



(@@@@@@@@@@@@@@@@@)
#ဆီစုပ်ခြင်း







#မီးခ်ုးထုတ်ခြင်း





ကွက်တိကျပါပဲ


  Crd  copy ပါ
မူရင်း  Mgmaung



(Unicode)

#ပစ်စတင်    ဘား  အလုပ်လုပ်ပုံ#

ပစ်စတင်နဲ့ဘားဘယ်လိုအတွဲညီညီ အတိအကျတိုင်ပင်ကိုက်အလုပ်လုပ်သလဲ..?

ဖတ်ကြည့်ပါ သေချာလက်တွေ့လေ့လာကြည့်ပါ

(@@@@@@@@@@@@@@@@@)
#ဆီစုပ်ခြင်း

ပစ်စတင် ထိပ်ကနေ စဆင်းတာနဲ့ ဆီဘား စပွင့်ပါမယ်
စလစ်ရဲ့ သုံးချိုး တစ်ချိုး အရောက်မှာ ဆီဘားရဲ့ပွင့်နိုင်တဲ့ဂိတ် ကုန်သွားပါပြီ  နောက်ထပ်တစ်ပုံ
စလစ်အောက်ဆုံးထိပစ်စတင်ဆင်းပြီးချိန်မှာ ဆီဘားဟာ
တစ်ဝက်တိတိ ပြန်ပိတ်ပြီးပါပြီ ပစ်စတင်အောက်ဆုံးကနေ အပေါ်ပြန်အတက် သုံးပုံတစ်ပုံ အရောက်မှာ ဆီဘားက အကုန်ပြန်ပိတ်ပြီးတဲ့အလုပ်ကို လုပ်ပါသည်..

ပစ်စတင်ပြန်အတက်သုံးပုံတစ်ပုံမှဘားပိတ်ပြီးတဲ့အတွက်စုပ်ယူလိုက်တဲ့ဆီ တစ်ရာရာခိုင်နှူန်းဟာ အပြည့်အဝမပေါက်ကွဲနိုင်တော့ပါဘူး
၂၅ ရာခိုင်နှူန်းလောက် အပြင်ကိုပြန်လစ်သွားလို့ပါ
အဲယားကလင်နာဖော့ပိတ်ယုံနဲ့ အင်ဂျင်မပွင့်တော့တာ ဒီ နှစ်ဆယိ့ငါးရာခိုင်နူန်းကြောင့်ပါ

ဒီနေရာမှာ ဘားဖွင့်တဲ့ပိတ်တဲ့အချိန် ကိုနောက်ကျပေးခြင်းစောပေးခြင်းဟာ အင်ဂျင်ရဲ့အရုန်းအဆွဲကိုများစွာပြောင်းလဲပေးနိုင်ပါတယ်

#ဆီလေအရောကိုလေကျစ်ပြီးပေါက်ကွဲခြင်း

ပစ်စတင်ပြန်အတက်သုံးပုံတစ်ပုံအရောက်ကနေအပေါ်ကိုဆက်တက်လာပြီးလေကျစ်ပါမယ် ဒီအချိန်မှာဘားနှစ်လုံးစလုံး ပိတ်နေပါမယ် ပလပ်ကမီးပေးပြီးပေါက်ကွဲမှူအရှိန်နဲ့ ပစ်စတင်ပြန်ဆင်းပါမယ်

#ဒီမှာစကားပြောပါပြီ အိပ်ဇောဘား ဘယ်အချိန်မှာစဖွင့်သလဲ.....?

#မီးခ်ုးထုတ်ခြင်း
ပေါက်ကွဲမှူ ဖြစ်ပြီ့းပစ်စတင်အောက်ဆင်းလာရာတွင်
ပစ်စတင်အောက်မရောက်ခင် စလစ်ရဲ့ သုံးချိုးတစ်ချိုး
အရောက်မှာ လောင်ကျွမ်းမှူကြောင့်ဖြစ်ပေါ်လာသော
မီးခိုးများအားတွန်းထုတ်ရန် အိပ်ဇောဘားစပြီးဖွင့်ပေးပါသည်
ပစ်စတင်အောက်ဆုံးရောက်ချိန်မှာအိပ်ဇောဘားတစ်ဝက်ဖွင့်ပြီးပါပြီ ပစ်စတင်ပြန်အတက် စလစ်ရဲ့သုံးချိုးတစ်ချိုးအရောက်မှာ အိပ်ဇောဘားဟာ
ဂိတ်ကုန်ပွင့်ပြီးဖြစ်နေပါသည်

ကျန်နှစ်ချိုးအားပစ်စတင် ဆက်တက်၍ ပစ်စတင်ထိပ်ဆုံးရောက်ချိန်တွင် အိပ်ဇောဘားသည်
မီးခ်ုးများအားစွန့်ထုတ်ပြီးဖြစ်သောကြောင့် ဘားအကုန်ပိတ်လုနီးဖြစ်၍ ဆီဗားဟာစပွင်ီ့ခါစအချိန်ဖြစ်နေပါမယ်
ဗားအိုဗာလစ်မှာ ဗားနှစ်းစလုံးအနည်းငယ် ပွင့်ဟနေလျှက်ပါ

ဤသို့ဖြင့်   ဆွဲကျစ်ကန်ထုတ် ကို ပြုလုပ်သွားပါသည်

#ပစ်စတင်နှင့်ဘားအလုပ်လုပ်ပုံလေးကိုကြည့်ပြီး
တီထွင်ဆန်းသစ် မွမ်းမံ ကြံဆောင်နိုင်ကြပါစေ#

#ဖိုးစတုတ်မှာ ထူးခြားတာက ဘားတွေရဲ့အလုပ်လုပ်ပုံဟာ
စလစ်ရဲ့ သုံးချိုးတစ်ချိုးတွေမှာ စဖွင့်တယ် ဖွင့်လို့ပြီးသွါးတယ် 

အတက်အဆင်းပုံစံနဲ့ အဖွင့်အပိတ်ပုံစံ တိုင်ပင်ကိုက်
ကွက်တိကျပါပဲ

တခြားနိုင်ငံတွေမှာ ကင်းဘုကို ဖိုင်းကျတယ်
ကာဗျူရေတာ နဲ့ အိပ်ဇောကို ဘက်ချိန်းကျတယ်ဆိုတာ
သဘောတရားကျေညက်ပြီး တည်ဆောက်ပြီးသားရဲ့
ဟာကွက်ကလေးတွေကို ထပ်မံဖြည့်ဆည်းကြတာပါ

  Crd  copy ပါ
မူရင်း  Mgmaung

No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...