EFI ဆိုင္ကယ္ အဆြဲအ႐ုန္း မေကာင္းေစျခင္းရဲ့ တရားခံ

EFI ဆိုင္ကယ္
အဆြဲအ႐ုန္း
မေကာင္းေစျခင္းရဲ့ တရားခံ
====================
 
ဆိုင္ကယ္တစ္စီး
အဆြဲအ႐ုန္းမေကာင္းေစတဲ့ 
အေၾကာင္းအရင္းမ်ားစြာ 
ရွိပါတယ္…
အဲ့ဒီထဲကမွ …

(Throttle Body) 
    ႏွင့္
(Throttle position sensor)
မေကာင္းျခင္းေၾကာင့္ …
ျဖစ္ေပၚနိုင္တဲ့ ေရာဂါမ်ားကို 
ကၽြန္ေတာ္ ေလ့လာမိသေလာက္
ကိုယ္ေတြ႕ ျပဳျပင္ရင္း နဲ႔
အေတြ႕ အၾကဳံ ကို 
မၽွေဝေပးပါ့မယ္…

(Throttle Body) 
ခ်ိဳ့ယြင္းမွု ေရာဂါလကၡဏာမ်ား …
Throttle Body 
(လေတံခါး) ဆိုတာ…
အတြင္းပိုင္းမီးေလာင္ေပါက္ကြဲမွု
(Internal Combustion
Engine) ေတြ 
မီးေလာင္ေပါက္ကြဲဖို့ အတြက္
လိုအပ္တဲ့ ေလကို 
ထည့္သြင္းေပးရတဲ့ 
Intake System မွာ 
အဓိက တာ၀န္ထမ္းေဆာင္ေနတဲ့
အရာ ျဖစ္ပါတယ္။

Throttle Body (ေလတံခါး) 
ကို ေယဘူယ်အားျဖင့္  
(Intake Manifold) 
(အင္တိတ္မီနီဖိုး) နဲ႔ 
(Air Filter) ေလစစ္ဘူး
တို့ ၾကားထဲမွာ တပ္ဆင္ထားၿပီး
ဆိုင္ကယ္ေမာင္းသူရဲ့ 
လီဘာဆြဲ မွုအေပၚ မူတည္ၿပီး 
အင္ဂ်င္ထဲကို မီးေလာင္ေပါက္ကြဲဖို့
ေလအနည္းအမ်ား 
ဘယ္ေလာက္ပမာဏသြင္းမယ္ 
ဆိုတာကို သူ႔မွာပါ၀င္တဲ့ Butterfly Valve ေတြကို Regulate လုပ္ေပးျခင္းျဖင့္ 
ထိန္းခ်ဳပ္ေပးပါတယ္။ 
ဒါက …
Throttle Body (ေလတံခါး) ရဲ့ အဓိက တာ၀န္ထမ္းေဆာင္
ေနတဲ့ ပုံစံပါ…
ဒီလို တာ၀န္ထမ္းေဆာင္ေနတဲ့
လေတံခါးက 
ေလမသန္႔လို့ျဖစ္ေစ၊ 
အျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္
Throttle Body 
(ေလတံခါး) ဟာ…
ေၾကးေတြ၊ ဖုန္ေတြ၊ 
အညစ္အေၾကးေတြနဲ႔ 
ပိတ္ဆို့သြားမယ္ဆိုရင္ သူတာ၀န္ထမ္းေဆာင္ရတဲ့ 
အပိုင္းျဖစ္လို့ …
ေလအနည္းအမ်ားပမာဏ 
ထည့္သြင္းျခင္းကို အတိအက် 
မလုပ္ေဆာင္နိုင္ေတာ့ဘဲ 
အညစ္အေၾကးပိတ္ဆို့မွု 
အနည္းအမ်ားပမာဏအေပၚ 
မူတည္ၿပီး သင့္ရဲ့ဆိုင္ကယ္မွာ
ေအာက္ပါေရာဂါလကၡဏာေတြ 
ျဖစ္ေပၚလာပါလိမ့္မယ္…

၁။
စက္ႏွိုးရၾကာမယ္၊ 
စက္ႏွိုးရာမွာ ပုံမွန္ထက္ 
ကရိုင္းရွပ္လည္ပတ္ရႏွုန္းေတြ 
ပိုမ်ားလာမယ္။

၂။
အင္ဂ်င္အေႏွးလည္ပတ္မွု 
အေျခအေန 
(Idle Speed) 
မတည္မၿငိမ္ ျဖစ္မယ္၊ 
အင္ဂ်င္အေႏွးလည္ပတ္ေနတဲ့
အခ်ိန္မွာ ပုံမွန္မျဖစ္ဘဲ 
အတက္အက် မတည္မၿငိမ္ 
ျဖစ္ေပၚမယ္။

၃။
အင္ဂ်င္အေႏွးလည္ပတ္ေနတဲ့ အေျခအေနမွာ ေလတံခါးအတြင္း ပိတ္ဆို့ေနတဲ့ ေၾကးေတြေၾကာင့္ အဖြင့္အပိတ္မမွန္ျဖစ္ၿပီး 
ေလယိုစိမ့္မွုျဖစ္ကာ 
စက္ေသသြားမယ္၊ ဒါမွမဟုတ္ Slow Speed ျဖစ္သြားပါမယ္။

၄။
အင္ဂ်င္တုံ႔ဆိုင္းဆိုင္းျဖစ္မယ္၊ 
ဥပမာအားျဖင့္ 
ေမာင္းႏွင္ေနရင္း
အေၾကာင္းတခုခုေၾကာင့္ 
လီဘာကို ေလ်ာ့လိုက္တယ္ဆိုရင္ 
စက္က တုံ႔ဆိုင္းဆိုင္းျဖစ္သြားၿပီး 
စက္ေသခ်င္သလိုလို ျဖစ္တာမ်ိဳး၊
မီးပြိဳင့္မိလို့ စက္ရွိန္ေလၽွာ့လိုက္တာ
နဲ႔ စက္ေသသြားတာမ်ိဳးေတြ 
ျဖစ္လာပါမယ္။
ဒီလိုျဖစ္လာၿပီဆိုရင္ 
Throttle Body (လေတံခါး) ကို
ျဖဳတ္ၿပီး ေလတံခါးထဲက 
အညစ္အေၾကးေတြ၊ ဂ်ိဳးေတြကို
ေဆးေၾကာသန္႔စင္ဖို့ လိုေနပါၿပီ။
ေလတံခါးေဆးတဲ့ေနရာမွာ
သန္႔ရွင္းတဲ့ေဆးရည္ေတြနဲ႔ 
ေဆးေၾကာနိုင္သလို၊ 
အမ်ားအားျဖင့္ ဓာတ္ဆီနဲ႔လည္း
ေဆးေၾကာလို့ ရပါတယ္။ 

(Throttle Position Sensor)
ေလတံခါးဆန္ဆာ ဆိုတာ…
ေလတံခါးရဲ့ အလုပ္လုပ္ပုံေတြကို
ကူညီထိန္းခ်ဳပ္
လုပ္ေဆာင္ေပးတဲ့ 
ဆင္ဆာျဖစ္ပါတယ္…

ေယဘုယ်အားျဖင့္…
ေလတံခါးထဲမွာ ရွိတဲ့ 
Butterfly Valve ေတြရဲ့ 
အပိတ္အဖြင့္နဲ႔ တည္ေနပုံေတြကို
အာ႐ုံခံေပးၿပီး …
ထိန္းခ်ဳပ္လုပ္ေဆာင္ျခင္း 
ျဖစ္ပါတယ္။ 
ေမာ္ဒယ္ျမင့္ ဆိုင္ကယ္ေတြမွာ
ECU (Engine Control Unit) ကေနၿပီး အာ႐ုံခံစနစ္ေတြ၊ 
သတင္းပို့စနစ္ေတြကို 
အသုံးျပဳကာ… 
ETC
(Electronic Throttle Control) စနစ္ေတြအျဖစ္ 
လုပ္ေဆာင္ေပးပါတယ္…

TP  ဆန္ဆာေတြ
ေၾကာင္လာမယ္ဆိုရင္ေတာ့ …

(၁)
TP ဆန္ဆာ မေကာင္းျခင္းရဲ့
ထင္ရွားတဲ့ ေရာဂါ
လကၡဏာကေတာ့ 
အင္ဂ်င္စက္ႏွိုးၾကည့္ထားခ်ိန္နဲ႔ 
ေမာင္းႏွင္ေနတဲ့အခ်ိန္ 
ႏွစ္ခုလုံးမွာ …
ခဏခဏ စက္ေသသြားျခင္းပါ။ 
အင္ဂ်င္စက္ ေသေသသြားရျခင္းရဲ့
ေရာဂါေတြ အမ်ားႀကီး
ရွိတဲ့အထဲကမွ 
ပုံမွန္ စက္ခဏခဏ
ေသသြားတတ္ျခင္းက TP
ေလတံခါးေရာဂါျဖစ္တတ္ပါတယ္ ဆိုၿပီး ပညာရွင္ေတြက 
သတ္မွတ္ထားပါတယ္။

(၂)
အရွိန္တက္မွု ေႏွးေကြးမယ္
လီဘာနဲ႔ ေမာင္းႏွင္မွု အရွိန္ဟာ
တိုက္ရိုက္ဆက္သြယ္ေနပါတယ္…
လီဘာဆြဲရင္ ဆြဲသေလာက္ 
အရွိန္ျမင့္တက္လာမွာ 
မဟုတ္ေတာ့ပါဘူး။ 
လီဘာကို ဆြဲလိုက္တဲ့
အခါ အရွိန္ျမင့္တက္လာမွု 
ကြာဟ ေနမယ္ဆိုရင္ေတာ့ 
TP ဆန္ဆာ
ေၾကာင္ေနပါၿပီ။ 

(၃)
အထူးသျဖင့္ ေမာင္းႏွင္ေနစဥ္
အရွိန္တက္လာၿပီးမွ ႐ုတ္တရက္
တုံ႔ဆိုင္းဆိုင္းျဖစ္သြားျခင္း…

(၄)
အရွိန္ အလိုလိုျမန္လာျခင္း
လီဘာကို အရွိန္တခုရေအာင္ 
ပုံမွန္ ဆြဲထားရာကေန 
ေမာင္းႏွင္ေနမွု အရွိန္ေတြက 
ပုံမွန္မဟုတ္ဘဲ 
အလိုလိုျမန္လာမယ္၊ တိုးၿပီး 
တက္လာမယ္ဆိုရင္လည္း 
အဲ့ဒါ  …
TP ဆန္ဆာေၾကာင့္ ျဖစ္တတ္တဲ့ 
ေရာဂါလကၡဏာရပ္ပါပဲ။

(TPS) ေတြက 
လီဘာဘယ္ေလာက္ဆြဲတယ္ 
ဆိုတာကို တိတိက္က္ ECUကို
သတင္းမပို့နိုင္ရင္ 
သင့္အရွိန္အနိမ့္အျမင့္ကို 
အင္ဂ်င္ထိန္းခ်ဳပ္စနစ္က 
ေသခ်ာမသိဘဲ
Engine check မီးလင္း လာတာဟာ အင္ဂ်င္ခ်က္မီးလင္းရတဲ့
အေၾကာင္းမ်ားစြာထဲကမွ…

ေမာင္းႏွင္ေနစဥ္ သို့မဟုတ္
ရပ္ထားတုန္းမွာ 
check မီးခုန္ လာမယ္ဆိုရင္
ဒီလိုမ်ိဳးျဖစ္ရပ္ေတြ
ေပၚလာၿပီဆိုရင္ေတာ့
ျပစ္ခ်က္ရွာစစ္ေဆးၿပီး 
စနစ္တက်ျပဳျပင္သင့္ပါတယ္။

Click. Scoopy ဘီးေတြမွာ
TP=> Throttle position
ခ်က္မီး(8)ခ်က္ ခုန္ ေနမယ္ဆိုရင္
TPS ေၾကာင့္ျဖစ္ရတဲ့ေရာဂါပါပဲ။ 

စက္ထဲတြင္
လီဘာမဆြဲ 0.0 deg
လီဘာတဆုံးဆြဲလၽွင္ 
77.5 ဆိုလၽွင္ေကာင္း

Copy crd.






(Unicode)

EFI ဆိုင်ကယ်
အဆွဲအရုန်း
မကောင်းစေခြင်းရဲ့ တရားခံ
====================
 
ဆိုင်ကယ်တစ်စီး
အဆွဲအရုန်းမကောင်းစေတဲ့ 
အကြောင်းအရင်းများစွာ 
ရှိပါတယ်…
အဲ့ဒီထဲကမှ …

(Throttle Body) 
    နှင့်
(Throttle position sensor)
မကောင်းခြင်းကြောင့် …
ဖြစ်ပေါ်နိုင်တဲ့ ရောဂါများကို 
ကျွန်တော် လေ့လာမိသလောက်
ကိုယ်တွေ့ ပြုပြင်ရင်း နဲ့
အတွေ့ အကြုံ ကို 
မျှဝေပေးပါ့မယ်…

(Throttle Body) 
ချို့ယွင်းမှု ရောဂါလက္ခဏာများ …
Throttle Body 
(လတေံခါး) ဆိုတာ…
အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှု
(Internal Combustion
Engine) တွေ 
မီးလောင်ပေါက်ကွဲဖို့ အတွက်
လိုအပ်တဲ့ လေကို 
ထည့်သွင်းပေးရတဲ့ 
Intake System မှာ 
အဓိက တာဝန်ထမ်းဆောင်နေတဲ့
အရာ ဖြစ်ပါတယ်။

Throttle Body (လေတံခါး) 
ကို ယေဘူယျအားဖြင့်  
(Intake Manifold) 
(အင်တိတ်မီနီဖိုး) နဲ့ 
(Air Filter) လေစစ်ဘူး
တို့ ကြားထဲမှာ တပ်ဆင်ထားပြီး
ဆိုင်ကယ်မောင်းသူရဲ့ 
လီဘာဆွဲ မှုအပေါ် မူတည်ပြီး 
အင်ဂျင်ထဲကို မီးလောင်ပေါက်ကွဲဖို့
လေအနည်းအများ 
ဘယ်လောက်ပမာဏသွင်းမယ် 
ဆိုတာကို သူ့မှာပါဝင်တဲ့ Butterfly Valve တွေကို Regulate လုပ်ပေးခြင်းဖြင့် 
ထိန်းချုပ်ပေးပါတယ်။ 
ဒါက …
Throttle Body (လေတံခါး) ရဲ့ အဓိက တာဝန်ထမ်းဆောင်
နေတဲ့ ပုံစံပါ…
ဒီလို တာဝန်ထမ်းဆောင်နေတဲ့
လတေံခါးက 
လေမသန့်လို့ဖြစ်စေ၊ 
အခြားအကြောင်းအမျိုးမျိုးကြောင့်
Throttle Body 
(လေတံခါး) ဟာ…
ကြေးတွေ၊ ဖုန်တွေ၊ 
အညစ်အကြေးတွေနဲ့ 
ပိတ်ဆို့သွားမယ်ဆိုရင် သူတာဝန်ထမ်းဆောင်ရတဲ့ 
အပိုင်းဖြစ်လို့ …
လေအနည်းအများပမာဏ 
ထည့်သွင်းခြင်းကို အတိအကျ 
မလုပ်ဆောင်နိုင်တော့ဘဲ 
အညစ်အကြေးပိတ်ဆို့မှု 
အနည်းအများပမာဏအပေါ် 
မူတည်ပြီး သင့်ရဲ့ဆိုင်ကယ်မှာ
အောက်ပါရောဂါလက္ခဏာတွေ 
ဖြစ်ပေါ်လာပါလိမ့်မယ်…

၁။
စက်နှိုးရကြာမယ်၊ 
စက်နှိုးရာမှာ ပုံမှန်ထက် 
ကရိုင်းရှပ်လည်ပတ်ရနှုန်းတွေ 
ပိုများလာမယ်။

၂။
အင်ဂျင်အနှေးလည်ပတ်မှု 
အခြေအနေ 
(Idle Speed) 
မတည်မငြိမ် ဖြစ်မယ်၊ 
အင်ဂျင်အနှေးလည်ပတ်နေတဲ့
အချိန်မှာ ပုံမှန်မဖြစ်ဘဲ 
အတက်အကျ မတည်မငြိမ် 
ဖြစ်ပေါ်မယ်။

၃။
အင်ဂျင်အနှေးလည်ပတ်နေတဲ့ အခြေအနေမှာ လေတံခါးအတွင်း ပိတ်ဆို့နေတဲ့ ကြေးတွေကြောင့် အဖွင့်အပိတ်မမှန်ဖြစ်ပြီး 
လေယိုစိမ့်မှုဖြစ်ကာ 
စက်သေသွားမယ်၊ ဒါမှမဟုတ် Slow Speed ဖြစ်သွားပါမယ်။

၄။
အင်ဂျင်တုံ့ဆိုင်းဆိုင်းဖြစ်မယ်၊ 
ဥပမာအားဖြင့် 
မောင်းနှင်နေရင်း
အကြောင်းတခုခုကြောင့် 
လီဘာကို လျော့လိုက်တယ်ဆိုရင် 
စက်က တုံ့ဆိုင်းဆိုင်းဖြစ်သွားပြီး 
စက်သေချင်သလိုလို ဖြစ်တာမျိုး၊
မီးပွိုင့်မိလို့ စက်ရှိန်လျှော့လိုက်တာ
နဲ့ စက်သေသွားတာမျိုးတွေ 
ဖြစ်လာပါမယ်။
ဒီလိုဖြစ်လာပြီဆိုရင် 
Throttle Body (လတေံခါး) ကို
ဖြုတ်ပြီး လေတံခါးထဲက 
အညစ်အကြေးတွေ၊ ဂျိုးတွေကို
ဆေးကြောသန့်စင်ဖို့ လိုနေပါပြီ။
လေတံခါးဆေးတဲ့နေရာမှာ
သန့်ရှင်းတဲ့ဆေးရည်တွေနဲ့ 
ဆေးကြောနိုင်သလို၊ 
အများအားဖြင့် ဓာတ်ဆီနဲ့လည်း
ဆေးကြောလို့ ရပါတယ်။ 

(Throttle Position Sensor)
လေတံခါးဆန်ဆာ ဆိုတာ…
လေတံခါးရဲ့ အလုပ်လုပ်ပုံတွေကို
ကူညီထိန်းချုပ်
လုပ်ဆောင်ပေးတဲ့ 
ဆင်ဆာဖြစ်ပါတယ်…

ယေဘုယျအားဖြင့်…
လေတံခါးထဲမှာ ရှိတဲ့ 
Butterfly Valve တွေရဲ့ 
အပိတ်အဖွင့်နဲ့ တည်နေပုံတွေကို
အာရုံခံပေးပြီး …
ထိန်းချုပ်လုပ်ဆောင်ခြင်း 
ဖြစ်ပါတယ်။ 
မော်ဒယ်မြင့် ဆိုင်ကယ်တွေမှာ
ECU (Engine Control Unit) ကနေပြီး အာရုံခံစနစ်တွေ၊ 
သတင်းပို့စနစ်တွေကို 
အသုံးပြုကာ… 
ETC
(Electronic Throttle Control) စနစ်တွေအဖြစ် 
လုပ်ဆောင်ပေးပါတယ်…

TP  ဆန်ဆာတွေ
ကြောင်လာမယ်ဆိုရင်တော့ …

(၁)
TP ဆန်ဆာ မကောင်းခြင်းရဲ့
ထင်ရှားတဲ့ ရောဂါ
လက္ခဏာကတော့ 
အင်ဂျင်စက်နှိုးကြည့်ထားချိန်နဲ့ 
မောင်းနှင်နေတဲ့အချိန် 
နှစ်ခုလုံးမှာ …
ခဏခဏ စက်သေသွားခြင်းပါ။ 
အင်ဂျင်စက် သေသေသွားရခြင်းရဲ့
ရောဂါတွေ အများကြီး
ရှိတဲ့အထဲကမှ 
ပုံမှန် စက်ခဏခဏ
သေသွားတတ်ခြင်းက TP
လေတံခါးရောဂါဖြစ်တတ်ပါတယ် ဆိုပြီး ပညာရှင်တွေက 
သတ်မှတ်ထားပါတယ်။

(၂)
အရှိန်တက်မှု နှေးကွေးမယ်
လီဘာနဲ့ မောင်းနှင်မှု အရှိန်ဟာ
တိုက်ရိုက်ဆက်သွယ်နေပါတယ်…
လီဘာဆွဲရင် ဆွဲသလောက် 
အရှိန်မြင့်တက်လာမှာ 
မဟုတ်တော့ပါဘူး။ 
လီဘာကို ဆွဲလိုက်တဲ့
အခါ အရှိန်မြင့်တက်လာမှု 
ကွာဟ နေမယ်ဆိုရင်တော့ 
TP ဆန်ဆာ
ကြောင်နေပါပြီ။ 

(၃)
အထူးသဖြင့် မောင်းနှင်နေစဉ်
အရှိန်တက်လာပြီးမှ ရုတ်တရက်
တုံ့ဆိုင်းဆိုင်းဖြစ်သွားခြင်း…

(၄)
အရှိန် အလိုလိုမြန်လာခြင်း
လီဘာကို အရှိန်တခုရအောင် 
ပုံမှန် ဆွဲထားရာကနေ 
မောင်းနှင်နေမှု အရှိန်တွေက 
ပုံမှန်မဟုတ်ဘဲ 
အလိုလိုမြန်လာမယ်၊ တိုးပြီး 
တက်လာမယ်ဆိုရင်လည်း 
အဲ့ဒါ  …
TP ဆန်ဆာကြောင့် ဖြစ်တတ်တဲ့ 
ရောဂါလက္ခဏာရပ်ပါပဲ။

(TPS) တွေက 
လီဘာဘယ်လောက်ဆွဲတယ် 
ဆိုတာကို တိတိက်က် ECUကို
သတင်းမပို့နိုင်ရင် 
သင့်အရှိန်အနိမ့်အမြင့်ကို 
အင်ဂျင်ထိန်းချုပ်စနစ်က 
သေချာမသိဘဲ
Engine check မီးလင်း လာတာဟာ အင်ဂျင်ချက်မီးလင်းရတဲ့
အကြောင်းများစွာထဲကမှ…

မောင်းနှင်နေစဉ် သို့မဟုတ်
ရပ်ထားတုန်းမှာ 
check မီးခုန် လာမယ်ဆိုရင်
ဒီလိုမျိုးဖြစ်ရပ်တွေ
ပေါ်လာပြီဆိုရင်တော့
ပြစ်ချက်ရှာစစ်ဆေးပြီး 
စနစ်တကျပြုပြင်သင့်ပါတယ်။

Click. Scoopy ဘီးတွေမှာ
TP=> Throttle position
ချက်မီး(8)ချက် ခုန် နေမယ်ဆိုရင်
TPS ကြောင့်ဖြစ်ရတဲ့ရောဂါပါပဲ။ 

စက်ထဲတွင်
လီဘာမဆွဲ 0.0 deg
လီဘာတဆုံးဆွဲလျှင် 
77.5 ဆိုလျှင်ကောင်း

Copy crd.




No comments:

Post a Comment

ရွှေခေတ် နည်းပညာ website ကိုလာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေအပါင်း ကိုယ်စိတ်ရွှင်လန်းအေးချမ်းကြပါစေ။ ရွှေခေတ် နည်းပညာ website ဟာ အသုံးဝင် Android ...