ပန္႕စနစ္ နွင့္ အင္ဂ်က္တာမ်ား

ပန္႕စနစ္ နွင့္ အင္ဂ်က္တာမ်ား
----------------
EFI လို႕ေျပာလိုက္တာနဲ႕ ဆီပန္႕ ကိုေျပးျမင္ႀကမွာပါ။
နည္းပညာျမင့္ စနစ္တစ္ခုျဖစ္လို႕အစစ ေလ့လာနိုင္ပါမွ ကိုယ့္အတြက္ ထိုက္တန္တဲ႕ေနရာေလးတစ္ခုကိုရနိုင္မွာပါ။ ခုလည္းပဲ ေျပာခ်င္တာက အင္ဂ်က္တာ ေတြ 
အင္ဂ်က္ရွင္းေတြအေႀကာင္းပါ ဒါေပမယ့္ နွီးႏြယ္ေနတဲ႕ပညာရပ္ေတြျဖစ္တာေႀကာင့္ေယဘုယ်သေဘာ
ေလးေတြကိုေရာေထြး ေပးလိုက္ပါဦးမယ္။ ေျပာလက္စ EFI နဲ႕လဲ အေႀကာင္းတရားျခင္းဆက္ႏြယ္ေနတာရယ္ ေျပာျပစရာေလးေတြလဲ ရွိတာေႀကာင့္ ဒီေလာက္ထိ 
စကားခ်ီးေတြမ်ားေနတာပါ။ 
Injection ဆိုတာ ထိုးသြင္းသည္ လို႕ ဘာသာျပန္နိုင္ပါတယ္။အင္ဂ်က္တာဆိုတာကေတာ့ ပန္းထည့္ 
ထိုးထည့္တဲ႕ အရာတစ္ခုေပါ့ဗ်ာ။ကြ်န္ေတာ္တို႕
ပါတ္ဝန္းက်င္က အင္ဂ်င္ေတြအမ်ားစုမွာ အင္ဂ်က္တာေတြပါလာပီ။ EFI ေတြမွာအင္ဂ်က္တာေတြပါလာပီဆိုေတာ့ သိဖို႕လိုလာတဲ႕ အစိတ္ပိုင္းတစ္ခုလို႕ေျပာရင္လဲ မမွားဘူးေပါ့ဗ်ာ။
ဓါတ္ဆီအင္ဂ်င္ေတြမွာေလာင္စာကို အေငြ႕စုပ္ တဲ႕ ကာဘရိုက္တာစနစ္ကေန  မန္န်ဴဖို႕အရင္း ဘားအေျခကို ထိုးသြင္းတဲ႕စနစ္အျဖစ္ေျပာင္းလဲလာတာပါ။
 အင္ဂ်က္ရွင္းနွစ္မ်ိဳးနွစ္စားကိုစတင္ ေျပာႀကည့္ႀက
မယ္။

Direct injection
----------
ဒါရိုကိအင္ဂ်က္ရွင္းလို႕ သံုးနံႈးလိုက္ကတည္းက ဒါရိုက္ပန္းထည့္တယ္ဆိုတာေတာ့သိေလာက္ပါပီ။ ဒါရိုက္
အင္ဂ်က္ရွင္းဆိုတာ ေလာင္ကြ်မ္းခန္း  ေပါက္ကြဲခန္းထဲကို ေလာင္စာကို ဒါရိုက္ပန္းထည့္တာပါ။
 ဒါကအလြယ္ေျပာတာပါ။ ဒါ့ထက္ရႈပ္ေထြးပါေသး
တယ္။ အစဥ္အျမဲ compress (အဖိက်စ္ခံ )
ေနရတဲ႕ combustion chamber ထဲမွာ အင္ဂ်က္တာရဲ႕ ထိပ္ပိုင္းဟာ ဝင္ေနရလို႕ ဖိက်စ္ ေနတဲ႕ေလဖိအား
ေတြဟာလဲ အင္ဂ်က္တာရဲ႕ထိပ္ကိုတိုးေစာင့္ပါေတာ့
တယ္။ အင္ဂ်က္တာရဲ႕အထဲက စပရင္ဟာ အဲ့ေလဖိအားထက္ကို တင္းေနနိုင္မွ အင္ဂ်က္တာထဲကို
 ဘက္ျပန္ေလအညစ္ေႀကးေတြမဝင္နိုင္မွာပါ။ ေနာက္တစ္ခ်က္က အင္ဂ်က္တာဟာ အပူခံနိုင္ေအာင္လုပ္ထားရပါတယ္။ DI ( direct injection )ေတြအတြက္ ဆီကို ဖိအားျမင့္ပန္႕စနစ္နဲ႕ဖိကန္ပစ္ပါတယ္။
ကန္ထြက္လာမယ့္ pump pressure ဟာအေတာ့္ကိုအားျပင္းမွသာ အင္ဂ်က္တာရဲ႕ ထိပ္က gate spring ကိုကန္ထြက္နိုင္မွာပါ။ ဒီဇယ္စနစ္ေတြဟာ DI စနစ္ေတြပါ။ 
မီးေလာင္မွတ္နိမ့္တဲ႕  ဆီထုထည္ ထူထဲတဲ႕ဒီဇယ္ဟာ အမံႈအမႊားေတြအျဖစ္ ပန္းထုတ္မွ ဖိက်စ္ထားတဲ႕ ေလပူထဲမွာေပါက္ကြဲနိုင္မွာပါ။ဒီဇယ္မွာေတာ့ ပန္႕ကို Plunger ( ျမန္မာအေခၚ ပလန္ခ်ာ) လို႕ေခၚပီးေတာ့ အင္ဂ်က္တာကိုေတာ့ Nozzel(ေနာ္ဇယ္)လို႕ေခၚႀကပါတယ္။မယံုမရွိနဲ႕ဗ် 35ေကာင္ 
တရုပ္နီ ဒီဇယ္ အင္ဂ်င္ ရဲ႕ အင္ဂ်က္တာကို အျပင္မွာ
စမ္းရင္းနဲ႕ လက္မေလးနဲ႕ပိတ္မိလို႕ ဒီဇယ္အမံႈအမႊားေတြ လက္ကိုေပါက္ဝင္သြားပါတယ္။ 
လက္လဲျဖတ္လိုက္ရတာပါ။ ျမန္မာေတြေနာ္ဇယ္ပလန္ခ်ာ လဲတယ္ဆိုတာ ဒီအေခၚပါ။ အင္ဂ်င္တစ္လံုးစီ
အတြက္ အင္ဂ်က္တာတစ္လံုးစီ နဲ႕ ပလန္႕ဂ်ာ ပန္႔တစ္လံုးစီ ရွိသမို႕ ေလးလံုးထိုးဒီဇယ္ ကားေတြမွာ ပန္႕ေလးလံုးကိုညီေအာင္ျပန္ခ်ိန္ရတဲ႕ျပသနာရွိပါတယ္။ ဒီဘက္ကေတာ့ရန္ကုန္တက္ခ်ိန္ရတယ္ေပါ့ဗ်ာ။ ကားစနစ္ေတြမွာေတာ့ နည္းပညာျမင့္လာတဲ႕အခါ single point အျပင္ multipoint injection စနစ္ေတြျဖစ္လာပါတယ္။ အရုန္းဆြဲတက္လာေအာင္ လုပ္တဲ႕နည္းစနစ္ေတ
ြျဖစ္ပီးေတာ့
twin injector လို႕ေခၚတဲ႕စနစ္နဲ႕ အင္ဂ်င္တစ္လံုးကို အင္ဂ်က္တာနွစ္လံုးတြဲ စနစ္ေတြလဲ ေပၚလာပါတယ္။Di စနစ္ေတြမွာ အားသာခ်က္အလြန္မ်ားပါတယ္
 ေလာင္စာဆီကိုအျပည့္အဝ ေလာင္ကြ်မ္းနိုင္သလို 
ေလာင္စာ ဆီစားသံုးမူလဲသက္သာေစပါတယ္။
 အားနည္းခ်က္ကေတာ့ အင္ဂ်က္တာေတြဟာေစ်းႀကီး
ျမင့္တာရယ္ ဖိအားျမင့္ ပန္႕အံုအတြက္ ေနရာသီးသန္႕ ထပ္ေပးရတာရယ္ အထိခိုက္မခံနိုင္တာရယ္ပါပဲ။ BMW နည္းပညာျမင့္ကားေတြမွာ ေပါက္ကြဲခန္းအတြင္းကို ေရကို အင္ဂ်က္တာသပ္သပ္နဲ႕ ထပ္ထိုးထည့္ပီး အင္ဂ်င္ကို 8ရာခိုင္နံႈးထိ ဆီစားသက္သာေအာင္
ႀကံေဆာင္လာပါတယ္။ water injectionစနစ္က 
တာဘိုင္အင္ဂ်င္ေတြနဲ႕ ေလယဥ္အင္ဂ်င္ေတြမွာ ပထမထဲကအသံုးရွိခဲ့ပါတယ္။ knocking ( ေခါက္သံ)
 ေဖ်ာက္ဖို႕နဲ႕ ပူလို႕ပြေနတဲ႕ ေလပူကိုက်စ္လစ္ေစပီး 
အင္ဂ်င္ရဲ႕ ပါဝါက္ုတက္ေစတာပါ။ တာဘိုခ်ာခ်ာနဲ႕ ဆူပါခ်ာခ်ာ စနစ္ေတြမွာလဲ water inject ပါတဲ႕စနစ္ေတြရွိပါေသးတယ္။ direct injection စနစ္က အလုပ္ဘယ္လိုလုပ္သလဲေမးရင္ေတာ့ nozzel မွာ electronic parts ေတြတစ္ခုမွမပါဝင္ပါဘူး။ 
အင္ဂ်င္ရဲ႕ကရိုင္းကေန တိုင္ပင္ကိုက္ ပန္႕ကိုဖိတဲ႕ lube (ဘု) ေလးေတြကေန အင္ဂ်င္tdc မေရာက္ခင္ ဒီဂရီ
အနည္းငယ္အလိုမွာ တိတိက်က် ပန္းသြင္းနိုင္ေအာင္ အခ်ိန္ ကိုက္ဖိေပးရပါတယ္။ေနာ္ဇယ္ရဲ႕စပရင္က
ေတာင့္မခံနိုင္ခ်ိန္မွ ဆီဟာစပရင္အရင္းကိုတြန္းကန္ပီး အျပင္ကို ျဖာထြက္ကုန္တာပါ။ diesel အင္ဂ်င္ေတြမွာ လုပ္စရာဆိုလို႕ ေနာ္ဇယ္ေနာက္က နတ္ကေလးကိုသာအတိုးအေလွ်ာ့ခ်ိန္ရတာပါ။ သူက စပရင္ကိုအဖိ 
အဖြ လုပ္ေပးတာမို႕ အင္ဂ်င္ကိုဆီဖိတယ္ ဆီဖြတယ္ 
အသံနားေထာင္ရင္းလုပ္ရတာပါ။ စလိုးခ်ိန္သလိုေပါ့ဗ်ာ ဆွက်စ္လြန္းရင္ အနိူးခက္ ပီးေတာ့ ဆီဖြလြန္းေတာ့လဲ အနိုးလြယ္ မီးခိုးမဲမဲေတြအူေနတာေပါ့။ ဟုတ္ပါပီ ဒါက direct injection အေႀကာင္းပါ။

port injection
------------------ 
သူကက်ေတာ့ တဆင့္ခံပန္းျခင္း လို႕ ဘာသာျပန္ေပးရမလိုပဲ။ combustion chamber ေတြထဲကိုပန္းသ
ေလာက္ အပူဒါဏ္မခံရဘူး။ ပန္႕ကလဲ ဖိအားအရမ္း
ျမင့္စရာမလိုဘူး။ ျဖာထြက္နိုင္ယံုေလာက္ကေလးနဲ႕
အဆင္ေျပတာေႀကာင့္ ကားေလးေတြနဲ႕ 
ေမာ္ေတာ္ဆိုင္ကယ္မွာအသံုးမ်ားပါတယ္။ ဓါတ္ဆီ
အင္ဂ်င္လို႕ သံုးနံႈးရင္လဲ အဆင္ေျပပါတယ္။ တိုင္ကီ
အတြင္းမွာျမဳပ္ထားတဲ႕ ပန္႕ကေန ဖိအားတစ္ခု နဲ႕ အင္ဂ်က္တာထိပ္ကို ဖိထားေပးမယ္။ ECU ကေန လွမ္းပီး
ဖြင့္မွ ဆီကို မန္န်ဴဖို႕အေျခ အင္းလက္ဘားရဲ႕ေအာက္ကို Intake stoke မွာပဲ ပန္းထည့္တာပါ။ ကာဘရိုက္တာေလာက္ ေလာင္စာဟာ အေဝးႀကီးမလာရတဲ႕အ
တြက္ drain လို႕ေခၚတဲ႕ေလပူမွာ အလွ်င္အျမန္
ေျခာက္ေသြ႕တဲ႕ျပသနာမရွိလို႕ ကာဘရိုက္တာထက္ပိုမိုဆီစားသက္သာတာပါ။ ေနာက္တစ္ခုကေတာ့ ecuရဲ႕
စနစ္ထိန္းေႀကာင္းမူေတြနဲ႕ အင္ဂ်က္တာဟာ 
ဆီအနည္းအမ်ားကို ဖြင့္ခ်ိန္ပိတ္ခ်ိန္ အတိုအရွည္နဲ႕
 ျပပါတယ္။ 
ဆီမ်ားခ်င္ရင္ ႀကာႀကာ ဖြင့္ေပးပီးဆီေလွ်ာ့ခ်င္ရင္တိုတိုဖြင့္ပါတယ္။ port injection စနစ္ကို ႀကိဳက္ႀကတာဟာ ေနရာယူမူေတြ အထိခိုက္ဒါဏ္ေတြဟာ Direct injection ေတြထက္ပိုမိုသက္သာလို႕ပါပဲ။
port injection ဘယ္ေလာက္ေကာင္းေကာင္း direct injection ေလာက္ ေတာ့ဆီစားမသက္သာတာအမွန္ပဲ။ 
port injection ေတြရဲ႕ အားနည္းခ်က္ကိုေျပာပါဆို
ရင္ေတာ့ သူဟာ ဆယ္လိုႏိြဳက္ကိြဳင္နဲ႕ အလုပ္လုပ္ပီး
ေတာ့ DI စနစ္က ေနာ္ဇယ္လို တင္းေနတဲ႕စပရင္မပါတာေႀကာင့္ အင္းလက္ဘားမ်ားမလံုခဲ့ရင္ အင္ဂ်င္ရဲ႕ဘက္ျပန္ေလဟာ အင္ဂ်က္တာကို ပ်က္စီးေစပါတယ္။ အေပါက္ေတြပိတ္ကုန္တာ အပူတက္လာတာ oil seal ေတြ ေပ်ာ္ကုန္တာ စသည္ျဖင့္ေပါ့။ ဒါေႀကာင့္ ROM နံပါတ္အျမင့္ ေလာင္စာကိုစြဲျမဲ မသံုးသူေတြနဲ႕ အင္ဂ်င္ ပ်က္စီးစ ျပဳေနတဲ႕အင္ဂ်င္ကို ေမာင္းနွင္သူေတြဟာ 
အင္ဂ်က္တာပ်က္စီးတဲ႕ ဒါဏ္ မႀကာခဏေဆးေႀကာရတဲ႕ ဒုကၡကို ခံစားရပါတယ္။ electronic parts 
ေတြျဖစ္တာေႀကာင့္အထိခိုက္မခံနိုင္တာ ပ်က္စီးလြယ္တာေတြလဲျဖစ္တတ္ပါေသးတယ္။ 
တခ်ိဳ႕ ကားေတြမွာ Di ေကာ pi ေကာ အင္ဂ်က္တာနွစိလံုး ျပိဳင္သံုးထားတာလဲ ျမင္ဖူးပါတယ္။ 
ကြ်န္ေတာ္က ေလာကအစံုမွာက်င္လည္ခဲ့ဖူးတာ
ေႀကာင့္ ကိုယ္ေတြ႕ေလးေတြနဲ႕ ယွဥ္ယွဥ္ေျပာျပေနတဲ႕အေပၚ တစ္စံုတရာ အမွားယြင္းေလးေတြပါခဲ့မယ္ဆိုရင္ေတာ့ ကြ်န္ေတာ့္ရဲ႕ အားနည္းခ်က္သာျဖစ္ပါလိမ့္မယ္။ 

ကဲ ဒီေလာက္ဆို အင္ဂ်က္ရွင္းစနစ္ေတြနဲ႕ အင္ဂ်က္တာမ်ား ဆိုတဲ႕ေခါင္းစဥ္ကို အတန္အသင့္ေတာ့နားလည္
ေလာက္ပီထင္ပါရဲ႕။ အားလံုးပဲဆိုင္ကယ္ဗဟုသုတ
ျပည့္ဝႀကပါေစ။ 
ကြ်န္ေတာ္ ရဲရင့္သာေဝပိုင္ပါ။

(Unicode)

ပန့်စနစ် နှင့် အင်ဂျက်တာများ
----------------
EFI လို့ပြောလိုက်တာနဲ့ ဆီပန့် ကိုပြေးမြင်ကြမှာပါ။
နည်းပညာမြင့် စနစ်တစ်ခုဖြစ်လို့အစစ လေ့လာနိုင်ပါမှ ကိုယ့်အတွက် ထိုက်တန်တဲ့နေရာလေးတစ်ခုကိုရနိုင်မှာပါ။ ခုလည်းပဲ ပြောချင်တာက အင်ဂျက်တာ တွေ 
အင်ဂျက်ရှင်းတွေအကြောင်းပါ ဒါပေမယ့် နှီးနွယ်နေတဲ့ပညာရပ်တွေဖြစ်တာကြောင့်ယေဘုယျသဘော
လေးတွေကိုရောထွေး ပေးလိုက်ပါဦးမယ်။ ပြောလက်စ EFI နဲ့လဲ အကြောင်းတရားခြင်းဆက်နွယ်နေတာရယ် ပြောပြစရာလေးတွေလဲ ရှိတာကြောင့် ဒီလောက်ထိ 
စကားချီးတွေများနေတာပါ။ 
Injection ဆိုတာ ထိုးသွင်းသည် လို့ ဘာသာပြန်နိုင်ပါတယ်။အင်ဂျက်တာဆိုတာကတော့ ပန်းထည့် 
ထိုးထည့်တဲ့ အရာတစ်ခုပေါ့ဗျာ။ကျွန်တော်တို့
ပါတ်ဝန်းကျင်က အင်ဂျင်တွေအများစုမှာ အင်ဂျက်တာတွေပါလာပီ။ EFI တွေမှာအင်ဂျက်တာတွေပါလာပီဆိုတော့ သိဖို့လိုလာတဲ့ အစိတ်ပိုင်းတစ်ခုလို့ပြောရင်လဲ မမှားဘူးပေါ့ဗျာ။
ဓါတ်ဆီအင်ဂျင်တွေမှာလောင်စာကို အငွေ့စုပ် တဲ့ ကာဘရိုက်တာစနစ်ကနေ  မန်နျူဖို့အရင်း ဘားအခြေကို ထိုးသွင်းတဲ့စနစ်အဖြစ်ပြောင်းလဲလာတာပါ။
 အင်ဂျက်ရှင်းနှစ်မျိုးနှစ်စားကိုစတင် ပြောကြည့်ကြ
မယ်။

Direct injection
----------
ဒါရိုကိအင်ဂျက်ရှင်းလို့ သုံးနှုံးလိုက်ကတည်းက ဒါရိုက်ပန်းထည့်တယ်ဆိုတာတော့သိလောက်ပါပီ။ ဒါရိုက်
အင်ဂျက်ရှင်းဆိုတာ လောင်ကျွမ်းခန်း  ပေါက်ကွဲခန်းထဲကို လောင်စာကို ဒါရိုက်ပန်းထည့်တာပါ။
 ဒါကအလွယ်ပြောတာပါ။ ဒါ့ထက်ရှုပ်ထွေးပါသေး
တယ်။ အစဉ်အမြဲ compress (အဖိကျစ်ခံ )
နေရတဲ့ combustion chamber ထဲမှာ အင်ဂျက်တာရဲ့ ထိပ်ပိုင်းဟာ ဝင်နေရလို့ ဖိကျစ် နေတဲ့လေဖိအား
တွေဟာလဲ အင်ဂျက်တာရဲ့ထိပ်ကိုတိုးစောင့်ပါတော့
တယ်။ အင်ဂျက်တာရဲ့အထဲက စပရင်ဟာ အဲ့လေဖိအားထက်ကို တင်းနေနိုင်မှ အင်ဂျက်တာထဲကို
 ဘက်ပြန်လေအညစ်ကြေးတွေမဝင်နိုင်မှာပါ။ နောက်တစ်ချက်က အင်ဂျက်တာဟာ အပူခံနိုင်အောင်လုပ်ထားရပါတယ်။ DI ( direct injection )တွေအတွက် ဆီကို ဖိအားမြင့်ပန့်စနစ်နဲ့ဖိကန်ပစ်ပါတယ်။
ကန်ထွက်လာမယ့် pump pressure ဟာအတော့်ကိုအားပြင်းမှသာ အင်ဂျက်တာရဲ့ ထိပ်က gate spring ကိုကန်ထွက်နိုင်မှာပါ။ ဒီဇယ်စနစ်တွေဟာ DI စနစ်တွေပါ။ 
မီးလောင်မှတ်နိမ့်တဲ့  ဆီထုထည် ထူထဲတဲ့ဒီဇယ်ဟာ အမှုံအမွှားတွေအဖြစ် ပန်းထုတ်မှ ဖိကျစ်ထားတဲ့ လေပူထဲမှာပေါက်ကွဲနိုင်မှာပါ။ဒီဇယ်မှာတော့ ပန့်ကို Plunger ( မြန်မာအခေါ် ပလန်ချာ) လို့ခေါ်ပီးတော့ အင်ဂျက်တာကိုတော့ Nozzel(နော်ဇယ်)လို့ခေါ်ကြပါတယ်။မယုံမရှိနဲ့ဗျ 35ကောင် 
တရုပ်နီ ဒီဇယ် အင်ဂျင် ရဲ့ အင်ဂျက်တာကို အပြင်မှာ
စမ်းရင်းနဲ့ လက်မလေးနဲ့ပိတ်မိလို့ ဒီဇယ်အမှုံအမွှားတွေ လက်ကိုပေါက်ဝင်သွားပါတယ်။ 
လက်လဲဖြတ်လိုက်ရတာပါ။ မြန်မာတွေနော်ဇယ်ပလန်ချာ လဲတယ်ဆိုတာ ဒီအခေါ်ပါ။ အင်ဂျင်တစ်လုံးစီ
အတွက် အင်ဂျက်တာတစ်လုံးစီ နဲ့ ပလန့်ဂျာ ပန့်တစ်လုံးစီ ရှိသမို့ လေးလုံးထိုးဒီဇယ် ကားတွေမှာ ပန့်လေးလုံးကိုညီအောင်ပြန်ချိန်ရတဲ့ပြသနာရှိပါတယ်။ ဒီဘက်ကတော့ရန်ကုန်တက်ချိန်ရတယ်ပေါ့ဗျာ။ ကားစနစ်တွေမှာတော့ နည်းပညာမြင့်လာတဲ့အခါ single point အပြင် multipoint injection စနစ်တွေဖြစ်လာပါတယ်။ အရုန်းဆွဲတက်လာအောင် လုပ်တဲ့နည်းစနစ်တေ
ွဖြစ်ပီးတော့
twin injector လို့ခေါ်တဲ့စနစ်နဲ့ အင်ဂျင်တစ်လုံးကို အင်ဂျက်တာနှစ်လုံးတွဲ စနစ်တွေလဲ ပေါ်လာပါတယ်။Di စနစ်တွေမှာ အားသာချက်အလွန်များပါတယ်
 လောင်စာဆီကိုအပြည့်အဝ လောင်ကျွမ်းနိုင်သလို 
လောင်စာ ဆီစားသုံးမူလဲသက်သာစေပါတယ်။
 အားနည်းချက်ကတော့ အင်ဂျက်တာတွေဟာဈေးကြီး
မြင့်တာရယ် ဖိအားမြင့် ပန့်အုံအတွက် နေရာသီးသန့် ထပ်ပေးရတာရယ် အထိခိုက်မခံနိုင်တာရယ်ပါပဲ။ BMW နည်းပညာမြင့်ကားတွေမှာ ပေါက်ကွဲခန်းအတွင်းကို ရေကို အင်ဂျက်တာသပ်သပ်နဲ့ ထပ်ထိုးထည့်ပီး အင်ဂျင်ကို 8ရာခိုင်နှုံးထိ ဆီစားသက်သာအောင်
ကြံဆောင်လာပါတယ်။ water injectionစနစ်က 
တာဘိုင်အင်ဂျင်တွေနဲ့ လေယဉ်အင်ဂျင်တွေမှာ ပထမထဲကအသုံးရှိခဲ့ပါတယ်။ knocking ( ခေါက်သံ)
 ဖျောက်ဖို့နဲ့ ပူလို့ပွနေတဲ့ လေပူကိုကျစ်လစ်စေပီး 
အင်ဂျင်ရဲ့ ပါဝါက်ုတက်စေတာပါ။ တာဘိုချာချာနဲ့ ဆူပါချာချာ စနစ်တွေမှာလဲ water inject ပါတဲ့စနစ်တွေရှိပါသေးတယ်။ direct injection စနစ်က အလုပ်ဘယ်လိုလုပ်သလဲမေးရင်တော့ nozzel မှာ electronic parts တွေတစ်ခုမှမပါဝင်ပါဘူး။ 
အင်ဂျင်ရဲ့ကရိုင်းကနေ တိုင်ပင်ကိုက် ပန့်ကိုဖိတဲ့ lube (ဘု) လေးတွေကနေ အင်ဂျင်tdc မရောက်ခင် ဒီဂရီ
အနည်းငယ်အလိုမှာ တိတိကျကျ ပန်းသွင်းနိုင်အောင် အချိန် ကိုက်ဖိပေးရပါတယ်။နော်ဇယ်ရဲ့စပရင်က
တောင့်မခံနိုင်ချိန်မှ ဆီဟာစပရင်အရင်းကိုတွန်းကန်ပီး အပြင်ကို ဖြာထွက်ကုန်တာပါ။ diesel အင်ဂျင်တွေမှာ လုပ်စရာဆိုလို့ နော်ဇယ်နောက်က နတ်ကလေးကိုသာအတိုးအလျှော့ချိန်ရတာပါ။ သူက စပရင်ကိုအဖိ 
အဖွ လုပ်ပေးတာမို့ အင်ဂျင်ကိုဆီဖိတယ် ဆီဖွတယ် 
အသံနားထောင်ရင်းလုပ်ရတာပါ။ စလိုးချိန်သလိုပေါ့ဗျာ ဆှကျစ်လွန်းရင် အနိူးခက် ပီးတော့ ဆီဖွလွန်းတော့လဲ အနိုးလွယ် မီးခိုးမဲမဲတွေအူနေတာပေါ့။ ဟုတ်ပါပီ ဒါက direct injection အကြောင်းပါ။

port injection
------------------ 
သူကကျတော့ တဆင့်ခံပန်းခြင်း လို့ ဘာသာပြန်ပေးရမလိုပဲ။ combustion chamber တွေထဲကိုပန်းသ
လောက် အပူဒါဏ်မခံရဘူး။ ပန့်ကလဲ ဖိအားအရမ်း
မြင့်စရာမလိုဘူး။ ဖြာထွက်နိုင်ယုံလောက်ကလေးနဲ့
အဆင်ပြေတာကြောင့် ကားလေးတွေနဲ့ 
မော်တော်ဆိုင်ကယ်မှာအသုံးများပါတယ်။ ဓါတ်ဆီ
အင်ဂျင်လို့ သုံးနှုံးရင်လဲ အဆင်ပြေပါတယ်။ တိုင်ကီ
အတွင်းမှာမြုပ်ထားတဲ့ ပန့်ကနေ ဖိအားတစ်ခု နဲ့ အင်ဂျက်တာထိပ်ကို ဖိထားပေးမယ်။ ECU ကနေ လှမ်းပီး
ဖွင့်မှ ဆီကို မန်နျူဖို့အခြေ အင်းလက်ဘားရဲ့အောက်ကို Intake stoke မှာပဲ ပန်းထည့်တာပါ။ ကာဘရိုက်တာလောက် လောင်စာဟာ အဝေးကြီးမလာရတဲ့အ
တွက် drain လို့ခေါ်တဲ့လေပူမှာ အလျှင်အမြန်
ခြောက်သွေ့တဲ့ပြသနာမရှိလို့ ကာဘရိုက်တာထက်ပိုမိုဆီစားသက်သာတာပါ။ နောက်တစ်ခုကတော့ ecuရဲ့
စနစ်ထိန်းကြောင်းမူတွေနဲ့ အင်ဂျက်တာဟာ 
ဆီအနည်းအများကို ဖွင့်ချိန်ပိတ်ချိန် အတိုအရှည်နဲ့
 ပြပါတယ်။ 
ဆီများချင်ရင် ကြာကြာ ဖွင့်ပေးပီးဆီလျှော့ချင်ရင်တိုတိုဖွင့်ပါတယ်။ port injection စနစ်ကို ကြိုက်ကြတာဟာ နေရာယူမူတွေ အထိခိုက်ဒါဏ်တွေဟာ Direct injection တွေထက်ပိုမိုသက်သာလို့ပါပဲ။
port injection ဘယ်လောက်ကောင်းကောင်း direct injection လောက် တော့ဆီစားမသက်သာတာအမှန်ပဲ။ 
port injection တွေရဲ့ အားနည်းချက်ကိုပြောပါဆို
ရင်တော့ သူဟာ ဆယ်လိုနွိုက်ကွိုင်နဲ့ အလုပ်လုပ်ပီး
တော့ DI စနစ်က နော်ဇယ်လို တင်းနေတဲ့စပရင်မပါတာကြောင့် အင်းလက်ဘားများမလုံခဲ့ရင် အင်ဂျင်ရဲ့ဘက်ပြန်လေဟာ အင်ဂျက်တာကို ပျက်စီးစေပါတယ်။ အပေါက်တွေပိတ်ကုန်တာ အပူတက်လာတာ oil seal တွေ ပျော်ကုန်တာ စသည်ဖြင့်ပေါ့။ ဒါကြောင့် ROM နံပါတ်အမြင့် လောင်စာကိုစွဲမြဲ မသုံးသူတွေနဲ့ အင်ဂျင် ပျက်စီးစ ပြုနေတဲ့အင်ဂျင်ကို မောင်းနှင်သူတွေဟာ 
အင်ဂျက်တာပျက်စီးတဲ့ ဒါဏ် မကြာခဏဆေးကြောရတဲ့ ဒုက္ခကို ခံစားရပါတယ်။ electronic parts 
တွေဖြစ်တာကြောင့်အထိခိုက်မခံနိုင်တာ ပျက်စီးလွယ်တာတွေလဲဖြစ်တတ်ပါသေးတယ်။ 
တချို့ ကားတွေမှာ Di ကော pi ကော အင်ဂျက်တာနှစိလုံး ပြိုင်သုံးထားတာလဲ မြင်ဖူးပါတယ်။ 
ကျွန်တော်က လောကအစုံမှာကျင်လည်ခဲ့ဖူးတာ
ကြောင့် ကိုယ်တွေ့လေးတွေနဲ့ ယှဉ်ယှဉ်ပြောပြနေတဲ့အပေါ် တစ်စုံတရာ အမှားယွင်းလေးတွေပါခဲ့မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ပါလိမ့်မယ်။ 

ကဲ ဒီလောက်ဆို အင်ဂျက်ရှင်းစနစ်တွေနဲ့ အင်ဂျက်တာများ ဆိုတဲ့ခေါင်းစဉ်ကို အတန်အသင့်တော့နားလည်
လောက်ပီထင်ပါရဲ့။ အားလုံးပဲဆိုင်ကယ်ဗဟုသုတ
ပြည့်ဝကြပါစေ။ 
ကျွန်တော် ရဲရင့်သာဝေပိုင်ပါ။

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...