Crankshaft Position Sensor (CKP Sensor)
Crankshaft Position Sensor ဆိုတာ IC engine ေတြရဲ႕ crankshaft ကို တည္ေနရာန႔ဲ လည္ပတ္ႏူန္းကိုတိုင္းတာေပးတ့ဲ sensor တစ္မ်ိဳးပဲျဖစ္ပါတယ္။ အဓိကကေတာ့ crankshaft rpm နဲ႔ crankshaft position ကို အဓိကတိုင္းတာေပးၿပီး 14.7: 1 ဆီေလအခ်ိဳးရဖို႔ နဲ႔ ignition timing မွန္ကန္ဖို႔ အတြက္ အဓိကလုက္ေဆာင္ေပးတ့ဲ sensor ဆိုရင္လဲ မမွားပါဘူး။crankshaft pully န့ဲ Flywheel ၾကားမွာ ရိွပါတယ္။
Crankshaft position sensor ရဲ႕ function က သံလိုက္တံုးကို ကိြဳင္ပတ္ထားၿပီး သံလိုက္စက္ကြင္းျဖစ္ေပၚေစျခင္းျဖင့္ AC voltage signal ကိုထုတ္ေပးပါတယ္။ Sensor န့ဲ target wheel ၾကားသံလိုက္စက္ကြင္း ဖန္တီးၿပီး crankshaft ရ့ဲ position နဲ႔ rpm ကို ECM သို႔ေပးပို႔ခါ တျခား actuator ေတြကို ထိန္းခ်ဴပ္ လုပ္ေဆာင္ေပးမွာပဲျဖစ္ပါတယ္။
Sensor နဲ႔ target wheel ၾကား အကြာအေဝးက 1.8 mm ေလာက္ရိွၿပီး အ့ဲဒီၾကားအကြာအေဝးကို air gap လို႔ေခၚတ့ဲ ညိွ့ ငင္တ့ဲအကြာအေဝးျဖစ္ပါတယ္။ air gap ဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လိုအပ္တ့ဲ ပမာဏထက္ ကြာဟေနမယ္ဆိုရင္ magnetive field နဲ႔ အလုပ္လုပ္တ့ဲ အဆိုပါ sensor ဟာerror ရိွႏိူင္သလို ECU ကို data ပို႔တ့ဲအခါ မွန္ကန္တ့ဲအခ်က္ အလတ္ေတြေပးပို႔ႏိူင္မွာမဟုတ္တ့ဲအတြက္ ECU က fuel injector ကိုဆီျဖန္းေပးတ့ဲ အခါမွာ timing ကိုက္မွာမဟုတ္ပါဘူး။ သူ႔ေ႐ွ႕က IAT , TPS, MAF , KNOCK , OXYGEN စတ့ဲ sensor ေတြ ေကာင္းေနေသာ္လည္း crankshaft position sensor ေၾကာင့္ fuel system , ignition system စတာေတြ လုပ္ေဆာင္ခ်က္ တလြဲေတြ ျဖစ္ကုန္ပါေတာ့တယ္။ ေနာက္ၿပီး sensor ရ့ဲ pin ေတြက သံုးတာၾကာရင္လဲ ေၾကးညိွ တတ္တာ ၊ wire losse ျဖစ္ေနတာေတြေၾကာင့္ error codes တတ္ႏိူင္ပါတယ္။
(Unicode)
Crankshaft Position Sensor (CKP Sensor)
Crankshaft Position Sensor ဆိုတာ IC engine တွေရဲ့ crankshaft ကို တည်နေရာနဲ့ လည်ပတ်နူန်းကိုတိုင်းတာပေးတဲ့ sensor တစ်မျိုးပဲဖြစ်ပါတယ်။ အဓိကကတော့ crankshaft rpm နဲ့ crankshaft position ကို အဓိကတိုင်းတာပေးပြီး 14.7: 1 ဆီလေအချိုးရဖို့ နဲ့ ignition timing မှန်ကန်ဖို့ အတွက် အဓိကလုက်ဆောင်ပေးတဲ့ sensor ဆိုရင်လဲ မမှားပါဘူး။crankshaft pully နဲ့ Flywheel ကြားမှာ ရှိပါတယ်။
Crankshaft position sensor ရဲ့ function က သံလိုက်တုံးကို ကွိုင်ပတ်ထားပြီး သံလိုက်စက်ကွင်းဖြစ်ပေါ်စေခြင်းဖြင့် AC voltage signal ကိုထုတ်ပေးပါတယ်။ Sensor နဲ့ target wheel ကြားသံလိုက်စက်ကွင်း ဖန်တီးပြီး crankshaft ရဲ့ position နဲ့ rpm ကို ECM သို့ပေးပို့ခါ တခြား actuator တွေကို ထိန်းချူပ် လုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်။
Sensor နဲ့ target wheel ကြား အကွာအဝေးက 1.8 mm လောက်ရှိပြီး အဲ့ဒီကြားအကွာအဝေးကို air gap လို့ခေါ်တဲ့ ညှိ့ ငင်တဲ့အကွာအဝေးဖြစ်ပါတယ်။ air gap ဟာ အကြောင်းအမျိုးမျိုးကြောင့် လိုအပ်တဲ့ ပမာဏထက် ကွာဟနေမယ်ဆိုရင် magnetive field နဲ့ အလုပ်လုပ်တဲ့ အဆိုပါ sensor ဟာerror ရှိနိူင်သလို ECU ကို data ပို့တဲ့အခါ မှန်ကန်တဲ့အချက် အလတ်တွေပေးပို့နိူင်မှာမဟုတ်တဲ့အတွက် ECU က fuel injector ကိုဆီဖြန်းပေးတဲ့ အခါမှာ timing ကိုက်မှာမဟုတ်ပါဘူး။ သူ့ရှေ့က IAT , TPS, MAF , KNOCK , OXYGEN စတဲ့ sensor တွေ ကောင်းနေသော်လည်း crankshaft position sensor ကြောင့် fuel system , ignition system စတာတွေ လုပ်ဆောင်ချက် တလွဲတွေ ဖြစ်ကုန်ပါတော့တယ်။ နောက်ပြီး sensor ရဲ့ pin တွေက သုံးတာကြာရင်လဲ ကြေးညှိ တတ်တာ ၊ wire losse ဖြစ်နေတာတွေကြောင့် error codes တတ်နိူင်ပါတယ်။
No comments:
Post a Comment