---------------------------------------------------------
ကိုယ် ကိုယ်တိုင်နေ့စဉ်မောင်းနေတာ သတ်မှတ်ထားတဲ့လမ်းကြောင်းတိုင်ဘဲမောင်းနေတာကို ပုံမှန်ထည့်နေကြ ဓာတ်ဆီထက်ပိုပြီးထည့်နေရပြီဆိုရင် ဆီစားခြင်းလို့သတ်မှတ်နိုင်ပါတယ်။
အင်ဂျင်တွေမှာ ဆီစားခြင်းကို အလွယ်တကူကုသပေးနိုင်ပါစေ။
             ကြိုးစားလျှက်
                       ko zaw
(Unicode)
ဆိုင်ကယ်အင်ဂျင် ဓာတ်ဆီစားခြင်း ပြဿနာများ
---------------------------------------------------------
    ဓာတ်ဆီအင်ဂျင်တွေမှာ မရှိမဖြစ်လောင်စာကတော့ ဓာတ်ဆီပါဘဲ။အင်ဂျင်တွေမှာဆီနဲ့လေအချိုးကျစွာ မီးလောင်ပေါက်ကွဲကြပါတယ်။ဒီလိုအချိုးကျကျ ပေါက်ကွဲတဲ့နေရာမှာ ဆီပို့မများရအောင် ကာဗရိုက်တာမှ ဓာတ်ဆီကို မီးလောင်ခန်းအတွင်းသို့
အချိုးကျအောင် ပို့ဆောင်ပေးပါတယ်။efi ဘီးအများစူ
ကတော့ အင်ဂျက်တာ ဆီပန့် တွေကမှတဆင့်ပို့ဆောင်အလုပ် လုပ်ပေးပါတယ်။
    ဆိုင်ကယ်တွေမှာ သက်တမ်းကြာလာတာနဲ့အမျှ အင်ဂျင်တွေမှာ ဆီပိုစားလာတဲ့ ပြဿနာ ဖြစ်ပါတယ်။
ဘာကြောင့် ဆီစားလာတာလဲ?ဘာဖြစ်လို့လဲ လို့မေးစရာရှိ လာပါတယ်။ပြဿနာ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဒါပေမယ့်
အဖြစ်များတဲ့ပြဿနာတွေကို အဓိကထားပြီးဖြေရှင်းပေးမှာပါ။
          အင်ဂျင်မှာ ဆီစားနေပြီဆိုတာ အသေအချာသိဖို့တော့ ကိုယ်တိုင်သိမှ ဆီစားခြင်းကို
သတ်မှတ်ရပါမည်။ဘာကြောင့် ဆီစားနေတာလဲ။
ကိုယ် ကိုယ်တိုင်နေ့စဉ်မောင်းနေတာ သတ်မှတ်ထားတဲ့လမ်းကြောင်းတိုင်ဘဲမောင်းနေတာကို ပုံမှန်ထည့်နေကြ ဓာတ်ဆီထက်ပိုပြီးထည့်နေရပြီဆိုရင် ဆီစားခြင်းလို့သတ်မှတ်နိူင်ပါတယ်။
     ဆီစားပြီဆိုရင်ဘာတွေကိုအရင်ဆုံးစစ်ဆေးမလဲ 
ကိုယ့်ဆိုင်ကယ်မှာ ဓာတ်ဆီပိုက်တွေပေါက်နေလား
ဆီစစ်ဘူးက ဆီစိမ့်ထွက်နေလား ဒါမှမဟုတ် ကာဗရိုက်တာကြောင့်လား ပလပ်ကြောင့်လား
ကိုယ့်ဆိုင်ကယ် အင်ဂျင်ကျနေလို့လား မီးထွက်မမှန်တာလား သေချာစစ်ဆေးကြည့်ဖို့လိုပါတယ်။
      တချို့က ဆီစားပြီဆိုရင် ကာဗရိုက်တာဆေးတက်ကြပါတယ်။ဒါက လွဲမှားတဲ့
ယူဆချက်ပါ။ကာဗရိုက်တာဆေးတိုင်း ဆီစားမသက်သာပါဘူး။စက်သံ မမှန်လို့ ဆီစားတယ်ဆိုတာကိုတော့ လက်ခံပါတယ်။ဘာကြောင့် စက်သံမမှန်တာလဲဆိုတော့ ကာဗရိုက်တာအတွင်းရှိ
ဂျက်ပင် အသေးလေးထဲမှာ ဂျီးပိတ်ဆို့မူရှိနေပြီဆိုရင်
စက်သံ မမှန်ဘဲဆီစားတက်ပါတယ်။များသောအားဖြင့်
ဒီပြဿနာမျိုး အဖြစ်များပါတယ်။ကာဗရိုက်တာ ကြောင် နေပြီဆိုရင်တော့ စလိုးကလည်းချိန်လို့မရတော့ဘူးဆိုရင် ဆီစားစေမှာ အမှန်ပါ။နောက်တမျိုးကတော့
ကာဗရိုက်တာအတွင်းရှိ အပ်ပင်နဲ့ဘွတ် ပွတ်တိုက်စား
ခြင်းကြောင့် ဆီစားခြင်းကိုလဲဖြစ်ပေါ်စေပါတယ်။ထိုအခါမှာ အပ်ပင်နဲ့ဘွတ် အသစ်လဲပေးခြင်းဖြစ်ဆီစားခြင်းကိုဖြေရှင်းပေးနိူင်ပါတယ်။ကာဗရိုက်တာမှာ စလိုးမချိန်တက်ခြင်းကြောင့် ဆီစားစေနိူင်ပါတယ်။ပလပ်မီးထွက်မမှန် ခြင်းကြောင့်လဲ ဆီစားတက်ပါတယ်။ပလပ်ကွိုင်ကြောင့်လဲ ဆီစားစေနိူင်ပါတယ်။ဘာကြောင့်လဲဆိုတော့ မီးထွက်မမှန်ခြင်းကြောင့်ပါ။
     အင်ဂျင်ကျနေပြီဆိုရင်တော့  အင်ဂျင်ပြန်ကိုင်ပေးမှ
ဆီစားခြင်းကို သက်သာမှာပါ။ဆီစားနေတဲ့ အင်ဂျင်ကို
ပြန်လည်မပြုပြင်ဘဲဆက်ပြီး စီးနေမယ်ဆိုရင်နောက်ထက်ဆိုးကျိုးတွေ တွေ့ရတက်ပါတယ်။ဒါကတော့ ပလပ်ကိုဆီမိူင်းရိုက်ပြီး
ပလပ်မကြခဏလဲရတက်ပါတယ်။ဒါကြောင့် ဆိုင်ကယ်အင်ဂျင်ဆီစားနေပြီဆိုရင် ကုသပေးဖို့လိုအပ်ပါတယ်။ 
     အင်ဂျင်တွေမှာ အင်ဂျင်ပါဝါအသီးသီးရှိကြပါတယ်။
သူ့အထိုက်အလျောက်တော့ ဆီစားနူန်းခြင်းကွာပါတယ်
တရုတ်ထုတ်ဘီးနဲ့ယိုဒယားထုတ်ဘီး ဆီးစားနူန်းအနည်းငယ်ကွာ ခြားပါတယ်။
အင်ဂျင် ပင်စ္စတင်အကြီးအသေးပေါ်မူတည်ပြီး ဆီစား
နူန်းလဲကွာခြားနိူင်ပါတယ်။အင်ဂျင် ပြန်ကိုင်တဲ့ဘီးအများစူ့ မှာတွေ့ရတက်ပါတယ်။
အင်ဂျင်တွေမှာ ဆီစားခြင်းကို အလွယ်တကူကုသပေးနိူင်ပါစေ။
             ကြိုးစားလျှက်
                       ko zaw
No comments:
Post a Comment
ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...