ဆိုင္ကယ္တစ္စီး ဘက္ထရီအားမဝင္ေတာ့ဘူး ဆိုရင္ /ဘက္ထရီေတြဗိုက္ေဖာင္းလာၿပီဆိုရင္

ဆိုင္ကယ္တစ္စီး ဘက္ထရီအားမဝင္ေတာ့ဘူး ဆိုရင္ /ဘက္ထရီေတြဗိုက္ေဖာင္းလာၿပီဆိုရင္/ စီးရင္းနဲ႔ေရွ႕မီးကမွိန္မွိန္ေလးျဖစ္သြားၿပီဆိုရင္/ ေရွ႕မီးဖြင့္ၿပီးလီဘာဆြဲရင္စက္သံေဖာက္လာၿပီး
မီးပိတ္ၿပီးေမာင္းရင္စက္သံအမွန္ဘဲဆ္ိုရင္ /ဘက္ထရီအိုးအသစ္လဲၿပီးေသာ္လဲ တစ္ရက္နစ္ရက္ဆိုအရင္အတိုင္းဘဲစတတ္မရေတာ့ဘူးဆိုရင္/ဒိုင္အုပ္ေဆာ့ကစ္ျဖဳတ္ထားမွစက္ႏိုးလို႔ရတယ္ဆိုရင္/လီဘာဆြဲေသာ္လည္းhigh speedတင္မရဘူးစက္သံက တစ္ဒိန္းဒိန္းနဲ႔ဝပ္က်သြားတယ္ဆိုရင္ သင္ဘာေတြကိုစစ္ေဆးမလဲ။အလြယ္ကူဆုံး
ေျပာရရင္ ခ်ာခ်င္ပိုင္းစနစ္ေတြခ်ိဳ႕ယြင္းလို႔ျဖစ္တာ ဒီေတာ့ ခ်ာခ်င္ပိုင္းပစၥည္းမ်ားကိုစစ္ေဆးမယ္။ပထမဆုံးကြိဳင္ေတြစစ္မယ္ ေကာင္းမေကာင္း ကြိဳင္နဲ႔ဒိုင္အုပ္မွန္ကန္မႈရွိမရွိစစ္ရပါမယ္ သံလိုက္အုံအတြင္းကြိဳင္ဝါယာႀကိဳးေတြသံလိုက္ဘီးနဲ႔ထိၿပီးေပါက္မေပါက္စစ္ရမယ္ကြိဳင္ေကာင္းမေကာင္းစစ္ဖို႔ကေတာ့မ်က္ျမင္နဲ႔ၾကည့္မယ္ဆိုရင္ခ်ာခ်င္ကြိဳင္ေတြညိဳမဲေနသလားဆိုတာၾကည့္မယ္ ဘာေၾကာင့္ညိဳမဲေနရသလဲကြိဳင္ရဲ႕အေပၚရံinsulator လွ်ပ္ကာေတြေပါက္ၿပဲေနလို႔ ကြိဳင္ေဖာ္မာေပၚမွာေဘာ္ဒီအပ္မိေနလို႔ ေလာင္ကြၽမ္းၿပီးေပါက္ၿပဲကုန္တာပါ။ကြိဳင္နဲ႔ဒ္ိုင္အုပ္ကိုက္မကိုက္စစ္ရမယ္ဆိုတာက ဝါဝါကိုဒိုင္အုပ္အေသးတပ္ထားရင္မွားေနၿပီကြိဳင္ခနတိုင္းေလာင္တတ္ပါတယ္။ဝါျဖဴကိုဒိုင္အုပ္အႀကီးသုံးထားရင္လဲမွားေနၿပီကြိဳင္နဲ႔ဒိုင္အုပ္မကိုက္ညီဘူးလိုက္ကြိဳင္ေလာင္တတ္ပါတယ္။သာမန္အားျဖင့္ကြိဳင္ေတြမွာႀကိဳးအေရာင္အျဖဴပါလာရင္ ေဘာ္ဒီအပ္ခ်ထားတဲ့ကြိဳင္ဒိုင္အုပ္အေသးရဲ႕သေဘာတရားကိုအေျခခံအသုံးျပဳထားတတ္ပါတယ္။အဝါေရာင္အသုံးျပဳထားေသာကြိဳင္ေတြကေတာ့မ်ားေသာအားျဖင့္ေဘာ္ဒီအပ္မခ်ထားပါဘူးဒိုင္အုပ္အႀကီးရဲ႕သေဘာတရားကိုအေျခခံပါတယ္။ကြိဳင္ၿပီးရင္ကြိဳင္ကိုလွ်ပ္စီးျဖစ္ေအာင္ညိဳ႕ေပးတဲ့သံလိုက္တုန္းႀကီးကလဲခ်ာခ်င္ပိုင္းစနစ္ရဲ႕အဓိကဌာနခ်ဳပ္ႀကီးေပါ႔ လူေတြကသူ့ကိုေမ့ထားၾကတယ္။သူမပါဘဲမီးမထြက္ႏိုင္ပါဘူး ခ်ာခ်င္အနည္းအမ်ားဟာလဲသံလိုက္တုန္းအက်ဉ္းအက်ယ္ေပၚမူတည္ေနတယ.်ဆိုတာသတိျပဳရပါမယ္။သံလိုက္တုန္းကိုအတြင္းအခ်င္းတိုင္းတာရမယ္ခ်ာခ်င္အဝင္အနည္းအမ်ားေပၚမူတည္ၿပီးသံလိုက္တုန္းလဲလွယ္ရတာမ်ိဳးရွိတယ္။သံလိုက္နဲ႔ ကြိဳင္ အေၾကာင္းၿပီးပီဆိုေတာ့ ဒိုင္အုပ္အေၾကာင္းေလးေျပာျပမယ္ သံလိုက္ကနကြိဳင္ကိုညိဳ႕ေပးလိုက္တဲ့Acဗို႔အားဟာဒိုင္အုပ္ဆီသို႔ဆက္သြယ္ထားတဲ့ဝါယာလိုင္းအတိုင္းေရာက္ရွိပါတယ္ဒီအခါမွာဒိုင္အုပ္ဟာသူလုပ္ေဆာင္ရမယ့္လုပ္ငန္းစဉ္အတိုင္းDcဗို႔အားရရွိေအာင္စစ္ထုတ္ေပးၿပီးအနီႀကိဳးမွတဆင့္ျဖဴးခံၿပီးဘက္ထရီအိုးအတြင္းသို႔ဝင္ေရာက္ပါတယ္။ဒါေၾကာင့္ျဖဴးဟာလဲခ်ာခ်င္ပိုင္းအတြက္အေရးပါတယ္။ျဖဴးအိမ္ဟာမထိတထိလြတ္ေနမယ္ဆိုရင္ျဖဴးအိမ္ႀကိဳးေတြampမေတာင့္ဘူးဆိုရင္charging အဝင္မေကာင္းႏိုင္ပါဘူး။ေနာက္တစ္ခုကဘက္ထရီခ်ာခ်င္မဝင္ဘူးကြိဳင္လဲေကာင္းတယ္ဒိုင္အုပ္လဲေကာင္းတယ္အားလုံးအသစ္ပဲ ဘာလို႔မဝင္ရတာလဲ ရွင္းပါတယ္ သံလိုက္ညိဳ႕အားနည္းေနလို႔သံလိုက္ျပန္စစ္ပါ။သံလိုက္ညိဳ႕အားနည္းေနရင္ကြိဳင္ကိုလွ်ပ္စစ္ထုတ္ေပးမႈပမာဏက်ဆင္းလာမယ္ ဒီလိုက်ဆင္းလာရင္ ဒိုင္အုပ္သို႔အဝင္နည္းလာမယ္ ဒိုင္အုပ္အဝင္နည္းလာရင္ အထြက္လည္းနည္းလာမယ္ အထြက္နည္းလာရင္ ဘက္ထရီဟာ အဝင္အထြက္မကိုက္ညီေတာ့ဘူး ဒါဆိုရင္ ဘက္ထရီဟာအားမေနႏိုင္ေတာ့ဘဲ ပ်က္စီးႏိုင္တယ္။ေနာက္တစ္ခုကေလးစcdiအသုံးျပဳထားတယ္ ေျခာက္စအသုံးျပဳထားတယ္ဆိုတဲ့battery typeေတြမွာဒီလိုခ်ာခ်င္အဝင္ထိုင္းေနတဲ့အခ်ိန္ေရွ႕မီးေလးထြန္းလိုက္တာနဲ႔စက္ေသေသသြားတယ္ညပိုင္းမွာေရွ႕မီးဖြင့္ၿပီးစီးမရေတာ့ဘူးစတဲ့ျပသနာေတြျဖစ္လာႏိုင္တယ္။ဘက္ထရီးအိုးတစ္လုံးဗိုက္ေဖာင္ေနတယ္သာမန္အားျဖင့္ၾကည့္ၿပီးဆုံးျဖတ္မယ္ဆိုရင္ ခ်ာခ်င္အဝင္မ်ားလို႔ေပါ႔ ဘာေၾကာင့္မ်ားေနရတာလဲ မ်က္ျမင္နဲ႔ေျပာမယ္ဒိုင္အုပ္လဲၾကည့္မယ္ဘက္ထရီျဖဳတ္ၿပီးေရွ႕မီးထြန္းၿပီးလီဘာဆြဲၾကည့္မယ္သာမန္အားျဖင့္ဒိုင္ခြက္ဖရီးမီးမကြၽမ္းဘူးေရွ႕မီးမကြၽမ္းဘူးဆိုရင္ရၿပီ။တပည့္မ်ားအားလုံး ဝါယာရိန္းပညာမ်ားတတ္ေျမာက္ႏိုင္ၾကပါေစ 

မူရင်း ဆရာစြမ္းႏိုင္ဆင္ျဖဴကြၽန္း။
crd.



(Unicode)

ဆိုင်ကယ်တစ်စီး ဘက်ထရီအားမဝင်တော့ဘူး ဆိုရင် /ဘက်ထရီတွေဗိုက်ဖောင်းလာပြီဆိုရင်/ စီးရင်းနဲ့ရှေ့မီးကမှိန်မှိန်လေးဖြစ်သွားပြီဆိုရင်/ ရှေ့မီးဖွင့်ပြီးလီဘာဆွဲရင်စက်သံဖောက်လာပြီး
မီးပိတ်ပြီးမောင်းရင်စက်သံအမှန်ဘဲဆိုရင် /ဘက်ထရီအိုးအသစ်လဲပြီးသော်လဲ တစ်ရက်နစ်ရက်ဆိုအရင်အတိုင်းဘဲစတတ်မရတော့ဘူးဆိုရင်/ဒိုင်အုပ်ဆော့ကစ်ဖြုတ်ထားမှစက်နိုးလို့ရတယ်ဆိုရင်/လီဘာဆွဲသော်လည်းhigh speedတင်မရဘူးစက်သံက တစ်ဒိန်းဒိန်းနဲ့ဝပ်ကျသွားတယ်ဆိုရင် သင်ဘာတွေကိုစစ်ဆေးမလဲ။အလွယ်ကူဆုံး
ပြောရရင် ချာချင်ပိုင်းစနစ်တွေချို့ယွင်းလို့ဖြစ်တာ ဒီတော့ ချာချင်ပိုင်းပစ္စည်းများကိုစစ်ဆေးမယ်။ပထမဆုံးကွိုင်တွေစစ်မယ် ကောင်းမကောင်း ကွိုင်နဲ့ဒိုင်အုပ်မှန်ကန်မှုရှိမရှိစစ်ရပါမယ် သံလိုက်အုံအတွင်းကွိုင်ဝါယာကြိုးတွေသံလိုက်ဘီးနဲ့ထိပြီးပေါက်မပေါက်စစ်ရမယ်ကွိုင်ကောင်းမကောင်းစစ်ဖို့ကတော့မျက်မြင်နဲ့ကြည့်မယ်ဆိုရင်ချာချင်ကွိုင်တွေညိုမဲနေသလားဆိုတာကြည့်မယ် ဘာကြောင့်ညိုမဲနေရသလဲကွိုင်ရဲ့အပေါ်ရံinsulator လျှပ်ကာတွေပေါက်ပြဲနေလို့ ကွိုင်ဖော်မာပေါ်မှာဘော်ဒီအပ်မိနေလို့ လောင်ကျွမ်းပြီးပေါက်ပြဲကုန်တာပါ။ကွိုင်နဲ့ဒိုင်အုပ်ကိုက်မကိုက်စစ်ရမယ်ဆိုတာက ဝါဝါကိုဒိုင်အုပ်အသေးတပ်ထားရင်မှားနေပြီကွိုင်ခနတိုင်းလောင်တတ်ပါတယ်။ဝါဖြူကိုဒိုင်အုပ်အကြီးသုံးထားရင်လဲမှားနေပြီကွိုင်နဲ့ဒိုင်အုပ်မကိုက်ညီဘူးလိုက်ကွိုင်လောင်တတ်ပါတယ်။သာမန်အားဖြင့်ကွိုင်တွေမှာကြိုးအရောင်အဖြူပါလာရင် ဘော်ဒီအပ်ချထားတဲ့ကွိုင်ဒိုင်အုပ်အသေးရဲ့သဘောတရားကိုအခြေခံအသုံးပြုထားတတ်ပါတယ်။အဝါရောင်အသုံးပြုထားသောကွိုင်တွေကတော့များသောအားဖြင့်ဘော်ဒီအပ်မချထားပါဘူးဒိုင်အုပ်အကြီးရဲ့သဘောတရားကိုအခြေခံပါတယ်။ကွိုင်ပြီးရင်ကွိုင်ကိုလျှပ်စီးဖြစ်အောင်ညို့ပေးတဲ့သံလိုက်တုန်းကြီးကလဲချာချင်ပိုင်းစနစ်ရဲ့အဓိကဌာနချုပ်ကြီးပေါ့ လူတွေကသူ့ကိုမေ့ထားကြတယ်။သူမပါဘဲမီးမထွက်နိုင်ပါဘူး ချာချင်အနည်းအများဟာလဲသံလိုက်တုန်းအကျဉ်းအကျယ်ပေါ်မူတည်နေတယ.ျဆိုတာသတိပြုရပါမယ်။သံလိုက်တုန်းကိုအတွင်းအချင်းတိုင်းတာရမယ်ချာချင်အဝင်အနည်းအများပေါ်မူတည်ပြီးသံလိုက်တုန်းလဲလှယ်ရတာမျိုးရှိတယ်။သံလိုက်နဲ့ ကွိုင် အကြောင်းပြီးပီဆိုတော့ ဒိုင်အုပ်အကြောင်းလေးပြောပြမယ် သံလိုက်ကနကွိုင်ကိုညို့ပေးလိုက်တဲ့Acဗို့အားဟာဒိုင်အုပ်ဆီသို့ဆက်သွယ်ထားတဲ့ဝါယာလိုင်းအတိုင်းရောက်ရှိပါတယ်ဒီအခါမှာဒိုင်အုပ်ဟာသူလုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်အတိုင်းDcဗို့အားရရှိအောင်စစ်ထုတ်ပေးပြီးအနီကြိုးမှတဆင့်ဖြူးခံပြီးဘက်ထရီအိုးအတွင်းသို့ဝင်ရောက်ပါတယ်။ဒါကြောင့်ဖြူးဟာလဲချာချင်ပိုင်းအတွက်အရေးပါတယ်။ဖြူးအိမ်ဟာမထိတထိလွတ်နေမယ်ဆိုရင်ဖြူးအိမ်ကြိုးတွေampမတောင့်ဘူးဆိုရင်charging အဝင်မကောင်းနိုင်ပါဘူး။နောက်တစ်ခုကဘက်ထရီချာချင်မဝင်ဘူးကွိုင်လဲကောင်းတယ်ဒိုင်အုပ်လဲကောင်းတယ်အားလုံးအသစ်ပဲ ဘာလို့မဝင်ရတာလဲ ရှင်းပါတယ် သံလိုက်ညို့အားနည်းနေလို့သံလိုက်ပြန်စစ်ပါ။သံလိုက်ညို့အားနည်းနေရင်ကွိုင်ကိုလျှပ်စစ်ထုတ်ပေးမှုပမာဏကျဆင်းလာမယ် ဒီလိုကျဆင်းလာရင် ဒိုင်အုပ်သို့အဝင်နည်းလာမယ် ဒိုင်အုပ်အဝင်နည်းလာရင် အထွက်လည်းနည်းလာမယ် အထွက်နည်းလာရင် ဘက်ထရီဟာ အဝင်အထွက်မကိုက်ညီတော့ဘူး ဒါဆိုရင် ဘက်ထရီဟာအားမနေနိုင်တော့ဘဲ ပျက်စီးနိုင်တယ်။နောက်တစ်ခုကလေးစcdiအသုံးပြုထားတယ် ခြောက်စအသုံးပြုထားတယ်ဆိုတဲ့battery typeတွေမှာဒီလိုချာချင်အဝင်ထိုင်းနေတဲ့အချိန်ရှေ့မီးလေးထွန်းလိုက်တာနဲ့စက်သေသေသွားတယ်ညပိုင်းမှာရှေ့မီးဖွင့်ပြီးစီးမရတော့ဘူးစတဲ့ပြသနာတွေဖြစ်လာနိုင်တယ်။ဘက်ထရီးအိုးတစ်လုံးဗိုက်ဖောင်နေတယ်သာမန်အားဖြင့်ကြည့်ပြီးဆုံးဖြတ်မယ်ဆိုရင် ချာချင်အဝင်များလို့ပေါ့ ဘာကြောင့်များနေရတာလဲ မျက်မြင်နဲ့ပြောမယ်ဒိုင်အုပ်လဲကြည့်မယ်ဘက်ထရီဖြုတ်ပြီးရှေ့မီးထွန်းပြီးလီဘာဆွဲကြည့်မယ်သာမန်အားဖြင့်ဒိုင်ခွက်ဖရီးမီးမကျွမ်းဘူးရှေ့မီးမကျွမ်းဘူးဆိုရင်ရပြီ။တပည့်များအားလုံး ဝါယာရိန်းပညာများတတ်မြောက်နိုင်ကြပါစေ 

မူရငျး ဆရာစွမ်းနိုင်ဆင်ဖြူကျွန်း။
crd.

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...