ေခါင္းစဥ္ေသျခာဖတ္ၿပီးမွကြန္မန္႔ဝင္ေရးပါ မီးပိုင္းစနစ္အတြက္ေရးသားေဖာ္ျပျခင္းျဖစ္ပါသည္။အဂၤ်င္တစ္လံုးလံုးစာအတြက္ေဖာ္ျပျခင္းမဟုတ္ပါ။အင္ဂ်င္တစ္လံုးစာအတြက္စစ္ေဆးနည္းမဟုတ္ပါ။ဆရာႀကီးလိုလိုဘာလိုလိုနဲ႔ အင္ဂ်င္မွာအဲ့ဒါစစ္ေဆးရံုနဲ႔မရဘူးလို႔လာမမန္႔နဲ႔ စာတတ္ေပတတ္ဆိုရင္ေခါင္းစဥ္ေသျခာဖတ္ ၿပီးမွကြန္မန္႔ဝင္ေရး။
Plug miss fireျဖစ္ျခင္းႏွင့္ မီးဆင္းမမွန္ျခင္း
ဆိုင္ကယ္တစ္စီးဟာ ဆီလဲ႐ွိတယ္ ကာဗ်ဴေရတာလဲေကာင္းတယ္ မီးလဲဆင္းတယ္ အင္ဂ်င္လဲ Compression ေကာင္းတယ္ဆိုပါစို႔။စက္မႏိုးဘူးျဖစ္ေနတယ္ ဘာေတြစစ္ေဆးမလဲ။မီးတိုင္ပင္မွန္မမွန္စစ္မယ္။ဘယ္လိုစစ္ေဆးမလဲ ပထမဆံုးသံလိုက္ဘီးကကီးေခ်ာ္မေခ်ာ္အရင္စစ္မယ္။ကီးလြဲေနရင္မီးဆင္းေသာ္လဲစက္မႏိုးႏိုင္ဘူး။ႏိုးရင္လဲစက္သံမမွန္ဘူး။ဒုတိယကေတာ့ မီးဟာအစုလိုက္အျပံဳလိုက္ဆင္းေနတာမျဖစ္ရဘူး။ပလပ္ေခါင္းကိုခြၽတ္မယ္ ပလပ္ကိြဳင္ႀကိဳးကိုေဘာ္ဒီနဲ႔မထိတထိေလးထားၿပီးကစ္နင္းမယ္။ကစ္နင္းတာနဲ႔ မီးဟာ တစ္စကၠန္႔အတြင္းငါးႀကိမ္ေျခာက္ႀကိမ္ထက္မနဲတိုင္ပင္ကိုက္ျဖတ္ဆင္းရမယ္။အဲ့လိုမွမဟုတ္ဘဲမီးဟာအတန္းလိုက္ႀကီးတန္းဆင္းေနရင္ေတာ့ cdi,ကိြဳင္အဝင္အထြက္နဲ႔ပလပ္ကိြဳင္ေတြစစ္ေဆးရမယ္။တတိယအခ်က္ကေတာ့plug missfireျဖစ္ျခင္းပါ။ပလပ္ဟာလိုအပ္တဲ့မီးမေပးႏိုင္ျခင္းေၾကာင့္ေလာင္စာကိုလိုသလိုမေလာင္ႏိုင္ေတာ့ဘူး။ဒီအခါမွာပလပ္ကိုအျပင္မွာထုတ္ၿပီးစမ္းရင္မီးဆင္းတာျမင္ရေပမယ့္ အဲ့ဒိီမီးဟာ ပလပ္ငုတ္ရဲ႕အလယ္မွာမပြင့္ေတာ့ဘဲ ေဘးဘယ္ညာဆီမွာကူးၿပီးမီးေပါက္ေနတတ္တယ္။ဒီလိုအေျခအေနမိ်ဳးေတြမွာစက္ႏိုးႏိုင္မွာမဟုတ္ပါဘူး။ပလပ္လဲလိုက္ရင္ေတာ့okသြားမွာပါ။မီးပိုင္းစနစ္ေတြကိုအစအဆံုးျပန္စစ္မယ္ဆိုရင္ေတာ့အဝင္,အထြက္,ပါဆာ,groundအဲ့ဒီေလးခ်က္ကိုျပန္စစ္ပါ။သတၱဝါေတြမွာလဲဓာတ္ႀကီးေလးပါး႐ွိသလို ဆိုင္ကယ္မွာလဲဓာတ္ႀကီးေလးပါး႐ွိပါတယ္။တမိ်ဳးမိ်ဳးေဖာက္ျပန္ရင္စက္မႏိုးေတာ့ပါဘူး။အဝင္ဆိုတာစတတ္ကိြဳင္ကလာတဲ့နက္နီၾကားႀကိဳးcdiအတြင္းသို႔ဝင္တယ္။အထြက္ဆိုတာcdiကေနပလပ္ကိြဳင္ကိုထြက္သည့္ႀကိဳးနက္ဝါၾကားႀကိဳး။ပါဆာဆိုတာသံလိုက္အံုျဖတ္ကိြဳင္ကေနလာတဲ့ျဖဴျပာႀကိဳး။groundဆိုတာကေတာ့အပ္ႀကိဳးပါ။အဲ့ဒီေလးခ်က္ညီၫြတ္မွမီးဆင္းမွန္ပါမယ္။အြန္လိုင္းတပည့္မ်ားအခက္အခဲမ်ားေက်ာ္လႊားႏိုင္ၿပီး ဝါယာပိုင္းကိုကြၽမ္းက်င္စြာတတ္ေျမာက္ႏိုင္ၾကပါေစ။ဆရာစြမ္းႏိုင္ဆင္ျဖဴကြၽန္းမေကြးတိုင္း
(Unicode)
ခေါင်းစဉ်သေခြာဖတ်ပြီးမှကွန်မန့်ဝင်ရေးပါ မီးပိုင်းစနစ်အတွက်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။အင်္ဂျင်တစ်လုံးလုံးစာအတွက်ဖော်ပြခြင်းမဟုတ်ပါ။အင်ဂျင်တစ်လုံးစာအတွက်စစ်ဆေးနည်းမဟုတ်ပါ။ဆရာကြီးလိုလိုဘာလိုလိုနဲ့ အင်ဂျင်မှာအဲ့ဒါစစ်ဆေးရုံနဲ့မရဘူးလို့လာမမန့်နဲ့ စာတတ်ပေတတ်ဆိုရင်ခေါင်းစဉ်သေခြာဖတ် ပြီးမှကွန်မန့်ဝင်ရေး။
Plug miss fireဖြစ်ခြင်းနှင့် မီးဆင်းမမှန်ခြင်း
ဆိုင်ကယ်တစ်စီးဟာ ဆီလဲရှိတယ် ကာဗျူရေတာလဲကောင်းတယ် မီးလဲဆင်းတယ် အင်ဂျင်လဲ Compression ကောင်းတယ်ဆိုပါစို့။စက်မနိုးဘူးဖြစ်နေတယ် ဘာတွေစစ်ဆေးမလဲ။မီးတိုင်ပင်မှန်မမှန်စစ်မယ်။ဘယ်လိုစစ်ဆေးမလဲ ပထမဆုံးသံလိုက်ဘီးကကီးချော်မချော်အရင်စစ်မယ်။ကီးလွဲနေရင်မီးဆင်းသော်လဲစက်မနိုးနိုင်ဘူး။နိုးရင်လဲစက်သံမမှန်ဘူး။ဒုတိယကတော့ မီးဟာအစုလိုက်အပြုံလိုက်ဆင်းနေတာမဖြစ်ရဘူး။ပလပ်ခေါင်းကိုချွတ်မယ် ပလပ်ကွိုင်ကြိုးကိုဘော်ဒီနဲ့မထိတထိလေးထားပြီးကစ်နင်းမယ်။ကစ်နင်းတာနဲ့ မီးဟာ တစ်စက္ကန့်အတွင်းငါးကြိမ်ခြောက်ကြိမ်ထက်မနဲတိုင်ပင်ကိုက်ဖြတ်ဆင်းရမယ်။အဲ့လိုမှမဟုတ်ဘဲမီးဟာအတန်းလိုက်ကြီးတန်းဆင်းနေရင်တော့ cdi,ကွိုင်အဝင်အထွက်နဲ့ပလပ်ကွိုင်တွေစစ်ဆေးရမယ်။တတိယအချက်ကတော့plug missfireဖြစ်ခြင်းပါ။ပလပ်ဟာလိုအပ်တဲ့မီးမပေးနိုင်ခြင်းကြောင့်လောင်စာကိုလိုသလိုမလောင်နိုင်တော့ဘူး။ဒီအခါမှာပလပ်ကိုအပြင်မှာထုတ်ပြီးစမ်းရင်မီးဆင်းတာမြင်ရပေမယ့် အဲ့ဒီမီးဟာ ပလပ်ငုတ်ရဲ့အလယ်မှာမပွင့်တော့ဘဲ ဘေးဘယ်ညာဆီမှာကူးပြီးမီးပေါက်နေတတ်တယ်။ဒီလိုအခြေအနေမျိုးတွေမှာစက်နိုးနိုင်မှာမဟုတ်ပါဘူး။ပလပ်လဲလိုက်ရင်တော့okသွားမှာပါ။မီးပိုင်းစနစ်တွေကိုအစအဆုံးပြန်စစ်မယ်ဆိုရင်တော့အဝင်,အထွက်,ပါဆာ,groundအဲ့ဒီလေးချက်ကိုပြန်စစ်ပါ။သတ္တဝါတွေမှာလဲဓာတ်ကြီးလေးပါးရှိသလို ဆိုင်ကယ်မှာလဲဓာတ်ကြီးလေးပါးရှိပါတယ်။တမျိုးမျိုးဖောက်ပြန်ရင်စက်မနိုးတော့ပါဘူး။အဝင်ဆိုတာစတတ်ကွိုင်ကလာတဲ့နက်နီကြားကြိုးcdiအတွင်းသို့ဝင်တယ်။အထွက်ဆိုတာcdiကနေပလပ်ကွိုင်ကိုထွက်သည့်ကြိုးနက်ဝါကြားကြိုး။ပါဆာဆိုတာသံလိုက်အုံဖြတ်ကွိုင်ကနေလာတဲ့ဖြူပြာကြိုး။groundဆိုတာကတော့အပ်ကြိုးပါ။အဲ့ဒီလေးချက်ညီညွတ်မှမီးဆင်းမှန်ပါမယ်။အွန်လိုင်းတပည့်များအခက်အခဲများကျော်လွှားနိုင်ပြီး ဝါယာပိုင်းကိုကျွမ်းကျင်စွာတတ်မြောက်နိုင်ကြပါစေ။ဆရာစွမ်းနိုင်ဆင်ဖြူကျွန်းမကွေးတိုင်း
No comments:
Post a Comment