ကလပ္အံု ဆိုင္ရာ သိစရာမ်ား…

clutch box တစ္ခုရဲ႕အလုပ္ေတြနဲ႕ ျပင္ဆင္ႀကပံုေတြကိုေျပာျပထားေပးပါမယ္။ ကလပ္ဆိုတာ ေရြ႕လ်ား စက္အစိတ္အပိုင္းေတြမွာအသံုးမ်ားျပီးေတာ့ အလုပ္ကေတာ့ အင္ဂ်င္နဲ႕ ဂီယာ ေဘာက္ ကိုခ်ိတ္ဆက္ေပးပါတယ္။ခ်ိတ္ယံုပဲေတာ့မဟုတ္ပါဘူး။ လိုအပ္သလို ဖိ ခြာ လဲလုပ္ေပးရပါေသးတယ္။ ကဲအဲ့ေတာ့ ကလပ္ ဖြဲ႕စည္းပံုကေနစေျပာႀကတာေပါ့။ကလပ္အဖြဲ႕အစည္း တစ္ခုမွာ အလုပ္ႏွစ္မ်ိဳးရွိပါတယ္။ တစ္ခုက အင္ဂ်င္နဲ႕ ဂီယာေဘာက္ကိုေခ်ာေခ်ာေမႊ႕ေမႊ႕ ခ်ိတ္ဆက္ေပးတာပါ။ ေခ်ာေခ်ာေမြ႔ေမြ႔ဆိုတာက အင္ဂ်င္ရဲ႕ေဆာင့္အားမွန္သမွ်ဟာ ဂီယာေဘာက္ကတဆင့္ေနာက္ဘီးကိုမေရာက္ေစပဲ ကလပ္ျပားေတြႀကားက ပြတ္မူနဲ႕တင္ ေခ်ဖ်က္သင့္သေလာက္ေခ်ဖ်က္ေပးတဲ႕သေဘာပါ။ ေနာက္အလုပ္တစ္ခုကေတာ့ ဂီယာထိုးေတာ့မယိ့အခ်ိန္မွာ ယာယီ အင္ဂ်င္ရဲ႕တဘက္သတ္ဆြဲအားကို လႊတ္ေပးလိုက္တာပါ။ဆိုလိုတာက တဘက္တည္းကိုခ်ည္းဂီယာေဘာက္ကို ဆြဲလွည့္ထားမယ္ဆိုရင္ ဂီယာအဝင္အထြက္က ခက္တတ္ပါတယ္။ လူကဆြဲတဲ႕စနစ္ရွိသလို ေအာ္တိုကလပ္ ေတြလဲရွိပါေသးတယ္။စာေလးအဆံုးပိုင္းမွာေတာ့နားလည္လာပါလိမ့္မယ္။
ဆိုင္ကယ္ကလပ္မွာဖြဲ႕စည္းပံုအရ semi-auto အတြက္ရယ္ မန္န်ဴရယ္ အတြက္ရယ္ နွစ္မ်ိဳးသာရွိပါတယ္။
ကားေတြရဲ႕ ATF စနစ္နဲ႕ CVT စနစ္ ဂီယာ ေတြမွာေတာ့ သီးျခား ကြန္ထရိုးေဘာက္ကေနအလုပ္လုပ္ေပးတာပါ။ ခုကေတာ့ဆိုင္ကယ္အေႀကာင္းပဲ ဆက္ေျပာတာေပါ့။ဆိုင္ကယ္cvt(ဘတ္ႀကိဳးစနစ္ ေအာ္တို) မွာတာ့ ကလပ္အံုသီးျခားမပါလာေတာ့ပဲ ဖြဲ႕စည္းထားတာပါ။CVTခ်င္းတူေပမယ့္ ဆိုင္ကယ္မွာ ဂါဗနာေဘာေျခာက္လံုးနဲ႕ကန္ထြက္လာျပီးေတာ့ ကားCVTမွာေတာ့ oil ပရက္ရွာနဲ႕ တြန္းကန္အလုပ္လုပ္ပါတယ္။

Semi- Auto  ကလပ္ အဖြဲ႕အစြဲ႕အစည္း  
--
ဒီစနစ္က ကလပ္ေမာင္းတံ မပါလာပဲ ကလပ္အံုအဖြဲ႕စည္းကေနပဲသီးျခား ကလပ္ဆြဲညွစ္  လႊတ္ သလိုအလုပ္ကိုလုပ္ေဆာင္ပါတယ္။ ဘီးေလးအမ်ားစုတရုပ္ယိုးဒယားဘီးေတြက semi-auto clutch ပါ။လုပ္ငန္းက သံုးခုရွိပါလိမ့္မယ္။
(1) အပါတ္ရည္ျမင့္မွ ဘီးလိမ့္ဖို႕
(2)ဂီယာထိုးခ်ိန္မွာ အင္ဂ်င္နဲ႕အဆက္သြယ္ ျဖတ္ဖို႕
(3)ကစ္နင္းရင္ အင္ဂ်င္လည္ဖို႕(ကစ္ခ်ိတ္ဖို႕)
ဒီအလုပ္သံုးခုမွာ တစ္စံုတရာလြဲေခ်ာ္လို႕မရသလို အလုပ္သံုးခုျပည့္စံုဖို႕ရႈပ္ရႈပ္ေထြးေထြးတည္ေဆာက္ထားတာကိုလဲေတြ႕ရမွာပါ။ယိုးဒယား ဘီးေလးအမ်ားစုအတြက္ အပါတ္ရည္တက္လာမွဘီးလိမ့္ဖို႕ကို ကရိုင္းနဲ႕တြဲဆက္ထားတဲ႕ဂါဗနာဝိတ္တံုးေတြကေန သံကေတာ့ကိုပြတ္ဆြဲျခင္းျဖင့္အလုပ္လုပ္ပါတယ္။သတ္မွတိထားတဲ႕အပါတ္ရည္ေရာက္မွ  ရႈးဝိတ္တံုးေလးေတြကိုကားထြက္ေစျခင္းေႀကာင့္ အင္ဂ်င္မနိုင္ျခင္း ဝပ္ေနျခင္းေတြသက္သာေစျပီး ေပါ့ေပါ့ပါးပါး ေမာင္းနွင္နိုင္ပါတယ္။သတိထားရမွာက ရႈးတံုးေလးေတြရဲ႕အေလးခ်ိန္ရယ္ ရႈးတံုးေတြကိုဆြဲထားတဲ႕စပရင္ရဲ႕တင္းအားရယ္ ရႈးနဲ႕ကေတာ့ႀကားအကြာေဝးရယ္က စနစ္တက် တြက္ခ်က္ထားတာမို႕ စနစ္မက်တဲ႕ျပင္ဆင္မူေတြကို လက္မခံတတ္ပါဘူး။စလိူးမွာအသံထြက္တာ အထမွာေအာ္တာ 
မေျပးတာ ဒါေတြဟာ ဒီဂါဗနာနဲ႕ဆိုင္ပါတယ္။ယိုးဒယားဘီးေလးေတြမွာ ဂီယာထိုးခ်ိန္ကို အင္ဂ်င္နဲ႕အဆက္သြယ္ျဖတ္ဖို႕ ဂါဗနာရဲ႕ေနာက္ဖက္မွာ ကလပ္အံုသီးျခားတည္ရွိလာျပီးေတာ့ ကလပ္ျပားေတြကို ဂီယာတံ နင္းခ်လိုက္တဲ႕75%မွာ ခြာထုတ္လိုက္ပါတယ္။ေအာက္ပိုင္း25%ေလာက္မွာမွ ဂီယာေဘာက္ကိုဂီဟာဝင္ေစတာပါ။ဂီယာတံေလးကိုဖိနင္းထားရင္ကလပ္ဆြဲထားသလိုျဖစ္ေနျပီးေတာ့ သံုးလံုး နိမ့္ေလ်ာ ေဘာဆံေလးေတြနဲ႕ ဖိခြာ လႊတ္မိ အလုပ္ကိုလုပ္ေပးပါတယ္။ ဒီအပိုင္းမွာတာ့ဖရီးရိုက္မရျခင္း  အင္ဂ်င္မရုန္းနိုင္ျခင္း မေျပးျခင္းစတဲ႕ျပသနာေတြျဖစ္တတ္ပါတယ္။

တရုပ္ကလပ္အံုရဲ႕ အလုပ္ကိုေျပာတဲ႕အခါ အသံကိုလဲထည့္သြငိးေျပာျပဖို႕လိုလာပါတယ္။ ကလပ္ေဟာက္ဇယ္သတၲဳအံုရဲ႕ အထဲမွာ အင္ဂ်င္နဲ႕ အေသဆက္ထားတဲ႕ ေက်ာက္ျပင္ရွိပါတယ္။ အဆိုပါေက်ာက္ျပင္ကေန ကလပ္ေဟာက္ဆယ္နဲ႕မတိုက္ေအာင္စပရင္ ခံပးထားေပမယ့္ တရုပ္ကလပ္အံုဟာ စလိုးထားရင္ ဂြပ္ဂြပ္သံႀကားရပါတယ္။ ေဖ်ာက္လို႕ေျပာက္သြား ခဏပါ။ ဒါကရိုးရာပါပဲ။ ေနာက္တစ္ခ်က္က ဖရီးစပရင္ပါ။ စာေစာကေျပာတဲ႕ေက်ာက္ျပင္နဲ႕ ကလပ္ေဟာက္ဆယ္ကို ႀကားမွာ ခု ေထာက္ ထားတာ ဖရီးစပရင္ပါ။ အလုပ္လုပ္ပံုက ကလပ္အံုအခြံဟာ ဖရီးရိုက္ခ်ိန္မွာက်ြံက် နိမ့္က်လာျပီးေတာ့ ေအာက္ဆံုးက အနားသတ္ ကလပ္ျပားကို ဟ သြားေစတာပါပဲ။ အဲ့စပရင္ ေပ်ာ့ေနတဲ႕အခါ ဂီယာနင္းရတာေပ်ာ့ေနလို႕နင္းေကာင္းေပမယ့္ ရုတ္တရက္ဝန္မရုန္းတာႀကံဳရတတ္ပါတယ္။ ဆတ္ခနဲမွာ ေအာ္ထြက္တာ  ဂီယာေပ်ာ့ျပီး  ကစ္ေခ်ာ္တာ ကလပ္ျပားစားတာျဖစ္တတ္ပါတယ္။ တရုပ္နဲ႕ပါတ္သက္လို႕ ဒါအကုန္ပါပဲ။ 

ယိုးဒယားဘီးေလးေတြမွာေတာ့ ကလပ္အံုက နွစ္ထပ္လာပါတယ္ ။အရပ္အေခၚ ဂါဗနာ စနစ္ေပါ့ဗ်ာ။ သူကလဲ အားသာခ်က္အားနည္းခ်က္ေတာ့ရွိေနတာပါပဲ။ ဂါဗနာလို႕ေခၚတဲ႕ ဗဟိုခြာအားသံုး စနစ္ကိုအေရွ႕က တပ္ဆင္ထားျပီးေတာ့ ကလပ္အံုကိုစပရင္ နဲ႕အေနာက္မွာတပ္ဆင္ထားတာပါ။ လီဘာဆြဲတာနဲ႕ အင္ဂ်င္နဲ႕ခ်ိတ္ဆက္ထားတဲ႕ ဂါဗနာဝိတ္တံုးေတြကားထြက္လာျပီး အေပၚက သံကေတာ့ကို ပြတ္ဆြဲျပီးေနာက္ကကလပ္အံုကိုလည္ေစပါတယ္။ဘီးလိမ့္တယ္ေပါ့ဗ်ာ။ ကလပ္အံုရဲ႕တာဝန္က ဂီယာ ဖရီးရိုက္ခ်ိန္မွာ ဂီယာေဘာက္စ္ နဲ႕ အင္ဂ်င္က္ို ယာယီ အဆက္သြယ္ျပတ္ေစျပီးဂီယာဝင္သြားေစပါတယ္။ ကစ္နင္းရင္ေတာ့ဂီယာေဘာက္လည္ ကလပ္အံုလည္ျပီး ဂါဗနာအတြင္းက ရစ္ခ်က္ ေဘာေတြရဲ႕ တဘက္သတ္ခ်ိတ္အားနဲ႕ အင္ဂ်င္လည္ေစပါတယ္။ နိုးတဲ႕အခါ ေဘာေတြကေခ်ာ္သြားျပီး ဂါဗနာရႈးေတြခ်ည္းသီးသန္႕လည္ေနေစတာပါ။ အသံအေနနဲ႕က ဂါဗနာဘီးေတြဟာ တပ္ဆင္ပံုပံုမက်ရင္ အသံျပဳတတ္ျပီးေတာ့ အစီးႀကာလာရင္လဲ အသံထြက္တတ္ပါတယ္။ ဥပမာ ဂါဗနာရႈးအထိုင္ေတြမွာ သားေရဘြတ္ေတြ ပါလာတတ္ျပီးေတာ့ စားသြားရင္မာသြားရင္ စလိုးမွာေဂါက္ ေဂါက္အသံျပဳသလိုပဲ သံကေတာ့ ေရွ႕ေနာက္ခါေနရင္လဲ ေဂါက္ သံေပးတတ္ေသးတယ္။ နွစ္ခုလံုးက စလိုးမွာပဲႀကားရမွာျဖစ္ျပီးေတာ့ လီဘာတင္ရင္ေပ်ာက္ပါတယ္။ 

သတိျပဳရန္က ဂါဗနာရႈးစပရင္ကို ခ်ဲ႕တာ ကားတာ မလုပ္သင့္ပါဘူး။ ရႈးအသစ္လဲရင္ စပရင္ကိုေအာ္ျပန္သံုးပါ။ ကေတာ့အတြင္းလိုင္းစားတာ  ရႈးပါးကုန္တာ ကလပ္ျပား ပါးကုန္တာေတြဟာ ဒီဘီးေတြရဲ႕ျပစ္ခ်က္ေတြပါ။အားသာခ်က္အေနနဲ႕က အထအႀကြ ညက္ေညာတယ္။အေျပးေကာင္းတယ္ အင္ဂ်င္မနာတတ္ေႀကာင္းပါခင္ဗ်ာ။ 
ဒီေဆာင္းပါးေလးဟာ သာမန္လူေတြနားလည္ဖို႕ခက္ခဲျပီး ျပဳျပင္ေနဆဲ လူငယ္သူငယ္ခ်င္းမ်ားအတြက္သီးသန္႕ေရးထားသလိုျဖစ္ေနတဲ႕အတြက္  စာဖတ္သူမ်ားကိုေတာင္းပန္ပါတယ္။ ေက်းဇူးတင္ပါတယ္။ အားလံုးပဲဆိုင္ကယ္ဆိုင္ရာဗဟုသုတမ်ားနဲ႕ျပည့္ဝႀကပါ​ေစခင္​ဗ်ာ

Copy ကူး၍ျပန္​လည္​မ်ွဝျခင္​းပါ



(Unicode)

ကလပ်အုံ ဆိုင်ရာ သိစရာများ…

clutch box တစ်ခုရဲ့အလုပ်တွေနဲ့ ပြင်ဆင်ကြပုံတွေကိုပြောပြထားပေးပါမယ်။ ကလပ်ဆိုတာ ရွေ့လျား စက်အစိတ်အပိုင်းတွေမှာအသုံးများပြီးတော့ အလုပ်ကတော့ အင်ဂျင်နဲ့ ဂီယာ ဘောက် ကိုချိတ်ဆက်ပေးပါတယ်။ချိတ်ယုံပဲတော့မဟုတ်ပါဘူး။ လိုအပ်သလို ဖိ ခွာ လဲလုပ်ပေးရပါသေးတယ်။ ကဲအဲ့တော့ ကလပ် ဖွဲ့စည်းပုံကနေစပြောကြတာပေါ့။ကလပ်အဖွဲ့အစည်း တစ်ခုမှာ အလုပ်နှစ်မျိုးရှိပါတယ်။ တစ်ခုက အင်ဂျင်နဲ့ ဂီယာဘောက်ကိုချောချောမွှေ့မွှေ့ ချိတ်ဆက်ပေးတာပါ။ ချောချောမွေ့မွေ့ဆိုတာက အင်ဂျင်ရဲ့ဆောင့်အားမှန်သမျှဟာ ဂီယာဘောက်ကတဆင့်နောက်ဘီးကိုမရောက်စေပဲ ကလပ်ပြားတွေကြားက ပွတ်မူနဲ့တင် ချေဖျက်သင့်သလောက်ချေဖျက်ပေးတဲ့သဘောပါ။ နောက်အလုပ်တစ်ခုကတော့ ဂီယာထိုးတော့မယိ့အချိန်မှာ ယာယီ အင်ဂျင်ရဲ့တဘက်သတ်ဆွဲအားကို လွှတ်ပေးလိုက်တာပါ။ဆိုလိုတာက တဘက်တည်းကိုချည်းဂီယာဘောက်ကို ဆွဲလှည့်ထားမယ်ဆိုရင် ဂီယာအဝင်အထွက်က ခက်တတ်ပါတယ်။ လူကဆွဲတဲ့စနစ်ရှိသလို အော်တိုကလပ် တွေလဲရှိပါသေးတယ်။စာလေးအဆုံးပိုင်းမှာတော့နားလည်လာပါလိမ့်မယ်။
ဆိုင်ကယ်ကလပ်မှာဖွဲ့စည်းပုံအရ semi-auto အတွက်ရယ် မန်နျူရယ် အတွက်ရယ် နှစ်မျိုးသာရှိပါတယ်။
ကားတွေရဲ့ ATF စနစ်နဲ့ CVT စနစ် ဂီယာ တွေမှာတော့ သီးခြား ကွန်ထရိုးဘောက်ကနေအလုပ်လုပ်ပေးတာပါ။ ခုကတော့ဆိုင်ကယ်အကြောင်းပဲ ဆက်ပြောတာပေါ့။ဆိုင်ကယ်cvt(ဘတ်ကြိုးစနစ် အော်တို) မှာတာ့ ကလပ်အုံသီးခြားမပါလာတော့ပဲ ဖွဲ့စည်းထားတာပါ။CVTချင်းတူပေမယ့် ဆိုင်ကယ်မှာ ဂါဗနာဘောခြောက်လုံးနဲ့ကန်ထွက်လာပြီးတော့ ကားCVTမှာတော့ oil ပရက်ရှာနဲ့ တွန်းကန်အလုပ်လုပ်ပါတယ်။

Semi- Auto  ကလပ် အဖွဲ့အစွဲ့အစည်း  
--
ဒီစနစ်က ကလပ်မောင်းတံ မပါလာပဲ ကလပ်အုံအဖွဲ့စည်းကနေပဲသီးခြား ကလပ်ဆွဲညှစ်  လွှတ် သလိုအလုပ်ကိုလုပ်ဆောင်ပါတယ်။ ဘီးလေးအများစုတရုပ်ယိုးဒယားဘီးတွေက semi-auto clutch ပါ။လုပ်ငန်းက သုံးခုရှိပါလိမ့်မယ်။
(1) အပါတ်ရည်မြင့်မှ ဘီးလိမ့်ဖို့
(2)ဂီယာထိုးချိန်မှာ အင်ဂျင်နဲ့အဆက်သွယ် ဖြတ်ဖို့
(3)ကစ်နင်းရင် အင်ဂျင်လည်ဖို့(ကစ်ချိတ်ဖို့)
ဒီအလုပ်သုံးခုမှာ တစ်စုံတရာလွဲချော်လို့မရသလို အလုပ်သုံးခုပြည့်စုံဖို့ရှုပ်ရှုပ်ထွေးထွေးတည်ဆောက်ထားတာကိုလဲတွေ့ရမှာပါ။ယိုးဒယား ဘီးလေးအများစုအတွက် အပါတ်ရည်တက်လာမှဘီးလိမ့်ဖို့ကို ကရိုင်းနဲ့တွဲဆက်ထားတဲ့ဂါဗနာဝိတ်တုံးတွေကနေ သံကတော့ကိုပွတ်ဆွဲခြင်းဖြင့်အလုပ်လုပ်ပါတယ်။သတ်မှတိထားတဲ့အပါတ်ရည်ရောက်မှ  ရှုးဝိတ်တုံးလေးတွေကိုကားထွက်စေခြင်းကြောင့် အင်ဂျင်မနိုင်ခြင်း ဝပ်နေခြင်းတွေသက်သာစေပြီး ပေါ့ပေါ့ပါးပါး မောင်းနှင်နိုင်ပါတယ်။သတိထားရမှာက ရှုးတုံးလေးတွေရဲ့အလေးချိန်ရယ် ရှုးတုံးတွေကိုဆွဲထားတဲ့စပရင်ရဲ့တင်းအားရယ် ရှုးနဲ့ကတော့ကြားအကွာဝေးရယ်က စနစ်တကျ တွက်ချက်ထားတာမို့ စနစ်မကျတဲ့ပြင်ဆင်မူတွေကို လက်မခံတတ်ပါဘူး။စလိူးမှာအသံထွက်တာ အထမှာအော်တာ 
မပြေးတာ ဒါတွေဟာ ဒီဂါဗနာနဲ့ဆိုင်ပါတယ်။ယိုးဒယားဘီးလေးတွေမှာ ဂီယာထိုးချိန်ကို အင်ဂျင်နဲ့အဆက်သွယ်ဖြတ်ဖို့ ဂါဗနာရဲ့နောက်ဖက်မှာ ကလပ်အုံသီးခြားတည်ရှိလာပြီးတော့ ကလပ်ပြားတွေကို ဂီယာတံ နင်းချလိုက်တဲ့75%မှာ ခွာထုတ်လိုက်ပါတယ်။အောက်ပိုင်း25%လောက်မှာမှ ဂီယာဘောက်ကိုဂီဟာဝင်စေတာပါ။ဂီယာတံလေးကိုဖိနင်းထားရင်ကလပ်ဆွဲထားသလိုဖြစ်နေပြီးတော့ သုံးလုံး နိမ့်လျော ဘောဆံလေးတွေနဲ့ ဖိခွာ လွှတ်မိ အလုပ်ကိုလုပ်ပေးပါတယ်။ ဒီအပိုင်းမှာတာ့ဖရီးရိုက်မရခြင်း  အင်ဂျင်မရုန်းနိုင်ခြင်း မပြေးခြင်းစတဲ့ပြသနာတွေဖြစ်တတ်ပါတယ်။

တရုပ်ကလပ်အုံရဲ့ အလုပ်ကိုပြောတဲ့အခါ အသံကိုလဲထည့်သွငိးပြောပြဖို့လိုလာပါတယ်။ ကလပ်ဟောက်ဇယ်သတ္တုအုံရဲ့ အထဲမှာ အင်ဂျင်နဲ့ အသေဆက်ထားတဲ့ ကျောက်ပြင်ရှိပါတယ်။ အဆိုပါကျောက်ပြင်ကနေ ကလပ်ဟောက်ဆယ်နဲ့မတိုက်အောင်စပရင် ခံပးထားပေမယ့် တရုပ်ကလပ်အုံဟာ စလိုးထားရင် ဂွပ်ဂွပ်သံကြားရပါတယ်။ ဖျောက်လို့ပြောက်သွား ခဏပါ။ ဒါကရိုးရာပါပဲ။ နောက်တစ်ချက်က ဖရီးစပရင်ပါ။ စာစောကပြောတဲ့ကျောက်ပြင်နဲ့ ကလပ်ဟောက်ဆယ်ကို ကြားမှာ ခု ထောက် ထားတာ ဖရီးစပရင်ပါ။ အလုပ်လုပ်ပုံက ကလပ်အုံအခွံဟာ ဖရီးရိုက်ချိန်မှာကျွံကျ နိမ့်ကျလာပြီးတော့ အောက်ဆုံးက အနားသတ် ကလပ်ပြားကို ဟ သွားစေတာပါပဲ။ အဲ့စပရင် ပျော့နေတဲ့အခါ ဂီယာနင်းရတာပျော့နေလို့နင်းကောင်းပေမယ့် ရုတ်တရက်ဝန်မရုန်းတာကြုံရတတ်ပါတယ်။ ဆတ်ခနဲမှာ အော်ထွက်တာ  ဂီယာပျော့ပြီး  ကစ်ချော်တာ ကလပ်ပြားစားတာဖြစ်တတ်ပါတယ်။ တရုပ်နဲ့ပါတ်သက်လို့ ဒါအကုန်ပါပဲ။ 

ယိုးဒယားဘီးလေးတွေမှာတော့ ကလပ်အုံက နှစ်ထပ်လာပါတယ် ။အရပ်အခေါ် ဂါဗနာ စနစ်ပေါ့ဗျာ။ သူကလဲ အားသာချက်အားနည်းချက်တော့ရှိနေတာပါပဲ။ ဂါဗနာလို့ခေါ်တဲ့ ဗဟိုခွာအားသုံး စနစ်ကိုအရှေ့က တပ်ဆင်ထားပြီးတော့ ကလပ်အုံကိုစပရင် နဲ့အနောက်မှာတပ်ဆင်ထားတာပါ။ လီဘာဆွဲတာနဲ့ အင်ဂျင်နဲ့ချိတ်ဆက်ထားတဲ့ ဂါဗနာဝိတ်တုံးတွေကားထွက်လာပြီး အပေါ်က သံကတော့ကို ပွတ်ဆွဲပြီးနောက်ကကလပ်အုံကိုလည်စေပါတယ်။ဘီးလိမ့်တယ်ပေါ့ဗျာ။ ကလပ်အုံရဲ့တာဝန်က ဂီယာ ဖရီးရိုက်ချိန်မှာ ဂီယာဘောက်စ် နဲ့ အင်ဂျင်ကို ယာယီ အဆက်သွယ်ပြတ်စေပြီးဂီယာဝင်သွားစေပါတယ်။ ကစ်နင်းရင်တော့ဂီယာဘောက်လည် ကလပ်အုံလည်ပြီး ဂါဗနာအတွင်းက ရစ်ချက် ဘောတွေရဲ့ တဘက်သတ်ချိတ်အားနဲ့ အင်ဂျင်လည်စေပါတယ်။ နိုးတဲ့အခါ ဘောတွေကချော်သွားပြီး ဂါဗနာရှုးတွေချည်းသီးသန့်လည်နေစေတာပါ။ အသံအနေနဲ့က ဂါဗနာဘီးတွေဟာ တပ်ဆင်ပုံပုံမကျရင် အသံပြုတတ်ပြီးတော့ အစီးကြာလာရင်လဲ အသံထွက်တတ်ပါတယ်။ ဥပမာ ဂါဗနာရှုးအထိုင်တွေမှာ သားရေဘွတ်တွေ ပါလာတတ်ပြီးတော့ စားသွားရင်မာသွားရင် စလိုးမှာဂေါက် ဂေါက်အသံပြုသလိုပဲ သံကတော့ ရှေ့နောက်ခါနေရင်လဲ ဂေါက် သံပေးတတ်သေးတယ်။ နှစ်ခုလုံးက စလိုးမှာပဲကြားရမှာဖြစ်ပြီးတော့ လီဘာတင်ရင်ပျောက်ပါတယ်။ 

သတိပြုရန်က ဂါဗနာရှုးစပရင်ကို ချဲ့တာ ကားတာ မလုပ်သင့်ပါဘူး။ ရှုးအသစ်လဲရင် စပရင်ကိုအော်ပြန်သုံးပါ။ ကတော့အတွင်းလိုင်းစားတာ  ရှုးပါးကုန်တာ ကလပ်ပြား ပါးကုန်တာတွေဟာ ဒီဘီးတွေရဲ့ပြစ်ချက်တွေပါ။အားသာချက်အနေနဲ့က အထအကြွ ညက်ညောတယ်။အပြေးကောင်းတယ် အင်ဂျင်မနာတတ်ကြောင်းပါခင်ဗျာ။ 
ဒီဆောင်းပါးလေးဟာ သာမန်လူတွေနားလည်ဖို့ခက်ခဲပြီး ပြုပြင်နေဆဲ လူငယ်သူငယ်ချင်းများအတွက်သီးသန့်ရေးထားသလိုဖြစ်နေတဲ့အတွက်  စာဖတ်သူများကိုတောင်းပန်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အားလုံးပဲဆိုင်ကယ်ဆိုင်ရာဗဟုသုတများနဲ့ပြည့်ဝကြပါစေခင်ဗျာ

Copy ကူး၍ပြန်လည်မျှဝခြင်းပါ

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...