အင္ဂ်င္တလုံးအား စက္နွဳိးရန္၊ ဗား/တက္ပက္ စတင္ခ်ိန္တြယ္ျခင္

##အိုဗာေဟာ   အင္ဂ်င္တလုံးအား စက္နွဳိးရန္၊
ဗား/တက္ပက္ စတင္ခ်ိန္တြယ္ျခင္း##

         ဗားတက္ပက္ခ်ိန္တြယ္ျခင္းတြင္ အိုဘာလက္နည္းျဖင့္စုံခ်ိန္တြယ္ျခင္းသည္အ့ျမန္ဆုံးျဖစ္ေသာ္လည္း။အသစ္ျပဳျပင္ ျပင္ဆင္ျပီးစအင္ဂ်င္မ်ားတြင္မူ တလုံးေထာက္
တလုံးခ်ိန္ုဟုေခါ ္ဆိုအပ္ေသာနိဳင္း မက္သပ္
(Nine Method)၊သပ္တင္းမက္သပ္(Thirteen
Method)ျဖင့္သာအမွန္ကန္ဆုံးခ်ိန္တြယ္အပ္ေပသည္။
        ပစၥည္းသစ္ျဖင့္ျပန္လည္ျပဳျပင္တပ္ဆင္ထားသည့္အင္ဂ်င္တလုံးကိုစက္စတင္နိွဳးရန္ တိုင္မင္မ်ားကိုခ်ိန္ညိွၿခင္း၊ဗားတပ္ပက္မ်ားကိုခ်ိန္ညွိျခင္းမ်ားသည္ စက္ဆရာတေယာက္၏မလြဲမေသြလုပ္ေဆာင္ရျခင္းဆိုကမွားအံ႕မထင္။ဆီမီးတိုင္မင္အဝဝမွန္ကန္
ပါမွစက္နွဳိးသည္မွာစက္ဆရာမေျပာနွင့္၊စီးနင္းေမာင္းနင္သူပင္သိေပသည္။
   သို ့ျဖစ္ရာ စက္နိွဳးမႈ၏မူလဘူတက်ေသာေလဝင္ ေလထြက္မွန္ကန္မႈကိုဗားတက္ပက္ခ်ိန္ညိွေပးျခင္းျဖင့္စဥ္ဆက္မျပတ္ပါဝါထြက္ရွိလည္ပတ္ေစအပ္သည္။မမွန္ေသာခ်ိန္တြယ္မႈေၾကာင့္စဥ္ဆက္
  ေပါက္ကြဲထြက္ရွိျမဲပါဝါကိုဟန့္တားဆြဲငင္တုံ႕ဆိုင္း
ခ်င္သည္ျဖစ္၍ပါဝါအစ ဗားမ်ားမွဆိုသလို၊ေလဝင္ေလထြက္ဗားအသက္ကိုဂရုထားခ်ိန္တြယ္သင့္ေပသည္။
    ပုံတြင္ျပထားခ်က္ကိုျမင္သည္နွင့္ပင္သဘာက်သည့္ဆရာျဖစ္ကဆက္ဖတ္ရန္ပင္မလို၊အရိပ္ျပလ်င္အေကာင္ျမင္ေပမည္။အင္ဂ်င္ကိုအလည္မွန္တိုင္း
လွည့္။နံပါတ္ ၁  ေရာ္ကာအမ္း(ၾက္က္စာေကာက္)
ေထာက္ပီးျပန္အက်၊ေနာက္ျပန္ျပန္လွည့္ အဖိဆံုး
အေထာက္ဆံုးအေနအထားေရာက္ေအာင္လွည့္ထား ။ထိုအခ်ိန္ 1 + 8 =9(nine methrd)ျဖစ္၍
နံပါတ္ 8 ကိုခ်ိန္ညိွနပ္ေလ်ာ့တင္း၍အင္ဂ်င္ထုတ္လုပ္ကုမၸဏီ၏ညႊန္ၾကားခ်က္နွင့္အညီခ်ိန္တြယ္ေပးရမည္။
ဆက္၍အလည္မွန္လွဲ႕အေထာက္ဆံုးအဖိဆုးံနံပါတ္ ကို 9 ထဲမွနွဳတ္ယူခ်ိန္တြယ္ရင္း8သို ့ ့ျပန္ေရာက္လ်င္ခ်ိန္တြယ္မႈၿပီးေျမာက္ေပၿပီ။
သတိထားရမည္မွာခ်ိန္တြယ္မည့္ေကာင္သည္အင္းလက္လား၊အိပ္ေဇာလား စီစစ္၍အိပ္ေဇာကိုမ်ားထားရေပမည္။
(တခ်ိဳ႕အက္ဂ်င္မ်ားတြင္ကုမၸဏီညႊန္ၾကားခ်က္အရ၊ပုံၿပပါအတိုင္း  ဖလိုင္းဝွီး အမွတ္ေနရာ 
နွစ္ႀကိမ္ေတြ႕ တပါတ္ လွည့္ရံုျဖင့္ အားလုံးၿပီးေျမာက္ပါေၾကာင္း)
    ေစတနာ ေမတၲာ မ်ားစြာျဖင့္  အားလုံးရဲ႕  
                                                        ဘဘ ။။။







(Unicode)

##အိုဗာဟော   အင်ဂျင်တလုံးအား စက်နှိုးရန်၊
ဗား/တက်ပက် စတင်ချိန်တွယ်ခြင်း##

         ဗားတက်ပက်ချိန်တွယ်ခြင်းတွင် အိုဘာလက်နည်းဖြင့်စုံချိန်တွယ်ခြင်းသည်အ့မြန်ဆုံးဖြစ်သော်လည်း။အသစ်ပြုပြင် ပြင်ဆင်ပြီးစအင်ဂျင်များတွင်မူ တလုံးထောက်
တလုံးချိန်ုဟုခေါ ်ဆိုအပ်သောနိုင်း မက်သပ်
(Nine Method)၊သပ်တင်းမက်သပ်(Thirteen
Method)ဖြင့်သာအမှန်ကန်ဆုံးချိန်တွယ်အပ်ပေသည်။
        ပစ္စည်းသစ်ဖြင့်ပြန်လည်ပြုပြင်တပ်ဆင်ထားသည့်အင်ဂျင်တလုံးကိုစက်စတင်နှိုးရန် တိုင်မင်များကိုချိန်ညှိခြင်း၊ဗားတပ်ပက်များကိုချိန်ညှိခြင်းများသည် စက်ဆရာတယောက်၏မလွဲမသွေလုပ်ဆောင်ရခြင်းဆိုကမှားအံ့မထင်။ဆီမီးတိုင်မင်အဝဝမှန်ကန်
ပါမှစက်နှိုးသည်မှာစက်ဆရာမပြောနှင့်၊စီးနင်းမောင်းနင်သူပင်သိပေသည်။
   သို့ဖြစ်ရာ စက်နှိုးမှု၏မူလဘူတကျသောလေဝင် လေထွက်မှန်ကန်မှုကိုဗားတက်ပက်ချိန်ညှိပေးခြင်းဖြင့်စဉ်ဆက်မပြတ်ပါဝါထွက်ရှိလည်ပတ်စေအပ်သည်။မမှန်သောချိန်တွယ်မှုကြောင့်စဉ်ဆက်
  ပေါက်ကွဲထွက်ရှိမြဲပါဝါကိုဟန့်တားဆွဲငင်တုံ့ဆိုင်း
ချင်သည်ဖြစ်၍ပါဝါအစ ဗားများမှဆိုသလို၊လေဝင်လေထွက်ဗားအသက်ကိုဂရုထားချိန်တွယ်သင့်ပေသည်။
    ပုံတွင်ပြထားချက်ကိုမြင်သည်နှင့်ပင်သဘာကျသည့်ဆရာဖြစ်ကဆက်ဖတ်ရန်ပင်မလို၊အရိပ်ပြလျင်အကောင်မြင်ပေမည်။အင်ဂျင်ကိုအလည်မှန်တိုင်း
လှည့်။နံပါတ် ၁  ရော်ကာအမ်း(ြက်က်စာကောက်)
ထောက်ပီးပြန်အကျ၊နောက်ပြန်ပြန်လှည့် အဖိဆုံး
အထောက်ဆုံးအနေအထားရောက်အောင်လှည့်ထား ။ထိုအချိန် 1 + 8 =9(nine methrd)ဖြစ်၍
နံပါတ် 8 ကိုချိန်ညှိနပ်လျော့တင်း၍အင်ဂျင်ထုတ်လုပ်ကုမ္ပဏီ၏ညွှန်ကြားချက်နှင့်အညီချိန်တွယ်ပေးရမည်။
ဆက်၍အလည်မှန်လှဲ့အထောက်ဆုံးအဖိဆုးံနံပါတ် ကို 9 ထဲမှနှုတ်ယူချိန်တွယ်ရင်း8သို့ပြန်ရောက်လျင်ချိန်တွယ်မှုပြီးမြောက်ပေပြီ။
သတိထားရမည်မှာချိန်တွယ်မည့်ကောင်သည်အင်းလက်လား၊အိပ်ဇောလား စီစစ်၍အိပ်ဇောကိုများထားရပေမည်။
(တချို့အက်ဂျင်များတွင်ကုမ္ပဏီညွှန်ကြားချက်အရ၊ပုံပြပါအတိုင်း  ဖလိုင်းဝှီး အမှတ်နေရာ 
နှစ်ကြိမ်တွေ့ တပါတ် လှည့်ရုံဖြင့် အားလုံးပြီးမြောက်ပါကြောင်း)
    စေတနာ မေတ္တာ များစွာဖြင့်  အားလုံးရဲ့  
                                                        ဘဘ ။။။





No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...