ဘာလို့ဘိုးရင္းခ်ထားတဲ့ အင္ဂ်င္ဟာေရရွည္မခံတာလဲ၊ေရလာင္းက်င့္တာဘာအတြက္လဲ

အစင္းရာမ်ား ႏွင့္ မိတ္ဆက္ျခင္း

ခ်စ္ရပါေသာ ျမန္မာျပည္တလႊားရွိၾကသည့္စက္ဆရာအေပါင္းသူေတာ္ေကာင္းမ်ားခင္ဗ်ာ။အစြဲခၽြတ္ျခင္းဆိုတဲ့စာစုေလးေပ်ာက္သြားပါသျဖင့္ ျပန္လည္မိတ္ဆက္ေပးလိုက္ပါရေစ။

(1) ဘာလို့ဘိုးရင္းခ်ထားတဲ့ အင္ဂ်င္ဟာေရရွည္မခံတာလဲ
(2)ေရေလာင္းက်င့္တာဘာအတြက္လဲ
(3)ထိန္းသိမ္းေစာင့္ေရွာက္မူ ႏွင့္ ျပင္ဆရာမ်ားအပိုင္း

စသည္ျဖင့္ဒီစာစုေလးအဆုံးပိုင္းနားထိဖတ္ရင္သေဘာေပါက္လာမွာပါ။ ဘိုးရင္းခ်တာက အင္ဂ်င္အေသးေတြအတြက္ လုပ္ကိုလုပ္ရတဲ့ သမရိုးက်အလုပ္တစ္ခုျဖစ္ၿပီးေတာ့ ဘိုးရင္းခ်တဲ့ေနရာမွာကိုပဲ အနည္းငယ္အတိမ္းေစာင္းေလးေတြရွိပါတယ္။ အင္ဂ်င္က်င့္တယ္ဆိုတဲ့ေဝါဟာရကလဲကားႀကီးဆရာမ်ားထံက ဆင္းသက္လာဟန္တူပါတယ္။ဒီေနရာမွာ အင္ဂ်င္က်င့္တာနဲ႔ပါတ္သက္လို့ျဖည့္စြက္သင့္တာေလးေတြေတာ့ရွိပါတယ္။ကရိုင္းမွာ ဘယ္ရင္ စနစ္နဲ႔လာတဲ့အင္ဂ်င္အႀကီးေတြမွာေတာ့ဘယ္ရင္ကိုအသစ္ျပန္ခ်တဲ့အခါ အင္ဂ်င္က်င့္ရတဲ့အခိုက္တန္႔ကာလရွိပါတယ္။ ဘယ္ရင္ကိုဝင္တဲ့ဆီေပါက္ဟာ ဒလေဟာက်ေနတဲ့ ေရပိုက္အဝကိုပိတ္ဖို့ႀကိဳးစားသလိုပါပဲ။ ဘယ္ရင္နဲ႔ ကရိုင္းပင္ အၾကားသတ္မွတ္တဲ့ပမဏေလးတစ္ခုလြတ္ေနပါတယ္။လြတ္ေနလို့လဲ လည္ေနတာပါ။ အင္ဂ်င္နိူးတဲ့အခါ အင္ဂ်င္ဝိုင္ဟာဖိအားနဲ႔စဥ္ဆက္မျပတ္ ဘယ္ရင္အဟနဲ႔ကရိုင္းပင္ၾကားကိုတိုးဝင္လာပါတယ္။ဖိအားနဲ႔ေတာက္ေလၽွာက္တိုးဝင္ေနမွသာ တဘက္သတ္ ကပ္ကပ္သြားတဲ့ကရိုင္းပင္အၾကားကို oil width (ဆီသပ္)အျဖစ္ လိုက္ပါ ခု ခံေပးေနတာပါ။အဆိုပါဘယ္ရင္ေတြကိုအသစ္ျပန္ ေခြသုံးတဲ့အခါ မညီမညာျဖစ္ေနတဲ့ မ်က္ႏွာျပင္နဲ႔ကရိုင္းပင္တို့ရဲ့ အင္မတန္ေခ်ာေမႊ႕ေသာ ေပၚလစ္သားတို့ဟာ အသားမက်မခ်င္း ေျဖးေျဖးနိူးထားေပးၿပီး အင္ဂ်င္က်င့္ရတဲ့ကာလရွိပါတယ္။ အင္ဂ်င္က်င့္ရတယ္ဆိုတာဟာ ဘယ္ရင္ေတြကို ေခ်ာ့ေမႊ႕စြာ အေခ်ာသပ္ျခင္းလို့ပဲ ေျပာဆိုရမလိုပါပဲ။ ေသခ်ာနားလည္ထားရမွာက စလစ္ကိုအလူံးလိုက္ျဖဳတ္လဲတာပဲျဖစ္ျဖစ္ ဘိုးရင္ဆိုဒ္ ခ်ဲ႕လိုက္တာပဲ ျဖစ္ျဖစ္ အင္ဂ်င္က်င့္ျခင္းဟာ စလစ္နဲ႔ပင္စင္ ေခ်ာင္ဖို့ ကုစားတာမဟုတ္ပါဘူး။ ဆိုလိုတာက ဘိုးရင္းဟာ (စလစ္နဲ႔ ပင္စင္) ဟာ စနစ္တက်သာ နားလည္မယ္ဆိုရင္ က်င့္စရာမလိုပါဘူး။ခုနစကားကိုျပန္ဆက္ရင္ ဒါဆိုဘာလို့ဘယ္ရင္ေတြ ထိကုန္ပြန္းကုန္တာလဲလို့ေမးစရာရွိပါတယ္။ တညလုံးရပ္ထား မနက္ေစာေစာမွာ ဘယ္ရင္ရဲ့မ်က္ႏွာျပင္ေပၚက ါင္ဂ်င္ဝိုင္ တစ္ဒုဟာ မက်န္ေတာ့သေလာက္ျဖစ္ၿပီး ကရိုင္းပင္က ဘယ္ရင္ေပၚထိုင္ေနပါတယ္။ အဲ့အခ်ိန္မွာစက္ကိုစတင္နိူးလိုက္ျခင္းျခင္းပဲ လီဘာေဆာင့္နင္းမိတဲ့အခါ ေအာက္က အင္ဂ်င္ဝိုင္မတက္ေသးပဲ ကရိုင္းဟာ သုံးပါတ္ခန္႔လည္လိုက္ရတဲ့အတြက္ လက္က်န္အင္ဂ်င္ဝိုင္အကတ္အသတ္က ေခ်ာေမႊ႕ဖို့မတတ္နိုင္ေတာ့ပါဘူး။ အဲ့သည့္အခါမွာ ကရိုင္းပင္မွာ ဘယ္ရင္ျခမ္းေတြမွာအပြန္းအဆင္းေတြ အကြက္ေတြျဖစ္လာတာပါ။ နိူးနိူးျခင္း ငါးစကၠန္႔စာေလာက္ကေလးကို လီဘာမဆြဲပဲ ဆိုင္ကယ္အႀကီးေတြမွာဆိုရင္ေတာ့အင္ဂ်င္ဝိုင္မီးနီေလးေပ်ာက္သြားမွ လီဘာစ ဆြဲသင့္ပါတယ္။ (မီးနီေပ်ာက္တယ္ဆိုတာ ဆီဖိအားလုံေလာက္သြားတယ္လို့ေျပာခ်င္တာပါ။)

ခုနေျပာခဲ့တဲ့အတိုင္းဘာလို့စလစ္နဲ႔ပင္စင္ဟာ ဘိုးရင္းၿပီးတိုင္းက်င့္ဖို့မလိုတာလဲလို့ေမးရင္ေတာ့အေျဖရွိပါတယ္။
စက္႐ုံထုတ္ ဆိုင္ကယ္အသစ္တိုင္းကလဲ အင္ဂ်င္က်င့္ဖို့မလိုပါဘူး။ဒီေနရာမွာေျပာေနတဲ့က်င့္တယ္ဆိုတာ စက္နိူးလီဘာဆြဲ ေရေလာင္းက်င့္တာကိုေျပာခ်င္တာပါ။ break in period လို့ေခၚတဲ့ အသစ္ကိုထိန္းထိန္းသိမ္းသိမ္း အသားက်ေအာင္စီးတာကို က်င့္တယ္မေခၚပါဘူး။ ( ကိုမ်ိဳးႀကီးေရးထားတဲ့ သီးသန္႔စာစုေလးရွာဖတ္ေစ့ခ်င္ပါတယ္။)
ဘိုးရင္းခ်တယ္ဆိုတာဟာ စလစ္လိုင္နာအတြင္းသားဟာနဂိုပါတဲ့ ပင္စင္ရဲ့ စကဒ္သား အစြယ္လးနဲ႔ အလြန္အမင္းေခ်ာင္လာတဲ့အခါ ဘိုးရင္းခ်ရပါတယ္။ ပင္စင္ကို 0,25MM ႀကီးတာေျပာင္းထည့္ၿပီး စလစ္ရဲ့အတြင္းလိုင္နာကိုလဲ ခ်ဲ႕ခ်လိုက္ပါတယ္။ ျမန္မာ့အေတြးအရ က်ပ္ေလေကာင္းေလလို့ယူဆတဲ့အဆိုပါပင္စင္နဲ႔ရင္းဟာ တပ္ဆင္ၿပီးတဲ့အခါ စက္နိုးထားၿပီးေရအေသေလာင္းရပါေတာ့တယ္။ ေရမေလာင္းရင္လဲ စလစ္ကအပူလြန္ၿပီး ပင္စင္အပြနဲ႔ က်ပ္ၿပီး ဖမ္းတာပါပဲ။ ဒိ့အျပင္ ဘိုးရင္းခ်တဲ့အခါ စလစ္အတြင္းလိုင္နာကို မွန္လိုေျပာင္ေနေအာင္ ပြတ္ပစ္လိုက္ပါတယ္။ ေျပာင္ေတာ့ေခ်ာေမႊ႕တာေပါ့လို့ထင္ေကာင္ထင္ေနပါလိမ့္မယ္။ စကားအရဟုတ္ေပမယ့္ ပ်က္စီးျခင္းရဲ့အစက အဲ့သည့္အခ်က္ေတြကစတာပါ။ mirror effect လို့ေခၚတဲ့ လိုင္နာသား မွန္လိုေျပာင္သြားတဲ့အခါ အင္ဂ်င္ဝိုင္ေနဖို့ေနရာမရွိနိုင္ေတာ့ပါဘူး။ ပင္စင္ကလဲက်ပ္သိပ္ေန အင္ဂ်င္ဝိုင္ေနစရာလဲ ေနရာကမရွိေတာ့ အဲ့လိုကိုင္ထားတဲ့အင္ဂ်င္ေတြဟာ ခြန္နလ ထန္ကုန္ပဲ ခံပါလိမ့္မယ္။ နိူးနိူးျခင္းပူလို့ပြလာတဲ့ပင္စင္ ရဲ့စကဒ္မွာ စက္႐ုံက သုတ္လိမ္းေပးလိုက္တဲ့ အပြန္းခံတဲ့ ကုတ္သားေလးတစ္ထပ္ဟာ ပူလို့ပြလိုက္က်ပ္လိုက္ ေရေလာင္းလိုက္နဲ႔ကုန္သြားပါေတာ့တယ္။ တကယ္အသုံးခံမယ့္အဆိုပါ ေနရာေလးကို ေစာေစာစီးစီး ေရေလာင္းၿပီး ခြာထုတ္လိုက္ပါေတာ့တယ္။ mirror effectျဖစ္ေနလို့အင္ဂ်င္ဝိုင္မက်န္တဲ့အခါ ရင္းကြင္းေလးေတြဟာ စလစ္လိုင္နာက သံသားနဲ႔တိုက္ရိုက္ ထိစား ပြန္းစားကုန္ပါေတာ့တယ္။
ရင္းကြင္းေလးေတြရဲ့အသက္ကလဲ ေလးလေလာက္မွာ ဟစိဟစိ ျဖစ္လာပါၿပီ။ ပင္စင္ရဲ့ကုတ္တင္လိုင္နာေလးကလဲကုန္လာတဲကအခါ ခတ္သံေလးေတြကလဲ တစ္ႏွစ္ေအာက္ပိုင္းမွာ ျပန္ထြက္လာပါေတာ့တယ္။ စလစ္လိုင္နာမွာအင္ဂ်င္ဝိုင္ မေနနိုင္ေတာ့ အပူတက္တာျမန္ ပူေတာ့ပြတာျမန္ က်ပ္လိုက္ပြန္းလိုက္ကုန္လိုက္နဲ႔ ေျခာက္လတစ္ခါအင္ဂ်င္ကိုင္လိုက္နဲ႔ လုံးခ်ာလိုက္ေနခဲ့တာပါပဲ။ 

စလစ္လိုင္နာမွာ အင္ဂ်င္ဝိုင္ေနဖို့အတြက္ စက္႐ုံက ထြက္လာတဲ့အခါ wave cutting လို့ေခၚတဲ့ ကန္႔လန္႔ အဆင္းရာေလးေတြရွိေနပါတယ္။ မ်က္လုံးနဲ႔ အလြယ္တကူျမင္ရေပမယ့္ လက္နဲ႔စမ္းၾကည့္ရင္ ထစ္ေနမွန္းေတာ့မသိသာပါဘူး။ ဆယ္ျပားေစ့လို့ ေစာင္းေလးနဲ႔ပြတ္ၾကည့္မွသိသာပါတယ္။စလစ္အသစ္ဝယ္တဲ့အခါ အဆိုပါwave cutting ေလးေတြျမင္ရမွာျဖစ္ၿပီးေတာ့ ပင္စင္အိုးေလးဟာလဲ ဂြပ္ခနဲေခ်ာင္က်သြားေလာက္ေအာင္ ေခ်ာင္ေနတာပါ။ သတိထားမိၾကမယ္ဆိုရင္ အဲ့လိုစလစ္က အနည္းဆုံး(ေလစစ္သာသန္႔မယ္ဆိုရင္)တစ္ႏွစ္ခြဲ အေက်ာ္ထိ အသုံးခံပါတယ္။ဘာကြာသြားလဲ အင္ဂ်င္ဝိုင္သုတ္ထားရင္ အဲ့ပင္စင္ဟာ တအိအိ ဆင္းသြားမွ သမားစဥ္မွန္ပါတယ္။ အလြန္အမင္းက်ပ္ဖို့မလိုပါဘူး။ wave cutting ေလးေတြပါမယ္ ပင္စင္လဲအဲ့ေလာက္ေခ်ာင္မယ္ဆိုရင္ အသုံးခံပါတယ္ဗ်ာ။ဘာလို့မ်ား က်ပ္သပ္ တင္းေနေအာင္ ဘိုးရင္းခ်ရသလဲ။ဘာလို့မ်ားစလစ္ကို
 ေျပာင္ေနေအာင္ပြတ္ပစ္ရတာလဲ။ ဘာလို့ေရေလာင္းက်င့္ေနရမွာလဲ။ သူ႔အတိုင္းသာမွန္မယ္ဆိုလုံးၿပီးၿပီးခ်င္း မိုင္တစ္ရာတန္းအေမာင္းခံနိုင္ပါတယ္။ ဟုတ္ၿပီ ေရွ႕ဆက္ရေအာင္ဗ်ာ။ 

စလစ္တစ္သက္မွာ ပင္စင္ႏွစ္သက္ ရင္းေလးသက္ ရွိပါတယ္။စလစ္လိုင္နာတစ္ခုမွာရင္းေလးခါအထိ လဲလွယ္သုံးလို့ရနိုင္တယ္လို့ေျပာခ်င္တာပါ။ အက်ပ္ေတြထိုးေရေတြေလာင္းက်င့္ၾကေတာ့ ရင္းတစ္သက္ကိုစလစ္ တစ္သက္ ျဖစ္ကုန္တာပါပဲ။ wave cutting ေလးေတြဘယ္ခ်ိန္ေပ်ာက္သလဲေမးရင္ေတာ့ ရင္းတစ္သက္ကုန္တာနဲ႔ ေပ်ာက္ကုန္ပါတယ္။ ရင္းနဲ႔ပြတ္တိုက္လိုက္တဲ့အခါ (နိူးနိူးျခင္းလီဘာေဆာင့္ဆြဲတာေတြ) ေၾကာင့္ စလစ္လိုင္နာသားဟာ ရိန္းကြင္းေလးေတြနဲ႔ ပြတ္တိုက္ၿပီး mirror effect ျဖစ္သြားတာကို ရင္းျဖဳတ္လဲလွယ္တဲ့အခါ ေတြ႕ရမွာပါ။ အဲ့အခါက် ရင္းအသစ္ထည့္ေတာ့မယ္ဆိုရင္ flex honing ေခၚတဲ့ ေက်ာက္လုံးေလးေတြနဲ႔ ကုန္သြားတဲ့အဆင္းေလးေတြကို ျပန္ေဖၚေပးရပါတယ္။ အေနအထားအရ အပါတ္ရည္ သုံးရာကေန ခြန္ႏွစ္ရာထိလည္ေနတဲ့ေက်ာက္လုံးေလးေတြက အေပါက္ေအာက္ဆြဲတင္/ ေအာက္ခ်ပြတ္ေပးရင္းနဲ႔အဆင္းရာေလးေတြျပန္ေဖၚရတာပါ။ အဆင္းရာေလးေတြျပန္ရလာေတာ့မွ ရင္းအသစ္ေလးေတြျပန္ထည့္သုံးမယ္ဆို ရင္းတစ္စုံရဲ့အသက္က တစ္ႏွစ္ေက်ာ္ေလာက္ျပန္ခံပါတယ္။ စလစ္တစ္သက္မွာ ရင္းလဲတိုင္း ေဟာနင္းျပန္လုပ္ေပးရမွာျဖစ္ၿပီးေတာ့ ၾကာၾကာအသုံးခံနိုင္မွာပါ။ 

ဆဲလိုကဆဲနိုင္ပါတယ္ဗ်ာ။ ေရေလာင္းမက်င့္ၾကပါနဲ႔ေတာ့ က်ပ္မွေကာင္းရေအာင္ မိန္းမယူတာမွမဟုတ္တာဗ်ာ။ အဲ့ေလာက္ကေတာ့ ခ်စ္ရပါေသာ စက္ဆရာညီအကိုႀကီးငယ္ တို့လက္ခံၾကပါေတာ့။ honing လုပ္ဖို့ကၽြန္ေတာ္အရင္ကေက်ာက္လုံးေလးေတြသုံးခဲ့ပါတယ္။ကိုယ္သုံးမယ့္ ပင္စင္ရဲ့ မီလီမီတာအလိုက္အရြယ္အမ်ိဳးမ်ိဳးဝယ္ရတာမို့ ကုန္က်စာရိတ္မ်ားလြန္းခဲ့ပါတယ္။ ပုံမွာျပထားပါတယ္။ ခုေတာ့32mm ကေန 90mm ေလာက္ထိ ေျပာင္းၿပီး သုံးလို့ရတဲ့ေဟာနင္း ေက်ာက္တုံးေလးေတြရွာရခဲ့ပါၿပီ။ ဒါေၾကာင့္ညီအကိုအေပါင္း လိုခ်င္ၾကမယ္ လိုအပ္ၾကမယ္ဆိုရင္ ကၽြန္ေတာ့္ဝယ္ရင္းေစ်းကေန အျမတ္အနည္းငယ္သာတင္ၿပီး မွာယူေပးပါ့မယ္။

ေနာက္တစ္ခုက ပလပ္စမ္းတဲ့စက္ပါ။ 
တေလာက နည္းပညာေပ့ခ္်တစ္ခုကေန ကိုးေသာင္းနဲ႔ေရာင္းေနတာေတြ႕ရပါတယ္။ 
ပလပ္ကိုစမ္းတဲ့ေနရာမွာပလပ္တစ္ခုရဲ့ ထိပ္အဟေလးကေန ထြက္ရမယ့္မီးအေရာင္ဟာ အျဖဴာနဲ႔ခရမ္းဘက္ကို သမ္းေနရပါတယ္။ အင္ဂ်င္အပါတ္ရည္အလိုက္ မီးက ျဖာသြားတာေပ်ာက္သြားတာ မရွိရင္ သုံးလို့ရေနပါၿပီ။ 
ခက္တာက အင္ဂ်င္ထဲက်မွျဖစ္ေနတာကိုမ်က္လုံးနဲ႔မျမင္ရတာမို့ ပလပ္ကိုအျပင္မွာစစ္ေဆးနိုင္ဖို့လဲ လိုအပ္လာပါတယ္။ ခုေခတ္ႀကီးထဲ ပလပ္အတုနဲ႔ၾကဳံခဲ့ရင္လဲ အျပင္မွာသိသိသာသာစမ္းလို့ရတဲ့အတြက္အဆင္ေျပပါတယ္။ 
စက္မွာအပတ္ရည္တိုးေလၽွာ့ခ်ိန္လို့ရၿပီး ပလပ္မီးအေရာင္ကိုလဲကြဲကြဲျပားျပားျမင္ရပါတယ္။ 

32-90mm ေျပာင္းသုံးနိုင္တဲ့ ေဟာနင္းတစ္ခုရယ္
ပလပ္စစ္တဲ့ စက္တစ္လုံးရယ္ ႏွစ္ခုေပါင္းကို 
တစ္သိန္း က်သင့္ပါမယ္။ 09 2522 59550

အမွာတင္လို့ရေနပါၿပီ။ ဝယ္သည္ျဖစ္ေစမဝယ္သည္ျဖစ္ေစ ဒီစာစုေလးကေန ညီအကိုအေပါင္းတို့အသိေလးတစ္ခု အစြဲေလးတစ္ခုခၽြတ္နိုင္မယ္ဆိုေက်နပ္ပါၿပီ။ 
အားလုံးပဲဆိုင္ကယ္ဗဟုသုတ ျပည့္ဝၾကပါေစ။ ရွယ္ေပးဖို့ေတာင္းဆိုခဲေပမယ့္ ဒီစာစုေလးကိုေတာ့ အစြဲေတြကၽြတ္ဖို့ရွယ္ေပးေစ့ခ်င္ပါတယ္။

ကၽြန္ေတာ္   ရဲရင့္သာေဝပိုင္ ပါ။

Copyပါ စာသားမူရင္းမပ်က္



(Unicode)

အစင်းရာများ  နှင့်  မိတ်ဆက်ခြင်း

ချစ်ရပါသော မြန်မာပြည်တလွှားရှိကြသည့်စက်ဆရာအပေါင်းသူတော်ကောင်းများခင်ဗျာ။အစွဲချွတ်ခြင်းဆိုတဲ့စာစုလေးပျောက်သွားပါသဖြင့် ပြန်လည်မိတ်ဆက်ပေးလိုက်ပါရစေ။ 

(1) ဘာလို့ဘိုးရင်းချထားတဲ့ အင်ဂျင်ဟာရေရှည်မခံတာလဲ
(2)ရေလောင်းကျင့်တာဘာအတွက်လဲ
(3)ထိန်းသိမ်းစောင့်ရှောက်မူ နှင့် ပြင်ဆရာများအပိုင်း

စသည်ဖြင့်ဒီစာစုလေးအဆုံးပိုင်းနားထိဖတ်ရင်သဘောပေါက်လာမှာပါ။ ဘိုးရင်းချတာက အင်ဂျင်အသေးတွေအတွက် လုပ်ကိုလုပ်ရတဲ့ သမရိုးကျအလုပ်တစ်ခုဖြစ်ပြီးတော့ ဘိုးရင်းချတဲ့နေရာမှာကိုပဲ အနည်းငယ်အတိမ်းစောင်းလေးတွေရှိပါတယ်။ အင်ဂျင်ကျင့်တယ်ဆိုတဲ့ဝေါဟာရကလဲကားကြီးဆရာများထံက ဆင်းသက်လာဟန်တူပါတယ်။ဒီနေရာမှာ အင်ဂျင်ကျင့်တာနဲ့ပါတ်သက်လို့ဖြည့်စွက်သင့်တာလေးတွေတော့ရှိပါတယ်။ကရိုင်းမှာ ဘယ်ရင် စနစ်နဲ့လာတဲ့အင်ဂျင်အကြီးတွေမှာတော့ဘယ်ရင်ကိုအသစ်ပြန်ချတဲ့အခါ အင်ဂျင်ကျင့်ရတဲ့အခိုက်တန့်ကာလရှိပါတယ်။ ဘယ်ရင်ကိုဝင်တဲ့ဆီပေါက်ဟာ ဒလဟောကျနေတဲ့ ရေပိုက်အဝကိုပိတ်ဖို့ကြိုးစားသလိုပါပဲ။ ဘယ်ရင်နဲ့ ကရိုင်းပင် အကြားသတ်မှတ်တဲ့ပမဏလေးတစ်ခုလွတ်နေပါတယ်။လွတ်နေလို့လဲ လည်နေတာပါ။ အင်ဂျင်နိူးတဲ့အခါ အင်ဂျင်ဝိုင်ဟာဖိအားနဲ့စဉ်ဆက်မပြတ် ဘယ်ရင်အဟနဲ့ကရိုင်းပင်ကြားကိုတိုးဝင်လာပါတယ်။ဖိအားနဲ့တောက်လျှောက်တိုးဝင်နေမှသာ တဘက်သတ် ကပ်ကပ်သွားတဲ့ကရိုင်းပင်အကြားကို oil width (ဆီသပ်)အဖြစ် လိုက်ပါ ခု ခံပေးနေတာပါ။အဆိုပါဘယ်ရင်တွေကိုအသစ်ပြန် ခွေသုံးတဲ့အခါ မညီမညာဖြစ်နေတဲ့ မျက်နှာပြင်နဲ့ကရိုင်းပင်တို့ရဲ့ အင်မတန်ချောမွှေ့သော ပေါ်လစ်သားတို့ဟာ အသားမကျမချင်း  ဖြေးဖြေးနိူးထားပေးပြီး အင်ဂျင်ကျင့်ရတဲ့ကာလရှိပါတယ်။ အင်ဂျင်ကျင့်ရတယ်ဆိုတာဟာ ဘယ်ရင်တွေကို ချော့မွှေ့စွာ အချောသပ်ခြင်းလို့ပဲ ပြောဆိုရမလိုပါပဲ။ သေချာနားလည်ထားရမှာက စလစ်ကိုအလူံးလိုက်ဖြုတ်လဲတာပဲဖြစ်ဖြစ် ဘိုးရင်ဆိုဒ် ချဲ့လိုက်တာပဲ ဖြစ်ဖြစ် အင်ဂျင်ကျင့်ခြင်းဟာ စလစ်နဲ့ပင်စင် ချောင်ဖို့ ကုစားတာမဟုတ်ပါဘူး။ ဆိုလိုတာက ဘိုးရင်းဟာ (စလစ်နဲ့ ပင်စင်) ဟာ စနစ်တကျသာ နားလည်မယ်ဆိုရင် ကျင့်စရာမလိုပါဘူး။ခုနစကားကိုပြန်ဆက်ရင် ဒါဆိုဘာလို့ဘယ်ရင်တွေ ထိကုန်ပွန်းကုန်တာလဲလို့မေးစရာရှိပါတယ်။  တညလုံးရပ်ထား မနက်စောစောမှာ ဘယ်ရင်ရဲ့မျက်နှာပြင်ပေါ်က ါင်ဂျင်ဝိုင် တစ်ဒုဟာ မကျန်တော့သလောက်ဖြစ်ပြီး ကရိုင်းပင်က ဘယ်ရင်ပေါ်ထိုင်နေပါတယ်။ အဲ့အချိန်မှာစက်ကိုစတင်နိူးလိုက်ခြင်းခြင်းပဲ လီဘာဆောင့်နင်းမိတဲ့အခါ အောက်က အင်ဂျင်ဝိုင်မတက်သေးပဲ ကရိုင်းဟာ သုံးပါတ်ခန့်လည်လိုက်ရတဲ့အတွက် လက်ကျန်အင်ဂျင်ဝိုင်အကတ်အသတ်က ချောမွှေ့ဖို့မတတ်နိုင်တော့ပါဘူး။ အဲ့သည့်အခါမှာ ကရိုင်းပင်မှာ ဘယ်ရင်ခြမ်းတွေမှာအပွန်းအဆင်းတွေ အကွက်တွေဖြစ်လာတာပါ။ နိူးနိူးခြင်း ငါးစက္ကန့်စာလောက်ကလေးကို   လီဘာမဆွဲပဲ ဆိုင်ကယ်အကြီးတွေမှာဆိုရင်တော့အင်ဂျင်ဝိုင်မီးနီလေးပျောက်သွားမှ လီဘာစ ဆွဲသင့်ပါတယ်။ (မီးနီပျောက်တယ်ဆိုတာ ဆီဖိအားလုံလောက်သွားတယ်လို့ပြောချင်တာပါ။)

ခုနပြောခဲ့တဲ့အတိုင်းဘာလို့စလစ်နဲ့ပင်စင်ဟာ ဘိုးရင်းပြီးတိုင်းကျင့်ဖို့မလိုတာလဲလို့မေးရင်တော့အဖြေရှိပါတယ်။ 
စက်ရုံထုတ် ဆိုင်ကယ်အသစ်တိုင်းကလဲ အင်ဂျင်ကျင့်ဖို့မလိုပါဘူး။ဒီနေရာမှာပြောနေတဲ့ကျင့်တယ်ဆိုတာ စက်နိူးလီဘာဆွဲ ရေလောင်းကျင့်တာကိုပြောချင်တာပါ။ break in period လို့ခေါ်တဲ့ အသစ်ကိုထိန်းထိန်းသိမ်းသိမ်း အသားကျအောင်စီးတာကို ကျင့်တယ်မခေါ်ပါဘူး။ ( ကိုမျိုးကြီးရေးထားတဲ့ သီးသန့်စာစုလေးရှာဖတ်စေ့ချင်ပါတယ်။)
ဘိုးရင်းချတယ်ဆိုတာဟာ စလစ်လိုင်နာအတွင်းသားဟာနဂိုပါတဲ့ ပင်စင်ရဲ့ စကဒ်သား အစွယ်လးနဲ့ အလွန်အမင်းချောင်လာတဲ့အခါ ဘိုးရင်းချရပါတယ်။ ပင်စင်ကို 0,25MM ကြီးတာပြောင်းထည့်ပြီး  စလစ်ရဲ့အတွင်းလိုင်နာကိုလဲ ချဲ့ချလိုက်ပါတယ်။ မြန်မာ့အတွေးအရ ကျပ်လေကောင်းလေလို့ယူဆတဲ့အဆိုပါပင်စင်နဲ့ရင်းဟာ တပ်ဆင်ပြီးတဲ့အခါ  စက်နိုးထားပြီးရေအသေလောင်းရပါတော့တယ်။ ရေမလောင်းရင်လဲ စလစ်ကအပူလွန်ပြီး  ပင်စင်အပွနဲ့ ကျပ်ပြီး ဖမ်းတာပါပဲ။ ဒိ့အပြင် ဘိုးရင်းချတဲ့အခါ စလစ်အတွင်းလိုင်နာကို  မှန်လိုပြောင်နေအောင် ပွတ်ပစ်လိုက်ပါတယ်။ ပြောင်တော့ချောမွှေ့တာပေါ့လို့ထင်ကောင်ထင်နေပါလိမ့်မယ်။  စကားအရဟုတ်ပေမယ့် ပျက်စီးခြင်းရဲ့အစက အဲ့သည့်အချက်တွေကစတာပါ။ mirror effect လို့ခေါ်တဲ့ လိုင်နာသား မှန်လိုပြောင်သွားတဲ့အခါ အင်ဂျင်ဝိုင်နေဖို့နေရာမရှိနိုင်တော့ပါဘူး။ ပင်စင်ကလဲကျပ်သိပ်နေ  အင်ဂျင်ဝိုင်နေစရာလဲ နေရာကမရှိတော့ အဲ့လိုကိုင်ထားတဲ့အင်ဂျင်တွေဟာ ခွန်နလ ထန်ကုန်ပဲ ခံပါလိမ့်မယ်။ နိူးနိူးခြင်းပူလို့ပွလာတဲ့ပင်စင် ရဲ့စကဒ်မှာ စက်ရုံက သုတ်လိမ်းပေးလိုက်တဲ့ အပွန်းခံတဲ့ ကုတ်သားလေးတစ်ထပ်ဟာ ပူလို့ပွလိုက်ကျပ်လိုက် ရေလောင်းလိုက်နဲ့ကုန်သွားပါတော့တယ်။ တကယ်အသုံးခံမယ့်အဆိုပါ နေရာလေးကို စောစောစီးစီး ရေလောင်းပြီး ခွာထုတ်လိုက်ပါတော့တယ်။ mirror effectဖြစ်နေလို့အင်ဂျင်ဝိုင်မကျန်တဲ့အခါ ရင်းကွင်းလေးတွေဟာ စလစ်လိုင်နာက သံသားနဲ့တိုက်ရိုက် ထိစား ပွန်းစားကုန်ပါတော့တယ်။
ရင်းကွင်းလေးတွေရဲ့အသက်ကလဲ လေးလလောက်မှာ ဟစိဟစိ ဖြစ်လာပါပြီ။ ပင်စင်ရဲ့ကုတ်တင်လိုင်နာလေးကလဲကုန်လာတဲကအခါ ခတ်သံလေးတွေကလဲ တစ်နှစ်အောက်ပိုင်းမှာ ပြန်ထွက်လာပါတော့တယ်။ စလစ်လိုင်နာမှာအင်ဂျင်ဝိုင် မနေနိုင်တော့ အပူတက်တာမြန် ပူတော့ပွတာမြန် ကျပ်လိုက်ပွန်းလိုက်ကုန်လိုက်နဲ့ ခြောက်လတစ်ခါအင်ဂျင်ကိုင်လိုက်နဲ့ လုံးချာလိုက်နေခဲ့တာပါပဲ။ 

စလစ်လိုင်နာမှာ အင်ဂျင်ဝိုင်နေဖို့အတွက် စက်ရုံက ထွက်လာတဲ့အခါ wave cutting လို့ခေါ်တဲ့ ကန့်လန့် အဆင်းရာလေးတွေရှိနေပါတယ်။ မျက်လုံးနဲ့ အလွယ်တကူမြင်ရပေမယ့် လက်နဲ့စမ်းကြည့်ရင် ထစ်နေမှန်းတော့မသိသာပါဘူး။ ဆယ်ပြားစေ့လို့ စောင်းလေးနဲ့ပွတ်ကြည့်မှသိသာပါတယ်။စလစ်အသစ်ဝယ်တဲ့အခါ အဆိုပါwave cutting လေးတွေမြင်ရမှာဖြစ်ပြီးတော့ ပင်စင်အိုးလေးဟာလဲ ဂွပ်ခနဲချောင်ကျသွားလောက်အောင် ချောင်နေတာပါ။ သတိထားမိကြမယ်ဆိုရင် အဲ့လိုစလစ်က အနည်းဆုံး(လေစစ်သာသန့်မယ်ဆိုရင်)တစ်နှစ်ခွဲ အကျော်ထိ အသုံးခံပါတယ်။ဘာကွာသွားလဲ အင်ဂျင်ဝိုင်သုတ်ထားရင် အဲ့ပင်စင်ဟာ တအိအိ ဆင်းသွားမှ သမားစဉ်မှန်ပါတယ်။ အလွန်အမင်းကျပ်ဖို့မလိုပါဘူး။ wave cutting လေးတွေပါမယ် ပင်စင်လဲအဲ့လောက်ချောင်မယ်ဆိုရင် အသုံးခံပါတယ်ဗျာ။ဘာလို့များ ကျပ်သပ် တင်းနေအောင် ဘိုးရင်းချရသလဲ။ဘာလို့များစလစ်ကို
 ပြောင်နေအောင်ပွတ်ပစ်ရတာလဲ။ ဘာလို့ရေလောင်းကျင့်နေရမှာလဲ။ သူ့အတိုင်းသာမှန်မယ်ဆိုလုံးပြီးပြီးချင်း မိုင်တစ်ရာတန်းအမောင်းခံနိုင်ပါတယ်။ ဟုတ်ပြီ ရှေ့ဆက်ရအောင်ဗျာ။ 

စလစ်တစ်သက်မှာ ပင်စင်နှစ်သက် ရင်းလေးသက် ရှိပါတယ်။စလစ်လိုင်နာတစ်ခုမှာရင်းလေးခါအထိ လဲလှယ်သုံးလို့ရနိုင်တယ်လို့ပြောချင်တာပါ။ အကျပ်တွေထိုးရေတွေလောင်းကျင့်ကြတော့ ရင်းတစ်သက်ကိုစလစ် တစ်သက် ဖြစ်ကုန်တာပါပဲ။ wave cutting လေးတွေဘယ်ချိန်ပျောက်သလဲမေးရင်တော့ ရင်းတစ်သက်ကုန်တာနဲ့ ပျောက်ကုန်ပါတယ်။ ရင်းနဲ့ပွတ်တိုက်လိုက်တဲ့အခါ (နိူးနိူးခြင်းလီဘာဆောင့်ဆွဲတာတွေ) ကြောင့် စလစ်လိုင်နာသားဟာ ရိန်းကွင်းလေးတွေနဲ့ ပွတ်တိုက်ပြီး mirror effect ဖြစ်သွားတာကို ရင်းဖြုတ်လဲလှယ်တဲ့အခါ တွေ့ရမှာပါ။ အဲ့အခါကျ ရင်းအသစ်ထည့်တော့မယ်ဆိုရင် flex honing ခေါ်တဲ့ ကျောက်လုံးလေးတွေနဲ့ ကုန်သွားတဲ့အဆင်းလေးတွေကို ပြန်ဖေါ်ပေးရပါတယ်။ အနေအထားအရ အပါတ်ရည် သုံးရာကနေ ခွန်နှစ်ရာထိလည်နေတဲ့ကျောက်လုံးလေးတွေက အပေါက်အောက်ဆွဲတင်/ အောက်ချပွတ်ပေးရင်းနဲ့အဆင်းရာလေးတွေပြန်ဖေါ်ရတာပါ။ အဆင်းရာလေးတွေပြန်ရလာတော့မှ ရင်းအသစ်လေးတွေပြန်ထည့်သုံးမယ်ဆို ရင်းတစ်စုံရဲ့အသက်က တစ်နှစ်ကျော်လောက်ပြန်ခံပါတယ်။ စလစ်တစ်သက်မှာ ရင်းလဲတိုင်း ဟောနင်းပြန်လုပ်ပေးရမှာဖြစ်ပြီးတော့ ကြာကြာအသုံးခံနိုင်မှာပါ။ 

ဆဲလိုကဆဲနိုင်ပါတယ်ဗျာ။ ရေလောင်းမကျင့်ကြပါနဲ့တော့ ကျပ်မှကောင်းရအောင် မိန်းမယူတာမှမဟုတ်တာဗျာ။ အဲ့လောက်ကတော့ ချစ်ရပါသော စက်ဆရာညီအကိုကြီးငယ် တို့လက်ခံကြပါတော့။ honing လုပ်ဖို့ကျွန်တော်အရင်ကကျောက်လုံးလေးတွေသုံးခဲ့ပါတယ်။ကိုယ်သုံးမယ့် ပင်စင်ရဲ့ မီလီမီတာအလိုက်အရွယ်အမျိုးမျိုးဝယ်ရတာမို့ ကုန်ကျစာရိတ်များလွန်းခဲ့ပါတယ်။ ပုံမှာပြထားပါတယ်။ ခုတော့32mm ကနေ 90mm လောက်ထိ ပြောင်းပြီး သုံးလို့ရတဲ့ဟောနင်း ကျောက်တုံးလေးတွေရှာရခဲ့ပါပြီ။ ဒါကြောင့်ညီအကိုအပေါင်း လိုချင်ကြမယ် လိုအပ်ကြမယ်ဆိုရင် ကျွန်တော့်ဝယ်ရင်းဈေးကနေ အမြတ်အနည်းငယ်သာတင်ပြီး မှာယူပေးပါ့မယ်။

နောက်တစ်ခုက ပလပ်စမ်းတဲ့စက်ပါ။ 
တလောက နည်းပညာပေ့ခ်ျတစ်ခုကနေ ကိုးသောင်းနဲ့ရောင်းနေတာတွေ့ရပါတယ်။ 
ပလပ်ကိုစမ်းတဲ့နေရာမှာပလပ်တစ်ခုရဲ့ ထိပ်အဟလေးကနေ ထွက်ရမယ့်မီးအရောင်ဟာ အဖြူာနဲ့ခရမ်းဘက်ကို သမ်းနေရပါတယ်။ အင်ဂျင်အပါတ်ရည်အလိုက် မီးက ဖြာသွားတာပျောက်သွားတာ မရှိရင် သုံးလို့ရနေပါပြီ။ 
ခက်တာက အင်ဂျင်ထဲကျမှဖြစ်နေတာကိုမျက်လုံးနဲ့မမြင်ရတာမို့ ပလပ်ကိုအပြင်မှာစစ်ဆေးနိုင်ဖို့လဲ လိုအပ်လာပါတယ်။ ခုခေတ်ကြီးထဲ ပလပ်အတုနဲ့ကြုံခဲ့ရင်လဲ အပြင်မှာသိသိသာသာစမ်းလို့ရတဲ့အတွက်အဆင်ပြေပါတယ်။ 
စက်မှာအပတ်ရည်တိုးလျှော့ချိန်လို့ရပြီး ပလပ်မီးအရောင်ကိုလဲကွဲကွဲပြားပြားမြင်ရပါတယ်။ 

32-90mm ပြောင်းသုံးနိုင်တဲ့ ဟောနင်းတစ်ခုရယ်
ပလပ်စစ်တဲ့ စက်တစ်လုံးရယ် နှစ်ခုပေါင်းကို 
တစ်သိန်း ကျသင့်ပါမယ်။ 09 2522 59550

အမှာတင်လို့ရနေပါပြီ။ ဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေ ဒီစာစုလေးကနေ ညီအကိုအပေါင်းတို့အသိလေးတစ်ခု အစွဲလေးတစ်ခုချွတ်နိုင်မယ်ဆိုကျေနပ်ပါပြီ။ 
အားလုံးပဲဆိုင်ကယ်ဗဟုသုတ ပြည့်ဝကြပါစေ။ ရှယ်ပေးဖို့တောင်းဆိုခဲပေမယ့် ဒီစာစုလေးကိုတော့ အစွဲတွေကျွတ်ဖို့ရှယ်ပေးစေ့ချင်ပါတယ်။

ကျွန်တော်   ရဲရင့်သာဝေပိုင် ပါ။

Copyပါ စာသားမူရင်းမပျက်

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...