ဆိုင္ကယ္တစ္စီး ရဲ႕ ႏွလံုးသား သို႔မဟုတ္ ၀ိညာဥ္ (အင္ဂ်င္)

ဆိုင္ကယ္တစ္စီး ရဲ႕ ႏွလံုးသား သို႔မဟုတ္ ၀ိညာဥ္ (အင္ဂ်င္)
ဟုတ္ပါတယ္ ဆိုင္ကယ္ တစ္စီး ေကာင္းတယ္ မေကာင္းဘူး ဆိုတာကို ကြၽန္ေတာ္တို႔ ေနာက္ဆံုးမွာ သူ႔ရဲ႕ ႏွလံုးသား သို႔မဟုတ္ သူ ဘယ္သူဆိုတာကို သ႐ုပ္ေဖာ္ေပးတဲ့ သူ႔ရဲ႕ ၀ိညာဥ္ အင္ဂ်င္ နဲ႔ပဲ ဆံုးျဖတ္ၾကရတာပါပဲ။
ခ်စ္ခင္ေလးစားရပါေသာ ညီမ်ား အစ္ကိုမ်ား အၾကမ္းဖ်ဥ္းေလးသိရေအာင္ Beginner's Guide to Motorcycling ဆိုတဲ့ Web site ထဲက ေရးထားတာေလးေတြကို တတ္သမွ် မွတ္သမွ် ေလးနဲ႔ ဘာသာျပန္ေပးထားပါတယ္။
ေ၇ြးခ်ယ္စရာေတာ့ ႐ွိစျမဲပါ။တဖုန္း ဖုန္း၊တဒိုင္း ဒိုင္း နဲ႔ လမ္းေၾကာေပၚမွာ အားလံုး ေငးက်န္ခဲ့ရေအာင္ ဆဲြသြားခ်င္တာလား။၀ူး ခနဲ ၀ွီး ကနဲ နဲ႔ ျမင္ကြင္းကေန ရိပ္ကနဲ ေပ်ာက္သြားခ်င္တာလား။ႏွစ္ခုလံုးေတာ့ တၿပိဳင္နက္ထဲ မရ ႏိုင္ဘူးေပါ့။ပစၥတင္ အေရအတြက္ နည္းရင္ အသံ မိုက္တယ္။ဆိုင္ကယ္သမားေတြရဲ႕ အႀကိဳက္နဲ႔ လိုက္တယ္။လူသိမ်ားတဲ့ခရီးသြား ယဥ္ေက်းမႈ နဲ႔ ကိုက္ညီတယ္။ဒါေပမယ့္ ပစၥတင္ နည္းရင္ အင္ဂၤ်င္ အပတ္ေရ မ်ားမ်ားမထြက္ဘူး။အပတ္ေရ နည္းရင္ စြမ္းေဆာင္ရည္ ၊အ႐ွိန္တင္ႏိုင္မႈ၊ျမင္းေကာင္ေရ၊႐ုန္းအားေတြ နည္းမွာ သဘာ၀ပဲ။ပစၥတင္ အေရအတြက္ နည္းနည္း ဆို ေရြးစရာ တစ္လံုးထိုး၊ ႏွစ္လ့့ံုးထိုး၊သံုးလံုးထိုး ေတြ ႐ွိပါမယ္။အဲဒီ အထဲမွာမွ ၂လံုးထိုးကေတာ့ ႐ုန္းအား အသန္ဆံုးျဖစ္ပါတယ္။
၁ လံုးထိုး၊ ၂ လံုးထိုးေတြကို ျမိဳ႕တြင္း သံုး ၊ခရီးၾကမ္း နဲ႔ ခရီး တိုေတြမွာ သံုးပါတယ္။အပတ္ရည္နည္းနည္းနဲ႔ အ႐ုန္းသန္ လို႔ပါ။ေနရာ ယူတာနည္းတဲ့ အတြက္ေၾကာင့္ က်စ္က်စ္လ်စ္လ်စ္ လည္း ႐ွိပါတယ္။
ပစၥတင္ အေရအတြက္မ်ားမ်ားနဲ႔ ဘီးႀကီးေတြကေတာ့ ပိုမို ညက္ေညာတဲ့အတြက္ ခရီး ႐ွည္ ခရီးေ၀းႀကီးေတြအတြက္ ပိုမို သင့္ေတာ္လွပါတယ္။
ပစၥတင္ အေရအတြက္မ်ားလာေလ တုန္ခါမႈကို ေလွ်ာ့ခ်ႏိုင္ေလပါပဲ။ခရီးေ၀းေတြ အတြက္က်ေတာ့ အဲဒါက အေရးပါလာတယ္ေလ။
4 stroke engine,၄ခ်က္ခုတ္
ပစၥတင္ ေအာက္ဆင္းတဲ့အခ်ိန္မွာ ေလအ၀င္ ဗား ပြင့္ၿပီး ဆီေလအေရာေတြကို cylinder ထဲ ဆဲြသြင္းတယ္။ပစၥတင္ ျပန္အတက္မွာ ေလအ၀င္ဗား ပိတ္ၿပီး ခုဏ က စုပ္သြင္းထားတဲ့ ဆီေလအေရာေတြကို ဖိက်စ္ျပစ္လိုက္တယ္။ပစၥတင္ ထိပ္နားေရာက္ခါနီးမွာ Spark plug က မီးပြင့္ၿပီး ဖိက်စ္ခံထားရတဲ့ ဆီေလအေရာေတြ မီးေလာင္ေပါက္ကဲြတာေၾကာင့္ ပစၥတင္ ကို အင္နဲ႔ အားနဲ႔ တြန္းခ်ပါတယ္။ေနာက္တစ္ခါ ပစၥတင္ ျပန္အတက္မွာ အိတ္ေဇာဗား လို႔ေခၚတဲ့ မီးခိုးထုတ္တဲ့ ဗားပြင့္ၿပီး ခုဏ က မိိီးေလာင္ေပါက္ကဲြထားတဲ့မီးခိုးေတြကို္တြန္းထုတ္ပစ္လိုက္ပါတယ္။ျပန္ဆင္းေတာ့မယ့္ အခ်ိန္မွာ ေလအ၀င္ဗား ျပန္ပြင့္ပါၿပီ ဒီလိုနဲ့ထပ္ခါ တလဲလဲ ျဖစ္ေနတာကို 4 stroke ,၄ခ်က္ခုတ္ အင္ဂ်င္ လို႔ ေခၚတာပါပဲ။ပစၥတင္ ဆင္း၊တက္၊ဆင္း၊တက္ ၄ ခ်က္အတြင္းမွာ ပါ၀ါ တစ္ခါရလို႔ပါ။

Single cylinder,တစ္လံုး ထိုး အင္ဂၤ်င္
အေျခခံ အက်ဆံုး ေမာ္ေတာ္ဆိုင္ကယ္ အင္ဂ်င္ ပါပဲ။အတက္အဆင္းလုပ္ေနတဲ့ ပစၥတင္ တစ္လံုးရယ္ spark plug တစ္ခုရယ္နဲ႔ ျပဳရ ျပင္ရလြယ္၊ေပါ့ေပါ့ပါးပါးနဲ့ေဈးသက္သက္သာသာေပါ့။ျမန္မာျပည္နဲ့အရင္းႏွိိီးဆံုး အင္ဂ်င္ ပါပဲ တစ္ႏိုင္ငံလံုး ဘယ္သြားသြား ေတြ႔ႏိုင္ပါတယ္။
ဘီးအေသးေတြမွာ အသံုးမ်ားပါတယ္။ျမင္းေကာင္ေရ မ်ားဖို႔ထက္ အ႐ုန္းသန္ဖို႔ကိုပဲ အဓိက ထားတဲ့ ေနရာေတြမွာ သံုးပါတယ္။Dual sports,Dirt bike,Motocross ဘီးေတြမွာ အေတြ႔ရမ်ားပါတယ္။တျခားအေနနဲ႔ အေလးခ်ိန္နည္းနည္း၊ေဈးနည္းနည္းနဲ႔ ႐ိုး႐ိုး႐ွင္း႐ွင္း ပဲ လိုအပ္တဲ့ ဘီးေတြအတြက္ သံုးပါတယ္။ကာဘ႐ိုက္တာ တစ္လံုးပဲ သံုးထားတဲ့ အတြက္ ကာဘ႐ိုက္တာ ၂ လံုး ၄ လံုး ဘီးေတြလို ခ်ိန္ရ ညႇိရတဲ့ ကုန္က်စရိတ္ သက္သာပါတယ္။႐ုန္းအားမွာေတာ့ V twin ေတြထက္ေတာင္ သာပါေသးတယ္တဲ့။
အားနည္းခ်က္ေတြကေတာ့ တစ္လံုးထိုးျဖစ္လို႔ အပတ္ေရ မ်ားမ်ားမထုတ္ႏိုင္သလို ျမင္းေကာင္ေရလည္း မ်ားမ်ား မထြက္ႏိုင္ပါဘူး။တစ္လံုးထဲ ကပဲ ႐ုန္းကန္ေနရတာ ျဖစ္လို႔ သူ႔ကို ျငိမ္ေအာင္ ညက္ေညာေအာင္ ခ်ိန္ညႇိ ဖို႔ကေတာ့ မျဖစ္ႏိုင္ပါဘူး။တစ္လံုး ထိုးကေတာ့ တုန္ခါမႈ အမ်ားဆံုးပါပဲ။
Honda CG125,BSA GB500,Suzuki Savage 650,Kawasaki Estrella 250,Yamaha Fz150

In -Line Motorcycle Engine
ပစၥတင္ တစ္လံုးနဲ႔ တစ္လံုး ေဘးခ်င္းကပ္ၿပီး တစ္ေျဖာင့္တည္း ႐ွိေနတာမ်ိဳးကို ေခၚပါတယ္။မ်ားေသာအားျဖင့္ ဆီတိုင္ကီေအာက္မွာ အလ်ားလိုက္ ႐ွိေနတတ္တာမ်ိဳးပါ။
In-Line Parallel Twin
ပစၥတင္ ၂ လံုးေဘးခ်င္းကပ္႐ွိေနၿပီး တစ္လံုးထိုးလိုမ်ိဳး ႐ုန္းအားသန္သန္နဲ႔ အပတ္ေရက် ႏွစ္ဆ နီးပါးထြက္ႏိုင္ၿပီး ျမင္းေကာင္ေရ ေကာင္းေကာင္းနဲ႔ ေျပးအားလည္းေကာင္းပါတယ္။၁ လံုးထိုးထက္ အစိတ္အပိုင္း ၂ဆ မ်ားလာသလို ကာဘ႐ိုက္တာလည္း ၂လံုးျဖစ္လာလို႔ ထိမ္းသိမ္းစရိတ္ပိုတက္လာေပမယ့္ ၃လံုး ၄ လံုးေတြေလာက္ေတာ့ မမ်ားေသးပါဘူး။ပစၥတင္ ၂ လံုး ႐ွိလာလို႔ တစ္လံုးနဲ႔ တစ္လံုး ျပန္ထိမ္း ေပးေနတာေၾကာင့္ ၁လံုးထိုးထက္ေတာ့ ပိုမို ညက္ေညာလာတာပါပဲ။
အားနည္းခ်က္ကေတာ့ ၃လံုး ၄လ့့ံုးေတြထက္စာရင္ ေတာ့ တုန္ခါမႈ မ်ားေနတုန္း၊အပတ္ေရ နည္းေနတုန္း၊ျမင္းေကာင္ေရ နည္းေနတုန္းပါပဲတဲ့။
Suzuki GS500E,Honda CBR250,Kawasaki Ninja 250,Yamaha TX500B,Honda Rebel 250,Triumph T100 Bonneville.

In -Line Tripple Cylinder,
၃ လံုးထိုး အင္ဂ်င္ ေတြကိုေတာ့ ဒီေန႔အခ်ိန္မွာ ေတြ႔ရ နည္းသြားပါၿပီ။အရင္ ပံုစံအေဟာင္းေတြမွာေတာ့ Paralleltwin နဲ႔ In line 4 တို႔ရဲ႕ အားနည္းခ်က္ေတြကို ဒီအင္ဂ်ၤင္တစ္လံုးထဲနဲ႔ေလ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးစားခဲ့တာပါ။လက္႐ွိမွာေနာက္ဆံုးခ်ိန္ထိ ၃ လံုးထိုးကို ဖက္တြယ္ထားတာက Triumph ပါ။Yamaha ကလည္း MT 09 နဲ႔ ၃လံုးထိုးကို ျပန္လည္ဆန္းသစ္လာပါတယ္။သူ႔ အားသာခ်က္ကေတာ့ In Line 4 ေတြထက္ အပတ္ေရ နဲ႔ ႐ုန္းအား ပိုထြက္ပါတယ္။ ၄ လံုးထိုးေတြထက္လည္း လႈပ္႐ွားတဲ့ အစိတ္အပိုင္းလည္းနည္းပါတယ္။ဒါ့ေၾကာင့္လည္း ပို ေပါ့ ပို က်စ္လ်စ္ပါတယ္။ဒါေပမယ့္ ၄ လံုးထိုးေလာက္ မၿငိမ္ႏိုင္ေသးလို႔ Balancer shaft ဆိုတဲ့ အင္ဂ်င္ ရဲ႕ တုန္ခါမႈကို ျပန္ ေျခ ေပးတဲ့ ၀င္႐ိုး တစ္ေခ်ာင္း အပိုထည့္ေပးရပါတယ္။ေနာက္ၿပီး တြင္တြင္က်ယ္က်ယ္ မသံုးေတာ့ သူမ်ားနဲ႔ စာရင္ အပို ပစၥည္း ႐ွားပါတယ္။ ၄ လံုးထိုးကို မမွီေသးေပမယ့္ သူ႔အထြာနဲ႔ သူေတာ့ ေကာင္းတာပါပဲ။
Yamaha MT 09,FZ09,MV Augusta F3,Triumph Speed Tripple,Triumph Rocket 3.
တစ္ခုေလာက္႐ွင္းပါရေစဦး ေ႐ွ႕ပိုင္းမွာေျပာခဲ့တာ in line engine ဆို ဆိုင္ကယ္ဆီတိုင္ကီေအာက္မွာ အလ်ားလိုက္႐ွိတာကို ဆိုလိုတာလို႔ေျပာခဲ့ပါတယ္။အဲဒါ က configuration လို႔ေခၚတဲ့ အထားအသိုပါ။in line 3,in line 4 ဆိုတာေတြက အင္ဂ်င္ ရဲ႕ ဖဲြ႔စည္းပံုေတြပါ။အဲဒါေတြကိုမွ ဆီတိုင္ကီေအာက္မွာ ကန္႔လန္႔ ျဖတ္ထည့္ထားရင္ Tranverse ပါ။ဥပမာ Super 4 ဆိုရင္ in line 4 engine ကို ဆိုင္ကယ္ေပၚမွာ Transverse Configuration နဲ႔ ထည့္ထားတာပါ။Triumph Rocket 3 ဆိုရင္ေတာ့ In Line 3 engine ကို ဆိုင္ကယ္ထဲမွာ In line Configuration နဲ႔ ထည့္ထားတာပါ။ေနာက္ paralleltwinဆိုတာ တကယ့္အစစ္က BSA ၂ လံုးထိုးေတြမွာ ေတြ႔ရသလို ပစၥတင္ ၂ လံုး စလံုးက စံုတက္ စံု ဆင္းတာကို ေခၚတာပါ။တစ္လံုးတက္တစ္လံုးဆင္း ဆိုရင္ တကယ္ေခၚရမွာက In Line Twin ပါ။

In Line Four Engine
အတြင္က်ယ္ဆံုး ဖဲြ႔စည္းပံု တစ္မ်ိဳးပါပဲ။ညက္ေညာတယ္၊ျမင္းေကာင္ေရ မ်ားမ်ားထြက္တယ္။ဒါ့ေၾကာင့္လည္း အျမင့္ဆံုး အ႐ွိန္ေတြကို ဖန္တီးေပးႏိုင္တယ္။ဆိုင္ကယ္ထဲမွာ Transverse ထည့္ထားတဲ့ In Line 4 ကို ၁၉၆၈ မွာ Honda ရဲ႕ CB750 ၾကီးနဲ႔ကမၻာကို စတင္မိတ္ဆက္ခဲ့ၿပီး အဲဒီအခ်ိန္ကာလမွာေတာ့ ျပိဳင္ဘက္မ႐ွိပါပဲ။သူ႔အရင္ in line 4 engine ႀကီးေတြကို ဆိုင္ကယ္မွာ ထည့္သံုးပါတယ္။Indian,Excelsior, Henderson စသည္တို႔ေပါ့ဗ်ာ ။ဒါေပမယ့္ ဆီတိုင္ကီေအာက္မွာ အလ်ားလိုက္ပဲ ထည့္တာ။Transverse In Line 4 အထားအသိုက Honda က စတယ္ ေျပာလို႔ရပါတယ္။အမ်ားအားျဖင့္ေတာ့ 500cc အထက္ ထုတ္လုပ္ၾကတာမ်ားပါတယ္။ဖဲြ႕စည္းပံု ႐ႈပ္ေထြးတာရယ္၊ပစၥတင္ ဆိုဒ္ လိုအပ္ခ်က္အရရယ္ေၾကာင့္ပါ။
အားနည္းခ်က္ ေတြကေတာ့ ေလးတယ္၊႐ႈပ္ေထြးတယ္၊rpm အနိမ့္ပိုင္းေတြမွာ ႐ုန္းအားမသန္ဘူး။မ်ားေသာအားျဖင့္ ၄ လံုးထိုးေတြက ကာဘ႐ိုက္တာလည္း ၄ လံုး သံုးထားတာေၾကာင့္ ျပဳျပင္ထိမ္းသိမ္းရတဲ့စရိတ္လည္း မ်ားလွပါတယ္တဲ့။သိပ္ၿပီး ညက္ေညာ လွေပမယ့္ Boxer engine ေတြရဲ႕ ညက္ေညာမႈကိုေတာ့ မမွီေသးဘူး ဆိုပါတယ္။
Honda CB 400 Super 4,Kawasaki ZRX 1200,Suzuki GSXR 600

In Line Six engine,
အလြန္အမင္း ႐ွုႈပ္ေထြးလွေသာ အင္ဂၤ်င္ အမ်ိဳးအစားျဖစ္ၿပီး ၁၉၇၀ ေႏွာင္းပိုင္း ၈၀ အေစာပိုင္းကာလေတြမွာ ထြက္ေပၚခဲ့ပါတယ္။အဓိက ကေတာ့ ပစၥတင္ အေရအတြက္ အမ်ားၿပိဳင္ၾက၊အင္ဂ်င္ပါ၀ါ အႀကီး ျပိဳင္ၾကတဲ့ ဂ်ပန္ ကုမၸဏီ ေတြရဲ႕ တိုက္ပဲြၾကားက ရလဒ္ပါ။ပိုျမန္တဲ့အ႐ွိန္၊ပိုမ်ားတဲ့ ျမင္းေကာင္ေရေတြနဲ့ ၄လံုးထိုးထက္ပိုတဲ့ ညက္ေညာမႈေတြကို ေပးႏိုင္ခဲ့ပါတယ္။
အဓိက အားနည္းခ်က္က ေနရာယူလြန္း ၊၀ိတ္မ်ားလြန္းေနတာပါပဲ။လွုႈပ္႐ွားတဲ့ အစိတ္အပိုင္း မ်ားလြန္းတယ္။အဲဒီကာလ အတြက္ဆိုရင္ ႐ႈပ္ေထြးလြန္းေနတယ္။ျပဳျပင္ထိမ္းသိမ္းဖို႔ ကုန္က်စရိတ္ႀကီးလြန္းတယ္။ေလးလြန္းတယ္။ပစၥတင္ ၂ လံုး တစ္စံုမွ ကာဘ႐ိုက္တာ တစ္လံုး ႏွုႈန္းနဲ႔ ကာဘ႐ိုက္တာ ၃ လံုးပဲ ထည့္ေပးထားတာေတာင္ ခ်ိန္ညႇိဳ ဖို႔ ခက္ေနပါတယ္။ကံဆိုးစြာပဲ အဲဒီအခ်ိန္ကာလ ဟာ အဲလို အင္ဂ်င္ မ်ိဳးအတြက္ အဆင္သင့္ မျဖစ္ေသးပါဘူး။
အခုေတာ့ BMW က GT 1600 ဆိုၿပီး Touring ဘီးႀကီး ထုတ္ၿပီး အဆင္ေျပေနပါၿပီ။
1979 Honda CBX1000,Kawasaki Z1300.

V Twin Engine
ဆလင္ဒါ ၂ လံုးရဲ႕ ဖဲြ႔စည္းပံုက V ပံု စံ ျဖစ္ေ့နတဲ့ အင္ဂ်င္ ပါ။၁၉၀၀ ျပည့္ႏွစ္ေတြက စလို႔ ခုခ်ိန္ထိ ဖြံ႔ၿဖိဳးတိုးတက္လာတဲ့ အင္ဂၤ်င္ ဒီဇိုင္းတစ္မ်ိဳးပါ။ဆိုင္ကယ္ရဲ့အစဟာ စက္ဘီးေပၚကို အင္ဂ်င္ တင္ရတာဆိုေတာ့ ပစၥတင္ ႏွစ္လံုးနဲ႔ ေနရာလည္း က်ယ္က်ယ္မယူ၇ေလေအာင္V design ထုတ္ခဲ့ၾကတာပါ။အၾကံညဏ္ေကာင္း၊အဆင္ေျပတဲ့ အထားအသို ဆိုေတာ့ ဆက္လက္ဖြံ႔ၿဖိဳး ခဲ့ပါတယ္။V twin engine ေတြကို ဆိုင္ကယ္ ကုမၸဏီ တိုင္းေလာက္က ထုတ္ၾကၿပီး Cruiser အမ်ိဳးအစား ဘီးေတြမွာ အမ်ားဆံုး အသံုးျပဳၾကပါတယ္။V twin ေတြကို V angle ႏွစ္ခုၾကားကဒီကရိိီကို အမ်ိဳးမ်ိဳးထားၿပီး ထုတ္ၾကပါတယ္။V angle က်ယ္လာေလ အင္ဂ်င္ က ပို ညက္ေညာ လာေလပါပဲ။သူ႔မွာ အားသာခ်က္ ေတြ အမ်ားႀကီး႐ွိပါတယ္။အေလးခ်ိန္နည္းတယ္၊႐ိုး႐ွင္းတယ္၊အ႐ုန္းသန္တယ္၊ေမာင္းေကာင္းႏိုင္ေလာက္တဲ့ အင္ဂ်င္အပတ္ေရလည္း ထုတ္ေပးႏိုင္ပါတယ္။
အားနည္းခ်က္ေတြကလည္း ႐ွိစျမဲပါပဲ။ျမင္းေကာင္ေရ နည္းတယ္၊ေနာက္ ၃လံုးထိုးႏွင့္အထက္ အင္ဂ်င္ ေတြနဲ႔ ယွဥ္လိုက္ရင္ ေျပးႏႈန္းနိမ့္မယ္။ေနာက္ V angle ေပၚမူတည္ၿပီး တုန္ခါမႈ ႐ွိမယ္။90°V engine ကေတာ့ Balance အေကာင္းဆံုးမို႔ တုန္ခါမႈလည္း အျခား V ေတြ Twin ေတြထက္ နည္းပါတယ္။
V twin engine ေတြကို Cruiser bike ႀကိိီးေတြမွာအမ်ားဆံုး အသံုးျပဳ ျဖစ္ေနတာက စိိီးနင္းသူေတြကအင္ဂ်င္ ၇ဲ့ အရည္အခ်င္း ကို ႀကိဳက္ႏွစ္သက္လွတာမဟုတ္ေပမယ့္ V twin engine က ထုတ္ေပးတဲ့ အသံ ကို မက္ေမာၾကတာပါတဲ့။ခရီးေ၀းသြားဖို႔ ပိုၿပီး သင့္ေတာ္တဲ့ ၃လံုး ၄လံုးထိုး in line ေတြ၊Boxer ေတြ၊ V4 ေတြ ႐ွိေပမယ့္ V twin မွ V twin ျဖစ္ေနရတာ သူက ထုတ္ေပးႏိုင္တဲ့ အသံေၾကာင့္ပါတဲ့ ခင္ဗ်ာ။
အထင္႐ွား ဆံုးက 45°V နဲ႔ Harley Davidson ေပါ့ဗ်ာ။ေနာက္ Ducati ရဲ႕ နာမည္ေက်ာ္ 90°V၊Honda Shadow ၾကီးမ်ားက 52°V.......Moto Guzzi ရဲ႕ V twin ကိုေတာ့ Transverse V twin လို႔ ေခၚရမဗ်။

V4 engine,
V twin engine ရဲ႕ အားနည္းခ်က္ေတြျဖစ္တဲ့ တုန္ခါတာေတြ၊အ႐ွိန္နည္းတာေတြ၊ျမင္းေကာင္ေရ နည္းတာေတြကို ဖယ္႐ွင္းေပးဖို႔ V4 design ကို ထုတ္လုပ္ခဲ့ၾကပါတယ္။ဒီေန႔ အခ်ိန္မွာေတာ့ V4 engine ေတြကို Muscle bike,Power Cruiser ေတြနဲ႔ Touring bike ေတြမွာ ေတြ႔ရပါမယ္။၁၉၈၀ ၀န္းက်င္ေလာက္မွာ စတင္ဖြံ႔ၿဖိဳးလာတဲ့ V4 ေတြဟာ 750cc အထက္ပဲ ထုတ္လုပ္ၾကၿပီး ညက္ေညာတဲ့၊႐ုန္းအားပိုသန္တဲ့၊ျမင္းေကာင္ေရ ပိုမ်ားတဲ့ အားသာခ်က္ေတြနဲ႔ inline 4/6 နဲ႔ Boxer ေတြေလာက္လည္း ေနရာ မယူတာေတြ႔ရပါတယ္။
Yamaha V max,Honda VFR800,Honda ST1300Pan europe,Ducati Desmosedici, Aprilia RSV4.

Boxer Engine,
Boxer ဆိုတဲ့ ေ၀ါဟာရ ကိုက ပစၥတင္ ေတြက လက္သီးထိုး သလိုမ်ိဳး ေရျပင္ညီ လႈပ္႐ွားေနတာေၾကာင့္ ျဖစ္လာရတာပါ။အင္ဂ်င္ကို အေပၚစီးက ၾကည့္ရင္ တစ္ေျဖာင့္တည္း နီးပါး ႐ွိေနတဲ့ ပစၥတင္ ၂ လံုးဟာ တစ္ၿပိဳင္တည္း ေဘးဘက္ကို ထြက္ၾကသလို တစ္ၿပိဳင္တည္း ျပန္၀င္ၾကပါတယ္။ရလဒ္အေန နဲ႔ကေတာ့ သီအိုရီအရ ေျပာရ ရင္ တုန္ခါမႈ လံုး၀ မ႐ွိတဲ့ အင္ဂ်င္ ပါပဲတဲ့။

Boxer Two Cylinder engine,
V twin ေတြကို ယွဥ္ဖို႔ ထုတ္ခဲ့တဲ့ အေစာပိုင္းဒီဇိုင္းပါ။V twin ေတြထက္ ပါ၀ါ ပိုေကာင္း၊တုန္ခါမႈ ပိုနည္းေအာင္ ရည္ရြယ္ ထုတ္လုပ္ခဲ့ၾကသလို ရည္ရြယ္တဲ့ အတိုင္းလည္း ေအာင္ျမင္ခဲ့ပါတယ္။ဒုတိယ ကမၻာ စစ္ ကာလအတြင္းမွာ ေျမာက္အေမရိကနဲ့ဥေရာပ မွာ အေအာင္ျမင္ဆံုး အင္ဂ်င္ ဒီဇိုင္းတစ္ခု ျဖစ္ခဲ့ပါတယ္။႐ုန္းအားနည္းေပမယ့္ အပတ္ေ၇မ်ားမ်ားနဲ႔ 45°V twin နဲ႔ Paralleltwin ေတြထက္ ပိုၿငိမ္ပါတယ္။V twin တို႔ရဲ႕ ဘိုးေအႀကီး ျဖစ္တဲ့ Harley ေတာင္မွ စစ္တပ္အတြက္ စစ္သံုးဘီး ထုတ္ရာမွာ V twin engine နဲ႔ WLA Model ထုတ္ခဲ့ေပမယ့္ အပူပိုင္းေဒသ ေတြမွာ သံုးဖို႔က် V twin ကို လက္လႊတ္ၿပီး Boxer Configuration နဲ႔ XA Model ကိုထုတ္ေပးခဲ့ရပါတယ္။ယွဥ္ေမာင္းရာမွာလည္း တစ္လံုးေနာက္မွာ တစ္လံုးကြယ္ေနတဲ့ V twin ထက္ ေဘးကို ႏွစ္လံုးစလံုးထြက္ေနတဲ့ Boxer က 56°Celcius ပိုေအးေနပါတယ္။အားနည္းခ်က္ကလည္း ေဘးထြက္ေနတာေၾကာင့္ပါပဲ ထိလြယ္ခိုက္လြယ္နဲ႔ ေကြ႔ရာမွာလည္း က်န္တဲ့ ဘီးေတြလို သိပ္ အိပ္လို႔မရဘူးေပါ့။
BMW ကေတာ့ ၁၉၂၃ မွာ R32 ကို Boxer Configuration နဲ႔ Shaft drive အတဲြအစပ္နဲ႔ စထုတ္ခဲ့တာကို ခုထိ ဖက္တြယ္ထားတုန္းပါပဲ။ပိုေကာင္းေအာင္ လုပ္လာႏိုင္ခဲ့လို႔ R1200 GS တို႔လို ေရာင္းအားအေကာင္းဆံုး ဘီးေတြလည္း ထြက္ေပၚခဲ့ပါတယ္။အျခား Paralleltwin, Inline 4/6 ေတြ ထုတ္ေနေပမယ့္ Boxer ကိုလည္း လက္မလႊတ္ေသးပါဘူး။ၿဗိတိသွ်ထုတ္ Dragon Fly ဆိုတာ ႐ွိခဲ့ဘူးေပမယ့္ ေပ်ာက္ကြယ္သြားပါၿပီ။လက္႐ွိ Boxer ထုတ္ေနတာ ႐ု႐ွားက Ural နဲ႔ BMW ပါပဲ။

Boxer Four Engine,or Flat 4
Boxer twin ထက္ပိုေကာင္းပိုၿငိမ္ေအာင္ဆိုၿပီး Bixer4 ထုတ္ၾကပါတယ္။In Line 4 လိုပဲ အက်ိဳးေက်းဇူးေတြမ်ားေပမယ့္ ညက္ေညာ မႈကိုပဲ အသားေပးလြန္းတာေၾကာင့္ အပတ္ေရမ်ားမ်ားထြက္ဖို႔နဲ႔ ေနရာယူ က်ဥ္း ဖို႔ဆိုတဲ့ အခ်က္ေတြကို လက္လႊတ္ခဲ့ရပါတယ္။Engine Design အရလည္း ေကြ႔ရာမွာ အကန္႔အသတ္ ႐ွိေနတာေၾကာင့္ Sport type ထက္ Touring အေနနဲ႔ပဲ သံုးခဲ့ၾကပါတယ္။Brough Superior က တစ္ဘက္စီမွာ တစ္လံုးေပၚတစ္လံုး ဆင့္ထားတဲ့ Boxer 4 ထုတ္ခဲ့ပါတယ္။BMW ကလည္း ထုတ္တယ္လို႔ဆိုေပမယ့္ ကြၽန္ေတာ္ ခုထိ မေတြ႔ဖူးေသးပါဘူး။အထင္႐ွားဆံုးကေတာ့ Honda Gold Wing ကနဦး ေမာ္ဒယ္ ျဖစ္တဲ့ GL 1100 ပါပဲ။

Boxer Six engine or Flat 6.
Honda ရဲ႕ ေဖာက္သည္ေတြအေပၚ အဆံုးစြန္ဆံုးေသာ ညက္ေညာ မႈေပးခ်င္တဲ့ ဆႏၵေၾကာင့္ ေပၚထြက္လာရတဲ့ ရလဒ္ပါ။လြန္ခဲ့တဲ့ ႏွစ္ ၂၀ ၾကာေလာက္က Honda ရဲ႕ ၆ လံုးထိုး ရာဇ၀င္ တစ္ေၾကာ့ျပန္လာသလိုကိုင္ရ တြယ္ရ ခက္ေလာက္တဲ့ ႐ႈပ္ေထြးမႈ လယ္ဗယ္ခ်င္းကလည္း အတူတူပါပဲ။အရင္ in line 6 လိုပါပဲ ဒီအင္ဂ်ၤင္ကလည္း Touring ေဈးကြက္အတြက္ပဲ ရည္ရြယ္ပါတယ္။Power Cruiser ေတြမွာလည္း အဆင္ေျပရင္ သံုးမယ္ေပါ့။
လက္႐ွိမွာေတာ့ ဒီ အင္ဂ်င္ မ်ိဳးသံုးေနတာ Honda ပဲ ႐ွိပါတယ္။ေဈးႀကီးတယ္။ေလးလံတယ္။ျပဳျပင္ ထိမ္းသိမ္းစရိတ္ႀကီးတယ္။ဒါေပမယ့္ တကယ့္ ခရီးေ၀းႀကီးေတြက် ဒီ့ထက္ ညက္ေညာတဲ့ အင္ဂ်င္ မ်ိဳး ႐ွာလို႔မရ ႏိုင္ေတာ့ပါဘူး။အ႐ုန္းသန္တယ္။ျမင္းေကာင္ေရမ်ားတယ္။လိုအပ္တဲ့အပတ္ေရ ထုတ္ေပးႏိုင္တယ္။ေနာက္ ဖန္သားျပင္လို ညက္ေညာမႈ မ်ိဳးေပးႏိုင္တယ္။ေနာက္ဆံုးအေနနဲ႔ အင္ဂ်င္ ပါ၀ါ အႀကီးစားႀကီးေတြပဲ လာပါတယ္။Gold Wing က စထုတ္ေတာ့ 1500cc,ေနာက္ပိုင္း 1800cc.Power Cruiser ျဖစ္တဲ့ Valkyrie လည္း ဒီ အင္ဂ်င္ နဲ႔ပါပဲ။ကြာသြားတာက Gold Wing က ကာဘ႐ိုက္တာ တစ္လံုးတည္း သံုးထားၿပီး Valkyrie ကေတာ့ အင္ဂ်င္ ေပၚေနတဲ့ ေကာင္ဆိုေတာ့ လွေအာင္ ကာဘ႐ိုက္တာ ေျပာင္ေျပာင္လက္လက္ ၆ လံုး တပ္ေပးထားတာပါပဲ။

Two stroke Motorcycle engine,
ႏွစ္ခ်က္ခုတ္ အင္ဂ်င္ ေပါ့ ။မီးေလာင္ ေပါက္ကဲြမႈေၾကာင့္ တြန္းခ် ခံ လိုက္ရတဲ့ ပစၥတင္က ေအာက္ကို အဆင္းမွာ ပစၥတင္ ရဲ႕ ေအာက္ က႐ိုင္းေက့စ္ ထဲမွာ ေရာက္ႏွင့္ေနတဲ့ ဆီေလ အေရာေတြကို ဖိၿပီး ဆလင္ဒါထဲကို တြန္းသြင္းလိုက္ပါတယ္။အဲဒီ ဆီေလအေရာေတြ ကတိုး၀င္ရင္းနဲ႔ပဲ ခဏ မီးေလာင္ေပါက္ကဲြၿပီးသား မိးခိုးေတြကို တြန္းထုတ္ပစ္ပါတယ္။ဆီေလအေ၇ာေတြေရာ မီးခိုးေတြေရာ အ၀င္အထြက္က ဆလင္ဒါ ေဘးမွာ ေဖာက္ထားတဲ့ ပို႔ လို႔ေခၚတဲ့ အေပါက္ေတြကပဲ လုပ္ၾကရပါတယ္။ပစၥတင္ျပန္အတက္မွာေတာ့ ပို႔ ေတြကို ေက်ာ္တာနဲ႔ ဆီေလအေရာေတြကို ဖိသိပ္ျခင္း စပါၿပီ။အဲလို တက္ရာမွာလည္း ပစၥတင္ရဲ႕ ေအာက္ပိုင္းမွာ စုပ္အားျဖစ္ေပၚလာၿပီး ဆီေလအေရာကို ကာဘ႐ိုက္တာထဲက ေန က႐ိုင္းေက့စ္ ထဲကို စုပ္ယူထားလိုက္ပါတယ္။ပစၥတင္အေပၚတက္လို႔ အဆံုးမွာ Spark Plug က မီး ပြင့္ေပးတာေၾက္ာင့္ ဖိက်စ္ခံထားရတဲ့ ဆီေလအေရာေတြ မီးေလာင္ေပါက္ကဲြမႈ ျဖစ္ၿပီး ပစၥတင္ ကို အင္နဲ႔ အားနဲ႔ တြန္းခ်ပါတယ္။ပစၥတင္ေအာက္ဆင္းလို႔ ပို႔ေတြကို ေက်ာ္တာနဲ႔ ၀င္လာမယ့္ ဆီေလအေရာက အဆင္သင့္နဲ႔ ေနာက္တစ္ခါ ျပန္စဖို႔ ျပင္ေနပါျပီ။
တစ္ခါအဆင္း တစ္ခါအတက္မွာ Power တစ္ခ်က္အျမဲရေနတာေၾကာင့္ ၂ခ်က္ခုတ္ 2 Stroke လို႔ေခၚပါတယ္။

2 stroke Single Cylinder Engine,
အားေကာင္းလွပါတယ္။အ႐ုန္းလည္း သန္လွပါတယ္။ထုတ္လုပ္ရတာလည္း ကုန္က်စရိတ္ မမ်ားလွပါဘူး။အပတ္ေရ အမ်ားႀကီးထြက္သလို ေပါ့ပါးက်စ္လ်စ္လွတာေၾကာင့္ ၁၉၈၅ ၀န္းက်င္ေလာက္ထိ ျပိဳင္ဘိိီးေတြ၊လမ္းၾကမ္းစိိီးဘီးေတြ ၾကားမွာအသံုးမ်ားလွပါတယ္။အဓိအားနည္းခ်က္ က ေလထု ညစ္ျငမ္းေစတာပါပဲ။အင္ဂ်င္ လည္ေနႏိုင္ေအာင္ ေခ်ာဆီကို ေလာင္စာဆီ ထဲကို ေရာထည့္ေပးရတာက သူ႔ အားနည္းခ်က္ပါ။မီးေလာင္ေပါက္ကဲြရာမွာ ေလာင္စာထဲ ေရာထည့္ေပးထားတဲ့ ေခ်ာဆီ တစ္ခ်ိဳ႕ပါ မီးေလာင္တာေၾကာင့္ မီးခိုး ျဖဴေတြထြက္ၿပိိီးေလထုညစ္ျငမ္းေစပါတယ္။4 stroke ကိုမယွဥ္ႏိုင္ေတာ့ပဲ က်ဆံုးခဲ့ရတာ ဒီ တစ္ခ်က္တည္းေၾကာင့္ပါ။
ဒီေန႔ အခ်ိန္မွာေတာ့ 2 stroke ကို ထုတ္လုပ္တဲ့ လူ မ႐ွိေတာ့သေလာက္ျဖစ္သြားၿပီး ကမၻာ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာလည္း အမ်ားျပည္သူ အသံုးျပဳေနတဲ့ လမ္းေတြေပၚမွာ စီးခြင့္မ႐ွိပါဘူး။
ျမန္မာျပည္မွာေတာ့ ဒီဥပေဒမ႐ွိေသးတာ ကံေကာင္းတာေပါ့ မဟုတ္ရင္ DT ေတြ RD ေတြ Tenaေတြ ေတာထဲပဲ သြားစီးေနရေတာ့မယ္။

2 Stroke Parallel Twin,In line 3,V4 
အားလံုးလည္း ပါ၀ါေကာင္း၊အ႐ုန္းေကာင္း၊ေပါ့ပါးၿပီး အေျပးေကာင္းေပမယ့္ ေလထု ညစ္ျငမ္းမႈ ဥပေဒ ကို မေက်ာ္လြန္ႏိုင္လို႔ ရပ္ဆိုင္းလိုက္ရပါၿပီ။
Honda ရဲ႕ NSR 500 ဆိုရင္ ေအာင္ပဲြအမ်ားဆံုး ဘီးတစ္စီးအေနနဲ႔ကို မွတ္တမ္း၀င္ထားတာပါ။Suzuki GT 750 ႀကီးေတြ ဆိုလည္းUK မွာ Kettle(ေရေႏြးအိုး)USAမွာ Water Buffalo(အာ႐ွက်ဲြ)ဆိုျပီးနာမည္ႀကီးခဲ့တာပါပဲ။ဒါေပမယ့္ ေပါ့ေလ။

ဒါေလာက္ဆို အၾကမ္းဖ်ဥ္းေလာက္ေတာ့ နားလည္ၾကမွာပါ။ဒီpost က အရမ္း႐ွည္ေနေပမယ့္ အပိုင္း၁ ၊၂ ေတြလည္း ခဲြမေနခ်င္ေတာ့ပါဘူး အခြင့္ရတုန္းတင္ရတာဆိုေတာ့ တေမွ်ာ္ေမွ်ာ္ျဖစ္ေနရမွာ စိုးလို႔။ေရး ရင္းနဲ႔ အခ်က္အလက္ေတြ ေသခ်ာေအာင္ အေတာ္လိုက္ဖတ္ရေတာ့ ညီမ်ား အစ္ကိုမ်ားနဲ႔အတူ ကြၽန္ေတာ္လည္း ေတာ္ေတာ္ ဗဟုသုတ ရ လိုက္ပါတယ္။မ႐ွင္းတာ ႐ွိလည္း ေမးဗ်ာ ၾကံဳတဲ့အခ်ိန္ ျပန္ေျဖေပးပါ့မယ္။
အားလံုးပဲ ဆိုင္ကယ္ဗဟုသုတ နဲ႔ ျပည့္ုစံု ၾကပါေစ။
ko zaw
#cred ko myo zaw oo








(Unicode)

ဆိုင်ကယ်တစ်စီး ရဲ့ နှလုံးသား သို့မဟုတ် ဝိညာဉ် (အင်ဂျင်)
ဟုတ်ပါတယ် ဆိုင်ကယ် တစ်စီး ကောင်းတယ် မကောင်းဘူး ဆိုတာကို ကျွန်တော်တို့ နောက်ဆုံးမှာ သူ့ရဲ့ နှလုံးသား သို့မဟုတ် သူ ဘယ်သူဆိုတာကို သရုပ်ဖော်ပေးတဲ့ သူ့ရဲ့ ဝိညာဉ် အင်ဂျင် နဲ့ပဲ ဆုံးဖြတ်ကြရတာပါပဲ။
ချစ်ခင်လေးစားရပါသော ညီများ အစ်ကိုများ အကြမ်းဖျဉ်းလေးသိရအောင် Beginner's Guide to Motorcycling ဆိုတဲ့ Web site ထဲက ရေးထားတာလေးတွေကို တတ်သမျှ မှတ်သမျှ လေးနဲ့ ဘာသာပြန်ပေးထားပါတယ်။
ရွေးချယ်စရာတော့ ရှိစမြဲပါ။တဖုန်း ဖုန်း၊တဒိုင်း ဒိုင်း နဲ့ လမ်းကြောပေါ်မှာ အားလုံး ငေးကျန်ခဲ့ရအောင် ဆွဲသွားချင်တာလား။ဝူး ခနဲ ဝှီး ကနဲ နဲ့ မြင်ကွင်းကနေ ရိပ်ကနဲ ပျောက်သွားချင်တာလား။နှစ်ခုလုံးတော့ တပြိုင်နက်ထဲ မရ နိုင်ဘူးပေါ့။ပစ္စတင် အရေအတွက် နည်းရင် အသံ မိုက်တယ်။ဆိုင်ကယ်သမားတွေရဲ့ အကြိုက်နဲ့ လိုက်တယ်။လူသိများတဲ့ခရီးသွား ယဉ်ကျေးမှု နဲ့ ကိုက်ညီတယ်။ဒါပေမယ့် ပစ္စတင် နည်းရင် အင်င်္ဂျင် အပတ်ရေ များများမထွက်ဘူး။အပတ်ရေ နည်းရင် စွမ်းဆောင်ရည် ၊အရှိန်တင်နိုင်မှု၊မြင်းကောင်ရေ၊ရုန်းအားတွေ နည်းမှာ သဘာဝပဲ။ပစ္စတင် အရေအတွက် နည်းနည်း ဆို ရွေးစရာ တစ်လုံးထိုး၊ နှစ်လ့ုံးထိုး၊သုံးလုံးထိုး တွေ ရှိပါမယ်။အဲဒီ အထဲမှာမှ ၂လုံးထိုးကတော့ ရုန်းအား အသန်ဆုံးဖြစ်ပါတယ်။
၁ လုံးထိုး၊ ၂ လုံးထိုးတွေကို မြို့တွင်း သုံး ၊ခရီးကြမ်း နဲ့ ခရီး တိုတွေမှာ သုံးပါတယ်။အပတ်ရည်နည်းနည်းနဲ့ အရုန်းသန် လို့ပါ။နေရာ ယူတာနည်းတဲ့ အတွက်ကြောင့် ကျစ်ကျစ်လျစ်လျစ် လည်း ရှိပါတယ်။
ပစ္စတင် အရေအတွက်များများနဲ့ ဘီးကြီးတွေကတော့ ပိုမို ညက်ညောတဲ့အတွက် ခရီး ရှည် ခရီးဝေးကြီးတွေအတွက် ပိုမို သင့်တော်လှပါတယ်။
ပစ္စတင် အရေအတွက်များလာလေ တုန်ခါမှုကို လျှော့ချနိုင်လေပါပဲ။ခရီးဝေးတွေ အတွက်ကျတော့ အဲဒါက အရေးပါလာတယ်လေ။
4 stroke engine,၄ချက်ခုတ်
ပစ္စတင် အောက်ဆင်းတဲ့အချိန်မှာ လေအဝင် ဗား ပွင့်ပြီး ဆီလေအရောတွေကို cylinder ထဲ ဆွဲသွင်းတယ်။ပစ္စတင် ပြန်အတက်မှာ လေအဝင်ဗား ပိတ်ပြီး ခုဏ က စုပ်သွင်းထားတဲ့ ဆီလေအရောတွေကို ဖိကျစ်ပြစ်လိုက်တယ်။ပစ္စတင် ထိပ်နားရောက်ခါနီးမှာ Spark plug က မီးပွင့်ပြီး ဖိကျစ်ခံထားရတဲ့ ဆီလေအရောတွေ မီးလောင်ပေါက်ကွဲတာကြောင့် ပစ္စတင် ကို အင်နဲ့ အားနဲ့ တွန်းချပါတယ်။နောက်တစ်ခါ ပစ္စတင် ပြန်အတက်မှာ အိတ်ဇောဗား လို့ခေါ်တဲ့ မီးခိုးထုတ်တဲ့ ဗားပွင့်ပြီး ခုဏ က မီးလောင်ပေါက်ကွဲထားတဲ့မီးခိုးတွေကိုတွန်းထုတ်ပစ်လိုက်ပါတယ်။ပြန်ဆင်းတော့မယ့် အချိန်မှာ လေအဝင်ဗား ပြန်ပွင့်ပါပြီ ဒီလိုနဲ့ထပ်ခါ တလဲလဲ ဖြစ်နေတာကို 4 stroke ,၄ချက်ခုတ် အင်ဂျင် လို့ ခေါ်တာပါပဲ။ပစ္စတင် ဆင်း၊တက်၊ဆင်း၊တက် ၄ ချက်အတွင်းမှာ ပါဝါ တစ်ခါရလို့ပါ။

Single cylinder,တစ်လုံး ထိုး အင်င်္ဂျင်
အခြေခံ အကျဆုံး မော်တော်ဆိုင်ကယ် အင်ဂျင် ပါပဲ။အတက်အဆင်းလုပ်နေတဲ့ ပစ္စတင် တစ်လုံးရယ် spark plug တစ်ခုရယ်နဲ့ ပြုရ ပြင်ရလွယ်၊ပေါ့ပေါ့ပါးပါးနဲ့ဈေးသက်သက်သာသာပေါ့။မြန်မာပြည်နဲ့အရင်းနှီးဆုံး အင်ဂျင် ပါပဲ တစ်နိုင်ငံလုံး ဘယ်သွားသွား တွေ့နိုင်ပါတယ်။
ဘီးအသေးတွေမှာ အသုံးများပါတယ်။မြင်းကောင်ရေ များဖို့ထက် အရုန်းသန်ဖို့ကိုပဲ အဓိက ထားတဲ့ နေရာတွေမှာ သုံးပါတယ်။Dual sports,Dirt bike,Motocross ဘီးတွေမှာ အတွေ့ရများပါတယ်။တခြားအနေနဲ့ အလေးချိန်နည်းနည်း၊ဈေးနည်းနည်းနဲ့ ရိုးရိုးရှင်းရှင်း ပဲ လိုအပ်တဲ့ ဘီးတွေအတွက် သုံးပါတယ်။ကာဘရိုက်တာ တစ်လုံးပဲ သုံးထားတဲ့ အတွက် ကာဘရိုက်တာ ၂ လုံး ၄ လုံး ဘီးတွေလို ချိန်ရ ညှိရတဲ့ ကုန်ကျစရိတ် သက်သာပါတယ်။ရုန်းအားမှာတော့ V twin တွေထက်တောင် သာပါသေးတယ်တဲ့။
အားနည်းချက်တွေကတော့ တစ်လုံးထိုးဖြစ်လို့ အပတ်ရေ များများမထုတ်နိုင်သလို မြင်းကောင်ရေလည်း များများ မထွက်နိုင်ပါဘူး။တစ်လုံးထဲ ကပဲ ရုန်းကန်နေရတာ ဖြစ်လို့ သူ့ကို ငြိမ်အောင် ညက်ညောအောင် ချိန်ညှိ ဖို့ကတော့ မဖြစ်နိုင်ပါဘူး။တစ်လုံး ထိုးကတော့ တုန်ခါမှု အများဆုံးပါပဲ။
Honda CG125,BSA GB500,Suzuki Savage 650,Kawasaki Estrella 250,Yamaha Fz150

In -Line Motorcycle Engine
ပစ္စတင် တစ်လုံးနဲ့ တစ်လုံး ဘေးချင်းကပ်ပြီး တစ်ဖြောင့်တည်း ရှိနေတာမျိုးကို ခေါ်ပါတယ်။များသောအားဖြင့် ဆီတိုင်ကီအောက်မှာ အလျားလိုက် ရှိနေတတ်တာမျိုးပါ။
In-Line Parallel Twin
ပစ္စတင် ၂ လုံးဘေးချင်းကပ်ရှိနေပြီး တစ်လုံးထိုးလိုမျိုး ရုန်းအားသန်သန်နဲ့ အပတ်ရေကျ နှစ်ဆ နီးပါးထွက်နိုင်ပြီး မြင်းကောင်ရေ ကောင်းကောင်းနဲ့ ပြေးအားလည်းကောင်းပါတယ်။၁ လုံးထိုးထက် အစိတ်အပိုင်း ၂ဆ များလာသလို ကာဘရိုက်တာလည်း ၂လုံးဖြစ်လာလို့ ထိမ်းသိမ်းစရိတ်ပိုတက်လာပေမယ့် ၃လုံး ၄ လုံးတွေလောက်တော့ မများသေးပါဘူး။ပစ္စတင် ၂ လုံး ရှိလာလို့ တစ်လုံးနဲ့ တစ်လုံး ပြန်ထိမ်း ပေးနေတာကြောင့် ၁လုံးထိုးထက်တော့ ပိုမို ညက်ညောလာတာပါပဲ။
အားနည်းချက်ကတော့ ၃လုံး ၄လ့ုံးတွေထက်စာရင် တော့ တုန်ခါမှု များနေတုန်း၊အပတ်ရေ နည်းနေတုန်း၊မြင်းကောင်ရေ နည်းနေတုန်းပါပဲတဲ့။
Suzuki GS500E,Honda CBR250,Kawasaki Ninja 250,Yamaha TX500B,Honda Rebel 250,Triumph T100 Bonneville.

In -Line Tripple Cylinder,
၃ လုံးထိုး အင်ဂျင် တွေကိုတော့ ဒီနေ့အချိန်မှာ တွေ့ရ နည်းသွားပါပြီ။အရင် ပုံစံအဟောင်းတွေမှာတော့ Paralleltwin နဲ့ In line 4 တို့ရဲ့ အားနည်းချက်တွေကို ဒီအင်ဂျၤင်တစ်လုံးထဲနဲ့လျော့ချနိုင်ဖို့ ကြိုးစားခဲ့တာပါ။လက်ရှိမှာနောက်ဆုံးချိန်ထိ ၃ လုံးထိုးကို ဖက်တွယ်ထားတာက Triumph ပါ။Yamaha ကလည်း MT 09 နဲ့ ၃လုံးထိုးကို ပြန်လည်ဆန်းသစ်လာပါတယ်။သူ့ အားသာချက်ကတော့ In Line 4 တွေထက် အပတ်ရေ နဲ့ ရုန်းအား ပိုထွက်ပါတယ်။ ၄ လုံးထိုးတွေထက်လည်း လှုပ်ရှားတဲ့ အစိတ်အပိုင်းလည်းနည်းပါတယ်။ဒါ့ကြောင့်လည်း ပို ပေါ့ ပို ကျစ်လျစ်ပါတယ်။ဒါပေမယ့် ၄ လုံးထိုးလောက် မငြိမ်နိုင်သေးလို့ Balancer shaft ဆိုတဲ့ အင်ဂျင် ရဲ့ တုန်ခါမှုကို ပြန် ခြေ ပေးတဲ့ ဝင်ရိုး တစ်ချောင်း အပိုထည့်ပေးရပါတယ်။နောက်ပြီး တွင်တွင်ကျယ်ကျယ် မသုံးတော့ သူများနဲ့ စာရင် အပို ပစ္စည်း ရှားပါတယ်။ ၄ လုံးထိုးကို မမှီသေးပေမယ့် သူ့အထွာနဲ့ သူတော့ ကောင်းတာပါပဲ။
Yamaha MT 09,FZ09,MV Augusta F3,Triumph Speed Tripple,Triumph Rocket 3.
တစ်ခုလောက်ရှင်းပါရစေဦး ရှေ့ပိုင်းမှာပြောခဲ့တာ in line engine ဆို ဆိုင်ကယ်ဆီတိုင်ကီအောက်မှာ အလျားလိုက်ရှိတာကို ဆိုလိုတာလို့ပြောခဲ့ပါတယ်။အဲဒါ က configuration လို့ခေါ်တဲ့ အထားအသိုပါ။in line 3,in line 4 ဆိုတာတွေက အင်ဂျင် ရဲ့ ဖွဲ့စည်းပုံတွေပါ။အဲဒါတွေကိုမှ ဆီတိုင်ကီအောက်မှာ ကန့်လန့် ဖြတ်ထည့်ထားရင် Tranverse ပါ။ဥပမာ Super 4 ဆိုရင် in line 4 engine ကို ဆိုင်ကယ်ပေါ်မှာ Transverse Configuration နဲ့ ထည့်ထားတာပါ။Triumph Rocket 3 ဆိုရင်တော့ In Line 3 engine ကို ဆိုင်ကယ်ထဲမှာ In line Configuration နဲ့ ထည့်ထားတာပါ။နောက် paralleltwinဆိုတာ တကယ့်အစစ်က BSA ၂ လုံးထိုးတွေမှာ တွေ့ရသလို ပစ္စတင် ၂ လုံး စလုံးက စုံတက် စုံ ဆင်းတာကို ခေါ်တာပါ။တစ်လုံးတက်တစ်လုံးဆင်း ဆိုရင် တကယ်ခေါ်ရမှာက In Line Twin ပါ။

In Line Four Engine
အတွင်ကျယ်ဆုံး ဖွဲ့စည်းပုံ တစ်မျိုးပါပဲ။ညက်ညောတယ်၊မြင်းကောင်ရေ များများထွက်တယ်။ဒါ့ကြောင့်လည်း အမြင့်ဆုံး အရှိန်တွေကို ဖန်တီးပေးနိုင်တယ်။ဆိုင်ကယ်ထဲမှာ Transverse ထည့်ထားတဲ့ In Line 4 ကို ၁၉၆၈ မှာ Honda ရဲ့ CB750 ကြီးနဲ့ကမ္ဘာကို စတင်မိတ်ဆက်ခဲ့ပြီး အဲဒီအချိန်ကာလမှာတော့ ပြိုင်ဘက်မရှိပါပဲ။သူ့အရင် in line 4 engine ကြီးတွေကို ဆိုင်ကယ်မှာ ထည့်သုံးပါတယ်။Indian,Excelsior, Henderson စသည်တို့ပေါ့ဗျာ ။ဒါပေမယ့် ဆီတိုင်ကီအောက်မှာ အလျားလိုက်ပဲ ထည့်တာ။Transverse In Line 4 အထားအသိုက Honda က စတယ် ပြောလို့ရပါတယ်။အများအားဖြင့်တော့ 500cc အထက် ထုတ်လုပ်ကြတာများပါတယ်။ဖွဲ့စည်းပုံ ရှုပ်ထွေးတာရယ်၊ပစ္စတင် ဆိုဒ် လိုအပ်ချက်အရရယ်ကြောင့်ပါ။
အားနည်းချက် တွေကတော့ လေးတယ်၊ရှုပ်ထွေးတယ်၊rpm အနိမ့်ပိုင်းတွေမှာ ရုန်းအားမသန်ဘူး။များသောအားဖြင့် ၄ လုံးထိုးတွေက ကာဘရိုက်တာလည်း ၄ လုံး သုံးထားတာကြောင့် ပြုပြင်ထိမ်းသိမ်းရတဲ့စရိတ်လည်း များလှပါတယ်တဲ့။သိပ်ပြီး ညက်ညော လှပေမယ့် Boxer engine တွေရဲ့ ညက်ညောမှုကိုတော့ မမှီသေးဘူး ဆိုပါတယ်။
Honda CB 400 Super 4,Kawasaki ZRX 1200,Suzuki GSXR 600

In Line Six engine,
အလွန်အမင်း ရှုှုပ်ထွေးလှသော အင်င်္ဂျင် အမျိုးအစားဖြစ်ပြီး ၁၉၇၀ နှောင်းပိုင်း ၈၀ အစောပိုင်းကာလတွေမှာ ထွက်ပေါ်ခဲ့ပါတယ်။အဓိက ကတော့ ပစ္စတင် အရေအတွက် အများပြိုင်ကြ၊အင်ဂျင်ပါဝါ အကြီး ပြိုင်ကြတဲ့ ဂျပန် ကုမ္ပဏီ တွေရဲ့ တိုက်ပွဲကြားက ရလဒ်ပါ။ပိုမြန်တဲ့အရှိန်၊ပိုများတဲ့ မြင်းကောင်ရေတွေနဲ့ ၄လုံးထိုးထက်ပိုတဲ့ ညက်ညောမှုတွေကို ပေးနိုင်ခဲ့ပါတယ်။
အဓိက အားနည်းချက်က နေရာယူလွန်း ၊ဝိတ်များလွန်းနေတာပါပဲ။လှုှုပ်ရှားတဲ့ အစိတ်အပိုင်း များလွန်းတယ်။အဲဒီကာလ အတွက်ဆိုရင် ရှုပ်ထွေးလွန်းနေတယ်။ပြုပြင်ထိမ်းသိမ်းဖို့ ကုန်ကျစရိတ်ကြီးလွန်းတယ်။လေးလွန်းတယ်။ပစ္စတင် ၂ လုံး တစ်စုံမှ ကာဘရိုက်တာ တစ်လုံး နှုှုန်းနဲ့ ကာဘရိုက်တာ ၃ လုံးပဲ ထည့်ပေးထားတာတောင် ချိန်ညှို ဖို့ ခက်နေပါတယ်။ကံဆိုးစွာပဲ အဲဒီအချိန်ကာလ ဟာ အဲလို အင်ဂျင် မျိုးအတွက် အဆင်သင့် မဖြစ်သေးပါဘူး။
အခုတော့ BMW က GT 1600 ဆိုပြီး Touring ဘီးကြီး ထုတ်ပြီး အဆင်ပြေနေပါပြီ။
1979 Honda CBX1000,Kawasaki Z1300.

V Twin Engine
ဆလင်ဒါ ၂ လုံးရဲ့ ဖွဲ့စည်းပုံက V ပုံ စံ ဖြစ်ေ့နတဲ့ အင်ဂျင် ပါ။၁၉၀၀ ပြည့်နှစ်တွေက စလို့ ခုချိန်ထိ ဖွံ့ဖြိုးတိုးတက်လာတဲ့ အင်င်္ဂျင် ဒီဇိုင်းတစ်မျိုးပါ။ဆိုင်ကယ်ရဲ့အစဟာ စက်ဘီးပေါ်ကို အင်ဂျင် တင်ရတာဆိုတော့ ပစ္စတင် နှစ်လုံးနဲ့ နေရာလည်း ကျယ်ကျယ်မယူ၇လေအောင်V design ထုတ်ခဲ့ကြတာပါ။အကြံညဏ်ကောင်း၊အဆင်ပြေတဲ့ အထားအသို ဆိုတော့ ဆက်လက်ဖွံ့ဖြိုး ခဲ့ပါတယ်။V twin engine တွေကို ဆိုင်ကယ် ကုမ္ပဏီ တိုင်းလောက်က ထုတ်ကြပြီး Cruiser အမျိုးအစား ဘီးတွေမှာ အများဆုံး အသုံးပြုကြပါတယ်။V twin တွေကို V angle နှစ်ခုကြားကဒီကရီကို အမျိုးမျိုးထားပြီး ထုတ်ကြပါတယ်။V angle ကျယ်လာလေ အင်ဂျင် က ပို ညက်ညော လာလေပါပဲ။သူ့မှာ အားသာချက် တွေ အများကြီးရှိပါတယ်။အလေးချိန်နည်းတယ်၊ရိုးရှင်းတယ်၊အရုန်းသန်တယ်၊မောင်းကောင်းနိုင်လောက်တဲ့ အင်ဂျင်အပတ်ရေလည်း ထုတ်ပေးနိုင်ပါတယ်။
အားနည်းချက်တွေကလည်း ရှိစမြဲပါပဲ။မြင်းကောင်ရေ နည်းတယ်၊နောက် ၃လုံးထိုးနှင့်အထက် အင်ဂျင် တွေနဲ့ ယှဉ်လိုက်ရင် ပြေးနှုန်းနိမ့်မယ်။နောက် V angle ပေါ်မူတည်ပြီး တုန်ခါမှု ရှိမယ်။90°V engine ကတော့ Balance အကောင်းဆုံးမို့ တုန်ခါမှုလည်း အခြား V တွေ Twin တွေထက် နည်းပါတယ်။
V twin engine တွေကို Cruiser bike ကြီးတွေမှာအများဆုံး အသုံးပြု ဖြစ်နေတာက စီးနင်းသူတွေကအင်ဂျင် ရဲ့ အရည်အချင်း ကို ကြိုက်နှစ်သက်လှတာမဟုတ်ပေမယ့် V twin engine က ထုတ်ပေးတဲ့ အသံ ကို မက်မောကြတာပါတဲ့။ခရီးဝေးသွားဖို့ ပိုပြီး သင့်တော်တဲ့ ၃လုံး ၄လုံးထိုး in line တွေ၊Boxer တွေ၊ V4 တွေ ရှိပေမယ့် V twin မှ V twin ဖြစ်နေရတာ သူက ထုတ်ပေးနိုင်တဲ့ အသံကြောင့်ပါတဲ့ ခင်ဗျာ။
အထင်ရှား ဆုံးက 45°V နဲ့ Harley Davidson ပေါ့ဗျာ။နောက် Ducati ရဲ့ နာမည်ကျော် 90°V၊Honda Shadow ကြီးများက 52°V.......Moto Guzzi ရဲ့ V twin ကိုတော့ Transverse V twin လို့ ခေါ်ရမဗျ။

V4 engine,
V twin engine ရဲ့ အားနည်းချက်တွေဖြစ်တဲ့ တုန်ခါတာတွေ၊အရှိန်နည်းတာတွေ၊မြင်းကောင်ရေ နည်းတာတွေကို ဖယ်ရှင်းပေးဖို့ V4 design ကို ထုတ်လုပ်ခဲ့ကြပါတယ်။ဒီနေ့ အချိန်မှာတော့ V4 engine တွေကို Muscle bike,Power Cruiser တွေနဲ့ Touring bike တွေမှာ တွေ့ရပါမယ်။၁၉၈၀ ဝန်းကျင်လောက်မှာ စတင်ဖွံ့ဖြိုးလာတဲ့ V4 တွေဟာ 750cc အထက်ပဲ ထုတ်လုပ်ကြပြီး ညက်ညောတဲ့၊ရုန်းအားပိုသန်တဲ့၊မြင်းကောင်ရေ ပိုများတဲ့ အားသာချက်တွေနဲ့ inline 4/6 နဲ့ Boxer တွေလောက်လည်း နေရာ မယူတာတွေ့ရပါတယ်။
Yamaha V max,Honda VFR800,Honda ST1300Pan europe,Ducati Desmosedici, Aprilia RSV4.

Boxer Engine,
Boxer ဆိုတဲ့ ဝေါဟာရ ကိုက ပစ္စတင် တွေက လက်သီးထိုး သလိုမျိုး ရေပြင်ညီ လှုပ်ရှားနေတာကြောင့် ဖြစ်လာရတာပါ။အင်ဂျင်ကို အပေါ်စီးက ကြည့်ရင် တစ်ဖြောင့်တည်း နီးပါး ရှိနေတဲ့ ပစ္စတင် ၂ လုံးဟာ တစ်ပြိုင်တည်း ဘေးဘက်ကို ထွက်ကြသလို တစ်ပြိုင်တည်း ပြန်ဝင်ကြပါတယ်။ရလဒ်အနေ နဲ့ကတော့ သီအိုရီအရ ပြောရ ရင် တုန်ခါမှု လုံး၀ မရှိတဲ့ အင်ဂျင် ပါပဲတဲ့။

Boxer Two Cylinder engine,
V twin တွေကို ယှဉ်ဖို့ ထုတ်ခဲ့တဲ့ အစောပိုင်းဒီဇိုင်းပါ။V twin တွေထက် ပါဝါ ပိုကောင်း၊တုန်ခါမှု ပိုနည်းအောင် ရည်ရွယ် ထုတ်လုပ်ခဲ့ကြသလို ရည်ရွယ်တဲ့ အတိုင်းလည်း အောင်မြင်ခဲ့ပါတယ်။ဒုတိယ ကမ္ဘာ စစ် ကာလအတွင်းမှာ မြောက်အမေရိကနဲ့ဥရောပ မှာ အအောင်မြင်ဆုံး အင်ဂျင် ဒီဇိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ရုန်းအားနည်းပေမယ့် အပတ်ရေများများနဲ့ 45°V twin နဲ့ Paralleltwin တွေထက် ပိုငြိမ်ပါတယ်။V twin တို့ရဲ့ ဘိုးအေကြီး ဖြစ်တဲ့ Harley တောင်မှ စစ်တပ်အတွက် စစ်သုံးဘီး ထုတ်ရာမှာ V twin engine နဲ့ WLA Model ထုတ်ခဲ့ပေမယ့် အပူပိုင်းဒေသ တွေမှာ သုံးဖို့ကျ V twin ကို လက်လွှတ်ပြီး Boxer Configuration နဲ့ XA Model ကိုထုတ်ပေးခဲ့ရပါတယ်။ယှဉ်မောင်းရာမှာလည်း တစ်လုံးနောက်မှာ တစ်လုံးကွယ်နေတဲ့ V twin ထက် ဘေးကို နှစ်လုံးစလုံးထွက်နေတဲ့ Boxer က 56°Celcius ပိုအေးနေပါတယ်။အားနည်းချက်ကလည်း ဘေးထွက်နေတာကြောင့်ပါပဲ ထိလွယ်ခိုက်လွယ်နဲ့ ကွေ့ရာမှာလည်း ကျန်တဲ့ ဘီးတွေလို သိပ် အိပ်လို့မရဘူးပေါ့။
BMW ကတော့ ၁၉၂၃ မှာ R32 ကို Boxer Configuration နဲ့ Shaft drive အတွဲအစပ်နဲ့ စထုတ်ခဲ့တာကို ခုထိ ဖက်တွယ်ထားတုန်းပါပဲ။ပိုကောင်းအောင် လုပ်လာနိုင်ခဲ့လို့ R1200 GS တို့လို ရောင်းအားအကောင်းဆုံး ဘီးတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။အခြား Paralleltwin, Inline 4/6 တွေ ထုတ်နေပေမယ့် Boxer ကိုလည်း လက်မလွှတ်သေးပါဘူး။ဗြိတိသျှထုတ် Dragon Fly ဆိုတာ ရှိခဲ့ဘူးပေမယ့် ပျောက်ကွယ်သွားပါပြီ။လက်ရှိ Boxer ထုတ်နေတာ ရုရှားက Ural နဲ့ BMW ပါပဲ။

Boxer Four Engine,or Flat 4
Boxer twin ထက်ပိုကောင်းပိုငြိမ်အောင်ဆိုပြီး Bixer4 ထုတ်ကြပါတယ်။In Line 4 လိုပဲ အကျိုးကျေးဇူးတွေများပေမယ့် ညက်ညော မှုကိုပဲ အသားပေးလွန်းတာကြောင့် အပတ်ရေများများထွက်ဖို့နဲ့ နေရာယူ ကျဉ်း ဖို့ဆိုတဲ့ အချက်တွေကို လက်လွှတ်ခဲ့ရပါတယ်။Engine Design အရလည်း ကွေ့ရာမှာ အကန့်အသတ် ရှိနေတာကြောင့် Sport type ထက် Touring အနေနဲ့ပဲ သုံးခဲ့ကြပါတယ်။Brough Superior က တစ်ဘက်စီမှာ တစ်လုံးပေါ်တစ်လုံး ဆင့်ထားတဲ့ Boxer 4 ထုတ်ခဲ့ပါတယ်။BMW ကလည်း ထုတ်တယ်လို့ဆိုပေမယ့် ကျွန်တော် ခုထိ မတွေ့ဖူးသေးပါဘူး။အထင်ရှားဆုံးကတော့ Honda Gold Wing ကနဦး မော်ဒယ် ဖြစ်တဲ့ GL 1100 ပါပဲ။

Boxer Six engine or Flat 6.
Honda ရဲ့ ဖောက်သည်တွေအပေါ် အဆုံးစွန်ဆုံးသော ညက်ညော မှုပေးချင်တဲ့ ဆန္ဒကြောင့် ပေါ်ထွက်လာရတဲ့ ရလဒ်ပါ။လွန်ခဲ့တဲ့ နှစ် ၂၀ ကြာလောက်က Honda ရဲ့ ၆ လုံးထိုး ရာဇဝင် တစ်ကြော့ပြန်လာသလိုကိုင်ရ တွယ်ရ ခက်လောက်တဲ့ ရှုပ်ထွေးမှု လယ်ဗယ်ချင်းကလည်း အတူတူပါပဲ။အရင် in line 6 လိုပါပဲ ဒီအင်ဂျၤင်ကလည်း Touring ဈေးကွက်အတွက်ပဲ ရည်ရွယ်ပါတယ်။Power Cruiser တွေမှာလည်း အဆင်ပြေရင် သုံးမယ်ပေါ့။
လက်ရှိမှာတော့ ဒီ အင်ဂျင် မျိုးသုံးနေတာ Honda ပဲ ရှိပါတယ်။ဈေးကြီးတယ်။လေးလံတယ်။ပြုပြင် ထိမ်းသိမ်းစရိတ်ကြီးတယ်။ဒါပေမယ့် တကယ့် ခရီးဝေးကြီးတွေကျ ဒီ့ထက် ညက်ညောတဲ့ အင်ဂျင် မျိုး ရှာလို့မရ နိုင်တော့ပါဘူး။အရုန်းသန်တယ်။မြင်းကောင်ရေများတယ်။လိုအပ်တဲ့အပတ်ရေ ထုတ်ပေးနိုင်တယ်။နောက် ဖန်သားပြင်လို ညက်ညောမှု မျိုးပေးနိုင်တယ်။နောက်ဆုံးအနေနဲ့ အင်ဂျင် ပါဝါ အကြီးစားကြီးတွေပဲ လာပါတယ်။Gold Wing က စထုတ်တော့ 1500cc,နောက်ပိုင်း 1800cc.Power Cruiser ဖြစ်တဲ့ Valkyrie လည်း ဒီ အင်ဂျင် နဲ့ပါပဲ။ကွာသွားတာက Gold Wing က ကာဘရိုက်တာ တစ်လုံးတည်း သုံးထားပြီး Valkyrie ကတော့ အင်ဂျင် ပေါ်နေတဲ့ ကောင်ဆိုတော့ လှအောင် ကာဘရိုက်တာ ပြောင်ပြောင်လက်လက် ၆ လုံး တပ်ပေးထားတာပါပဲ။

Two stroke Motorcycle engine,
နှစ်ချက်ခုတ် အင်ဂျင် ပေါ့ ။မီးလောင် ပေါက်ကွဲမှုကြောင့် တွန်းချ ခံ လိုက်ရတဲ့ ပစ္စတင်က အောက်ကို အဆင်းမှာ ပစ္စတင် ရဲ့ အောက် ကရိုင်းကေ့စ် ထဲမှာ ရောက်နှင့်နေတဲ့ ဆီလေ အရောတွေကို ဖိပြီး ဆလင်ဒါထဲကို တွန်းသွင်းလိုက်ပါတယ်။အဲဒီ ဆီလေအရောတွေ ကတိုးဝင်ရင်းနဲ့ပဲ ခဏ မီးလောင်ပေါက်ကွဲပြီးသား မိးခိုးတွေကို တွန်းထုတ်ပစ်ပါတယ်။ဆီလေအရောတွေရော မီးခိုးတွေရော အဝင်အထွက်က ဆလင်ဒါ ဘေးမှာ ဖောက်ထားတဲ့ ပို့ လို့ခေါ်တဲ့ အပေါက်တွေကပဲ လုပ်ကြရပါတယ်။ပစ္စတင်ပြန်အတက်မှာတော့ ပို့ တွေကို ကျော်တာနဲ့ ဆီလေအရောတွေကို ဖိသိပ်ခြင်း စပါပြီ။အဲလို တက်ရာမှာလည်း ပစ္စတင်ရဲ့ အောက်ပိုင်းမှာ စုပ်အားဖြစ်ပေါ်လာပြီး ဆီလေအရောကို ကာဘရိုက်တာထဲက နေ ကရိုင်းကေ့စ် ထဲကို စုပ်ယူထားလိုက်ပါတယ်။ပစ္စတင်အပေါ်တက်လို့ အဆုံးမှာ Spark Plug က မီး ပွင့်ပေးတာေြက်ာင့် ဖိကျစ်ခံထားရတဲ့ ဆီလေအရောတွေ မီးလောင်ပေါက်ကွဲမှု ဖြစ်ပြီး ပစ္စတင် ကို အင်နဲ့ အားနဲ့ တွန်းချပါတယ်။ပစ္စတင်အောက်ဆင်းလို့ ပို့တွေကို ကျော်တာနဲ့ ဝင်လာမယ့် ဆီလေအရောက အဆင်သင့်နဲ့ နောက်တစ်ခါ ပြန်စဖို့ ပြင်နေပါပြီ။
တစ်ခါအဆင်း တစ်ခါအတက်မှာ Power တစ်ချက်အမြဲရနေတာကြောင့် ၂ချက်ခုတ် 2 Stroke လို့ခေါ်ပါတယ်။

2 stroke Single Cylinder Engine,
အားကောင်းလှပါတယ်။အရုန်းလည်း သန်လှပါတယ်။ထုတ်လုပ်ရတာလည်း ကုန်ကျစရိတ် မများလှပါဘူး။အပတ်ရေ အများကြီးထွက်သလို ပေါ့ပါးကျစ်လျစ်လှတာကြောင့် ၁၉၈၅ ဝန်းကျင်လောက်ထိ ပြိုင်ဘီးတွေ၊လမ်းကြမ်းစီးဘီးတွေ ကြားမှာအသုံးများလှပါတယ်။အဓိအားနည်းချက် က လေထု ညစ်ငြမ်းစေတာပါပဲ။အင်ဂျင် လည်နေနိုင်အောင် ချောဆီကို လောင်စာဆီ ထဲကို ရောထည့်ပေးရတာက သူ့ အားနည်းချက်ပါ။မီးလောင်ပေါက်ကွဲရာမှာ လောင်စာထဲ ရောထည့်ပေးထားတဲ့ ချောဆီ တစ်ချို့ပါ မီးလောင်တာကြောင့် မီးခိုး ဖြူတွေထွက်ပြီးလေထုညစ်ငြမ်းစေပါတယ်။4 stroke ကိုမယှဉ်နိုင်တော့ပဲ ကျဆုံးခဲ့ရတာ ဒီ တစ်ချက်တည်းကြောင့်ပါ။
ဒီနေ့ အချိန်မှာတော့ 2 stroke ကို ထုတ်လုပ်တဲ့ လူ မရှိတော့သလောက်ဖြစ်သွားပြီး ကမ္ဘာ့ နေရာတော်တော်များများမှာလည်း အများပြည်သူ အသုံးပြုနေတဲ့ လမ်းတွေပေါ်မှာ စီးခွင့်မရှိပါဘူး။
မြန်မာပြည်မှာတော့ ဒီဥပဒေမရှိသေးတာ ကံကောင်းတာပေါ့ မဟုတ်ရင် DT တွေ RD တွေ Tenaတွေ တောထဲပဲ သွားစီးနေရတော့မယ်။

2 Stroke Parallel Twin,In line 3,V4 
အားလုံးလည်း ပါဝါကောင်း၊အရုန်းကောင်း၊ပေါ့ပါးပြီး အပြေးကောင်းပေမယ့် လေထု ညစ်ငြမ်းမှု ဥပဒေ ကို မကျော်လွန်နိုင်လို့ ရပ်ဆိုင်းလိုက်ရပါပြီ။
Honda ရဲ့ NSR 500 ဆိုရင် အောင်ပွဲအများဆုံး ဘီးတစ်စီးအနေနဲ့ကို မှတ်တမ်းဝင်ထားတာပါ။Suzuki GT 750 ကြီးတွေ ဆိုလည်းUK မှာ Kettle(ရေနွေးအိုး)USAမှာ Water Buffalo(အာရှကျွဲ)ဆိုပြီးနာမည်ကြီးခဲ့တာပါပဲ။ဒါပေမယ့် ပေါ့လေ။

ဒါလောက်ဆို အကြမ်းဖျဉ်းလောက်တော့ နားလည်ကြမှာပါ။ဒီpost က အရမ်းရှည်နေပေမယ့် အပိုင်း၁ ၊၂ တွေလည်း ခွဲမနေချင်တော့ပါဘူး အခွင့်ရတုန်းတင်ရတာဆိုတော့ တမျှော်မျှော်ဖြစ်နေရမှာ စိုးလို့။ရေး ရင်းနဲ့ အချက်အလက်တွေ သေချာအောင် အတော်လိုက်ဖတ်ရတော့ ညီများ အစ်ကိုများနဲ့အတူ ကျွန်တော်လည်း တော်တော် ဗဟုသုတ ရ လိုက်ပါတယ်။မရှင်းတာ ရှိလည်း မေးဗျာ ကြုံတဲ့အချိန် ပြန်ဖြေပေးပါ့မယ်။
အားလုံးပဲ ဆိုင်ကယ်ဗဟုသုတ နဲ့ ပြည့်ုစုံ ကြပါစေ။
ko zaw
#cred ko myo zaw oo




No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...