ဓါတ္ဆီ အဂ်ၤင္တစ္လံုး၏ ဆီေပးအနည္းအမ်ားကို ထိန္းခ်ဳပ္ေသာ... ဆင္ဆာမ်ားနွင့္ အေၾကာင္းအရာမ်ား

ေအာ္တိုမိုဘိုင္းပါ ေဆာင္းပါးေလးကို...
မဖတ္ရေသးေသာ မိတ္ေဆြမ်ားအတြက္ျပန္တင္ေပးလိုက္ပါတယ္ခင္ဗ်ာ...

ဓါတ္ဆီ အဂ်ၤင္တစ္လံုး၏ ဆီေပးအနည္းအမ်ားကို ထိန္းခ်ဳပ္ေသာ...
ဆင္ဆာမ်ားနွင့္ အေၾကာင္းအရာမ်ားမွာ...

ို ေသာ့ဖြင့္ျပီးလွ်င္ ECU(Engine Control Unit) မွ... အဂ်ၤင္ဆင္ဆာမ်ားနွင့္ပတ္သက္ေသာ...
အခ်က္အလက္မ်ားကို လက္ခံရယူရန္ (၃/၅) စကၠန္႔ခန္႔ေစာင့္ျပီးမွ...
စက္နိဳးသင့္ပါသည္...ဒါမွသာ အဂ်ၤင္အပူခ်ိန္ ေလအပူခ်ိန္ ေရအပူခ်ိန္စသည္တို႔ကို
တြက္ခ်က္ျပီး စက္စနိဳးခ်ိန္တြင္ ဆီမည္မွ်ေပးရမည္ကို မွန္ကန္စြာ တြက္ခ်က္နိဳင္မည္ျဖစ္ပါသည္...

(၁)(ECU) အဂ်ၤင္ကြန္းထရိုးယူနစ္မွ STA(in) စတတ္တာမီးၾကိဳးမီးဝင္ခ်ိန္တြင္...
# 10,20,30,40 (out) စေသာ Injector ေနာ္ဇယ္မီးၾကိဳးမ်ားကို...
ပံုမွန္ထက္ ဆီေပးနွဳန္းကို အဂ်ၤင္အပူခ်ိန္ကိုလိုက္ကာ ၃/၄ ဆ ပိုေပးပါသည္...
ပံုမွန္စလိုး(Idle Speed) တြင္ (2.0 ms) ၂.၀ မီလီစကၠန္႔ ဆီဖြင့္ေပးခ်ိန္တြင္...
အဂ်ၤင္စနိဳးခ်ိန္ ECU ေဘာက္သို႔ STA သို႔မီးဝင္ခ်ိန္တြင္ (8.0 ms)...
၈.၀ မီလီစကၠန္႔အထိ ဆီပိုဖြင့္ေပးပါသည္ ဒါမွသာ အဂ်ၤင္စနိဳးခ်ိန္တြင္...
အနိဳးရလြယ္ကူေစမည္ျဖစ္ပါသည္...
စက္နိဳးျပီး ISC(Idle Speed Control Valve) မွ အဂ်ၤင္စလိုး(Idle Speed)သို႔...
ေလွ်ာ့ခ်ေပးခ်ိန္တြင္ ဆီကို ေရအပူခ်ိန္ ေလအပူခ်ိန္ကို မူတည္ျပီး ေျဖးေျဖးခ်င္းေလွ်ာ့ခ်ေပးပါသည္...
ယခင္ EFI  မ်ားတြင္စက္စနိဳးခ်ိန္တြင္ Cold Start Injector မွ...
ဆီပိုဖြင့္ေပးေသာအလုပ္ကိုလုပ္ကာ...
ယခုေမာ္ဒယ္ျမင့္မ်ားတြင္ေတာ့...
အထက္မွာ ေရးသားခ႔ဲသလို စက္စနိဳးခ်ိန္ဆီပိုေပးျခင္းအား...
အဂ်ၤင္ကြန္ထရိုးယူနစ္မွ ထိန္းခ်ဳပ္ကာ ဆီေပးအနည္းအမ်ားကို ထိန္းခ်ဳပ္ေပးပါသည္...

(၂)ေရအပူခ်ိန္ဆင္ဆာ(Water Temperature Sensor)
ေရအပူခ်ိန္ဆင္ဆာသည္ အဂ်ၤင္စက္စနိဳးျပီးခ်ိန္တြင္...
အဂ်ၤင္အပတ္ေရ RPM အား ISC Valve အား စလိုး(Idle Speed)ရေစရန္...
ေရအပူခ်ိန္ပို႔ေပးသက႔ဲသို႔ ဆီေပးအနည္းအမ်ားကိုလည္း ေရအပူခ်ိန္အနည္းအမ်ားအလိုက္ထိန္းခ်ဳပ္ပါသည္...
ေရအပူခ်ိန္ဆင္ဆာသို႔ E2  ကြန္ထရိုးေဘာက္မွ အနဳတ္မီးၾကိဳးထုတ္ေပးကာ...
ေရအပူခ်ိန္ဆင္ဆာမွ ကြန္ထရိုးေဘာက္သို႔ THW  မီးၾကိဳးျဖင့္ေရအပူခ်ိန္ကို...
တိုင္းတာပို႔ေပးျပီး အဂ်ၤင္စနိဳးခ်ိန္ သာမိုစတတ္(Thermostart)မဖြင့္ခင္...
သတ္မွတ္အပူခ်ိန္မျပည့္ခင္အထိ ဆီကို ပံုမွန္ထက္ပိုဖြင့္ေပးရန္နွင့္...
သတ္မွတ္အပူခ်ိန္ေရာက္ပါက ဆီကို ပံုမွန္အတိုင္းေပးရန္အလုပ္လုပ္ေပးပါသည္...
ေရအပူခ်ိန္ဆင္ဆာသည္ ပံုမွန္ရိွသင့္သည္ထက္  ပိုနည္းေနပါက...
Fuel  Rich Mixture ျဖစ္ေစျပီး...
ပံုမွန္ရိွသင့္သည္ထက္ပိုမ်ားပါက Fuel Lean Mixture ကိုျဖစ္ေစျပီး...
ပံုမွန္ေအာက္အဆြဲက်ကာ အဂ်ၤင္မမွန္သျဖင့္ ဆီပိုစားပါသည္...

(၃)Mass Air Flow Sensor and  Manifold Absolute Pressure Sensor
MAF နွင့္ MAP အာရံုခံဆင္ဆာတို႔သည္ Engine Manifold Intake ထဲသို႔ဝင္လာေသာ ေလထုအနည္းအမ်ား ပမာဏ ကိုတိုင္းတာေပးျပီး...
ဆီအနည္းအမ်ားကို ထိန္းခ်ဳပ္ေပးပါသည္...
MAF နွင့္ MAP Sensor မ်ားတြင္ မီးၾကိဳး သံုးၾကိဳးပါရိွျပီး...
တစ္ၾကိဳးမွာ E2  ,B+ တို႔သည္ ECU ကြန္ထရိုးယူနစ္မွ...
အထက္ပါဆင္ဆာမ်ားသို႔ မီးပို႔ေပးကာ MAF ဆင္ဆာမွ...
VG(in) မီးၾကိဳးျဖင့္ ကြန္ထရိုးေဘာက္သို႔ ေလအဝင္အနည္းအမ်ားကို...
Signal  အခ်က္ျပေပးပို႔ကာ ဆီအနည္းအမ်ားကို ထိန္းခ်ဳပ္ေပးပါသည္...
System too lean နွင့္ System too rich Error Code မ်ားျပသရာတြင္...
MAF, MAP Sensor မ်ားနွင့္လည္း သက္ဆိုင္တတ္ၾကပါသည္...
MAF Sensor ပံုမွန္အလုပ္မလုပ္ျခင္း၊ ဖုန္မွဳန္႔မ်ားကပ္ျငိေနပါက...
အဆြဲက်ကာ ေမာင္းရသည္မွာ မသြက္ေတာ့ပါ...

(၄)Intake Air Temperature(IAT) Sensor ေလအပူခ်ိန္အာရံုခံဆင္ဆာ
ေလအပူခ်ိန္အာရံုခံဆင္ဆာသည္ Manifold Intake ထဲသို႔ဝင္လာေသာ...
ေလအပူခ်ိန္အားတိုင္းတာကာေလအပူခ်ိန္အနည္းအမ်ားအလိုက္...
ဆီေပးအနည္းအမ်ားကို ထိန္းခ်ဳပ္ေပးပါသည္...
IAT Sensor သို႔ E2G  မီးၾကိဳးတစ္ၾကိဳးဝင္ကာ...
အဂ်ၤင္ကြန္ထရိုးယူနစ္ေဘာက္သို႔ THA မီးၾကိဳးျဖင့္ ေလအပူခ်ိန္အားတိုင္းတာကာ...
Signal အခ်က္ေပးပို႔ျပီး ေလအပူခ်ိန္မ်ားပါက ဆီေလွ်ာ့ေပးျခင္းနွင့္...
ေလအပူခ်ိန္နည္းသြားပါက ဆီပိုေပးျခင္းတို႔ကို ျပဳလုပ္ထိန္းခ်ဳပ္ေပးပါသည္...
IAT Sensor သည္ MAF ဆင္ဆာမ်ားတြင္တြဲလွ်က္လာတတ္ပါသည္...
IAT Sensor သည္ပံုမွန္ထက္မ်ားေနပါက ဆီေလွ်ာ့ေပးကာ...
ပံုမွန္ထက္နည္းေနပါက ဆီပိုေပးကာ ဆီေပးမမွန္ျဖစ္ကာ...
အဆြဲအရုန္း က်တတ္ပါသည္...

(၅)Oxygen Sensor ေအာက္စီဂ်င္ဆင္ဆာ
ေအာက္စီဂ်င္ဆင္ဆာတြင္ A/F Lambda Sensor နွင့္ Heater Sensor ဟူ၍
၂ မ်ိဳးရိွကာ ၂ မ်ိဳးစလံုးသည္ Heater Ground , Heater Power, Sensor Ground,
မီးၾကိဳးမ်ားျဖင့္ မီးေပးကာ O2 Signal မီးၾကိဳးျဖင့္  Exhaust Manifold အထဲ၌ေအာက္စီဂ်င္ပါဝင္မွဳအတိုင္းအတာအလိုက္ Volt ဗို႔အားအနည္းအမ်ား
အား အဂ်ၤင္ကြန္ထရိုးယူနစ္ေဘာက္သို႔ပို႔ေပးကာ ဆီအနည္းအမ်ားကို...
ထိန္းခ်ဳပ္ေပးပါသည္...ေအာက္စီ၈်င္ဆင္ဆာ သတင္းေပးပို႔မွဳ အခ်က္လက္မမွန္ပါကလည္း ဆီအနည္းအမ်ားမမွန္ျဖစ္ကာ...
ဆြဲအားက်တတ္ပါသည္...

(၆) Accelerator Pedal Position Sensor and Therottle Position Sensor
APP ဆင္ဆာနွင့္ TPS ဆင္ဆာတို႔သည္လည္း NE Signal မီးၾကိဳးနွင့္အတူ...
အဂ်ၤင္အပတ္ေရ အတိုးအေလွ်ာ့လုပ္ရာတြင္ ဆီအနည္းအမ်ားကို...
အဂ်ၤင္ကြန္ထရိုးယူနစ္ေဘာက္သို႔ အခ်က္ေပးပို႔ကာ ဆီအနည္းအမ်ားကိုထိန္းခ်ဳပ္ေပးပါသည္...

ဓါတ္ဆီအဂ်ၤင္တစ္လံုး၏ ေလ ဆီ ေရာစပ္အခ်ိဳးမွာ...
၁၄.၇ း ၁ ျဖစ္ေသာ္လည္း...
အဂ်ၤင္အပူခ်ိန္ ျပင္ပေလအပူခ်ိန္ကိုလိုက္ကာ စက္စနိဳးခ်ိန္မွ...
ခရီးတစ္ခုေမာင္းျပီး စက္သတ္ခ်ိန္အထိ ၉ း ၁ မွ ၂၁ း ၁ ထိဆင္ဆာမ်ားမွေပးပို႔ေသာအခ်က္အလက္ကို လိုက္ကာ ကြဲျပားတတ္ပါသည္...
ဒါေၾကာင့္ ဝါသနာရွင္မ်ား ပိုင္ရွင္မ်ား...
တတ္နိဳင္သမွ် ဗဟုသုတရေစရန္ ေရးသားလိုက္ရပါတယ္ခင္ဗ်ာ...

မိတ္ေဆြမ်ားနွစ္သစ္မွာ ကိုယ္၏က်န္းမာျခင္း...
စိတ္၏ ခ်မ္းသာျခင္းမ်ားနွင့္ျပည့္စံုနိဳင္ၾကပါေစ...

Credit မူရင္းပိုင္႐ွင္



(Unicode)


အော်တိုမိုဘိုင်းပါ ဆောင်းပါးလေးကို...
မဖတ်ရသေးသော မိတ်ဆွေများအတွက်ပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ...

ဓါတ်ဆီ အဂျၤင်တစ်လုံး၏ ဆီပေးအနည်းအများကို ထိန်းချုပ်သော...
ဆင်ဆာများနှင့် အကြောင်းအရာများမှာ...

ို သော့ဖွင့်ပြီးလျှင် ECU(Engine Control Unit) မှ... အဂျၤင်ဆင်ဆာများနှင့်ပတ်သက်သော...
အချက်အလက်များကို လက်ခံရယူရန် (၃/၅) စက္ကန့်ခန့်စောင့်ပြီးမှ...
စက်နိုးသင့်ပါသည်...ဒါမှသာ အဂျၤင်အပူချိန် လေအပူချိန် ရေအပူချိန်စသည်တို့ကို
တွက်ချက်ပြီး စက်စနိုးချိန်တွင် ဆီမည်မျှပေးရမည်ကို မှန်ကန်စွာ တွက်ချက်နိုင်မည်ဖြစ်ပါသည်...

(၁)(ECU) အဂျၤင်ကွန်းထရိုးယူနစ်မှ STA(in) စတတ်တာမီးကြိုးမီးဝင်ချိန်တွင်...
# 10,20,30,40 (out) စသော Injector နော်ဇယ်မီးကြိုးများကို...
ပုံမှန်ထက် ဆီပေးနှုန်းကို အဂျၤင်အပူချိန်ကိုလိုက်ကာ ၃/၄ ဆ ပိုပေးပါသည်...
ပုံမှန်စလိုး(Idle Speed) တွင် (2.0 ms) ၂.၀ မီလီစက္ကန့် ဆီဖွင့်ပေးချိန်တွင်...
အဂျၤင်စနိုးချိန် ECU ဘောက်သို့ STA သို့မီးဝင်ချိန်တွင် (8.0 ms)...
၈.၀ မီလီစက္ကန့်အထိ ဆီပိုဖွင့်ပေးပါသည် ဒါမှသာ အဂျၤင်စနိုးချိန်တွင်...
အနိုးရလွယ်ကူစေမည်ဖြစ်ပါသည်...
စက်နိုးပြီး ISC(Idle Speed Control Valve) မှ အဂျၤင်စလိုး(Idle Speed)သို့...
လျှော့ချပေးချိန်တွင် ဆီကို ရေအပူချိန် လေအပူချိန်ကို မူတည်ပြီး ဖြေးဖြေးချင်းလျှော့ချပေးပါသည်...
ယခင် EFI  များတွင်စက်စနိုးချိန်တွင် Cold Start Injector မှ...
ဆီပိုဖွင့်ပေးသောအလုပ်ကိုလုပ်ကာ...
ယခုမော်ဒယ်မြင့်များတွင်တော့...
အထက်မှာ ရေးသားခဲ့သလို စက်စနိုးချိန်ဆီပိုပေးခြင်းအား...
အဂျၤင်ကွန်ထရိုးယူနစ်မှ ထိန်းချုပ်ကာ ဆီပေးအနည်းအများကို ထိန်းချုပ်ပေးပါသည်...

(၂)ရေအပူချိန်ဆင်ဆာ(Water Temperature Sensor)
ရေအပူချိန်ဆင်ဆာသည် အဂျၤင်စက်စနိုးပြီးချိန်တွင်...
အဂျၤင်အပတ်ရေ RPM အား ISC Valve အား စလိုး(Idle Speed)ရစေရန်...
ရေအပူချိန်ပို့ပေးသကဲ့သို့ ဆီပေးအနည်းအများကိုလည်း ရေအပူချိန်အနည်းအများအလိုက်ထိန်းချုပ်ပါသည်...
ရေအပူချိန်ဆင်ဆာသို့ E2  ကွန်ထရိုးဘောက်မှ အနုတ်မီးကြိုးထုတ်ပေးကာ...
ရေအပူချိန်ဆင်ဆာမှ ကွန်ထရိုးဘောက်သို့ THW  မီးကြိုးဖြင့်ရေအပူချိန်ကို...
တိုင်းတာပို့ပေးပြီး အဂျၤင်စနိုးချိန် သာမိုစတတ်(Thermostart)မဖွင့်ခင်...
သတ်မှတ်အပူချိန်မပြည့်ခင်အထိ ဆီကို ပုံမှန်ထက်ပိုဖွင့်ပေးရန်နှင့်...
သတ်မှတ်အပူချိန်ရောက်ပါက ဆီကို ပုံမှန်အတိုင်းပေးရန်အလုပ်လုပ်ပေးပါသည်...
ရေအပူချိန်ဆင်ဆာသည် ပုံမှန်ရှိသင့်သည်ထက်  ပိုနည်းနေပါက...
Fuel  Rich Mixture ဖြစ်စေပြီး...
ပုံမှန်ရှိသင့်သည်ထက်ပိုများပါက Fuel Lean Mixture ကိုဖြစ်စေပြီး...
ပုံမှန်အောက်အဆွဲကျကာ အဂျၤင်မမှန်သဖြင့် ဆီပိုစားပါသည်...

(၃)Mass Air Flow Sensor and  Manifold Absolute Pressure Sensor
MAF နှင့် MAP အာရုံခံဆင်ဆာတို့သည် Engine Manifold Intake ထဲသို့ဝင်လာသော လေထုအနည်းအများ ပမာဏ ကိုတိုင်းတာပေးပြီး...
ဆီအနည်းအများကို ထိန်းချုပ်ပေးပါသည်...
MAF နှင့် MAP Sensor များတွင် မီးကြိုး သုံးကြိုးပါရှိပြီး...
တစ်ကြိုးမှာ E2  ,B+ တို့သည် ECU ကွန်ထရိုးယူနစ်မှ...
အထက်ပါဆင်ဆာများသို့ မီးပို့ပေးကာ MAF ဆင်ဆာမှ...
VG(in) မီးကြိုးဖြင့် ကွန်ထရိုးဘောက်သို့ လေအဝင်အနည်းအများကို...
Signal  အချက်ပြပေးပို့ကာ ဆီအနည်းအများကို ထိန်းချုပ်ပေးပါသည်...
System too lean နှင့် System too rich Error Code များပြသရာတွင်...
MAF, MAP Sensor များနှင့်လည်း သက်ဆိုင်တတ်ကြပါသည်...
MAF Sensor ပုံမှန်အလုပ်မလုပ်ခြင်း၊ ဖုန်မှုန့်များကပ်ငြိနေပါက...
အဆွဲကျကာ မောင်းရသည်မှာ မသွက်တော့ပါ...

(၄)Intake Air Temperature(IAT) Sensor လေအပူချိန်အာရုံခံဆင်ဆာ
လေအပူချိန်အာရုံခံဆင်ဆာသည် Manifold Intake ထဲသို့ဝင်လာသော...
လေအပူချိန်အားတိုင်းတာကာလေအပူချိန်အနည်းအများအလိုက်...
ဆီပေးအနည်းအများကို ထိန်းချုပ်ပေးပါသည်...
IAT Sensor သို့ E2G  မီးကြိုးတစ်ကြိုးဝင်ကာ...
အဂျၤင်ကွန်ထရိုးယူနစ်ဘောက်သို့ THA မီးကြိုးဖြင့် လေအပူချိန်အားတိုင်းတာကာ...
Signal အချက်ပေးပို့ပြီး လေအပူချိန်များပါက ဆီလျှော့ပေးခြင်းနှင့်...
လေအပူချိန်နည်းသွားပါက ဆီပိုပေးခြင်းတို့ကို ပြုလုပ်ထိန်းချုပ်ပေးပါသည်...
IAT Sensor သည် MAF ဆင်ဆာများတွင်တွဲလျှက်လာတတ်ပါသည်...
IAT Sensor သည်ပုံမှန်ထက်များနေပါက ဆီလျှော့ပေးကာ...
ပုံမှန်ထက်နည်းနေပါက ဆီပိုပေးကာ ဆီပေးမမှန်ဖြစ်ကာ...
အဆွဲအရုန်း ကျတတ်ပါသည်...

(၅)Oxygen Sensor အောက်စီဂျင်ဆင်ဆာ
အောက်စီဂျင်ဆင်ဆာတွင် A/F Lambda Sensor နှင့် Heater Sensor ဟူ၍
၂ မျိုးရှိကာ ၂ မျိုးစလုံးသည် Heater Ground , Heater Power, Sensor Ground,
မီးကြိုးများဖြင့် မီးပေးကာ O2 Signal မီးကြိုးဖြင့်  Exhaust Manifold အထဲ၌အောက်စီဂျင်ပါဝင်မှုအတိုင်းအတာအလိုက် Volt ဗို့အားအနည်းအများ
အား အဂျၤင်ကွန်ထရိုးယူနစ်ဘောက်သို့ပို့ပေးကာ ဆီအနည်းအများကို...
ထိန်းချုပ်ပေးပါသည်...အောက်စီ၈ျင်ဆင်ဆာ သတင်းပေးပို့မှု အချက်လက်မမှန်ပါကလည်း ဆီအနည်းအများမမှန်ဖြစ်ကာ...
ဆွဲအားကျတတ်ပါသည်...

(၆) Accelerator Pedal Position Sensor and Therottle Position Sensor
APP ဆင်ဆာနှင့် TPS ဆင်ဆာတို့သည်လည်း NE Signal မီးကြိုးနှင့်အတူ...
အဂျၤင်အပတ်ရေ အတိုးအလျှော့လုပ်ရာတွင် ဆီအနည်းအများကို...
အဂျၤင်ကွန်ထရိုးယူနစ်ဘောက်သို့ အချက်ပေးပို့ကာ ဆီအနည်းအများကိုထိန်းချုပ်ပေးပါသည်...

ဓါတ်ဆီအဂျၤင်တစ်လုံး၏ လေ ဆီ ရောစပ်အချိုးမှာ...
၁၄.၇ း ၁ ဖြစ်သော်လည်း...
အဂျၤင်အပူချိန် ပြင်ပလေအပူချိန်ကိုလိုက်ကာ စက်စနိုးချိန်မှ...
ခရီးတစ်ခုမောင်းပြီး စက်သတ်ချိန်အထိ ၉ း ၁ မှ ၂၁ း ၁ ထိဆင်ဆာများမှပေးပို့သောအချက်အလက်ကို လိုက်ကာ ကွဲပြားတတ်ပါသည်...
ဒါကြောင့် ဝါသနာရှင်များ ပိုင်ရှင်များ...
တတ်နိုင်သမျှ ဗဟုသုတရစေရန် ရေးသားလိုက်ရပါတယ်ခင်ဗျာ...

မိတ်ဆွေများနှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း...
စိတ်၏ ချမ်းသာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေ...

Credit မူရင်းပိုင်ရှင်

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...