ဆိုင္ကယ္အင္ဂ်င္ေတြမွာ အင္ဂ်င္ဝိုင္

ဆိုင္ကယ္အင္ဂ်င္ေတြမွာ အင္ဂ်င္ဝိုင္
=========================
ဘာေႀကာင့္စားေနတာလဲ
=================
      အင္ဂ်င္တစ္လံုး ေကာင္းေကာင္းအလုပ္ လုပ္နိူင္ဖို႔အတြက္ အင္ဂ်င္ဝိုင္ေခ်ာဆီသည္
မရွိမျဖစ္ အသက္ေသြးေႀကာျဖစ္ပါသည္။အင္ဂ်င္
မနိူးခင္မွာ အင္ဂ်င္ဝိုင္တိုင္းပါ။ဒါမွ အင္ဂ်င္ဝိုင္ စား| မစား/ေလ်ာ့ မေလ်ာ့ သိနိူင္ပါသည္။အင္ဂ်င္အစိတ္အပိုင္းေတြမွာေခ်ာ ေခ်ာ ေမြ႔ေမြ႔ လည္ပတ္နိူင္ဖို႔ အင္ဂ်င္ဝိုင္က အဓိကက်ပါတယ္။ေနာက္တမ်ိဳးကေတာ့ အင္ဂ်င္အတြင္းပိုင္း အေအးခံဖို႔ႏွင့္သံထည္ပစၥည္းေတြ မပ်က္စီးေစဖို႔ႏွင့္Compression ေကာင္းေစဖို႔အတြက္ အဓိကတာဝန္ေတြကိုလည္း အင္ဂ်င္ဝိုင္ကလုပ္ေဆာင္ေပးပါတယ္။
     အင္ဂ်င္ဝိုင္ခန္းတာတို႔အင္ဂ်င္ဝိုင္ေလ်ာ့နည္းတာတို႔ဆိုင္ကယ္ေမာင္းသူတိုင္း ေတြ႔ႀကံဳရတ့ဲျပႆနာတစ္ရပ္ပါ။အင္ဂ်င္ဝိုင္ခန္းတ့ဲျပႆနာက ရိုးရိုးခန္းတာမဟုတ္ဘဲ  ထူးထူးျခားျခားခန္းျပီးဆိုရင္ေတာ့ ျပႆနာရွိေနလို႔ပါဘဲ။အင္ဂ်င္ဝိုင္ အကုန္ျမန္ေနတာ ဒါမွမဟုတ္အင္ဂ်င္ဝိုင္စားေနတာဟာ အႏၲရာယ္
ရွိပါတယ္။
     ေန့တိုင္းအင္ဂ်င္ဝိုင္တိုင္းျပီး လိုေနတာထက္ျဖည့္ေပးေနရျပီဆိုရင္ အလုပ္ရူပ္
ျပီးစိတ္အေနွာက္အယွက္ျဖစ္တက္ပါတယ္။ဘာေႀကာင့္ အင္ဂ်င္ဝိုင္ေတြ ေလ်ာ့သြားတာလဲ။အင္ဂ်င္က်  ေနလို႔လားဒါမွမဟုတ္အင္ဂ်င္ဝိုင္ေတြယိုေနလို႔လား စစ္ေဆးဖို႔လိုအပ္ပါတယ္။
          အင္ဂ်င္ေတြမွာ  အင္ဂ်င္ဝိုင္အစားမ်ားရတ့ဲအေႀကာင္းရင္း မ်ားစြာရွိပါတယ္။ အင္ဂ်င္အတြင္းပိုင္းက pistonန႔ဲစလစ္ႀကားမွာ Ring ကြင္းေတြတပ္ဆင္ထားပါတယ္။piston တစ္လံုးမွာ Compression Ringနင့္Oil Ring ဆိုျပီး ရိန္းကြင္းေတြ တပ္ဆင္ထားပါတယ္။အင္ဂ်င္လည္ပတ္အလုပ္လုပ္တ့ဲအခ်ိန္မွာ piston တစ္လံုးဟာ စလစ္ထဲမွာ ေရွ့  ေနာက္ေရြ့လ်ားပါတယ္။စလစ္န႔ဲ
ပင္စၥတင္ႀကားမွာ ရိန္းကြင္းေလးေတြက စလစ္နံရံေတြရွိတ့ဲ အင္ဂ်င္ဝိုင္ေတြကို ျခစ္ခ်ေပးရပါတယ္။အင္ဂ်င္သက္တမ္းႀကာလာတာန႔ဲအမ်ွ စလစ္ နံရံေတြေရာ ပင္စၥတင္ ရိန္းကြင္းေတြပါ  ေခ်ာင္တက္ပါတယ္။ရိန္းကြင္းေတြမလံုရင္ အင္ဂ်င္ေပါက္ကြဲေလာင္ကြ်မ္းတိုင္း အင္ဂ်င္ဝိုင္
ေတြ မီးေလာင္ျပီး အိတ္ေဇာပိုက္ထဲကေန အျပင္သို႔ ေရာက္ရွိပါတယ္။ 
     ပင္စၥတင္ ရိန္းကြင္းေတြ တပ္ဆင္ပံု မွန္ကန္မူ
မရွိရင္လည္း အင္ဂ်င္ဝိုင္စားနိူင္ပါတယ္။ ေနာက္ျပႆနာတစ္ခုကေတာ့အင္ဂ်င္ Head ထဲ မွာရွိတ့ဲ  ဘား / ဘားအဝိုင္းစိ  ဘားကိုက္ေတြစားျပီး ေခ်ာင္ေနရင္ အင္ဂ်င္ဝိုင္
ယိုစိမ့္ျပီး အင္ဂ်င္မီးေလာင္ေပါက္ကြဲတ့ဲ အခါမွာ ေရာျပီးဆံုးရံူးသြားပါတယ္။
      အင္ဂ်င္Head ထဲမွာ ဆီဘားနွင့္မီးဘားေတြကို ဘားကိုက္ထဲမွာ အံဝင္ဂြင္က်ထည့္ထားရပါတယ္။Valve ေတြကို
ဖြင့္လိုက္ ပိတ္လိုက္ ေရြ့လ်ားေအာင္ Cam Shaft
ေတြကလုပ္ေဆာင္ေပးရပါတယ္။ဒီလိုလုပ္ရွားေပးတ့ဲအခ်ိန္မွာ ပြတ္စားမူသက္သာေအာင္ အင္ဂ်င္ဝိုင္ေခ်ာဆီက လုပ္ေဆာင္ေပးပါတယ္။
ဒီလို ပြတ္စားမူသက္သာေအာင္လို႔ လုပ္ေဆာင္ေပးတ့ဲ အခ်ိန္မွာ ဒီေခ်ာဆီေတြ အင္ဂ်င္ မီးေလာင္ခန္းထဲ ေရာက္မသြားေအာင္လို႔ ဘားအဝိုင္းစိေလးေတြက တားဆီးေပးပါတယ္။ 
စလစ္တစ္လံုးအတြက္ ဘားနွစ္ေခ်ာင္း သို႔မဟုတ္ဘားေလးေခ်ာင္း အင္ဂ်င္ေပၚမူတည္ျပီး ရွိတက္ပါတယ္။အင္ဂ်င္သက္တမ္းႀကလာရင္ ဘားစိ ဘားကိုက္ေတြေခ်ာင္တက္ပါတယ္။ဒီလိုေခ်ာင္ေနျပီဆိုရင္ေတာ့ အင္ဂ်င္ဝိုင္ေတြ ဆီလိုအေပါက္ရွာျပီးထြက္လာတက္ပါတယ္။
      အင္ဂ်င္ဝိုင္ေလွ်ာ့နည္းေစတ့ဲေနာက္မ်ိဳးကေတာ့
အင္ဂ်င္ဝိုင္ေတြ ယိုစိမ့္ေနျခင္းပါဘဲ။အင္ဂ်င္မွာ ဘယ္နားကေန အင္ဂ်င္ဝိုင္ယိုစိမ့္ေနတာလဲ ေသခ်ာစြာစစ္ေဆးပါ။အင္ဂ်င္မွာအဝိုင္းစီး မ်ားစြာရွိပါတယ္။သံလိုက္အံု ဘက္ျခမ္းက ယိုေနတာလား ကလပ္အံုကလား အလည္ျခမ္းကလား အေရွ့ျခမ္းကလား တိုက္ပစ္အဖုံးေတြကလား ေသခ်ာစြာစစ္ေဆးဖို႔လိုပါတယ္။ မိန္းအဝိုင္းစီးေတြ မေကာင္းရင္လဲအင္ဂ်င္ဝိုင္ယိုစိမ့္တက္ပါတယ္။
ဂတ္စက္ေတြပ်က္ေနတယ္ဆိုရင္ ဂတ္စကက္ေတြလဲေပးသင့္ပါတယ္။ အင္ဂ်င္ဝိုင္
ယိုတ့ဲေနယာေတြအားလံုးကို စစ္ေဆးပါ။
           အင္ဂ်င္က်လို႔အင္ဂ်င္ဝိုင္စားတာမ်ားတယ္ဆိုရင္
အင္ဂ်င္ကိုင္ဖို႔ စစ္ေဆးရပါမယ္။အင္ဂ်င္ဖြင့္ျပီး
အေသးစားျပဳျပင္ဖို႔ အႀကီးစားျပဳျပင္ဖို႔ စစ္ေဆးရပါတယ္။ အင္ဂ်င္Headန႔ဲဂတ္စကက္ေတြစစ္ပါ။ဘားေတြရ႔႕ အေျခအေနကိုစစ္ေဆးပါ။ဘားစိ ဘားကိုက္ေတြ အသစ္ျပန္ရိုက္သင့္ရင္ျပန္ရိုက္ပါ။ပင္စၥတင္ရိန္းေတြကိုပါ စစ္ေဆးမူေတြျပဳလုပ္ပါ။စလစ္ေတြ အတြင္းပိုင္းစားျပီး ဘဲဥပံုလိုက္ေနျပီလား စလစ္ကို ဘိုးရင္းထိုးဖို႔လိုသလား ကြန္နတင္း ကရိုင္းန႔ဲမိန္းေဘာေတြ ေကာင္းသလား အေသးစိတ္စစ္ေဆးရပါတယ္။
      အင္ဂ်င္ဝိုင္စားေနျပီဆိုရင္ အင္ဂ်င္က်တာလား   ဆီယိုေနသလား   ဂတ္စက္မေကာင္းတာလား  ပင္စၥတင္ရိန္း ေခ်ာင္ေနတာလား မိန္းဝိုင္းစီးေတြ မလံုလို႔လား
ျဖစ္နိူင္ေျခရွိတာေတြကို စစ္ေဆးျပီး  ျပစ္ခ်က္ကိုရွာႀကည့္ပါ။
          အင္ဂ်င္ဝိုင္ဟာ အင္ဂ်င္တစ္လံုးအတြက္ အသက္ေသြးေႀကာျဖစ္တာေႀကာင့္  အင္ဂ်င္ဝိုင္အစားမ်ားတ့ဲျပႆနာေတြကို စစ္ေဆးေဖာ္ထုက္ျပီး အနာန႔ဲေဆးတည့္နိူင္ႀကပါေစ။
                     ႀကိဳးစားလ်ွက္
                               ko zaw





(Unicode)

ဆိုင်ကယ်အင်ဂျင်တွေမှာ အင်ဂျင်ဝိုင်
=========================
ဘာကြောင့်စားနေတာလဲ
=================
      အင်ဂျင်တစ်လုံး ကောင်းကောင်းအလုပ် လုပ်နိူင်ဖို့အတွက် အင်ဂျင်ဝိုင်ချောဆီသည်
မရှိမဖြစ် အသက်သွေးကြောဖြစ်ပါသည်။အင်ဂျင်
မနိူးခင်မှာ အင်ဂျင်ဝိုင်တိုင်းပါ။ဒါမှ အင်ဂျင်ဝိုင် စား| မစား/လျော့ မလျော့ သိနိူင်ပါသည်။အင်ဂျင်အစိတ်အပိုင်းတွေမှာချော ချော မွေ့မွေ့ လည်ပတ်နိူင်ဖို့ အင်ဂျင်ဝိုင်က အဓိကကျပါတယ်။နောက်တမျိုးကတော့ အင်ဂျင်အတွင်းပိုင်း အအေးခံဖို့နှင့်သံထည်ပစ္စည်းတွေ မပျက်စီးစေဖို့နှင့်Compression ကောင်းစေဖို့အတွက် အဓိကတာဝန်တွေကိုလည်း အင်ဂျင်ဝိုင်ကလုပ်ဆောင်ပေးပါတယ်။
     အင်ဂျင်ဝိုင်ခန်းတာတို့အင်ဂျင်ဝိုင်လျော့နည်းတာတို့ဆိုင်ကယ်မောင်းသူတိုင်း တွေ့ကြုံရတဲ့ပြဿနာတစ်ရပ်ပါ။အင်ဂျင်ဝိုင်ခန်းတဲ့ပြဿနာက ရိုးရိုးခန်းတာမဟုတ်ဘဲ  ထူးထူးခြားခြားခန်းပြီးဆိုရင်တော့ ပြဿနာရှိနေလို့ပါဘဲ။အင်ဂျင်ဝိုင် အကုန်မြန်နေတာ ဒါမှမဟုတ်အင်ဂျင်ဝိုင်စားနေတာဟာ အန္တရာယ်
ရှိပါတယ်။
     နေ့တိုင်းအင်ဂျင်ဝိုင်တိုင်းပြီး လိုနေတာထက်ဖြည့်ပေးနေရပြီဆိုရင် အလုပ်ရူပ်
ပြီးစိတ်အနှောက်အယှက်ဖြစ်တက်ပါတယ်။ဘာကြောင့် အင်ဂျင်ဝိုင်တွေ လျော့သွားတာလဲ။အင်ဂျင်ကျ  နေလို့လားဒါမှမဟုတ်အင်ဂျင်ဝိုင်တွေယိုနေလို့လား စစ်ဆေးဖို့လိုအပ်ပါတယ်။
          အင်ဂျင်တွေမှာ  အင်ဂျင်ဝိုင်အစားများရတဲ့အကြောင်းရင်း များစွာရှိပါတယ်။ အင်ဂျင်အတွင်းပိုင်းက pistonနဲ့စလစ်ကြားမှာ Ring ကွင်းတွေတပ်ဆင်ထားပါတယ်။piston တစ်လုံးမှာ Compression Ringနင့်Oil Ring ဆိုပြီး ရိန်းကွင်းတွေ တပ်ဆင်ထားပါတယ်။အင်ဂျင်လည်ပတ်အလုပ်လုပ်တဲ့အချိန်မှာ piston တစ်လုံးဟာ စလစ်ထဲမှာ ရှေ့  နောက်ရွေ့လျားပါတယ်။စလစ်နဲ့
ပင်စ္စတင်ကြားမှာ ရိန်းကွင်းလေးတွေက စလစ်နံရံတွေရှိတဲ့ အင်ဂျင်ဝိုင်တွေကို ခြစ်ချပေးရပါတယ်။အင်ဂျင်သက်တမ်းကြာလာတာနဲ့အမျှ စလစ် နံရံတွေရော ပင်စ္စတင် ရိန်းကွင်းတွေပါ  ချောင်တက်ပါတယ်။ရိန်းကွင်းတွေမလုံရင် အင်ဂျင်ပေါက်ကွဲလောင်ကျွမ်းတိုင်း အင်ဂျင်ဝိုင်
တွေ မီးလောင်ပြီး အိတ်ဇောပိုက်ထဲကနေ အပြင်သို့ ရောက်ရှိပါတယ်။ 
     ပင်စ္စတင် ရိန်းကွင်းတွေ တပ်ဆင်ပုံ မှန်ကန်မူ
မရှိရင်လည်း အင်ဂျင်ဝိုင်စားနိူင်ပါတယ်။ နောက်ပြဿနာတစ်ခုကတော့အင်ဂျင် Head ထဲ မှာရှိတဲ့  ဘား / ဘားအဝိုင်းစိ  ဘားကိုက်တွေစားပြီး ချောင်နေရင် အင်ဂျင်ဝိုင်
ယိုစိမ့်ပြီး အင်ဂျင်မီးလောင်ပေါက်ကွဲတဲ့ အခါမှာ ရောပြီးဆုံးရူံးသွားပါတယ်။
      အင်ဂျင်Head ထဲမှာ ဆီဘားနှင့်မီးဘားတွေကို ဘားကိုက်ထဲမှာ အံဝင်ဂွင်ကျထည့်ထားရပါတယ်။Valve တွေကို
ဖွင့်လိုက် ပိတ်လိုက် ရွေ့လျားအောင် Cam Shaft
တွေကလုပ်ဆောင်ပေးရပါတယ်။ဒီလိုလုပ်ရှားပေးတဲ့အချိန်မှာ ပွတ်စားမူသက်သာအောင် အင်ဂျင်ဝိုင်ချောဆီက လုပ်ဆောင်ပေးပါတယ်။
ဒီလို ပွတ်စားမူသက်သာအောင်လို့ လုပ်ဆောင်ပေးတဲ့ အချိန်မှာ ဒီချောဆီတွေ အင်ဂျင် မီးလောင်ခန်းထဲ ရောက်မသွားအောင်လို့ ဘားအဝိုင်းစိလေးတွေက တားဆီးပေးပါတယ်။ 
စလစ်တစ်လုံးအတွက် ဘားနှစ်ချောင်း သို့မဟုတ်ဘားလေးချောင်း အင်ဂျင်ပေါ်မူတည်ပြီး ရှိတက်ပါတယ်။အင်ဂျင်သက်တမ်းကြလာရင် ဘားစိ ဘားကိုက်တွေချောင်တက်ပါတယ်။ဒီလိုချောင်နေပြီဆိုရင်တော့ အင်ဂျင်ဝိုင်တွေ ဆီလိုအပေါက်ရှာပြီးထွက်လာတက်ပါတယ်။
      အင်ဂျင်ဝိုင်လျှော့နည်းစေတဲ့နောက်မျိုးကတော့
အင်ဂျင်ဝိုင်တွေ ယိုစိမ့်နေခြင်းပါဘဲ။အင်ဂျင်မှာ ဘယ်နားကနေ အင်ဂျင်ဝိုင်ယိုစိမ့်နေတာလဲ သေချာစွာစစ်ဆေးပါ။အင်ဂျင်မှာအဝိုင်းစီး များစွာရှိပါတယ်။သံလိုက်အုံ ဘက်ခြမ်းက ယိုနေတာလား ကလပ်အုံကလား အလည်ခြမ်းကလား အရှေ့ခြမ်းကလား တိုက်ပစ်အဖုံးတွေကလား သေချာစွာစစ်ဆေးဖို့လိုပါတယ်။ မိန်းအဝိုင်းစီးတွေ မကောင်းရင်လဲအင်ဂျင်ဝိုင်ယိုစိမ့်တက်ပါတယ်။
ဂတ်စက်တွေပျက်နေတယ်ဆိုရင် ဂတ်စကက်တွေလဲပေးသင့်ပါတယ်။ အင်ဂျင်ဝိုင်
ယိုတဲ့နေယာတွေအားလုံးကို စစ်ဆေးပါ။
           အင်ဂျင်ကျလို့အင်ဂျင်ဝိုင်စားတာများတယ်ဆိုရင်
အင်ဂျင်ကိုင်ဖို့ စစ်ဆေးရပါမယ်။အင်ဂျင်ဖွင့်ပြီး
အသေးစားပြုပြင်ဖို့ အကြီးစားပြုပြင်ဖို့ စစ်ဆေးရပါတယ်။ အင်ဂျင်Headနဲ့ဂတ်စကက်တွေစစ်ပါ။ဘားတွေရ့ အခြေအနေကိုစစ်ဆေးပါ။ဘားစိ ဘားကိုက်တွေ အသစ်ပြန်ရိုက်သင့်ရင်ပြန်ရိုက်ပါ။ပင်စ္စတင်ရိန်းတွေကိုပါ စစ်ဆေးမူတွေပြုလုပ်ပါ။စလစ်တွေ အတွင်းပိုင်းစားပြီး ဘဲဥပုံလိုက်နေပြီလား စလစ်ကို ဘိုးရင်းထိုးဖို့လိုသလား ကွန်နတင်း ကရိုင်းနဲ့မိန်းဘောတွေ ကောင်းသလား အသေးစိတ်စစ်ဆေးရပါတယ်။
      အင်ဂျင်ဝိုင်စားနေပြီဆိုရင် အင်ဂျင်ကျတာလား   ဆီယိုနေသလား   ဂတ်စက်မကောင်းတာလား  ပင်စ္စတင်ရိန်း ချောင်နေတာလား မိန်းဝိုင်းစီးတွေ မလုံလို့လား
ဖြစ်နိူင်ခြေရှိတာတွေကို စစ်ဆေးပြီး  ပြစ်ချက်ကိုရှာကြည့်ပါ။
          အင်ဂျင်ဝိုင်ဟာ အင်ဂျင်တစ်လုံးအတွက် အသက်သွေးကြောဖြစ်တာကြောင့်  အင်ဂျင်ဝိုင်အစားများတဲ့ပြဿနာတွေကို စစ်ဆေးဖော်ထုက်ပြီး အနာနဲ့ဆေးတည့်နိူင်ကြပါစေ။
                     ကြိုးစားလျှက်
                               ko zaw


No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...