ်တဲ့နည်းကိုပြောပါ့မယ်။ ပထမဆုံး Error ကုတ်တွေကို reset ချနည်းနဲ့ရှင်းထားပါ။ ပီးမှ 
အင်ဂျက်တာဆော့ကက်ဖြုတ်ထားပါ။ DLCဆော့ကက်မှာ SCS နဲ့ GND ကိုကြိုးထိုးထားပါ။ EOT သို့ ECTရဲ့ ကြိုးနှစ်ပင်ကိုလဲဝါယာတစ်ပင်နဲ့ ထိုးထားပါ။ သော့ဖွင့်ပါ။ ECT/EOT ရဲ့ ကြိုးထဲကကြိုက်ရာတစ်ပင် ကိုဖြုတ်ပြီး ငါးစက္ကန့်အတွင်းပြန်တပ်ပါ။ သော့ပိတ်ပါ။ ကြိုးတွေအကုန်ဖြုတိပါ။ အင်ဂျက်တာဆော့ကက်ပြန်တပ်ပါ။ ECO/ECT ဆော့ကက်ပြန်တပ်ပါ။ အသေဖြစ်နေတဲ့
တန်ဖိုးတွေ အလုပ်ပြန်လုပ်ပါပီ။ ဘီးလဲပိုစီးကောင်းလာပါလိမ့်မယ်။ အင်ဂျက်တာဆော့ကက်ကိုဖြုတ်ထား
ရတာဟာ တခါတရံ အင်ဂျက်တာလောင်တတ်လို့ပါ။ 
ECU Flash ချတဲ့နည်းကိုသိမှ တခါခါကျ လဲတိုင်းမကောင်းဘူးဆိုတာတွေကိုကုစားနိုင်မှာပါ။ 

TP မကောင်းရင် 

TPမကောင်းရင် ပျက်နေတဲ့တနေရာမှာ ဘီးကထစ်နေအင့်နေပါ့မယ်။ အဲ့ TP ဆော့ကက်ဖြုတ်ထားမှပွင့်တယ် မဖြုတ်ရင် မပွင့်ဘူး ဆိုတာဖြစ်လာရင်တော့ ECU ဟာ Reflash လုပ်ဖို့လိုနေပါပီ။ 
( ဟိုနေ့ကcbလာပြောတဲ့ ညီလေးရေ မပွင့်လို့ tp ဖြုတ်ပေးလိုက်တယ်တော့မလုပ်ပါနဲ့ကွာ ပြန်ခေါ်ပီး reflash လုပ်ပေးလိုက်ပါ။ )
အများကြီးမသိပါဘူး သိတာလေးကိုပြောပြတာမို့ အမှားပါမယ်ဆိုရင်တော့ ထောက်ပြ ဝေဖန်ပေးကြဖို့နဲ့အမှားပါရင်လဲ ကျွန်တော့်ရဲ့ညံ့ဖျင်းမူသက်သက်သာပါ။

အားလုံးပဲ ဆိုင်ကယ်ဗဟုသုတပြည့်ဝကြပါစေ။ 
ကျွန်တော်ရဲရင့်သာဝေပိုင်ပါ။


No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...