တစ်လုံးထိုးနှစ်လုံးတော့ရတယ် လေးလုံးထိုးမလုပ်တတ်လို့ လုပ်တတ်ချင်တယ်ဆိုတဲ့ ဝပ်ရှော့ဆရာ ညီငယ်များ
လေးလုံးထိုးမှာ တိုင်ပင်မှန်အောင်တင်တတ်ဖို့က အဓိက
Main ပါပဲ
ပထမဆုံး ပစ်စတင် ဘယ်ညာအစွန်နှစ်လုံးကိုထိပ်ဆုံးရောက်အောင်တင်ပါ
ပြီးရင် ကမ်ရှပ်နှစ်ချောင်းမှာ IN,Exဆိုပြီးရေးထားတာရွေးပြီးတိုင်ပင်ချိန်းနှင်အတူ အင်းလက် အိပ်ဇော မှန်အောင်ဟဒ်ပေါ်တင်ပါ
ကမ်ရှပ်နှစ်ချောင်းမှာ( -In)...( -Ex ) ဆိုတဲ့အမှတ်နှစ်ခုကို ဟဒ် မျက်နှာပြင်နဲ့ တစ်တန်းထဲ ကျအောင်ချိန်ပါ
(အမှတ်ကိုဟဒ်မျက်နှာပြင်အပေါ်ကိုအနဲငယ်ပိုယူထားပါ)
ကမ့်ဘယ်ရင်အုံအုပ်ပြီး နပ်ဆွဲပြီးချိန် ချိန်းဘိတပ်ပြီးချိန်မှာတစ်တန်းထဲကျသွားစေမှာဖြစ်ပါတယ်
1/4ပစ်စတင်ထိပ် ပင်နယံအမှတ် ဟဒ်မျက်နှာပြင်တစ်တန်းထဲကျပြီဆို ဒီအချိန်မှာ No4ဘက်ရှိကမ်ရှပ်ဘု အင်းလက် အိပ်ဇေဖာနှစ်ဘုဟာ မျက်နှာချင်းဆိုင်အနေအထားကျလျက် ဘားလေးလုံးစလုံးကို အနဲငယ် ဖိထားလျှက်ရှိနေရမှာပါ
No1ဘက်က ဘုတွေကတော့ အင်းလက်အျပ်ဇော ကျောခိုင်းလျက်ရှိနေမှာပါ
ကျောခိုင်းခြင်း မျက်နှာဆိုင်ခြင်းများဟာ ဒီဂရီ တူနေရပါမယ်
ဒီဂရီအနဲငယ်လွဲမှားခဲ့လျှင်
အနှိုးခက်ခြင်း
စတတ်ရှည်ခြင်း
ဂီယာNo1/2တွင်အထကောင်းပြီ ကျန်ဂီယာများ၌ဝပ်ကျသွားခြင်း
လီဗာလျေှာ့ပြီးပြန်အထတွင် မထနိုင်ပဲ ဂီယာပြန်ချိန်းမှဖြည်းဖြည်းခြင်းပြန်ထလာနိုင်ခြင်း
ဟိတက်ခြင်း
စက်သံမညက်ညောပဲ ဆူညံသံသဲ့သဲ့ကြားလာရခြင်း
ကာပရိုက်တာလက်ဝါးအုပ်နှိုးမှနိုးနိုင်ခြင်း
စလိုးမရခြင်း
စသည့်လက္ခဏာ များပြသလာမှာ ဖြစ်ပါတယ်
ကမ်ရှပ်ပင်နယံ အမှတ်အသားမရှိခဲ့တော့လျှင် 1/4ထိပ်ထားပြီး4မှာ ကမ်ရှပ်ဘု မျက်နှချင်းဆိုင် ဘားအနဲငယ်ဖိထားလျှက်ပုံစံ(လွှကျိုးတစ်ပြားစာ)ရအောင် ယူပြီးတိုင်ပင်တင်ပါ
ပုံသေမှတ်ထားရမှာက( ပစ်စတင်ထိပ် ဘုကျောခိုင်းနဲ့ချိန်မယ်ဆိုဘုကျောခိုင်းဒီဂရီအညီမှာ ဘားလေးလုံးအကုန်ပိတ်)
ပစ်စတင်ထိပ်( ဘုမျက်နှာချင်းဆိုင်ချိန်မယ်ဆို ဘားလေးလုံးအနဲငယ် ပွင့်ဟလျှက် ယူပြီး ချိန်ရပါမယ်)
ZZR 400 တိုင်ပင်တင်နည်း အရင်လေ့လာလိုက်ပါ
သဘောတရားပိုင်ရင် အကုန်လုပ်လို့ရလာပါလိမ့်မယ်
Hi
ReplyDeleteဆရာကျွန်တော်ဆိုင်ကယ်ပြင်တဲ့သူတစ်ယောက်ပါ
အခုကျွန်တော်s4အပေါခြမ်းကိုင်နေပါတယ်
အခုကပြန်တပ်ဖို့ကိုဘားဟက်ချိန်လို့မရြဖစ်နေလို့ပါ
အင်းလက်ဘား2ဘားဟတယ် အိပ်ဇော်ဘား2ဘားဟနေလိုဆရာ
ဒိုးပြားများလွဲနေလားမသိ့ဘူးဆရာ
ဘယ်လို့လုပ်ရမလဲသင်ပြပေးပာဆရာ