ဆိုင္ကယ္စီးသူတုိင္း သိထားသင့္တဲ့ အေျခခံအခ်က္မ်ား ( ၃ )

ဆိုင္ကယ္စီးသူတုိင္း သိထားသင့္တဲ့ အေျခခံအခ်က္မ်ား  ( ၃ )
==========================================

ဘရိတ္အေၾကာင္း သိေကာင္းစရာ
--------------------------------------

ျပီးခဲ့တဲ့အပတ္က ရႈးဘရိတ္နဲ ့ပတ္သက္ျပီး သိထာင္းသင့္တဲ့အခ်က္အခ်ိဳ ့ကုိ ေဖာ္ျပေပးျပီးျပီမုိ ့ ဒီတပတ္မွာေတာ့ Drum ဘရိတ္နဲ႔ပတ္သက္တဲ့အခ်က္အခ်ိဳ ့ကုိ ေဖာ္ျပေပးလုိက္ရပါတယ္။ 

Drum ဘရိတ္ကုိ  Disk ဘရိတ္စနစ္လုိ႔လည္း ေခၚပါတယ္။ ကားေတြမွာသံုးတဲ့ ABS ဘရိတ္စနစ္ရဲ႕ အေျခခံ အက်ဆံုး ဘရိတ္စနစ္ပဲျဖစ္ပါတယ္။ ၀င္ရိုးရဲ႕ အျပင္ဘက္ကေန Drum တပ္ၿပီး သူ႔ကို ရႈးနဲ႔ ထိန္းပါတယ္။ ဒီဘရိတ္စနစ္မွာအသံထြက္ႏိုင္တဲ့ျဖစ္ရပ္မ်ားမ်ားစားစားေတာ့ မရွိပါဘူး။ အသံထြက္ေနရင္လည္း သူက စစ္ေဆးရလြယ္ပါတယ္။ ျဖစ္ႏိုင္ေခ် ႏွစ္ခုပဲ ရွိပါတယ္။ ပထမ တစ္ခုက ရႈးမ်က္ႏွာျပင္ မညီလုိ႔၊ ေနာက္တစ္ခုက Drum သား လိမ္ေနလို့ပါ။ အဆိုပါ Drumနဲ႔ ရႈးသား ႏွစ္ခုလံုးက ပံုမွန္ အေနအထားမွာ ဘရိတ္ဖမ္းဖို႔ အသင့္ အေနအထားနဲ႔ မ်က္ႏွာျပင္ ႏွစ္ခုဟာ ၂စင္တီမီတာေလာက္ပဲ ကြာၿပီး ရွိေနတာပါ။ တကယ္လို႔ အဆိုပါ မ်က္ႏွာျပင္ ႏွစ္ခုထဲက တခုခု လိမ္ေနမယ္၊ မညီမညာ ျဖစ္ေနမယ္ ဆိုရင္ေတာ့ ေသခ်ာတာက ဘီးလည္တိုင္း အသံထြက္ေနေတာ့မွာပါ။ 

ဘယ္အခ်က္ေတြက Drum ဘရိတ္ကုိထိခိုက္ေစလဲ
------------------------------------------------------------

အရွိန္ျပင္းျပင္းတုိက္မိတာမ်ိဳး၊ လဲေမွာက္ထားတာမ်ိဳးေတြက Drum သားကုိလိမ္ေစပါတယ္။ ရႈးသား မ်က္ႏွာျပင္ မညီညာမႈကေတာ့ အသံုးျပဳခ်ိန္ ၾကာလာတာမ်ိဳးေၾကာင့္လည္း ျဖစ္နုိင္သလုိ တပ္တဲ့အခ်ိန္တုန္းက စနစ္တက်မရွိခဲ့တာေၾကာင့္လည္း ျဖစ္တက္ပါတယ္။ 

အသံျမည္ေနျပီဆုိရင္
------------------------

ဘီးကို ခြေထာက္ ေထာက္ၿပီး လက္နဲ႔ လွည့္ၾကည့္ပါ။ ဘယ္ေနရာက မ်က္ႏွာျပင္ပြတ္တိုက္ေနလဲဆိုတာ စစ္ေဆးပါ။ လိုအပ္တဲ့အပိုင္းကို စစ္ေဆး ျပင္ဆင္ေပးပါ။ Drum ဘရိတ္ေတြက အပိုပစၥည္း ေပါပါတယ္။ ဒါေပမယ့္ ေစ်းေတာ့ႀကီးပါတယ္။ ျပင္ဆင္စရိတ္လည္း မ်ားတက္ပါတယ္။
ko zaw 
#cred  Dragon big bike



(Unicode)

ဆိုင်ကယ်စီးသူတိုင်း သိထားသင့်တဲ့ အခြေခံအချက်များ  ( ၃ )
==========================================

ဘရိတ်အကြောင်း သိကောင်းစရာ
--------------------------------------

ပြီးခဲ့တဲ့အပတ်က ရှုးဘရိတ်နဲ့ပတ်သက်ပြီး သိထာင်းသင့်တဲ့အချက်အချို့ကို ဖော်ပြပေးပြီးပြီမို့ ဒီတပတ်မှာတော့ Drum ဘရိတ်နဲ့ပတ်သက်တဲ့အချက်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။ 

Drum ဘရိတ်ကို  Disk ဘရိတ်စနစ်လို့လည်း ခေါ်ပါတယ်။ ကားတွေမှာသုံးတဲ့ ABS ဘရိတ်စနစ်ရဲ့ အခြေခံ အကျဆုံး ဘရိတ်စနစ်ပဲဖြစ်ပါတယ်။ ဝင်ရိုးရဲ့ အပြင်ဘက်ကနေ Drum တပ်ပြီး သူ့ကို ရှုးနဲ့ ထိန်းပါတယ်။ ဒီဘရိတ်စနစ်မှာအသံထွက်နိုင်တဲ့ဖြစ်ရပ်များများစားစားတော့ မရှိပါဘူး။ အသံထွက်နေရင်လည်း သူက စစ်ဆေးရလွယ်ပါတယ်။ ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိပါတယ်။ ပထမ တစ်ခုက ရှုးမျက်နှာပြင် မညီလို့၊ နောက်တစ်ခုက Drum သား လိမ်နေလို့ပါ။ အဆိုပါ Drumနဲ့ ရှုးသား နှစ်ခုလုံးက ပုံမှန် အနေအထားမှာ ဘရိတ်ဖမ်းဖို့ အသင့် အနေအထားနဲ့ မျက်နှာပြင် နှစ်ခုဟာ ၂စင်တီမီတာလောက်ပဲ ကွာပြီး ရှိနေတာပါ။ တကယ်လို့ အဆိုပါ မျက်နှာပြင် နှစ်ခုထဲက တခုခု လိမ်နေမယ်၊ မညီမညာ ဖြစ်နေမယ် ဆိုရင်တော့ သေချာတာက ဘီးလည်တိုင်း အသံထွက်နေတော့မှာပါ။ 

ဘယ်အချက်တွေက Drum ဘရိတ်ကိုထိခိုက်စေလဲ
------------------------------------------------------------

အရှိန်ပြင်းပြင်းတိုက်မိတာမျိုး၊ လဲမှောက်ထားတာမျိုးတွေက Drum သားကိုလိမ်စေပါတယ်။ ရှုးသား မျက်နှာပြင် မညီညာမှုကတော့ အသုံးပြုချိန် ကြာလာတာမျိုးကြောင့်လည်း ဖြစ်နိုင်သလို တပ်တဲ့အချိန်တုန်းက စနစ်တကျမရှိခဲ့တာကြောင့်လည်း ဖြစ်တက်ပါတယ်။ 

အသံမြည်နေပြီဆိုရင်
------------------------

ဘီးကို ခွထောက် ထောက်ပြီး လက်နဲ့ လှည့်ကြည့်ပါ။ ဘယ်နေရာက မျက်နှာပြင်ပွတ်တိုက်နေလဲဆိုတာ စစ်ဆေးပါ။ လိုအပ်တဲ့အပိုင်းကို စစ်ဆေး ပြင်ဆင်ပေးပါ။ Drum ဘရိတ်တွေက အပိုပစ္စည်း ပေါပါတယ်။ ဒါပေမယ့် ဈေးတော့ကြီးပါတယ်။ ပြင်ဆင်စရိတ်လည်း များတက်ပါတယ်။
ko zaw 
#cred  Dragon big bike

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...