အဂၤ်င္သံက အမ်ိဳးမ်ိဳးထြက္တယ္မၿငိမ္ဘူးဆိုရင္​





(Unicode)
ကျနော်တစ်ခုပြောချင်တာက အင်္ဂျင်တစ်ခုမှာ အသံတွေထွက်လာချင်းတွေပေါ့ တစ်ချို့ကအင်္ဂျင်ခွဲတယ် ပစ္စည်းအသစ်အကုန်ထည့်တယ် ဒါပေမဲ့အင်္ဂျင်သံက အမျိုးမျိုးထွက်တယ်မငြိမ်ဘူး ပြင်လိုက်မှပိုထွက်လာတယ်အဲ့ဒီလိုတွေရှိကြတယ် ရှေ့ချမ်းကိုင်တယ်ထားပါတော့ တစ်ချို့ကဘောရိန်းထိုးတယ် စလစ်ကိုအကျပ်မှကောင်းတယ်ထင်ထားကြတယ် ကျပ်တိုင်းမကောင်းတာတွေရှိတယ် ရိန်းပင်စတင် ထည့်တယ်ဘောရိန်းထိုးတယ် တတ်တယ်စက်နိုးတော့ အသံက ဆောင့်သံလိုလိုတစ်ခုခုနဲ့ရိုက်သံလိုလိုတစ်ချို့ ထွက်တယ်ဘာကြောင့်လဲဆိုတော့ စလစ်ပင်စတင်ကကျပ်ပြီး ကရိုင်း ကွန်နတင်းကကြအင်္ဂျင်အထိုင်တွေဘောထိုင်တွေကကြနေရင် အသံကရှေ့ချမ်းကိုင်လိုက်မှထွက်လာတာကွာလို့ ရှိတယ် ဘာကြောင့်လဲ ကျပ်နေတဲ့ရိန်းပင်စတင် ကို ဆွဲရတဲ့အားက ကရိုင်းကွန်နတင်းချောင်နေရင် အားစိုက်ဆွဲလည်ပတ်ရတော့အပေါ်ကဖိခြလိုက်တဲ့လေဖိအားနဲ့ ကွန်နတင်းက ပင်ကိုသွားဆောင့်တယ် ဒေါက်ဒေါက်အသံ ဂတ်ဂတ်အသံထွက်လာတယ် ကရိုင်းကအသစ်ဖြစ်ပါလျှက် အသံထွက်နေတယ်ထွက်မာပေါ့ အင်္ဂျင်အထိုင်ကဘောထိုင်ကလိုအပ်တာထက်ကယ်ရီပြေးနေတယ်ကြနေတယ်ဆိုရင် လေဖိအား ဆွဲအားက ခါပြီး ဆောင့်စေတယ် ဝေါဝေါဂေါက်ဂေါက်လိုင်သံထွက်လာတယ် ရှေ့ဟတ်အထိုင်တွေကကင်မရှပ်ဘောအထိုင်တွေကြနေရင် စက်အားနဲ့လေဖိအားနဲ့ဆွဲရတဲ့အခါမှာ တောက်တောက်ဂျတ်ဂျတ်တွေ ကင်းမရှပ်ဘောတွေကြနေရင်ဂျက်ဂျက်အသံတွေထွက်ပေါ်စေတယ် ပင်စတင်ရဲ့စကတ်လေးရှည်တဲ့အခါ မာလဲ ကွန်နတင်းနဲ့ ထိပြီးခတ်စေတယ် ဂါဂျီပင်ပေါက်ကကျယ်နေပြီး တောက်တောက် ဂတ်ဂတ်ထွက်စေတယ်  စလစ်ပင်စတင်အသစ်ဖြစ်ပေမယ့်ကရိုင်းက အဟောင်းဖြစ်နေရင်ပေါ့ အားလုံးအသစ်ထည့်လိုက်တယ်ဆိုပါဆိုဘာလိုအသံမငြိမ်တာလဲ ဆိုရင် အင်္ဂျင်ချမ်းတွေရဲ့ဘောထိုင်းတွေဟာ စားနေလို့ပေပြီးကြနေလို့ ပါ တစ်ချို့ကအင်္ဂျင်ခွဲလိုက်ပြီးရင်ပစ္စည်အကုန်အသစ်ထည့်လိုက်ရင် အသံက ဝယ်ခဲ့တုံးကလို ငြိမ်နေမယ်လို့ထင်နေတတ်ကြတယ်ငြိမ်ချင်ကြတယ် ဝယ်ခဲ့တဲ့ဟာကအကုန်အသစ် စနစ်တစ်ကြအကုန်လုပ်ထားတယ် ငြိမ်တယ် အောင်တဲ့ဘီးတွေ သတ်ထုသားကောင်းတဲ့ဘီးတွေဆိုနစ်နဲ့ချီခိုင်တယ်  နောက်မောင်ပြီးလို့ အဆင်မပြေမှအင်္ဂျင်ခွဲကြတယ် ညိမ်နေမယ်လို့ထင်ကြတယ်အသစ်လို မငြိမ်ရတဲ့အကြောင်းတွေရှိတယ် အင်္ဂျင်အထိုင်သတ်ထုသားမကောင်းလို့ကြနေတဲ့ဟာတွေ အောက်ဆီပြတ်ပြီး ကျပ်ထားတဲ့ဟာတွေဆိုရင် ဘယ်လောက်ဘယ်ဟာအကုန်ထည့်ပါစေ အသစ်လိုတော့ဖြစ်မလာဘုးဘာကြောင့်လဲအင်္ဂျင်ဘလောက်အိုးအထိုင်တွေကပေနေစားနေပြီးသာဆိုတော့ ခါတယ်ခတ်တယ် ဆောင့်သံတွေထွက်လာမယ် တစ်ချို့ရိန်းပင်စတင်စလစ်အသစ်လဲတယ်ပေါ့ မလဲခင်က မီးခိုးထွက်ယုံထွက်တာအသံကတစ်အားမထွက်ဘူးတဲ့ပြောကြတယ်ဒီအသစ်ထဲ့ပြင်လိုက်မာ ဆောင့်သံလိုလိုခတ်သံလိုလိုထွက်လာတာတဲ့ ထွက်မာပေါ့ ပထမအဟောင်းကချောင်နေတော့ ကွန်နတင်းကရိုင်းက လေဖိအားနည်းတော့ အားစိုက်မဆွဲရတော့အသံထင်သလောက်မထွက်ဘူး အသစ်ကစေးတယ်လေဖိအားကောင်းလာတော့ ဆွဲအားပါလာတယ် ဆောင့်ရုန်းရုန်းနေရတော့ ဆောင့်သံခတ်သံပါလာမယ် ကွန်နတင်းကရိုင်းဘောထိုင်နေရာတွေကြနေစားနေတော့ ထွက်လာတယ် ရှေ့ကဟတ်ကင်မရှပ်အသစ်ထည့်လည်းထွက်တာပဲလားထွက်တယ် ဟတ်ဘောအထိုင်တွေကြလာရင် ကြနေရင် ဘယ်လောက်သစ်နေပါစေထွက်လာမယ်ပုံမှန်ပါကင်အသစ်လိုငြိမ်မနေဘူး လေ ကွာဟမူတွေကရှိတယ် ဒါကိုတစ်ချို့က မသိကြဘူး အင်္ဂျင်ကိုကြတော့ဆိုင်ကယ်ကောင်းနေတဲ့အချိန်မာဖြစ်သလိုထည့်သုံတယ် ဘာထည့်ထည့်ရတယ်ထင်တတ်ကြတယ်ရတော့ရပါတယ်မောင်းနေတာပဲရပါတယ်ဒါပေမဲ့ ကြရှည်မာ အင်္ဂျင်ကြတာချင်း ကွာတယ် သူနည်းစနစ်နဲ့သူထည့်သုံးတဲ့ဘီးနဲ့ပရမ်းပတာထည့်သုံးတဲ့ဘီးပျက်တာချင်းမတူဘူး ပြင်လိုက်ရင်လဲအသံထွက်တာချင်မတူဘူး အင်္ဂျင်အတိုင်ကောင်းနေသေးတဲ့ဟာကအသံညှက်မယ်ငြိမ်မယ်ကြာရှည်ခံမယ် အင်္ဂျင်အထိုင်တွေမကောင်းတဲ့ဟာက ဘယ်လောက်ကောင်းတာထည့်ထည့် ဘယ်လောက်ပြင်ပြင်  ပြင်ပြီးပျက်ပဲကြာရှည်မခံဘူး ပျက်လွယ်တယ် ထိန်းသိမ်းမူနည်းစနစ်တွေက ပရမ်ပတာဆို ဘယ်တော့မှပြန်မကောင်းနိုင်ဘူး မဆိုးရုံပဲရှိမယ်  အင်္ဂျင်ဆယ်လုံးကိုင် ရင်လဲအင်္ဂျင်အထိုင်အောင်တဲ့ဟာ မကြသေးတဲ့ဟာကအသံငြိမ်မယ် ညှက်မယ်ဆွဲအားကောင်းမယ်မခါဘူး  တစ်ချို့နောက်ထုပ်တဲ့ပစ္စည်းတွေတစ်ချို့က မအောင်တာတွေသတ်ထုသားသံသား ပျော့တာတွေရှိတယ် ရိန်းစလစ်ပင်စတင် အကွာအဝေးတွေ ဟာလွှန်တာတွေရှိတယ် ကရိုင်းကွန်နတင်းတွေကအစ ဘယ်အရာကိုမှတစ်သတ်မှတ်ထဲလို့တွက်ဆယူဆထားလို့မရပါ  ဘောရိန်းထိုးလိုက်မှပြင်လိုက်မှ စက်ကမမှန်တာပူလွယ်တာ ထိုးရပ်တာတွေရှိတယ်ကျပ်လွှန်းပြီးရိန်းပင်စတင်တွေရဲ့အကွာအဝေးက အောက်ဆီပေးပို့ဖို့ အပေါက်အဟမရှိတော့တဲ့အတွက် မပြင်ခင်ကထက်ပိုပြီးဆိုးလာတာတွေရှိတယ် စလစ်ပင်စတင်ရိန်းအသစ်က ချောင်လွှန်းလို့ လေဖိကျစ်အားတွေနည်းပြီး အသစ်လဲလိုက်မှ အရုန်းအဆွဲကြသွားတာတွေရှိတယ်  ဘယ်အရာမှ သတ်မှတ်ထားလို့မရပါ တစ်ချို့ပိုင်ရှင်တွေက ကောင်းချင်လို့လာပြင်တာကောင်းချင်တာပဲသိတယ် ပစ္စည်းတစ်ခုရဲ့အနေအထားလိုအပ်ချက်တွေကိုမသိကြဘူး ရှင်းပြပြန်တော့လဲ လေကြီးတယ် ကြွားတယ် ထင်တတ်ကြတယ် ပစ္စည်းအနေအထားက မကောင်းလို့ ပစ္စည်းဘယ်လောက်ထည့်ထည့်ကောင်းမလာတော့ ပင်ကိုလိုပါကင်လို ကြာရှည်မခံလာတော့ အကြလွယ်တော့ ဘေထိုင်ဘုပြောတတ်ကြတယ် မတတ်ဆရာတွေကဒီခေတ်ထဲပိုများတယ် ပြောပြရင်လက်မခံတတ်ကြဘူး ငါမှအသိငါမှအတတ်ငါမှအတော်ဆုံးလို့ထင်နေတတ်ကြတယ် ဘဝမေ့ဘဝင်မြင့်တတ်ကြတယ် ရောင်ဝါးသမားတွေ ကများတယ်ဘာကိုမှကိုတွေ့မကြုံဘူးမလုပ်ဖူး ပဲသူများပြောသံကြားနဲ့ အီရောင်ဝါး လုပ်တတ်ကြတယ် ယခုလူတစ်ချို့ပိုင်ရှင်တစ်ချို့က  လောကမှာဘာအလုပ်မဆိုလက်တွေ့စမ်းသတ်လုပ်ကြည့်ပြီးမှအတည်အကြသိတာကပိုကောင်းတယ် လုပ်မှလဲသိတာ အတွေ့အကြုံကပညာပဲ မှတ်တတ်ရင် သင်ခန်းစာယူတတ်ရင်ပေါ့ လုပ်ပြီးပျောက်ဆိုရင်တော့သိပ်မတိုးတက်ဘူး လေ ကဲပါကျနော် ကြုံတွေ့ခဲ့ရတာကိုပြောပြတာပါ ဖြစ်တတ်တာတွေကို ကျနော်ကိုတွေ့လဲနဖူးတွေ့ဒုးတွေ့ကြုံခဲ့ဘူးလို့ပါ ကျနော်ကငွေအင်းအားမတတ်နိုင်လို့ဟိုအရင်က သင်းတန်းဆင်းပြီးပြီးချင် ကိုပိုင်ဆိုင်ထောင်မလုပ်နိုင်ပေမဲ့ ကုဏ္မီတွေမာ လုပ်ဘူးနေဘူးပါတယ် ကားပြင် ကားမောင်း ဝပ်ရှော့ပိုင်အကုန်ပေါ့ပျက်တာအကုန်ပြင်ပေးရတယ် လေ ရွှေပြည်တိုး ကုဏ္မီရွှေတူဖော်ရေးပေါ့ သစ်ကွင်းကုဏ္မီ မြတ်နိုးသူ  တို့ ထူးကုဏ္မီ  တို့ ထွန်းမြင့်အောင်ကုဏ္မီတို့ မာလုပ်ဘူးပါတယ်  မန်းတလေး ဗမောက်  ဖောင်းပြင် ဟိုပင် မြစ်ကြီးနား တရုပ် ချန်ဖူးရန်းကုဏ္မီတွေမာပေါ့ နေဘူးတယ်လုပ်ဘူးတယ်အတွေ့အကြုံလူတွေရဲ့ ပြောဆိုပုံတွေယူဆပုံတွေပေါ့ ဗျာ ကဲအင်္ဂျင်ပိုင်း ကျနော်တတ်သလောက်တွေ့ကြုံဘူးသလောင် လေ့လာရသလောက်ပြောပြတာပါ မိတိဆွေတို့ အားလုံးကိုလေးစားလျှက်  
မူရင်း👉စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်ခရိုင် တွင်နေသော ဝပ်ရှော့ ဆရာ နေလင်း

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...