
/////////////////////////////////////////////////



စတတ်ခလုပ်နှိပ်ပြီးစက်နှိုးဖို့အတွက်ဒေါက်တင်ရပါမယ်ဘရိတ်ဆွဲရပါမယ်


ဆင်ဆာတွေအလုပ်စလုပ်နေပါပြီ စက်မနှိုးခင် ရှိနေတဲ့အပူချိန် လေထုဖိအား လေထုအပူချိန်လီဗာကြိုးထောက်နေမနေအင်ဂျင်အတိမ်းအစောင်း စသဖြင့် အချက်အလက်တွေအားလုံးကို Ecmဆီ Voltageအမျိုးမ်ျုးနဲ့စတတ်ခလုပ်နှိပ်ပြီးစက်နှိုးတာနဲ့ ပြင်ဆင်ပြောင်းလဲသင့်တာတွေအဆင်သင့်ပြင်ဆင်ထားနိုင်အောင် ပြောဆိုထားကြပါပြီ

စတတ်နဲ့နှိုးဖ်ု့အတွက်အရင်ဆုံး ဘရိတ် ဆွဲရပါမယ် ဘရိတ်ဆွဲလိုက်တာနဲ့ ဘရိတ်ဆွိအလုပ်စလုပ်ပြီးဘရိတတ်ဆွိကအပေါင်းဗို့ဟာ ဘရိတ်Relayရဲ့ကွိုင်ကိုရောက်သွားပါမယ် ဘရိတ်Relayရဲ့ကွိုင်ဟာ တစ်ဖက်ဟာ အနှူပ်ပေးထားပြီးသားဖြစ်နေတဲ့အတွက် Relayအလုပ်စလုပ်ပါပြီ




Crd:maung maung

(Unicode)

Sky WaveSuzuki Efi ဝါယာလိုင်း အဝင်အထွက် အလုပ်လုပ်ပုံပါ ဝင်လာရင် အထောက်အကူ အများကြီး ပေးနိုင်ပါလိမ့်မယ်
/////////////////////////////////////////////////

Batteryက လာတဲ့အပေါင်းဗို့ဟာ 30A fuseကိုဖြတ်ပြီးသော့ကိုရောက်ပါမယ်
သော့ကနေတဆင့်10A fuse ခံပြီး ဒေါက်ဆွိRelayရဲ့ ပွိုင့်တစ်စပေါ်မှာအပေါင်းကြိုတင်ပေးပို့ထါးပါတယ်
ဒေါက်တင်လို့ဒေါက်ဆွိRelayအလုပ်လုပ်တဲ့အခါ engine stop ခလုပ်သို့ အပေါင်းရောက်ရှိသွားစေဖို့အတွက်ပါ

ကျွန်တော်တို့ စက်နိုးဖို့အတွက် ဒေါက်တင်မယ် သော့ဖွင့်မယ် အင်ဂျင်စတော့ စဖွင့်ပါမယ်

သော့ဖွင့်လိုက်တာနဲ့ ဒေါက်ဆွိrelayရဲ့ပွိုင့်တစ်စကိုအပေါင်းကြိုရောက်ပါမယ်
စတတ်ခလုပ်နှိပ်ပြီးစက်နှိူးဖို့အတွက်ဒေါက်တင်ရပါမယ်ဘရိတ်ဆွဲရပါမယ်

ပထမဆုံးဒေါက်ကိုစပြီးတင်ရပါမယ် ဒီအခါမှာဒေါက်ဆွိကအနှူပ်က ဒေါက်ဆွိrelayကိုရောက်သွားတဲ့အတွက်ဒေါက်ဆွိrelayအလုပ်စလုပ်ပါပြီ သူအလုပ်လုပ်လိုက်တဲ့အတွက် engine stopခလုပ်ကို အပေါင်းဗို့ ရောက်သွားပါပြီ
Engine stop ခလုပ်ဖွင့်လိုက်တာနဲ့ Fuel pump relayရဲ့ကွိုင်ကို အပေါင်းတစ်လိုင်း ပလပ်ကွိုင်ကိုအပေါင်းတစ်လိုင်း12V စတတ်ခလုပ်အတွက်12v တစ်လ်ုင်း အောက်ဆီဂျင်ဆင်ဆာရဲ့ Heaterပိုင်းအတွက်12Vအပေါင်းတစ်လ်ုင်း Ecmရဲ့ Pin နံပါတ် 1ကိုpower supply 12V တစ်လိုင်း
အပေါင်းV အသီးသီးရောက်ရှိသွားပါပြီ

ဒီအချိန်မှာ Ecmအလုပ်စလုပ်ပါပြီ 
Ecmဟာသူရဲ့pin1 က်ု ဗို့ရောက်လာတဲ့အတွက် Ecmရဲ့Pin19 ကနေ Fuel pump relayအလုပ်လုပ်နိုင်ရန်အတွက်လိုအပ်နေသော အနှူပ်ဗို့အား သုံးစက္ကန့်
စတင်ထုတ်လွှတ်ပေးလိုက်မှာပါ
Fuel pump relay အလုပ်လုပ်တဲ့အတွက် Pumpကို အပေါင်းသုံးစက္ကန့်ရောက်သွားပြီး ပန့်လည်ပါမယ်
အင်ဂျက်တာကိုလည်း အပေါင့်းသုံးစက္ကန့်ရောက်ပါမယ်
ကျန်ဆင်ဆာတွေအတွက် 5V အသီးသီးကိုလည်း ထုတ်ပေးနေပါပြီ
ဆင်ဆာတွေအလုပ်စလုပ်နေပါပြီ စက်မနှိူးခင် ရှိနေတဲ့အပူချိန် လေထုဖိအား လေထုအပူချိန်လီဗာကြိုးထောက်နေမနေအင်ဂျင်အတိမ်းအစောင်း စသဖြင့် အချက်အလက်တွေအားလုံးကို Ecmဆီ Voltageအမျိုးမ်ျုးနဲ့စတတ်ခလုပ်နှိပ်ပြီးစက်နှိူးတာနဲ့ ပြင်ဆင်ပြောင်းလဲသင့်တာတွေအဆင်သင့်ပြင်ဆင်ထားနိုင်အောင် ပြောဆိုထားကြပါပြီ

စတတ်နဲ့နှိူးဖ်ု့အတွက်အရင်ဆုံး ဘရိတ် ဆွဲရပါမယ် ဘရိတ်ဆွဲလိုက်တာနဲ့ ဘရိတ်ဆွိအလုပ်စလုပ်ပြီးဘရိတတ်ဆွိကအပေါင်းဗို့ဟာ ဘရိတ်Relayရဲ့ကွိုင်ကိုရောက်သွားပါမယ် ဘရိတ်Relayရဲ့ကွိုင်ဟာ တစ်ဖက်ဟာ အနှူပ်ပေးထားပြီးသားဖြစ်နေတဲ့အတွက် Relayအလုပ်စလုပ်ပါပြီ

ဘရိတ်Relay အလုပ်လုပ်တာနဲ့ Relayရဲ့ပွိုင်များကပ်သွားပါပြီ relayရဲ့ပွိုင့်နှစ်စမှာ တစ်စက starter relayလို့ခေါ်တဲ့ ဆိုလင်နွိုက် ရဲ့ကွိုင်တစ်စနဲ့ကြိုတင်ချိတ်ဆက်ထားပါတယ်

ဘရိတ်ဆွဲပြီး စတတ်ခလုပ် နှိပ်တာနဲ့ ကပ်ပြီးသားဖြစ်နေတဲ့ဘရိန်relayရဲ့ပွိုင့်ပေါ်ကို အပေါင်းဗို့ ရောက်ရှိသွားမှာပါ ဒီအချိန်မှာ စတတ်ခလုပ်ကထွက်တဲ့အပေါင်းစနဲ့
ဘရိတ်relayပွိုင့်ပေါ်တင်ထားတဲ့ ဆိုလင်နွိုက်အစ တို့ လျှပ်စစ်ကူးပြီး ဆိုလင်နွိုက် အလုပ်လုပ်ပြီဖြစ်လို့ ဆိုလင်နွိုက်ပွိုင့်ပေါ်တင်ထားတဲ့ Motor စတင်လည်ပတ်ပါပြီ

ဒီနေရာမှာထူးခြားမှူက Hondaလို pumpကို Ecmက အနှူပ် မကစားပဲ အပေါင်းကစားပေးထားပါတယ်
စတတ်ခလုပ်နှိပ်လ်ု့ အင်ဂျင်လည်ပြီဆိုတာနဲ့ckpsကထွက်လါတဲ့အချက်ပြဗို့ကြိမ်နှူန့်းအလ်ုက်Ecmရဲ့ pin11ကနေ အပေါင်းဗို့ pin 20 ကနေ injectorအတွက်လိုအပ်မယ့် အနှူပ်ဗို့ အသီးသီးကို ထပ်မံထုတ်လွှတ်ပေးမှာပါ

Crd:maung maung

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...