EFI အကြောင်း
>>>>>>>>>>>>>>>>>>>>>>>>>
READY TO RACE >>>
Crd ..
(Unicode)
EFI အကြောင်း
Electronic Fuel Injection (EFI) ဆိုတာကတော့ အီလက်ထရောစနစ်သုံး ဆီဖျန်းစနစ်လို့ အခြေခံအားဖြင့်မှတ်ယူနိုင်ပါတယ်။
ကာဘရိုက်တာ ဆီပေးစနစ်နောက်ပိုင်း ပေါ်ထွက်လာတဲ့ နည်းပညာအသစ်ပေါ့ဗျာ။
>>> ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ အာရုံခံကိရိယာတွေ၊ အီလက်ထရောနစ်သတင်းအချက်အလက်စီးကူးမှုတွေ၊ ပင်မှထိန်းချုပ်မှု ကွန်ပျူ တာစနစ်တွေ၊ အီလက်ထရောနစ်စနစ်နဲ့ အမိန့်ပေးစေခိုင်းမှုတွေ၊ တိုင်ပင်ကိုက် ချိတ်ဆက်ဆောင်ရွက်မှုတွေ ဒီစနစ်ထဲမှာ ပါဝင်ပါတယ်။
>>> အခြေခံအားဖြင့် Rider က လီဗာကို အတိုးအလျှော့လုပ်တဲ့အခါ၊ မီးလောင်ပေါက်ကွဲခန်းဆီကို လေတွေပို့ပေးဖို့ လေတံခါက ပမာန အနည်း အများကို Rider ထိန်းချုပ်တဲ့အတိုင်း လှပ်ပေးပါတယ်။
လီဗာသာသာလေးဆွဲလိုက်ရင်၊ လေတံခါး နည်းနည်းပဲလှပ်ပေးပြီး လေနည်းနည်းပဲ မီးလောင်ပေါက်ကွဲခန်းထဲပို့ပေးမယ်။
လီဗာများများဆွဲလိုက်ရင်၊ လေတံခါး များများပွင့်ပြီး၊ မီးလောင်ပေါက်ကွဲခန်းထဲကို လေများများပို့ပေးမယ်။ အဲ့လိုပါ။
>>> ဟုတ်ပြီ။ EFI စနစ်မှာ ဝင်လာတဲ့ လေထုထည်ပမာဏ အနည်းအများကို Air Pressure Sensor (လေဖိအား အာရုံခံကိရိယာ) က အာရုံခံသိရှိပြီး၊ ဒီသတင်းအချက်အလက်ကို ECU (ပင်မထိန်းချုပ်မှုစင်တာ) သို့ ပေးပို့မယ်။ ECU မှ ဒီအချက်အလက်ကို ရယူပြီး လေပမာဏအနည်းအများအလိုက် သင့်တော်တဲ့ ဆီပမာဏကို Injector မှ ဖျန်းစေပါတယ်။
>>> သတင်းအချက်အလက်များကို အီလက်ထရွန်စီးကူးမှုစနစ်နဲ့ ပေးပို့လို့ အင်မတန်မြန်ဆန် တိကျပါတယ်။
>>> EFI စနစ်မှာ ဆီ လေ အချိုးကို အလွန်တိကျစေပါတယ်။( အခြား Oxygen Sensor တွေက ဆီလေအချိုးကို ပိုမိုတိကျစေကြောင်း လေ့လာနိုင်သေး)
>>> EFI စနစ်မှာ ဆီကို အမှုန်အမွှားအနေနဲ့ ဖျန်းပေးနိုင်လို့ လေနဲ့ ပိုမိုပေါင်းစပ်နိုင်ပါတယ်။
>>> အဲ့တော့ EFI ဆီပေးစနစ်မှာ ဆီလေအချိုး ရောစပ်မှုလည်း မှန်မှန်ကန်ကန် တိတိကျကျ၊ ဆီလေ ပေါင်းစပ်နိုင်မှုလည်း အားကောင်းတော့ကာ၊ ပလပ်က မီးခတ်လိုက်တာနဲ့ အုန်းခနဲ စွမ်းအားအပြည့်နဲ့ ပေါက်ကွဲနိုင်ပြီပေါ့။
>>> ပေါက်ကွဲအားကောင်းတယ်၊ လောင်စာတွေ အပြည့်အ၀ လောင်ကျွမ်းနိုင်တယ်။ ဓာတ်ငွေ့ဆိုးထွက်တာ နည်းသွားတယ်။ လောင်စာဆီ သုံးစွဲမှု ထိရောက်သွားတယ်၊ စတဲ့ စတဲ့ အင်ဂျင်စွမ်းရည်ကို အခြေခံအားဖြင့် ကောင်းမွန်စေတဲ့အကျိုးကျေးဇူးတွေ အများကြီးပါပဲ။
>>>>>>>>>>>>>>>>>>>>>>>>>
KTM 200 DUKE နဲ့ RC 200 ဆိုင်ကယ်များတွင် ဂျာမန်နည်းပညာသုံး BOSCH EFI ဆီပေးစနစ်ကို တပ်ဆင်ထားပါတယ်။
READY TO RACE >>>
Crd ..
No comments:
Post a Comment