EFI စနစ္ ဆိုင္ကယ္မ်ား ဆိုင္ကယ္လီဗာေဆာင့္ဆြဲ၍ ေမာင္းႏွင္ပါက အင္ဂ်င္ဆြဲအား က်ဆင္းေစနိုင္

EFI  စနစ္ ဆိုင္ကယ္မ်ား ဆိုင္ကယ္လီဗာေဆာင့္ဆြဲ၍ ေမာင္းႏွင္ပါက  အင္ဂ်င္ဆြဲအား  က်ဆင္းေစနိုင္
.............................

EFI စနစ္ ဆိုင္ကယ္မ်ားျဖစ္ေသာ ထိုင္း Honda Click ၊ Scoopy စေသာ ဆိုင္ကယ္မ်ားကိုေမာင္းႏွင္ရာတြင္ ဆိုင္ကယ္လီဗာေဆာင့္၍ အျမဲလိုလို ေမာင္းႏွင္မွုရွိပါက ႏွစ္အနည္းငယ္အတြင္း ဆိုင္ကယ္အင္ဂ်င္ဆြဲအား က်ဆင္းေစနိုင္ေၾကာင္း မႏၲေလးၿမိဳ့ခံဝါရင့္ဝပ္ေရွာ့ ဆရာမ်ားက အႀကံျပဳေျပာၾကားသည္။

 

”ဂီယာဘီးေတြက လီဗာေဆာင့္ ဆြဲလိုက္လည္း ဂီယာခ်ိန္းတဲ့အခါ လီဗာျပန္ေလၽွာ့ရတာမို့ အင္ဂ်င္ သိပ္ မထိခိုက္ဘူး၊ EFI Auto ဘီးေတြက်ေတာ့ ဂီယာဘီးနဲ႔ မတူဘူး၊ လီဗာ ေဆာင့္ဆြဲလိုက္ရင္ ဆြဲလိုက္သလို အင္ဂ်င္ကေန ထုတ္ေပးထားတဲ့ ကရိုင္းရွပ္နဲ႔ ဆက္ထားတဲ့ ေျခာက္လုံးေဘာတို့၊ ဂါပနာရွုးတို့ ပတ္သားႀကိဳးတို့၊ ကေရာင္းအုံထဲက ပင္နယံ တို့ကို ပ်က္စီးေစနိုင္တယ္၊ ပ်က္စီးေစနိုင္တယ္ဆိုတာ ခ်က္ခ်င္းႀကီး ပ်က္စီးသြားမွာ မဟုတ္ဘူး၊ အျမဲတမ္း လီဗာေဆာင့္ဆြဲၿပီး သြားပါမ်ားရင္ ကၽြန္ေတာ္ေရွ႕မွာ ေျပာခဲ့တဲ့ အစိတ္အပိုင္းေတြ အထိနာလာမယ္၊ အထိနာပါမ်ားရင္ ပ်က္စီးမွုျဖစ္ၿပီး ေနာက္ပိုင္းမွာ အင္ဂ်င္အ႐ုန္း၊ အဆြဲပါ က်ဆင္းေစနိုင္တယ္”ဟု မႏၲေလးၿမိဳ့ ‘ေရႊနဒီ Service Center ‘ မွ ကိုေဇာ္ဝင္းက အႀကံျပဳသည္။

 

ထိုသို့ ႏွစ္အနည္းငယ္အတြင္း အင္ဂ်င္ဆြဲအား က်ဆင္းပါက ယင္းဆိုင္ကယ္အား ျပန္ေရာင္းခ်ိန္တြင္ ကာလတန္ေၾကး ေပါက္ေစ်းထက္ အနည္းငယ္ ေလ်ာ့က်ေစမည္ျဖစ္ၿပီး အရွုံးပိုမ်ားေစမည္ျဖစ္ေၾကာင္း၊ ဆိုင္ကယ္တစ္စီး ျပန္ေရာင္းရာတြင္ ဝယ္/ေရာင္းအမ်ားစုမွာ ကာဗာ၊ အင္ဂ်င္ေဆး အပြန္းအစင္းထက္ အင္ဂ်င္ ႐ုန္းအား၊ ဆြဲအားကို ပိုမို ဆန္းစစ္ၾကသည့္အတြက္ မိမိဆိုင္ကယ္ ျပန္ေရာင္းခ်ိန္တြင္ အရွုံးနည္းေစလိုပါက ယခုကတည္းက လီဗာ ဆြဲရာ၌ သတိထားရမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ့ခံ ဝါရင့္ဝပ္ေရွာ့ဆရာမ်ားက ထပ္မံ အႀကံျပဳသည္။

 

”ဘယ္သူမဆို ဆိုင္ကယ္တစ္စီး စီးတာၾကာလာရင္ ပိုေကာင္းတဲ့ ေနာက္ထပ္အသစ္တစ္စီး ထပ္ဝယ္ ၾကမွာပဲ၊ မႏၲေလးၿမိဳ့ခံအမ်ားစုကေတာ့ ထပ္ဝယ္ၿပီဆိုရင္ အရင္စီးေနတဲ့ အေဟာင္းဘီးကို ျပန္ေရာင္းတာ မ်ားတယ္၊ ျပန္ေရာင္းၿပီဆိုတာ နဲ႔ ဘယ္သူမဆို ေစ်းေကာင္းရခ်င္တာပဲေလ၊ ကိုယ္က အခုကတည္းက လီဗာဆြဲတဲ့အခ်ိန္ကအစ သတိနဲ႔ မဆြဲဘူး၊ ဆိုင္ကယ္ကို ဂ႐ုမစိုက္ဘူးဆိုရင္ ျပန္ေရာင္းတဲ့အခ်ိန္ သူမ်ားထက္ ပိုရွုံးမွာပဲ၊ အေကာင္းဆုံးကေတာ့ EFI ဆိုရင္ လီဗာဆြဲတာကအစ ေဆာင့္ဆြဲတာမ်ိဳး မဟုတ္ဘဲနဲ႔ ျဖည္းျဖည္းခ်င္း ဆြဲဖို့လိုတယ္။ တခ်ိဳ့က Auto ဘီးဆိုရင္ ဂီယာခ်ိန္းစရာမလိုတဲ့အတြက္ လီဗာကို စိတ္ႀကိဳက္ကစားလို့ရတယ္ ထင္ေနၾကတယ္”ဟု မႏၲေလးၿမိဳ့ခံ ဝါရင့္ဝပ္ေရွာ့ဆရာတစ္ဦးက ရွင္းျပသည္။

လက္ရွိ ျပည္တြင္းေစ်းကြက္ အတြင္း တ႐ုတ္ဆိုင္ကယ္ Brand မ်ားတြင္ EFI စနစ္ျဖင့္ ထုတ္လုပ္ ျခင္းမရွိေသးဘဲ ထိုင္းႏွင့္ ဂ်ပန္နိုင္ငံထုတ္ Honda ၊ YAMAHA စေသာ ဆိုင္ကယ္ Brand မ်ားသာ EFI စနစ္ျဖင့္ ထုတ္လုပ္မွုရွိေသးေၾကာင္း သိရသည္။ 
မူရင္းwriter 
ခရက္ဒစ္



(Unicode)

EFI  စနစ် ဆိုင်ကယ်များ ဆိုင်ကယ်လီဗာဆောင့်ဆွဲ၍ မောင်းနှင်ပါက  အင်ဂျင်ဆွဲအား  ကျဆင်းစေနိုင်
.............................

EFI စနစ် ဆိုင်ကယ်များဖြစ်သော ထိုင်း Honda Click ၊ Scoopy စသော ဆိုင်ကယ်များကိုမောင်းနှင်ရာတွင် ဆိုင်ကယ်လီဗာဆောင့်၍ အမြဲလိုလို မောင်းနှင်မှုရှိပါက နှစ်အနည်းငယ်အတွင်း ဆိုင်ကယ်အင်ဂျင်ဆွဲအား ကျဆင်းစေနိုင်ကြောင်း မန္တလေးမြို့ခံဝါရင့်ဝပ်ရှော့ ဆရာများက အကြံပြုပြောကြားသည်။

 

”ဂီယာဘီးတွေက လီဗာဆောင့် ဆွဲလိုက်လည်း ဂီယာချိန်းတဲ့အခါ လီဗာပြန်လျှော့ရတာမို့ အင်ဂျင် သိပ် မထိခိုက်ဘူး၊ EFI Auto ဘီးတွေကျတော့ ဂီယာဘီးနဲ့ မတူဘူး၊ လီဗာ ဆောင့်ဆွဲလိုက်ရင် ဆွဲလိုက်သလို အင်ဂျင်ကနေ ထုတ်ပေးထားတဲ့ ကရိုင်းရှပ်နဲ့ ဆက်ထားတဲ့ ခြောက်လုံးဘောတို့၊ ဂါပနာရှုးတို့ ပတ်သားကြိုးတို့၊ ကရောင်းအုံထဲက ပင်နယံ တို့ကို ပျက်စီးစေနိုင်တယ်၊ ပျက်စီးစေနိုင်တယ်ဆိုတာ ချက်ချင်းကြီး ပျက်စီးသွားမှာ မဟုတ်ဘူး၊ အမြဲတမ်း လီဗာဆောင့်ဆွဲပြီး သွားပါများရင် ကျွန်တော်ရှေ့မှာ ပြောခဲ့တဲ့ အစိတ်အပိုင်းတွေ အထိနာလာမယ်၊ အထိနာပါများရင် ပျက်စီးမှုဖြစ်ပြီး နောက်ပိုင်းမှာ အင်ဂျင်အရုန်း၊ အဆွဲပါ ကျဆင်းစေနိုင်တယ်”ဟု မန္တလေးမြို့ ‘ရွှေနဒီ Service Center ‘ မှ ကိုဇော်ဝင်းက အကြံပြုသည်။

 

ထိုသို့ နှစ်အနည်းငယ်အတွင်း အင်ဂျင်ဆွဲအား ကျဆင်းပါက ယင်းဆိုင်ကယ်အား ပြန်ရောင်းချိန်တွင် ကာလတန်ကြေး ပေါက်ဈေးထက် အနည်းငယ် လျော့ကျစေမည်ဖြစ်ပြီး အရှုံးပိုများစေမည်ဖြစ်ကြောင်း၊ ဆိုင်ကယ်တစ်စီး ပြန်ရောင်းရာတွင် ဝယ်/ရောင်းအများစုမှာ ကာဗာ၊ အင်ဂျင်ဆေး အပွန်းအစင်းထက် အင်ဂျင် ရုန်းအား၊ ဆွဲအားကို ပိုမို ဆန်းစစ်ကြသည့်အတွက် မိမိဆိုင်ကယ် ပြန်ရောင်းချိန်တွင် အရှုံးနည်းစေလိုပါက ယခုကတည်းက လီဗာ ဆွဲရာ၌ သတိထားရမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာများက ထပ်မံ အကြံပြုသည်။

 

”ဘယ်သူမဆို ဆိုင်ကယ်တစ်စီး စီးတာကြာလာရင် ပိုကောင်းတဲ့ နောက်ထပ်အသစ်တစ်စီး ထပ်ဝယ် ကြမှာပဲ၊ မန္တလေးမြို့ခံအများစုကတော့ ထပ်ဝယ်ပြီဆိုရင် အရင်စီးနေတဲ့ အဟောင်းဘီးကို ပြန်ရောင်းတာ များတယ်၊ ပြန်ရောင်းပြီဆိုတာ နဲ့ ဘယ်သူမဆို ဈေးကောင်းရချင်တာပဲလေ၊ ကိုယ်က အခုကတည်းက လီဗာဆွဲတဲ့အချိန်ကအစ သတိနဲ့ မဆွဲဘူး၊ ဆိုင်ကယ်ကို ဂရုမစိုက်ဘူးဆိုရင် ပြန်ရောင်းတဲ့အချိန် သူများထက် ပိုရှုံးမှာပဲ၊ အကောင်းဆုံးကတော့ EFI ဆိုရင် လီဗာဆွဲတာကအစ ဆောင့်ဆွဲတာမျိုး မဟုတ်ဘဲနဲ့ ဖြည်းဖြည်းချင်း ဆွဲဖို့လိုတယ်။ တချို့က Auto ဘီးဆိုရင် ဂီယာချိန်းစရာမလိုတဲ့အတွက် လီဗာကို စိတ်ကြိုက်ကစားလို့ရတယ် ထင်နေကြတယ်”ဟု မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာတစ်ဦးက ရှင်းပြသည်။

လက်ရှိ ပြည်တွင်းဈေးကွက် အတွင်း တရုတ်ဆိုင်ကယ် Brand များတွင် EFI စနစ်ဖြင့် ထုတ်လုပ် ခြင်းမရှိသေးဘဲ ထိုင်းနှင့် ဂျပန်နိုင်ငံထုတ် Honda ၊ YAMAHA စသော ဆိုင်ကယ် Brand များသာ EFI စနစ်ဖြင့် ထုတ်လုပ်မှုရှိသေးကြောင်း သိရသည်။ 
မူရင်းwriter 
ခရက်ဒစ်

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...