ABS system အ​ေၾကာင္​း

ABS system အ​ေၾကာင္​း
#ABS ( Anti-Lock Braking System ) စိတ္ဝင္စားဖို႔ေကာင္းပါတယ္။

Antilock Braking System ဆိုတာ ဘရိတ္​နင္​းလိုက္​တဲ့ အခါ ဘီး​ေတြ ​ေသ သြားျခင္​းမွ ကာကြယ္​​ေပးတဲ့ စနစ္​ပါ။
ဘရိတ္​ နင္​းရင္​ ဖမ္​းရင္​ စလစ္​ ျဖစ္​တယ္ဆိုတာ​​ ဖမ္​းတဲ့ နင္​းတဲ့ လူက အထိတ္​တလန္​႔နဲ႔ အသားကုန္​ဖမ္​းတဲ့အခါ ဘရိတ္​က တအားမိပါ​ေတာ့တယ္​။
တအားမိတဲ့ အခါ ဘီး​ေတြ မလည္​ႏိုင္​​ေတာ့ပါဘူး။ဘီးကမလည္​ အ႐ွိန္​က က်န္​​ေန​ေသး​ေတာ့ မလည္​​ေတာ့တဲ့ ဘီးနဲ႔ လမ္​းက တရြတ္​တိုက္​ ပြတ္​ဆဲြ​ေတာ့တာပါပဲ။အဲလို တရြတ္​တိုက္​ရင္​ လမ္​းနဲ႔ ဘီး ကုပ္​အား​ေပ်ာက္​ဆံုးသြားသလို ဦးတည္​ရာကိုလည္​း ထိမ္​းလို႔မရ​ေတာ့ပါဘူး။စလစ္​ျဖစ္​ရင္​ အ႐ွိန္​ရဲ႕ ဦးတည္​ရာအတိုင္​း​ေျပး​ေတာ့တာပါပဲ။ထိနး္​မရ သိမ္​းမရ​ေပါ့။
အဲဒီ​ေတာ့ ABS က ဘာလုပ္​​ေပးလဲ ဆို​ေတာ့ နင္​းခ်င္​သ​ေလာက္​ၾကမ္​းၾကမ္​းနင္​း သူက​ေတာ့ ဘီး​ေတြကိုေသသြား​ေအာင္​ဖမ္​းမ​ေပးပဲ ဆတ္​ခနဲ ဆတ္​ခနဲ ျပန္​ျပန္​​လႊတ္​ေပးပါတယ္​။အဲ​ေၾကာင္​့ လမ္​းနဲ႔ ဘီးနဲ႔လည္​း အဆက္​အသြယ္​ မျပတ္​၊ကုပ္​အားလည္​း မပ်က္​ပဲ ထိုက္​သင္​့တဲ့ အကြာအ​ေ၀း အတြင္​းမွာ ရပ္​ သြားပါတယ္​။အဲလို ျပန​္​ ျပန​္​ လႊတ္​​ေပးလို႔ ရပ္​တဲ့ အကြာပ​ေ၀းက တအားဖမ္​းလို႔ စလစ္​ျဖစ္​ တရြတ္​တိုက္​ၿပီး ရပ္​တဲ့ အကြာအ​ေ၀းထက္​ တိုတာကို ​ေတြ႔ရပါတယ္​။
ABS ပါရင္​ ပိုအမိၾကမ္​းတာမဟုတ္​ပါဘူး။အမိမၾကမ္​းပဲ အကြာအ​ေ၀း တိုတိုမွာ ရပ္​​ေစတာပါ။ ဆိုင္​ကယ္​အ​ေၾကာင္​းပဲ ​ေျပာၾကရ​ေအာင္​။စီးတဲ့လူတိုင္​းသိပါတယ္​။​ေနာက္​ ဘရိတ္​တအားနင္​းရင္​ ဖင္​လည္​တတ္​တယ္​ဆိုတာ။​ေနာက္​ဘီးက ​ေသ သြား​ေတာ့ ​ေ႐ွာထြက္​လာတာ ​ေ႐ွ႕ဘီးထက္​ ပို အ႐ွိန္​ျမန္​​ေတာ့ ​ေနာက္​က​ေန ​ေဘးဘက္​ထြက္​လာၿပီး ​ေ႐ွ႕ဘီးကို ​ေက်ာ္​ဖို႔ႀကိဳးစားတယ္​ပဲ ​ေျပာပါရ​ေစ။အဲ​ေတာ့ ABS က ​ေနာက္​ဘရိတ္​ခ်ည္​းပဲတအားနင္​း​ေသာ္​လည္​း ​ေနာက္​ဘရိတ္​အတြက္​ပို​ေနတဲ့အား​ေတြကို ECU က​ေနတဆင္​့ ​ေ႐ွ႕ဘရိတ္​ဆီကိုပါ ပို႔​ေပးတာပါ။အဲဒါ​ေၾကာင္​့ ဘီးက တည္​့တည္​့မတ္​မတ္​ ​ေသ​ေသ သပ္​သပ္​ ရပ္​ပါတယ္​။
1980 BMW K100 Serie မွာ ANS စသံုးပါတယ္​။အမ်ားက အဲဒါ ဘာႀကီးတုန္​း လို႔​ေမး​ေတာ့ အ႐ွိန္​နဲ႔​ေမာင္​းလာတဲ့ ဆိုင္​ကယ္​ကို သဲထူထူ ထဲမွာသာ ဘရိတ္​ၾကမ္​းၾကမ္​း အုပ္​ၾကည္​့ၾကပါကုန္​ လို႔ BMW ကျပန္​​ေျဖပါတယ္​။
အခု ဆိုင္​ကယ္​​ေတြ​ေရာင္​းတဲ့အခါ ABS ပါတာနဲ႔ မပါတာ ခဲြ​ေရာင္​းပါတယ္​။တစ္​ခ်ိဳ႕ စိတ္​လႈပ္​႐ွားခ်င္​တဲ့ လူ​ေတြ Stunt ျပခ်င္​တဲ​့ လူ​ေတြက ABS ပါတာမႀကိဳက္​ဘူး။ဆိုင္​ကယ္​က လည္​ခ်င္​တိုင္​းမလည္​ drift ဆဲြမရ ဆို​ေတာ့ abs မပါတာကိုလည္​း ​ေရြးၾကတယ္​။​
ေနာက္​ဘရိတ္​နင္​းၿပီး ဖင္​လည္​ ခ်င္​​ေပမယ္​့ သူက ​ေ႐ွ႕ဘရိတ္​ပါမိၿပီး တည္​တည္​ႀကီး ရပ္​​ေနမွာကိုး။
​ေနာက္​တစ္​ခုက Traction Control,အလြယ္​​ေျပာၾကပါစို႔ရဲ႕ ကုပ္​အားကို ထိမ္​း​ေပးထားတာ။တာယာနဲ႔ လမ္​း ၾကားက ကုပ္​အားျမဲျမံမႈကို ​ေပ်ာက္​ဆံုးမသြား​ေအာင္​ ထိမ္​းသိမ္​း​ေပး​ေနတာပါ။သူက ဘာလုပ္​သလဲ ဆို ​ေ႐ွ႕ဘီးနဲ႔ ​ေနာက္​ဘီး အပတ္​​ေရ​ေတြကို Electronic Control Module လို႔​ေခၚတဲ့ onboard computer ဆီကို မျပတ္​သတင္​းပို႔​ေနပါတယ္​။
မိုးရြာလို႔၊ရႊံ့ထူလို႔ ႐ုန္​း​ေနတဲ့ ​ေနာက္​ဘီးက ​ေခ်ာ္​စျပဳၿပီး ​ေ႐ွ႕ဘီးထက္​အပတ္​​ေရ ပိုၿပီ ဆိုတာနဲ႔ ECU က engine မီး​ေပးစနစ္​ကို Milisecond(တစ္​စကၠန္​ တစ္​သန္​းပံုတစ္​ပံု​ေလာက္​) မီးျဖတ္​ပစ္​ပါတယ္​။႐ွင္​း႐ွင္​း​ေျပာရ ရင္​ engine ကိုရပ္​ပစ္​ပါတယ္​။​ေ႐ွ႕ဘီး ​ေနာက္​ဘီး အပတ္​​ေရျပန္​တူမွ engine ကိုမိိီးျပန္​ေပးပါတယ္​။ဒီနည္​းနဲ႔လည္​း ဆိုင္​ကယ္​ကို ​ေမာင္​း​ေနတုန္​း လမ္​းမ​ေခ်ာ္​​ေအာင္​ကာကြယ္​​ေပးပါတယ္​။ဘီး​ေထာင္​ခ်င္​တဲ့လူ drift ဆဲြခ်င္​တဲ့လူ​ေတြအတြက္​က် traction cotrol ကို ပိတ္​ၿပီး ​ေမာင္​းလို႔ရ​ေအာင္​လည္​း လုပ္​​ေပးထားပါတယ္​။
အားလံုးပဲ ဆိုင္​ကယ္​ ဗဟုသုတနဲ႔ ျပည္​့စံုၾကပါ​ေစ။
တစ္ေနရာထဲမွာ ဆိုင္ကယ္အေၾကာင္းေတြကို သိ႐ွိေစရန္ ႐ွာေဖြႏိုင္ေစရန္ရည္ရြယ္လ်က္ ..
General Knowledge for Motorcycle.....
# copy 
#credit Myo Zaw Oo







(Unicode)

ABS system အကြောင်း
#ABS ( Anti-Lock Braking System ) စိတ်ဝင်စားဖို့ကောင်းပါတယ်။

Antilock Braking System ဆိုတာ ဘရိတ်နင်းလိုက်တဲ့ အခါ ဘီးတွေ သေ သွားခြင်းမှ ကာကွယ်ပေးတဲ့ စနစ်ပါ။
ဘရိတ် နင်းရင် ဖမ်းရင် စလစ် ဖြစ်တယ်ဆိုတာ ဖမ်းတဲ့ နင်းတဲ့ လူက အထိတ်တလန့်နဲ့ အသားကုန်ဖမ်းတဲ့အခါ ဘရိတ်က တအားမိပါတော့တယ်။
တအားမိတဲ့ အခါ ဘီးတွေ မလည်နိုင်တော့ပါဘူး။ဘီးကမလည် အရှိန်က ကျန်နေသေးတော့ မလည်တော့တဲ့ ဘီးနဲ့ လမ်းက တရွတ်တိုက် ပွတ်ဆွဲတော့တာပါပဲ။အဲလို တရွတ်တိုက်ရင် လမ်းနဲ့ ဘီး ကုပ်အားပျောက်ဆုံးသွားသလို ဦးတည်ရာကိုလည်း ထိမ်းလို့မရတော့ပါဘူး။စလစ်ဖြစ်ရင် အရှိန်ရဲ့ ဦးတည်ရာအတိုင်းပြေးတော့တာပါပဲ။ထိန်းမရ သိမ်းမရပေါ့။
အဲဒီတော့ ABS က ဘာလုပ်ပေးလဲ ဆိုတော့ နင်းချင်သလောက်ကြမ်းကြမ်းနင်း သူကတော့ ဘီးတွေကိုသေသွားအောင်ဖမ်းမပေးပဲ ဆတ်ခနဲ ဆတ်ခနဲ ပြန်ပြန်လွှတ်ပေးပါတယ်။အဲကြောင့် လမ်းနဲ့ ဘီးနဲ့လည်း အဆက်အသွယ် မပြတ်၊ကုပ်အားလည်း မပျက်ပဲ ထိုက်သင့်တဲ့ အကွာအဝေး အတွင်းမှာ ရပ် သွားပါတယ်။အဲလို ပြန် ပြန် လွှတ်ပေးလို့ ရပ်တဲ့ အကွာပဝေးက တအားဖမ်းလို့ စလစ်ဖြစ် တရွတ်တိုက်ပြီး ရပ်တဲ့ အကွာအဝေးထက် တိုတာကို တွေ့ရပါတယ်။
ABS ပါရင် ပိုအမိကြမ်းတာမဟုတ်ပါဘူး။အမိမကြမ်းပဲ အကွာအဝေး တိုတိုမှာ ရပ်စေတာပါ။ ဆိုင်ကယ်အကြောင်းပဲ ပြောကြရအောင်။စီးတဲ့လူတိုင်းသိပါတယ်။နောက် ဘရိတ်တအားနင်းရင် ဖင်လည်တတ်တယ်ဆိုတာ။နောက်ဘီးက သေ သွားတော့ ရှောထွက်လာတာ ရှေ့ဘီးထက် ပို အရှိန်မြန်တော့ နောက်ကနေ ဘေးဘက်ထွက်လာပြီး ရှေ့ဘီးကို ကျော်ဖို့ကြိုးစားတယ်ပဲ ပြောပါရစေ။အဲတော့ ABS က နောက်ဘရိတ်ချည်းပဲတအားနင်းသော်လည်း နောက်ဘရိတ်အတွက်ပိုနေတဲ့အားတွေကို ECU ကနေတဆင့် ရှေ့ဘရိတ်ဆီကိုပါ ပို့ပေးတာပါ။အဲဒါကြောင့် ဘီးက တည့်တည့်မတ်မတ် သေသေ သပ်သပ် ရပ်ပါတယ်။
1980 BMW K100 Serie မှာ ANS စသုံးပါတယ်။အများက အဲဒါ ဘာကြီးတုန်း လို့မေးတော့ အရှိန်နဲ့မောင်းလာတဲ့ ဆိုင်ကယ်ကို သဲထူထူ ထဲမှာသာ ဘရိတ်ကြမ်းကြမ်း အုပ်ကြည့်ကြပါကုန် လို့ BMW ကပြန်ဖြေပါတယ်။
အခု ဆိုင်ကယ်တွေရောင်းတဲ့အခါ ABS ပါတာနဲ့ မပါတာ ခွဲရောင်းပါတယ်။တစ်ချို့ စိတ်လှုပ်ရှားချင်တဲ့ လူတွေ Stunt ပြချင်တဲ့ လူတွေက ABS ပါတာမကြိုက်ဘူး။ဆိုင်ကယ်က လည်ချင်တိုင်းမလည် drift ဆွဲမရ ဆိုတော့ abs မပါတာကိုလည်း ရွေးကြတယ်။
နောက်ဘရိတ်နင်းပြီး ဖင်လည် ချင်ပေမယ့် သူက ရှေ့ဘရိတ်ပါမိပြီး တည်တည်ကြီး ရပ်နေမှာကိုး။
နောက်တစ်ခုက Traction Control,အလွယ်ပြောကြပါစို့ရဲ့ ကုပ်အားကို ထိမ်းပေးထားတာ။တာယာနဲ့ လမ်း ကြားက ကုပ်အားမြဲမြံမှုကို ပျောက်ဆုံးမသွားအောင် ထိမ်းသိမ်းပေးနေတာပါ။သူက ဘာလုပ်သလဲ ဆို ရှေ့ဘီးနဲ့ နောက်ဘီး အပတ်ရေတွေကို Electronic Control Module လို့ခေါ်တဲ့ onboard computer ဆီကို မပြတ်သတင်းပို့နေပါတယ်။
မိုးရွာလို့၊ရွှံ့ထူလို့ ရုန်းနေတဲ့ နောက်ဘီးက ချော်စပြုပြီး ရှေ့ဘီးထက်အပတ်ရေ ပိုပြီ ဆိုတာနဲ့ ECU က engine မီးပေးစနစ်ကို Milisecond(တစ်စက္ကန် တစ်သန်းပုံတစ်ပုံလောက်) မီးဖြတ်ပစ်ပါတယ်။ရှင်းရှင်းပြောရ ရင် engine ကိုရပ်ပစ်ပါတယ်။ရှေ့ဘီး နောက်ဘီး အပတ်ရေပြန်တူမှ engine ကိုမီးပြန်ပေးပါတယ်။ဒီနည်းနဲ့လည်း ဆိုင်ကယ်ကို မောင်းနေတုန်း လမ်းမချော်အောင်ကာကွယ်ပေးပါတယ်။ဘီးထောင်ချင်တဲ့လူ drift ဆွဲချင်တဲ့လူတွေအတွက်ကျ traction cotrol ကို ပိတ်ပြီး မောင်းလို့ရအောင်လည်း လုပ်ပေးထားပါတယ်။
အားလုံးပဲ ဆိုင်ကယ် ဗဟုသုတနဲ့ ပြည့်စုံကြပါစေ။
တစ်နေရာထဲမှာ ဆိုင်ကယ်အကြောင်းတွေကို သိရှိစေရန် ရှာဖွေနိုင်စေရန်ရည်ရွယ်လျက် ..
General Knowledge for Motorcycle.....
# copy 
#credit Myo Zaw Oo

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...