ဘတၳရီအားအဝင္ျပႆနာ အေျဖရွာနည္း

ဘတၳရီအားအဝင္ျပႆနာ အေျဖရွာနည္း

======================

ဆိုင္ကယ္တစ္စီးစတတ္မရပါဟုဆိုခဲ့လၽွင္(သို့မဟုတ္)ဘတၳရီအသစ္လဲတာမၾကာေသးဘူး ရက္ပိုင္းပဲစတတ္ရသည္ဟုဆိုခဲ့လၽွင္
ဘတၳရီအားရွိမရွိအရင္စစ္ပါ
ဘတၳရီအားမရွိ(သို့မဟုတ္)အားနည္းေနသည္ဆိုလၽွင္ဘတၳရီတစ္စ(သို့မဟုတ္)ျဖဴးကိုျဖဳတ္၍စက္ႏွိုးၾကည့္ပါ  ဖရီးမီး၏အလင္းေရာင္သည္စလိုးအခ်ိန္တြင္ေန႔လည္ဘက္ျဖစ္ေစကာမူသိသိသာသာထင္ထင္လင္းလင္းျမင္ေတြနိုင္ရမည္
လီဗာဆြဲေသာအခါတြင္ဖရီးမီး၏အလင္းေရာင္သည္စလိုးအေနအထားမွာလင္းေသာအလင္းေရာင္ထပ္ပိုလင္းလာရမည္  ထိုလင္းေသာအလင္းေရာင္သည္လီဗာအဖ်ားသာသာလီဗာအစအဆုံးေလးပုံတြင္လီဗာအစတစ္ပုံအေရာက္၌အလင္းေရာင္ထပ္တက္မလာေတာ့ပဲရပ္တန္႔၍ၿငိမ္ေနရမည္ 
Slowအေနအထားတြင္ ေရွ႕မီးဖြင့္လိုက္လၽွင္ ဖရီးမီး၏အလင္းေရာင္သည္ အနည္းငယ္က်သြားၿပီး တစ္ဖန္ ေရွ႕မီးမဖြင့္ခင္အလင္းေရာင္ထက္အနည္းငယ္သာေလ်ာ့ေသာအလင္းေရာင္ျပန္တက္လာေပးရမည္

 ထိုအခ်က္မ်ားအတိုင္းရွိခဲ့ပါလၽွင္အားသြင္းစနစ္မွန္ကန္ေကာင္းမြန္စြာအလုပ္လုပ္သည္ မည္သည့္ဆိုင္ကယ္မည္သည့္ဘတၳရီအိုးမဆိုလက္ခံနိူင္ေသာ အားသြင္း အားျဖတ္စနစ္ျဖစ္သည္
ထိုသို့မဟုတ္ပဲ စလိုးအေနအထားတြင္ ဖရီးမီးအလင္းေရာင္အားေသခ်ာၾကည့္မွျမင္ေတြ႕ရျခင္းလီဗာဆြဲလၽွင္ဖရီးမီးအလင္းေရာင္သည္ စလိုးအေနအထားမွလင္းေသာအလင္းေရာင္ထပ္မွိန္က်သြားျခင္း လီဗာေလးပုံတစ္ပုံေက်ာ္တဲ့အထိမီးအလင္းအားတက္လာျခင္းဖရီးမီးအလင္းေရာင္ေဖြးတက္လာျခင္းလီဗာဆြဲလၽွင္ဆြဲသလိုမီးအလင္းအားတက္လာၿပီးလီဗာတစ္ဝက္ေရာက္သည့္အခါမွဖရီးမီးအလင္းေရာင္သည္ၿငိမ္သြားျခင္းစသည့္အခ်က္မ်ားသည္ဆိုင္ကယ္တိုင္းရွိ(မည္သည့္အိုး အမ်ိဳးအစားမဆို)လက္ခံသိုေလွာင္ထားနိုင္ေသာအားသြင္းစနစ္မဟုတ္ပါ

ဘတၳရီအားမဝင္ျခင္းျပသနာေျဖရွင္းနည္း
==========================
ဆိုင္ကယ္တစ္စီးအားမဝင္ပါဟုဆိုခဲ့လၽွင္ ပထမဦးစြာဘတၳရီတစ္စ(သို့မဟုတ္)ျဖဴးကိုျဖဳတ္၍စက္ႏွိုးပါ
ျဖဳတ္ထားေသာဘတၳရီအနီစ(သို့မဟုတ္)ျဖဴးတစ္စကိုေဘာ္ဒီႏွင္ခတ္ၾကည့္ပါ
မီးထြက္ရမည္ မထြက္ခဲ့သည္ရွိေသာ္
ဒိုင္အုပ္ေဆာ့ကဒ္ကိုျဖဳတ္ပါ ဘတၳရီအိုးတြင္အားအနည္းငယ္က်န္ေနေသးလၽွင္
မီးစမ္းေသာမီးလုံး၏ႀကိဳးႏွစ္စအားဒိုင္အုပ္ေဆာ့ကဒ္ရွိ အနီႏွင့္အစိမ္းေပါက္ထဲသို့ခြ၍ထိုးၾကည့္ပါ မီးလင္းရပါမည္ မီးမလင္းခဲ့လၽွင္
အနီႀကိဳးျပတ္သလား အစိမ္းႀကိဳးျပတ္သလား ကြဲကြဲျပားျပားသိရွိရန္မီးလုံး၏တစ္စအားကိုယ္ထည္အႏုတ္ႏွင့္ထိထား၍ဒိုင္အုပ္ေဆာ့ကဒ္ရွိအနီေပါက္ထဲသို့က်န္မီးလုံး၏ႀကိဳးတစ္စအားထိုးၾကည့္ပါမီးလင္းခဲ့လၽွင္ဒိုင္အုပ္ႏွင့္ဘတၳရီဆက္သြယ္ေသာ
အနီအေပါင္းလိုင္းမွန္ကန္ေကာင္းမြန္ပါသည္ မီးမလင္းခဲ့လၽွင္အနီအေပါင္းႀကိဳးတစ္ေနရာရာ၌ျပတ္ေနပါသည္ ျပတ္သည့္ေနရာအားျပန္ရွာ၍ဆက္ပါ အနီအေပါင္းလိုင္းေကာင္းမေကာင္းစမ္းသပ္ၿပီးလၽွင္အစိမ္းလိုင္း(အႏုတ္လိုင္း)စမ္းသပ္ရန္မီးလုံး၏တစ္စအားဘတၳရီအိုးအေပါင္း၌ေထာက္၍က်န္တစ္စအားဒိုင္အုပ္ေဆာ့ကဒ္ရွိ
အစိမ္းႀကိဳးေပါက္ထဲသို့ထိုးၾကည့္ပါ မီးမလင္းပါကတစ္ေနရာရာ၌ႀကိဳးျပတ္ေနပါသည္ ျပန္ရွာ၍ဆက္ေပးပါအနီေရာအစိမ္းပါအဆက္အသြယ္မျပတ္ေကာင္းမြန္မွန္ကန္သည္ဆိုလၽွင္ဒိုင္အုပ္ေဆာ့ကဒ္ရွိအဝါႏွစ္စအေပါက္ထဲသို့မီးလုံးႀကိဳးႏွစ္စအားထိုးၾကည့္၍ကစ္နင္းၾကည့္ပါ မီးသီးလင္းလာရမည္ ထိုလင္းလာေသာအလင္းသည္ေဖြးခနဲတက္လာရပါမည္မွိန္မွိန္ေလးပဲလင္းခဲ့လၽွင္ကြိဳင္မေကာင္းပါ ကြိဳင္လဲမီးထြက္ေကာင္းဒိုင္အုပ္ေဆာ့ကဒ္ရွိအနီႏွင့္အစိမ္းလိုင္း ႏွစ္လိုင္းလည္းျပတ္ေတာက္မွုမရွိ
ေကာင္းမြန္ေတခဲ့လၽွင္ဒိုင္အုပ္လဲရပါမည္

ပလပ္မီးမထြက္ျပသနာေျဖရွင္းနည္း
ပလပ္ကြိဳင္ႀကိဳးမွမီးထြက္ခဲ့လၽွင္ပထမဦးစြာCDIေလးစလား ငါးစလားၾကည့္ပါ
ေလးစဆိုလၽွင္ဘတၳရီအားရွိမရွိ ခ်ာခ်င္ဝင္မဝင္စစ္ပါ
ဘတၳရီအားဝင္သည္ဆိုလၽွင္မီးစမ္းေသာမီးလုံးတစ္စအားဘတၳရီအေပါင္း၌ခ်ိတ္၍မီးလုံး၏က်န္တစ္စအားCDIေဆာ့ကဒ္၏ေလးစစလုံးအားလိုက္ထိုးၾကည့္ပါ
အေပါက္ေလးေပါက္ရွိသုံးေပါက္သည္မီးလင္းရပါမည္ တစ္ေပါက္မလင္းလၽွင္မလင္းေသာလိုင္းႀကိဳးျပတ္ေနျခင္းျဖစ္သည္ျပတ္ေသာလိုင္းႀကိဳးအားရွာေဖြ၍ဆက္ေပးပါ သုံးေပါက္လုံးမီးလင္းသည္ဆိုလၽွင္ အနီေထာက္ထားေသာမီးလုံးႀကိဳးတစ္စအားျဖဳတ္၍အစိမ္း၌ေျပာင္းေထာက္ေပးပါမီးလုံး၏က်န္တစ္စအားCDIေဆာ့ကဒ္ရဗိအေပါက္မ်ားအားထိုးၾကည့္ပါ တစ္ေပါက္သာမီးလင္းရပါမည္ မလင္းလၽွင္ေသာ့အထြက္ႀကိဳးမွCDIသို့လာေသာအေပါင္းႀကိဳးျပတ္ေနပါသည္ေလးေပါက္စလုံးမီးလင္းခဲ့လၽွင္CDIသို့ဆက္သြယ္ထားေသာႀကိဳးအားလုံးေကာင္းသည္မျပတ္ပါ
ႀကိဳးအားလုံးေကာင္းေသာ္လည္းမီးမထြက္နိုင္ေသးပါ
မီးထြက္ရန္ျဖတ္ကြိဳင္အလုပ္လုပ္မလုပ္သိရွိရန္လိုအပ္ေသးသည္
ျဖတ္ကြိဳင္အလုပ္လုပ္မလုပ္သိရွိရန္ပါဆာတိုင္းကိရိယာ(သို့မဟုတ္)LEDမီးသီးတစ္လုံးအားအသုံ႔းျပဳရပါမည္ ပါဆာတိုင္းကိရိယာအသုံးျပဳလၽွင္ကိရိယာ၏ညႇပ္ပါေသာ
ဘက္အားေဘာ္ဒီအႏုတ္၌ညႇပ္၍CDIေဆာ့ကဒ္ရွိျဖဴျပာေပါက္သို့ပါဆာတိုင္းကိရိယာ၏အခၽြန္အားေထာက္ထားပါကစ္နင္းလိုက္လၽွင္ပါဆာတိုင္းကိရိယာ၏မီးလုံးႏွစ္လုံးသည္တစ္လွည့္စီအလွည့္က်ျမင္ျမင္ထင္ထင္လင္းလာရပါမည္
မွိန္မွိန္ေလးလင္းလၽွင္ျဖတ္ကြိဳင္မေကာင္း အားနည္းေနသည္
ျမင္ျမင္ထင္ထင္လင္းလၽွင္ျဖတ္ကြိဳင္ေကာင္းပါသည္CDIႀကိဳးအဆက္အသြယ္အားလုံးလည္းေကာင္း ပါဆာလည္းေကာင္း(ျဖတ္ကြိဳင္)
လၽွင္ပလပ္ကြိဳင္အဝင္နက္ဝါႀကိဳးအားျဖဳတ္၍ကစ္နင္းၿပီးေဘာ္ဒီႏွင့္ကပ္ၾကည့္ပါ မီး
ထြက္ရမည္ မီးမထြက္လၽွင္CDIမေကာင္းျခင္းျဖစ္သည္မီးထြက္ၿပီးပလပ္ႀကိဳးမွမီးျပန္မထြက္လၽွင္ပလပ္ကြိဳင္မေကာင္းျခင္းျဖစ္ပါသည္CDIမွထြက္ေသာမီးသည္
ကစ္နင္း၍ေဘာ္ဒီႏွင့္ခတ္လၽွင္မီးပြင့္အျဖဴအဝိုင္းထြက္ရမည္ျဖစ္ၿပီးေဖ်ာက္ေဖ်ာက္ဆိုေသာအသံရွင္းရွင္းလင္းလင္းၾကားရမည္
ပလပ္ကြိဳင္မွထြက္ေသာမီးသည္တစ္ေတာင့္ခ်င္းထြက္ၿပီးဖ်တ္ဖ်တ္ဆိုေသာအသံၾကားရမည္ပလပ္ကြိဳင္မွထြက္ေသာမီးသည္ပလပ္ႀကိဳးအားေဘာ္ဒီႏွင့္လက္တစ္လုံးအကြာထားေသာ္လည္းခုန္ကူးနိုင္လၽွင္ပလပ္ကြိဳင္ေကာင္းမြန္ပါသည္
ေဘာ္ဒီႏွင့္ထိလုနီးပါးမွထြက္နိုင္ၿပီးထိုထပ္ပိုေသာအကြာအေဝး၌မီးမထြက္နိုင္လၽွင္ပလပ္ကြိဳင္အားနည္းျခင္း စတတ္ကြိဳင္အားနည္းျခင္း ျဖတ္ကြိဳင္အားနည္းျခင္းတစ္ခုခုေၾကာင့္ျဖစ္သည္
စတတ္ကြိဳင္(နီနက္)မွထြက္ေသာမီးေရာင္သည္ျဖဴနီအပြင့္အႀကီးျဖစ္ရမည္
စတတ္ကြိဳင္(နီနက္)မွထြက္ေသာမီးေရာင္သည္ရဲရဲေလးျဖစ္မေနရပါ
ျဖာက်ဲၿပီးထြက္မေနရပါထိုသို့ျဖစ္ေနလၽွင္စတတ္ကြိဳင္အားနည္းျခင္းျဖစ္သည္အားသြင္းကြိဳင္မွထြက္ေသာမီးသည္ ဝါဝါႀကိဳးႏွစ္ေခ်ာင္းအားကစ္နင္းရင္းအခ်င္းခ်င္းျပန္ခတ္လၽွင္ဖတ္ခနဲျမည္သံႏွင့္အတူျဖဴနီအပြင့္အႀကီးျဖစ္ရမည္
စတတ္ကြိဳင္မွထြက္ေသာမီေရာင္ထပ္ပိုျဖဴ၍အပြင့္ပိုႀကီးရပါမည္

အားလုံးပဲ ဒီပို့စ္ တစ္ခုေၾကာင့္ အလုပ္မွာ အေထာက္အကူျဖစ္ၾကပါေစ

လြယ္ကူျမန္ဆန္ေခ်ာေမြ႕ ၾကပါေစ။ ။.........
မူရင္း👇

ရန္ကုန္ ဆရာေမာင္ေမာင္
Mgmaung (YGN) ဆိုင္ကယ္စက္ျပင္သင္တန္း

Crd.  Copy


(Unicode)

ဘတ္ထရီအားအဝင်ပြဿနာ အဖြေရှာနည်း

======================

ဆိုင်ကယ်တစ်စီးစတတ်မရပါဟုဆိုခဲ့လျှင်(သို့မဟုတ်)ဘတ္ထရီအသစ်လဲတာမကြာသေးဘူး ရက်ပိုင်းပဲစတတ်ရသည်ဟုဆိုခဲ့လျှင်
ဘတ္ထရီအားရှိမရှိအရင်စစ်ပါ
ဘတ္ထရီအားမရှိ(သို့မဟုတ်)အားနည်းနေသည်ဆိုလျှင်ဘတ္ထရီတစ်စ(သို့မဟုတ်)ဖြူးကိုဖြုတ်၍စက်နှိုးကြည့်ပါ  ဖရီးမီး၏အလင်းရောင်သည်စလိုးအချိန်တွင်နေ့လည်ဘက်ဖြစ်စေကာမူသိသိသာသာထင်ထင်လင်းလင်းမြင်တွေနိုင်ရမည်
လီဗာဆွဲသောအခါတွင်ဖရီးမီး၏အလင်းရောင်သည်စလိုးအနေအထားမှာလင်းသောအလင်းရောင်ထပ်ပိုလင်းလာရမည်  ထိုလင်းသောအလင်းရောင်သည်လီဗာအဖျားသာသာလီဗာအစအဆုံးလေးပုံတွင်လီဗာအစတစ်ပုံအရောက်၌အလင်းရောင်ထပ်တက်မလာတော့ပဲရပ်တန့်၍ငြိမ်နေရမည် 
Slowအနေအထားတွင် ရှေ့မီးဖွင့်လိုက်လျှင် ဖရီးမီး၏အလင်းရောင်သည် အနည်းငယ်ကျသွားပြီး တစ်ဖန် ရှေ့မီးမဖွင့်ခင်အလင်းရောင်ထက်အနည်းငယ်သာလျော့သောအလင်းရောင်ပြန်တက်လာပေးရမည်

 ထိုအချက်များအတိုင်းရှိခဲ့ပါလျှင်အားသွင်းစနစ်မှန်ကန်ကောင်းမွန်စွာအလုပ်လုပ်သည် မည်သည့်ဆိုင်ကယ်မည်သည့်ဘတ္ထရီအိုးမဆိုလက်ခံနိူင်သော အားသွင်း အားဖြတ်စနစ်ဖြစ်သည်
ထိုသို့မဟုတ်ပဲ စလိုးအနေအထားတွင် ဖရီးမီးအလင်းရောင်အားသေချာကြည့်မှမြင်တွေ့ရခြင်းလီဗာဆွဲလျှင်ဖရီးမီးအလင်းရောင်သည် စလိုးအနေအထားမှလင်းသောအလင်းရောင်ထပ်မှိန်ကျသွားခြင်း လီဗာလေးပုံတစ်ပုံကျော်တဲ့အထိမီးအလင်းအားတက်လာခြင်းဖရီးမီးအလင်းရောင်ဖွေးတက်လာခြင်းလီဗာဆွဲလျှင်ဆွဲသလိုမီးအလင်းအားတက်လာပြီးလီဗာတစ်ဝက်ရောက်သည့်အခါမှဖရီးမီးအလင်းရောင်သည်ငြိမ်သွားခြင်းစသည့်အချက်များသည်ဆိုင်ကယ်တိုင်းရှိ(မည်သည့်အိုး အမျိုးအစားမဆို)လက်ခံသိုလှောင်ထားနိုင်သောအားသွင်းစနစ်မဟုတ်ပါ

ဘတ္ထရီအားမဝင်ခြင်းပြသနာဖြေရှင်းနည်း
==========================
ဆိုင်ကယ်တစ်စီးအားမဝင်ပါဟုဆိုခဲ့လျှင် ပထမဦးစွာဘတ္ထရီတစ်စ(သို့မဟုတ်)ဖြူးကိုဖြုတ်၍စက်နှိုးပါ
ဖြုတ်ထားသောဘတ္ထရီအနီစ(သို့မဟုတ်)ဖြူးတစ်စကိုဘော်ဒီနှင်ခတ်ကြည့်ပါ
မီးထွက်ရမည် မထွက်ခဲ့သည်ရှိသော်
ဒိုင်အုပ်ဆော့ကဒ်ကိုဖြုတ်ပါ ဘတ္ထရီအိုးတွင်အားအနည်းငယ်ကျန်နေသေးလျှင်
မီးစမ်းသောမီးလုံး၏ကြိုးနှစ်စအားဒိုင်အုပ်ဆော့ကဒ်ရှိ အနီနှင့်အစိမ်းပေါက်ထဲသို့ခွ၍ထိုးကြည့်ပါ မီးလင်းရပါမည် မီးမလင်းခဲ့လျှင်
အနီကြိုးပြတ်သလား အစိမ်းကြိုးပြတ်သလား ကွဲကွဲပြားပြားသိရှိရန်မီးလုံး၏တစ်စအားကိုယ်ထည်အနုတ်နှင့်ထိထား၍ဒိုင်အုပ်ဆော့ကဒ်ရှိအနီပေါက်ထဲသို့ကျန်မီးလုံး၏ကြိုးတစ်စအားထိုးကြည့်ပါမီးလင်းခဲ့လျှင်ဒိုင်အုပ်နှင့်ဘတ္ထရီဆက်သွယ်သော
အနီအပေါင်းလိုင်းမှန်ကန်ကောင်းမွန်ပါသည် မီးမလင်းခဲ့လျှင်အနီအပေါင်းကြိုးတစ်နေရာရာ၌ပြတ်နေပါသည် ပြတ်သည့်နေရာအားပြန်ရှာ၍ဆက်ပါ အနီအပေါင်းလိုင်းကောင်းမကောင်းစမ်းသပ်ပြီးလျှင်အစိမ်းလိုင်း(အနုတ်လိုင်း)စမ်းသပ်ရန်မီးလုံး၏တစ်စအားဘတ္ထရီအိုးအပေါင်း၌ထောက်၍ကျန်တစ်စအားဒိုင်အုပ်ဆော့ကဒ်ရှိ
အစိမ်းကြိုးပေါက်ထဲသို့ထိုးကြည့်ပါ မီးမလင်းပါကတစ်နေရာရာ၌ကြိုးပြတ်နေပါသည် ပြန်ရှာ၍ဆက်ပေးပါအနီရောအစိမ်းပါအဆက်အသွယ်မပြတ်ကောင်းမွန်မှန်ကန်သည်ဆိုလျှင်ဒိုင်အုပ်ဆော့ကဒ်ရှိအဝါနှစ်စအပေါက်ထဲသို့မီးလုံးကြိုးနှစ်စအားထိုးကြည့်၍ကစ်နင်းကြည့်ပါ မီးသီးလင်းလာရမည် ထိုလင်းလာသောအလင်းသည်ဖွေးခနဲတက်လာရပါမည်မှိန်မှိန်လေးပဲလင်းခဲ့လျှင်ကွိုင်မကောင်းပါ ကွိုင်လဲမီးထွက်ကောင်းဒိုင်အုပ်ဆော့ကဒ်ရှိအနီနှင့်အစိမ်းလိုင်း နှစ်လိုင်းလည်းပြတ်တောက်မှုမရှိ
ကောင်းမွန်တေခဲ့လျှင်ဒိုင်အုပ်လဲရပါမည်

ပလပ်မီးမထွက်ပြသနာဖြေရှင်းနည်း
ပလပ်ကွိုင်ကြိုးမှမီးထွက်ခဲ့လျှင်ပထမဦးစွာCDIလေးစလား ငါးစလားကြည့်ပါ
လေးစဆိုလျှင်ဘတ္ထရီအားရှိမရှိ ချာချင်ဝင်မဝင်စစ်ပါ
ဘတ္ထရီအားဝင်သည်ဆိုလျှင်မီးစမ်းသောမီးလုံးတစ်စအားဘတ္ထရီအပေါင်း၌ချိတ်၍မီးလုံး၏ကျန်တစ်စအားCDIဆော့ကဒ်၏လေးစစလုံးအားလိုက်ထိုးကြည့်ပါ
အပေါက်လေးပေါက်ရှိသုံးပေါက်သည်မီးလင်းရပါမည် တစ်ပေါက်မလင်းလျှင်မလင်းသောလိုင်းကြိုးပြတ်နေခြင်းဖြစ်သည်ပြတ်သောလိုင်းကြိုးအားရှာဖွေ၍ဆက်ပေးပါ သုံးပေါက်လုံးမီးလင်းသည်ဆိုလျှင် အနီထောက်ထားသောမီးလုံးကြိုးတစ်စအားဖြုတ်၍အစိမ်း၌ပြောင်းထောက်ပေးပါမီးလုံး၏ကျန်တစ်စအားCDIဆော့ကဒ်ရဗိအပေါက်များအားထိုးကြည့်ပါ တစ်ပေါက်သာမီးလင်းရပါမည် မလင်းလျှင်သော့အထွက်ကြိုးမှCDIသို့လာသောအပေါင်းကြိုးပြတ်နေပါသည်လေးပေါက်စလုံးမီးလင်းခဲ့လျှင်CDIသို့ဆက်သွယ်ထားသောကြိုးအားလုံးကောင်းသည်မပြတ်ပါ
ကြိုးအားလုံးကောင်းသော်လည်းမီးမထွက်နိုင်သေးပါ
မီးထွက်ရန်ဖြတ်ကွိုင်အလုပ်လုပ်မလုပ်သိရှိရန်လိုအပ်သေးသည်
ဖြတ်ကွိုင်အလုပ်လုပ်မလုပ်သိရှိရန်ပါဆာတိုင်းကိရိယာ(သို့မဟုတ်)LEDမီးသီးတစ်လုံးအားအသုံ့းပြုရပါမည် ပါဆာတိုင်းကိရိယာအသုံးပြုလျှင်ကိရိယာ၏ညှပ်ပါသော
ဘက်အားဘော်ဒီအနုတ်၌ညှပ်၍CDIဆော့ကဒ်ရှိဖြူပြာပေါက်သို့ပါဆာတိုင်းကိရိယာ၏အချွန်အားထောက်ထားပါကစ်နင်းလိုက်လျှင်ပါဆာတိုင်းကိရိယာ၏မီးလုံးနှစ်လုံးသည်တစ်လှည့်စီအလှည့်ကျမြင်မြင်ထင်ထင်လင်းလာရပါမည်
မှိန်မှိန်လေးလင်းလျှင်ဖြတ်ကွိုင်မကောင်း အားနည်းနေသည်
မြင်မြင်ထင်ထင်လင်းလျှင်ဖြတ်ကွိုင်ကောင်းပါသည်CDIကြိုးအဆက်အသွယ်အားလုံးလည်းကောင်း ပါဆာလည်းကောင်း(ဖြတ်ကွိုင်)
လျှင်ပလပ်ကွိုင်အဝင်နက်ဝါကြိုးအားဖြုတ်၍ကစ်နင်းပြီးဘော်ဒီနှင့်ကပ်ကြည့်ပါ မီး
ထွက်ရမည် မီးမထွက်လျှင်CDIမကောင်းခြင်းဖြစ်သည်မီးထွက်ပြီးပလပ်ကြိုးမှမီးပြန်မထွက်လျှင်ပလပ်ကွိုင်မကောင်းခြင်းဖြစ်ပါသည်CDIမှထွက်သောမီးသည်
ကစ်နင်း၍ဘော်ဒီနှင့်ခတ်လျှင်မီးပွင့်အဖြူအဝိုင်းထွက်ရမည်ဖြစ်ပြီးဖျောက်ဖျောက်ဆိုသောအသံရှင်းရှင်းလင်းလင်းကြားရမည်
ပလပ်ကွိုင်မှထွက်သောမီးသည်တစ်တောင့်ချင်းထွက်ပြီးဖျတ်ဖျတ်ဆိုသောအသံကြားရမည်ပလပ်ကွိုင်မှထွက်သောမီးသည်ပလပ်ကြိုးအားဘော်ဒီနှင့်လက်တစ်လုံးအကွာထားသော်လည်းခုန်ကူးနိုင်လျှင်ပလပ်ကွိုင်ကောင်းမွန်ပါသည်
ဘော်ဒီနှင့်ထိလုနီးပါးမှထွက်နိုင်ပြီးထိုထပ်ပိုသောအကွာအဝေး၌မီးမထွက်နိုင်လျှင်ပလပ်ကွိုင်အားနည်းခြင်း စတတ်ကွိုင်အားနည်းခြင်း ဖြတ်ကွိုင်အားနည်းခြင်းတစ်ခုခုကြောင့်ဖြစ်သည်
စတတ်ကွိုင်(နီနက်)မှထွက်သောမီးရောင်သည်ဖြူနီအပွင့်အကြီးဖြစ်ရမည်
စတတ်ကွိုင်(နီနက်)မှထွက်သောမီးရောင်သည်ရဲရဲလေးဖြစ်မနေရပါ
ဖြာကျဲပြီးထွက်မနေရပါထိုသို့ဖြစ်နေလျှင်စတတ်ကွိုင်အားနည်းခြင်းဖြစ်သည်အားသွင်းကွိုင်မှထွက်သောမီးသည် ဝါဝါကြိုးနှစ်ချောင်းအားကစ်နင်းရင်းအချင်းချင်းပြန်ခတ်လျှင်ဖတ်ခနဲမြည်သံနှင့်အတူဖြူနီအပွင့်အကြီးဖြစ်ရမည်
စတတ်ကွိုင်မှထွက်သောမီရောင်ထပ်ပိုဖြူ၍အပွင့်ပိုကြီးရပါမည်

အားလုံးပဲ ဒီပို့စ် တစ်ခုကြောင့် အလုပ်မှာ အထောက်အကူဖြစ်ကြပါစေ

လွယ်ကူမြန်ဆန်ချောမွေ့ ကြပါစေ။ ။.........
မူရင်း👇

ရန်ကုန် ဆရာမောင်မောင်
Mgmaung (YGN) ဆိုင်ကယ်စက်ပြင်သင်တန်း

Crd.  Copy

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...