ဆိုင္ကယ္စီးသူတုိင္း သိထားသင့္တဲ့ အေျခခံအခ်က္မ်ား ( ၂ )

ဆိုင္ကယ္စီးသူတုိင္း သိထားသင့္တဲ့ အေျခခံအခ်က္မ်ား  ( ၂ )
====================================

ဘရိတ္အေၾကာင္း သိေကာင္းစရာ
----------------------------------------

ဘရိတ္က အသံျမည္ေနရင္ ဘယ္လုိျပင္ဆင္နုိင္မလဲ
------------------------------------------------------------------

ဘရိတ္တံုးေတြ မညီရင္၊ ရႈးသား မေကာင္းေတာ့ရင္၊ ဘရိတ္ရႈးတပ္တဲ့အခ်ိန္မွာ ပံုစံတက်မျဖစ္ပဲ လြဲမွားေနရင္္ ဘရိတ္ရႈးက ျငိတက္ပါတယ္။ ရႈးဘရိတ္က အတြင္းရႈးသားျငိလို႔ ထြက္တဲ့ ဘရိတ္သံက တိုးပါတယ္။ ျပီးေတာ့ သူ ့ရဲ ့အသံက ဆက္တုိက္အသံရွည္ေပးျပီး ျမည္ေနတာမ်ိဳးမဟုတ္ပဲ ဘီးတစ္ပတ္ျပည့္မွ ( ရႈးမညီတဲ့ေနရာနဲ႔ တိုက္မိမွ )  အသံတစ္ခ်က္ ထြက္လာတက္တာမ်ိဳးျဖစ္ပါတယ္။ ဒီလို ့ ဆူညံသံမ်ိဳး ၾကားရျပီဆုိ ဘရိတ္ရႈးအတြင္းသားကို ျပန္လည္စစ္ေဆးဖို႔ လိုအပ္ပါတယ္။ ဘရိတ္ရႈးအတြင္းသား ျငိတက္တာမ်ိဳးက ေရွ ့ဘီးမွာ ပုိျပီးအျဖစ္မ်ားတာေတြ ့ရတက္ပါတယ္။ မေပါ့ဆသင့္ပါဘူး။ အျမန္ဆံုး ျပင္ဆင္ပါလုိ ့အၾကံေပးလုိက္ရပါတယ္။ 

ဘရိတ္အတြင္းသားထဲကို ေရ၀င္ေနလုိ႔ ဘရိတ္ကအသံထြက္တာလည္းရွိပါတယ္။ သူကေတာ့ ေနာက္ဘီးမွာ မ်ားတက္ပါတယ္။ ျပီးေတာ့ သူက ဘီးလည္ေနတဲ့အခ်ိန္မွာ အသံထြက္တာမ်ိဳးမဟုတ္ပဲ ဘရိတ္ဖမ္းမွ အသံထြက္တက္တာျဖစ္ပါတယ္။ ဒီေနရာမွာ တစ္ခုၾကိဳျပီး သတိျပဳေစလုိတာက ကုိယ္က တပတ္ရစ္ဘီးကုိျပန္၀ယ္မယ္၊ စီးၾကည့္ေတာ့ ေနာက္ဘရိတ္ကအသံထြက္ေနမယ္ဆုိ စစ္ၾကည့္စရာ ၂ ခုရွိပါတယ္။ ျပန္ေရာင္းတဲ့သူက သူ ့ဆုိင္ကယ္ကုိ စတုိင္လ္လုပ္ျပီး အသံထြက္ေအာင္ ေနာက္ဘရိတ္ထဲ ဆီထည့္ျပီးစီးထားတာလား ? ဒါမွမဟုတ္ ေနာက္ဘရိတ္ထဲေရ၀င္ေနတာလားဆုိတဲ့ ၂ ခုပဲျဖစ္ပါတယ္။ ( တခ်ိဳ ့က ဘရိတ္ရႈးသံထြက္ခ်င္တာေၾကာင့္  ေနာက္ဘရိတ္ရႈးထဲကုိ ထင္းရႈးဆီလုိ၊ အမဲဆီလိုအရာမ်ိဳးထည့္ၿပီး စီးတတ္ၾကပါတယ္ )  
ဘရိတ္ထဲ ေရ၀င္ေနတာက ျပင္ဖုိ ့ေတာ့ သိပ္ျပီးမလုိပါဘူး။ သူက အခ်ိန္အပုိင္းအျခားတစ္ခုမွာ ျပန္ျပီးေျခာက္သြားရင္ ေကာင္းသြားတာမ်ိဳးပါ။ အၾကံေပးလုိတာကေတာ့ ဘရိတ္ထဲကုိ ေရ၀င္ေနမယ္ဆုိ ျပန္ေျခာက္ေလာက္တဲ့ထိေစာင့္ျပီးမွ ျပန္စီးေစခ်င္ပါတယ္။ မစီးမျဖစ္စီးရေတာ့မယ္ဆုိရင္လည္း ေျဖးေျဖးမွန္မွန္ေလးပဲ စီးေစခ်င္ပါတယ္။ ဘရိတ္တြင္းေရ၀င္ေနရင္ ဘရိတ္ရဲ ့စြမ္းေဆာင္ရည္ကုိ  ေလ်ာ့သြားေစတာေၾကာင့္ ျမန္ႏႈန္းျမင့္ စီးတာမ်ိဳးအတြက္ အႏၱရာ္ယရွိပါတယ္။ အတြင္းသားမွာ ေရ၀င္ေနတာေၾကာင့္ ဘရိတ္အုပ္တိုင္း ရႈးသားေတြကုိလည္း အစားျမန္သြားေစပါတယ္။

အခုေျပာမွာကေတာ့ တတိယအခ်က္ပါ။ ဘရိတ္ရႈးသားပါးတာေၾကာင့္ အသံထြက္တာမ်ိဳးပါ။ သူက ဘရိတ္အတြင္းသားထဲ ေရ၀င္လို႔ အသံထြက္တဲ့ပံုစံနဲ႔ ဆင္ပါတယ္။ ဘရိတ္ဖမ္းခ်ိန္မွာ အသံထြက္ေနမယ္၊ ဘရိတ္က ဖမ္းရခက္ေနမယ္၊ ဘရိတ္က ေၾကာင္ေနမယ္၊ ( ေၾကာင္ေနမယ္ဆုိတာက တခါတေလက်  ဘရိတ္က မိလြန္းေနၿပီး တခါတေလက် ဘရိတ္က မမိခ်င္တာမ်ိဳးပါ။ ) ဆုိရင္ေတာ့ အတြင္းဘရိတ္ ရႈးသားပါးလို႔ အသံထြက္ေနတာ ျဖစ္ဖုိ ့မ်ားေနပါျပီ။ ဘရိတ္ရႈးသားပါးေနတာဆုိရင္ေတာ့ မေပါ့ေစခ်င္ပါဘူး။ အခ်ိန္သိပ္မစုိင္းပဲ ျပင္ဆင္စီးနင္းေစ်ခ်င္ပါတယ္။ 

ရႈးကုိအေျခခံျပီးထုတ္တဲ့ ဘရိတ္စနစ္ေတြက ျပင္ဆင္စရိတ္သိပ္ျပီးမမ်ားပါဘူး။ သက္သာပါတယ္။ ဒါ့ေၾကာင့္ ဘရိတ္ကုိ ပုံမွန္စစ္ပါ။ စီးေနရင္းနဲ ့ ဆုိင္ကယ္ကထြက္လာတက္တဲ့အသံေတြကုိ နားစြင့္ပါ။ ပုံမွန္သံ၊ ပုံမွန္မဟုတ္တဲ့အသံေတြကုိ ခြဲျခားသိေအာင္ မွတ္သားေလ့လာပါ။ ကုိယ္စီးေနတဲ့ဆုိင္ကယ္က အရွိန္ဘယ္ေလာက္ကေနရပ္မယ္ဆုိ အကြာအေ၀းဘယ္ေလာက္ယူမယ္ဆုိတာကုိ သိေအာင္လုပ္ပါ။ ဘရိတ္က အေကာင္းဆုံးျဖစ္ေနသည့္တုိင္ ျဖစ္သင့္တဲ့ အရွိန္ႏႈန္းထက္ ပုိျပီးမေမာင္းမိေအာင္ သတိျပဳဆင္ျခင္ပါ။

***  အားလုံးကုိ ေက်းဇူးတင္ပါတယ္ဗ်ာ။ Drum ဘရိတ္အေၾကာင္းကုိေတာ့ ခဏေစာင့္ေပးပါဦး။  ***   😁     
#cread Dragon...





(Unicode)

ဆိုင်ကယ်စီးသူတိုင်း သိထားသင့်တဲ့ အခြေခံအချက်များ  ( ၂ )
====================================

ဘရိတ်အကြောင်း သိကောင်းစရာ
----------------------------------------

ဘရိတ်က အသံမြည်နေရင် ဘယ်လိုပြင်ဆင်နိုင်မလဲ
------------------------------------------------------------------

ဘရိတ်တုံးတွေ မညီရင်၊ ရှုးသား မကောင်းတော့ရင်၊ ဘရိတ်ရှုးတပ်တဲ့အချိန်မှာ ပုံစံတကျမဖြစ်ပဲ လွဲမှားနေရင် ဘရိတ်ရှုးက ငြိတက်ပါတယ်။ ရှုးဘရိတ်က အတွင်းရှုးသားငြိလို့ ထွက်တဲ့ ဘရိတ်သံက တိုးပါတယ်။ ပြီးတော့ သူ့ရဲ့အသံက ဆက်တိုက်အသံရှည်ပေးပြီး မြည်နေတာမျိုးမဟုတ်ပဲ ဘီးတစ်ပတ်ပြည့်မှ ( ရှုးမညီတဲ့နေရာနဲ့ တိုက်မိမှ )  အသံတစ်ချက် ထွက်လာတက်တာမျိုးဖြစ်ပါတယ်။ ဒီလို့ ဆူညံသံမျိုး ကြားရပြီဆို ဘရိတ်ရှုးအတွင်းသားကို ပြန်လည်စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဘရိတ်ရှုးအတွင်းသား ငြိတက်တာမျိုးက ရှေ့ဘီးမှာ ပိုပြီးအဖြစ်များတာတွေ့ရတက်ပါတယ်။ မပေါ့ဆသင့်ပါဘူး။ အမြန်ဆုံး ပြင်ဆင်ပါလို့အကြံပေးလိုက်ရပါတယ်။ 

ဘရိတ်အတွင်းသားထဲကို ရေဝင်နေလို့ ဘရိတ်ကအသံထွက်တာလည်းရှိပါတယ်။ သူကတော့ နောက်ဘီးမှာ များတက်ပါတယ်။ ပြီးတော့ သူက ဘီးလည်နေတဲ့အချိန်မှာ အသံထွက်တာမျိုးမဟုတ်ပဲ ဘရိတ်ဖမ်းမှ အသံထွက်တက်တာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုကြိုပြီး သတိပြုစေလိုတာက ကိုယ်က တပတ်ရစ်ဘီးကိုပြန်ဝယ်မယ်၊ စီးကြည့်တော့ နောက်ဘရိတ်ကအသံထွက်နေမယ်ဆို စစ်ကြည့်စရာ ၂ ခုရှိပါတယ်။ ပြန်ရောင်းတဲ့သူက သူ့ဆိုင်ကယ်ကို စတိုင်လ်လုပ်ပြီး အသံထွက်အောင် နောက်ဘရိတ်ထဲ ဆီထည့်ပြီးစီးထားတာလား ? ဒါမှမဟုတ် နောက်ဘရိတ်ထဲရေဝင်နေတာလားဆိုတဲ့ ၂ ခုပဲဖြစ်ပါတယ်။ ( တချို့က ဘရိတ်ရှုးသံထွက်ချင်တာကြောင့်  နောက်ဘရိတ်ရှုးထဲကို ထင်းရှုးဆီလို၊ အမဲဆီလိုအရာမျိုးထည့်ပြီး စီးတတ်ကြပါတယ် )  
ဘရိတ်ထဲ ရေဝင်နေတာက ပြင်ဖို့တော့ သိပ်ပြီးမလိုပါဘူး။ သူက အချိန်အပိုင်းအခြားတစ်ခုမှာ ပြန်ပြီးခြောက်သွားရင် ကောင်းသွားတာမျိုးပါ။ အကြံပေးလိုတာကတော့ ဘရိတ်ထဲကို ရေဝင်နေမယ်ဆို ပြန်ခြောက်လောက်တဲ့ထိစောင့်ပြီးမှ ပြန်စီးစေချင်ပါတယ်။ မစီးမဖြစ်စီးရတော့မယ်ဆိုရင်လည်း ဖြေးဖြေးမှန်မှန်လေးပဲ စီးစေချင်ပါတယ်။ ဘရိတ်တွင်းရေဝင်နေရင် ဘရိတ်ရဲ့စွမ်းဆောင်ရည်ကို  လျော့သွားစေတာကြောင့် မြန်နှုန်းမြင့် စီးတာမျိုးအတွက် အန္တရာ်ယရှိပါတယ်။ အတွင်းသားမှာ ရေဝင်နေတာကြောင့် ဘရိတ်အုပ်တိုင်း ရှုးသားတွေကိုလည်း အစားမြန်သွားစေပါတယ်။

အခုပြောမှာကတော့ တတိယအချက်ပါ။ ဘရိတ်ရှုးသားပါးတာကြောင့် အသံထွက်တာမျိုးပါ။ သူက ဘရိတ်အတွင်းသားထဲ ရေဝင်လို့ အသံထွက်တဲ့ပုံစံနဲ့ ဆင်ပါတယ်။ ဘရိတ်ဖမ်းချိန်မှာ အသံထွက်နေမယ်၊ ဘရိတ်က ဖမ်းရခက်နေမယ်၊ ဘရိတ်က ကြောင်နေမယ်၊ ( ကြောင်နေမယ်ဆိုတာက တခါတလေကျ  ဘရိတ်က မိလွန်းနေပြီး တခါတလေကျ ဘရိတ်က မမိချင်တာမျိုးပါ။ ) ဆိုရင်တော့ အတွင်းဘရိတ် ရှုးသားပါးလို့ အသံထွက်နေတာ ဖြစ်ဖို့များနေပါပြီ။ ဘရိတ်ရှုးသားပါးနေတာဆိုရင်တော့ မပေါ့စေချင်ပါဘူး။ အချိန်သိပ်မစိုင်းပဲ ပြင်ဆင်စီးနင်းဈေချင်ပါတယ်။ 

ရှုးကိုအခြေခံပြီးထုတ်တဲ့ ဘရိတ်စနစ်တွေက ပြင်ဆင်စရိတ်သိပ်ပြီးမများပါဘူး။ သက်သာပါတယ်။ ဒါ့ကြောင့် ဘရိတ်ကို ပုံမှန်စစ်ပါ။ စီးနေရင်းနဲ့ ဆိုင်ကယ်ကထွက်လာတက်တဲ့အသံတွေကို နားစွင့်ပါ။ ပုံမှန်သံ၊ ပုံမှန်မဟုတ်တဲ့အသံတွေကို ခွဲခြားသိအောင် မှတ်သားလေ့လာပါ။ ကိုယ်စီးနေတဲ့ဆိုင်ကယ်က အရှိန်ဘယ်လောက်ကနေရပ်မယ်ဆို အကွာအဝေးဘယ်လောက်ယူမယ်ဆိုတာကို သိအောင်လုပ်ပါ။ ဘရိတ်က အကောင်းဆုံးဖြစ်နေသည့်တိုင် ဖြစ်သင့်တဲ့ အရှိန်နှုန်းထက် ပိုပြီးမမောင်းမိအောင် သတိပြုဆင်ခြင်ပါ။

***  အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ Drum ဘရိတ်အကြောင်းကိုတော့ ခဏစောင့်ပေးပါဦး။  ***   😁     
#cread Dragon...


No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...